Month: July 2018

ads

ထိုုင်းနိုုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် Baanlaesuan Fair Midyear 2018 မှာ ဆိုုင်ခန်းပေါင်း ၂၃၀ဝခန့်ဖြင့် ခင်းကျင်းပြသမှာဖြစ်ပါတယ်။ ပြပွဲမှာ အိမ်အလှဆင်ပစ္စည်းများ၊ ပရိဘောဂများ၊ အိမ်ဆောက်ပစ္စည်းများ၊ အိမ်တွင်းပန်းအလှဆင်ခြင်းများ၊ မြေယာဥယျာဉ်အလှဆင်ခြင်းတိုု့ကိုု အထူးဖန်တီးထားတဲ့ပြခန်းများ၊ ဆိုင်ခန်းများနဲ့ ဝန်ဆောင်မှုပေးတဲ့ကုုမ္ဗဏီများမှ စုုံစုုံလင်လင် ပြသမှာဖြစ်ပါတယ်။ ပြပွဲရဲ့အရေးကြီးတဲ့ပြခန်းများဖြစ်တဲ့ my home Workshop Space, room Design Showcase၊ နေ့စဉ်လူမှုဘဝအတွက် စိမ်းစိုုနေတဲ့အိမ်ကလေးဖန်တီးခြင်နဲ့အတူ ထူးခြားစွာပြုလုုပ်ထားတဲ့ လက်မှုထုုတ်ကုုန်ပစ္စည်းများကိုု ပြသသွားမှာဖြစ်ပါတယ်။ နောက်ဆုုံးပေါ် အိမ်အလှဆင်ပစ္စည်းများနဲ့ နည်းပညာများကိုု လေ့လာခွင့်ရမှာဖြစ်လိုု့ အရောက်သွားဖိုု့တိုုက်တွန်းလုိုက်ပါတယ်။

နေ့ရက် – ဩဂုတ်လ – ၄ရက်မှ ၁၂ရက်၊ ၂၀၁၈
နေရာ – BITEC BANGNA (Bangkok, Thailand)
ဝင်ကြေး – အခမဲ့

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း

ads

လက်ဝှေ့ချန်ပီယံဟောင်းကြီးပုံပြင်နှင့် အိုးပိုင်အိမ်ပိုင်ရရန် အဓိဋ္ဌာန်

———————————————————————-

ရးသူ – ဇင်ယော်နီ

တစ်နေ့တွင် ကျွန်ုပ်နေထိုင်ရာ လှိုင်မြို့နယ် အေးရိပ်မွန် ၁ လမ်းရှိနေအိမ်သို့ မနှင်းကြည်ဆိုသူ သူငယ်ချင်းတစ်ဦး ရောက်ရှိလာလေ၏။ နှင်းဆိုသည်မှာ အေးမြသည့် သဘာဝရှိသော်လည်း ကျွန်ုပ်၏ သူငယ်ချင်း မနှင်းကြည်မှာမူ အပူသောက၏ အရိပ်အယောင်များလွှမ်းမိုးနေသည်ကို သိသာစွာ မြင်တွေ့နေရ၏။ သူ၏မျက်နှာမှာလည်း မကြည်မလင် ဖြစ်နေလေ၏။

ကျွန်ုပ်သည် ၎င်းအား မနောမယ လက်ဖက်ရည်ဖြင့် ဧည့်ခံရလေ၏။ သူသည် လက်ဖက်ရည်ကို ငူငူကြီးဖြင့် တစ်ကျိုက်ခြင်း သောက်နေလေ၏။ ကျွန်ုပ်က

“နင့်ဟာကလည်း – လက်ဖက်ရည်လေးက ကောင်းလိုက်တာဟယ်။ ကျေးဇူးတင်ပါတယ် လို့ လောကွတ်လေး လုပ်ဖော်တောင်မရဘူး” ဟု နောက်ပြောင်လိုက်လျှင်- မနှင်းကြည်သည် လက်ဖက်ရည်ခွက်ကို အောက်သို့ “ခွက်” ခနဲဆောင့်í ချလိုက်ပြီးနောက်-

“နင့်လက်ဖက်ရည် ကောင်းတာ၊ ဆိုးတာ အပထား။ ငါ့ဘဝက ဆားကို လျက်ရင်တောင် ငံမှန်း မသိနိုင်တော့ဘူးဟေ့။ အဲဒီလောက်အပူတွေများနေတာ” ဟု ညည်းညူí ပြောပါလေတော့၏။

ပြီးနောက် သူတို့မိသားစု စီးပွားအကြီးအကျယ် ပျက်သည့်အကြောင်း၊ အိမ်ထောင်လည်း ပျက်သွားပြီ ဖြစ်သည့်အကြောင်း၊ အထည်ကြီးပျက် ဆိုသည့် အခြေအနေကို လက်တွေ့ကြုံနေရသည့် အကြောင်းများကို ရင်ဖွင့်လေ၏။

“ငါတော့ သတ်ပြီး သေရရင် ကောင်းမလား လို့ပဲ ခဏခဏ ကြံနေမိတော့တာပဲဟာ” ဟုလည်း ရေရွတ်လေ၏။ သူသည်ခေါင်းကို ငိုက်စိုက်ချလျက် ကြမ်းပြင်ကို သူ၏ လက်သည်းများဖြင့် အဓိပ္ပာယ်မဲ့ ကုတ်ခြစ်ရင်း ထိုစကားများကို ပြောနေရင်း ဖြစ်လေ၏။ စိတ်ဓာတ်လည်း အထူးကျဆင်းနေပုံ တွေ့မြင်ရလေ၏။ ကျွန်ုပ်က-

“နင့်ကို ငါပုံပြင်လေးတစ်ပုဒ် ပြောပြမယ်။ တစ်ခါတုန်းက ကမÇာကျော် လက်ဝှေ့ချန်ပီယံကြီး တစ်ယောက်ဟာ ချန်ပီယံဘွဲ့ကို လက်လွှတ် လိုက်ရပြီးတဲ့နောက် စိတ်ဓါတ် အရမ်းကျသွားတယ်။ စိတ်တွေလေပြီး လေ့ကျင့်ခန်းတွေ ဘာတွေလည်း မလုပ်ဖြစ်တော့ဘူး။ သုံးဖြုန်း သောက်စားပြီး ဘဝကို ရေစုန်မျှောတဲ့ ဘဝမျိုး ရောက်သွားတယ်။

နောက်ဆုံး သူ့မှာ အိမ်တို့ ကားတို့၊ စီးပွားဥစöာ တို့လည်း ပြုတ်ပြုတ်ပြုန်းသွားပြီး၊ အသောက်သမားကြီးဘဝ ရောက်သွားပြီ။ သူ့လက်ထဲမှာ ပိုက်ဆံနဲနဲလေးပဲ ကျန်တော့တယ်။ အဲဒီပိုက်ဆံလေး ကုန်သွားရင် သူ့မှာဘာမှမရှိဘူး။

အဲဒီအချိန်မှာ မာစတာဘရိန်းဆိုတဲ့ ပညာရှင်တွေကို သူသွားပြီးသတိရမိတယ်။ အဲဒီပညာရှင်တွေရဲ့ လမ်းညွှန်ချက်တွေဟာ အံ့ဩစရာကောင်းလောက်အောင်ကိုပဲ အကျိုးထူးစေသတဲ့။ အဖြေလေးတစ်ခုအတွက် ဈေးကလည်း အရမ်းကြီးတယ်။

စိတ်ဓာတ်ကျနေတဲ့ လက်ဝှေ့ချန်ပီယံဟောင်းဟာ သူ့ရဲ့နောက်ဆုံး ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မာစတာဘရိန်း ဆီကို ရောက်သွားခဲ့တယ်။ မာစတာဘရိန်းက သူပြောသမျှတွေကို နားထောင်ပြီးတဲ့နောက် –

“ခင်ဗျား ပြန်ပြီး အောင်မြင်ဖို့၊ စိတ်ဓာတ်ခွန်အားတွေ ရှင်သန်နိုးကြား လာဖို့အတွက် အကောင်းဆုံး လမ်းညွှန်ပေးလိုက်မယ်။ ခင်ဗျားရဲ့ မွေးဇာတိရွာကလေးကို တစ်ပတ်ဆယ်ရက်လောက် ပြန်သွားလိုက်ပါ။”

မာစတာဘရိန်းရဲ့ လမ်းညွှန်ချက်က အဲဒါအကုန်ပဲ။ လက်ဝှေ့ချန်ပီယံ ဟောင်းကြီးကတော့ မကျေမချမ်းဖြစ်ပြီး –

“ခင်ဗျားကိုအထင်တကြီးနဲ့ အကြံဉာဏ် လာတောင်းတာ။ ခင်ဗျားနဲ့ တွေ့မှပဲ ရွာပြန်ရမလို ဖြစ်သွား ရတော့တယ်။ ကျုပ်ပြန်ပြီး အောင်မြင်ဖို့ အကြံဉာဏ် လာတောင်းတာဗျ။” လို့ တဖျစ်ဖျစ်တောက်နဲ့ ပြောတော့တာပေါ့။ ဒါပေမဲ့ မာစတာဘရိန်း ကလဲအခုနစကားကိုပဲ လေးနက်ယုံကြည်စွာ လိုက်နာဖို့ အတန်တန် တိုက်တွန်းတယ်။ သူပြောတာကို လိုက်နာရင် လက်ဝှေ့ချန်ပီယံ မုချပြန်ဖြစ်စေရမယ် လို့လည်း အခိုင်အမာ တာဝန်ယူသတဲ့။

အဲ့ဒါနဲ့ပဲ နောက်ဆုံးမှာ အခြားဘာမှ လုပ်စရာမရှိတော့တဲ့ လက်ဝှေ့ချန်ပီယံဟာ မာစတာဘရိန်းရဲ့ လမ်းညွှန်ချက်အတိုင်း ကားအစုတ်လေးကို ငှားပြီး သူ့မွေးရပ်ရွာကလေးကို ပြန်သွားခဲ့သတဲ့။

ရွာအဝင်နားကို ရောက်တော့ မြောင်းထဲမှာ ငါးဖမ်းနေတဲ့ သူ့သူငယ်ချင်းဟာ မီးခိုးတအူအူနဲ့ မောင်းလာတဲ့ ကားလေးကို တွေ့တော့ စူးစမ်းပြီးကြည့်ရင်း၊ လက်ဝှေ့ချန်ပီယံမှန်း သိသွားတဲ့အခါ ကားဆီကို အပြေးလာပြီး၊ ကားပေါ်ကို တွယ်တက်၊ လက်ဝှေ့ချန်ပီယံ ဟောင်းကြီးကို အတင်းဖက်၊ နောက်ကျောကို ရွံ့ပေနေတဲ့ လက်သီးဆုပ်ကြီးနဲ့ တအုန်းအုန်းထုရင်း-

“မသာကြီး၊ အခုမှပဲ ပေါ်လာတော့တယ်။ နင်က ကမÇာ့လက်ဝှေ့ချန်ပီယံကြီး ဖြစ်သွားပြီ ဆိုပြီး ဘဝင်တွေ မြင့်သွားတာပေါ့လေ။ ဟုတ်လား။ မေ့ဦးဟာ မေ့ဦးဟာ။” ဆိုပြီး သူ့မှာ ပေနေတဲ့ ရွှံ့တွေနဲ့ ချန်ယီယံ ဟောင်းကြီးရဲ့မျက်နှာကို ဇွတ်အတင်း သုတ်သတဲ့။

ချန်ပီယံဟောင်းကြီးလည်း စိတ်ဓာတ်ကျ၊ အားငယ်နေတာတွေ ရုတ်တရက် ပျောက်သွားပြီး အပျော်ဓာတ်တွေ ဘွားကနဲ ပေါ်လာတော့တယ်။ ကားလေးကို တွန့်ဆုတ်ဆွန့်ဆုတ်နဲ့ မောင်းရင်း သူငယ်ချင်းစသမျှ၊ နောက်သမျှ၊ သူကလည်း တဟားဟားနဲ့ သဘောကျရင်း ကာလအတန်ကြာ ပြုံးရယ်ခြင်းကို မေ့လျော့ နေခဲ့ရာကနေ၊ သူ့မျက်နှာမှာ အပြုံးရိပ်၊ အပျော်ဓာတ်တွေ ပြန်ပေါ်လာခဲ့သတဲ့။

ရှေ့နားနည်းနည်းလေး ရောက်သွားတော့၊ လမ်းဘေးမှာလယ်ထွန်နေတဲ့ ငယ်သူငယ်ချင်းတွေ၊ လမ်းဖို့နေတဲ့ ငယ်သူချင်းတွေနဲ့ ပါတွေ့ပြီး သူ့ကားစုတ်လေးပေါ်ကို တပြုံကြီး ဝိုင်းတက်လာကြတယ်။ ပါးစပ်တွေကလည်း ရှေးဟောင်းနှောင်းဖြစ်တွေကို အလုအယက် အကျယ်ကြီး ပြောကြ၊ ငယ်ကျိုးငယ်နာတွေ ဖော်ကြနဲ့ လက်ပံပင်ဆက်ရက်ကျ သလို ဖြစ်နေတော့သတဲ့။

ရွာထဲကို ဝင်လာတော့လည်း ဆူဆူညံညံ အသံကြားလို့ ထွက်ကြည့်ကြတဲ့သူ၊ ဆွေမျိုးတွေ၊ ငယ်သူငယ်ချင်းတွေ ကလည်း ချန်ပီယံဟောင်းကြီး ရွာကို အလည်လာတယ်ဟေ့ ဆိုပြီး ထမင်းချက် နေတဲ့သူကလည်း ယောက်မကြီးကိုပစ်ချ၊ အဝတ်လျှော်နေတဲ့သူကလည်း လျှော်လက်စအဝတ်တွေကိုပစ်ချပြီး ကားစုတ်လေးဆီကိုပြေးလာကြသတဲ့။

သူ့ကိုအပြင်မှာ မတွေ့ဖူးတဲ့ ကလေးတွေကလည်း “ချန်ပီယံ၊ ချန်ပီယံ” လို့ အားရပါးရ အော်ဟစ်နေကြတာ မိုးတောင် ပွင့်မတတ်ပါပဲတဲ့။ ချန်ပီယံကြီးလည်း ဟက်ဟက်ပက်ပက်၊ တဟားဟားနဲ့ ရယ်ရင်း၊ အပျော်ကြီးပျော်နေပြီ။

အဲဒီမှာ သူသဘောပေါက်လိုက်တာက ကမÇာ့ကြိုးဝိုင်းစင်မြင့်ပေါ်မှာ သူဘယ်လောက်ပဲ ချန်ပီယံဘွဲ့ကို လက်လွှတ်လိုက်ရပေမယ့် သူ့ဇာတိရွာလေးကတော့ဖြင့်၊ သူ့ကိုတစ်သက်တာလုံး ကမာတည်နေသမျှ ချန်ပီယံကြီးလို့ပဲ သတ်မှတ်ထားပါလား၊ သူဟာ အမြဲတမ်းချန်ပီယံဖြစ်နေပါလားလို့ သဘောပေါက်သွားတယ်။

ဒီရွာလေးကထွက်သွားပြီး ကမ႓ာ့လက်ဝှေ့ချန်ပီယံဖြစ်သွားတဲ့သူကို အကြောင်းပြုပြီး ဒီရွာလေးက ဂုဏ်ယူလို့မဆုံး ဖြစ်ရတဲ့အတွက် ကမကြီးပေါ်မှာ ဘယ်သူတွေကဘယ်လောက်ပဲ သူ့ကိုကဲ့ရဲ့နှိမ့်ချနေပါစေ၊ အထင်တွေသေးနေစမ်းပါစေ။ သူ့ရွာကလေးကတော့ သူ့ကို ဂုဏ်ယူလို့မဆုံးဖြစ်နေဦးမှာပါလားဆိုတာကိုလည်း သဘောပေါက်သွားတယ်။

အဲဒီအတွက် သူ့မွေးဇာတိက ရွာသူရွာသားတွေ ပျော်ရွှင်ကြည်နူး ဝမ်းမြောက်ဂုဏ်ယူနိုင်ဖို့အတွက် သူ့ဘက်ကလည်း ပြန်လည်ပေးဆပ်ကြိုးစားဖို့ လိုပါလားဆိုတာကိုပါ သဘောပေါက်သွားတယ်။

အချိန်ပိုင်းလေးအတွင်းမှာပဲ လက်ဝှေ့ချန်ပီယံဟောင်းကြီးရဲ့ ခံစားချက်တွေပြောင်းပြန်ဖြစ်သွားတယ်။ ငယ်ငယ်က စိတ်ဓာတ်ခွန်အားမျိုးတွေ၊ မျှော်လင့်ခြင်းမျိုးတွေနဲ့ ပြန်ပြီးနိုးကြားတက်ကြွ လန်းဆန်းသွားတယ်။ အဲဒီမှာတင်ပြန်ပြီးကြိုးစားလိုက်တာ ကမÇာ့လက်ဝှေ့ချန်ပီယံဘွဲ့ကို ပြန်ပြီးအရယူနိုင်ခဲ့သတဲ့ဟေ့။

ငါပြောချင်တဲ့ပုံပြင်လေးကတော့ အဲဒါပါပဲ။ အဲဒီတော့ နင့်ကိုလည်း မာစတာဘရိန်းလို လမ်းညွှန်ရရင်တော့ ရွာကိုပြန်ပေတော့ မနှင်းကြည်ရေ” ဟုပြောပြလိုက်ရာ ပူပြီး နောက်နေပုံရသော မနှင်းကြည်သည် ယခုမှ မနှင်းကြည် ပြန်ဖြစ်သွားခဲ့ရလေတော့၏။

“ဟုတ်ပါ့နော်၊ ငါလဲဆင်းရဲသူ၊ ဆင်းရဲသားဘဝကလာခဲ့တာပဲဟာ။ အခုအခြေအနေမှာ ငါက မူရင်းဘဝလောက်တောင် ပြန်နိမ့်မသွားသေးပါဘူး။ မြတ်တောင်မြတ်နေတုန်းပဲ။ အဲဒီလိုပြောပြပေးတဲ့အတွက် နင့်ကို ကျေးဇူးတင်ပါတယ်။ စောစောတုန်းက ဘာမှန်းမသိလိုက်တဲ့ နင့်ရဲ့ လက်ဖက်ရည်လေးကလည်း ခုမှ ကောင်းသွားတာဟ။ တော်တော်ကောင်းတဲ့ လက်ဖက်ရည်ပဲ” ဟု ပြောပြောဆိုဆိုနဲ့နဲ့ပဲ လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည်ဖင်ကပ်ကို ပါးစပ်ဟíခံရင်း ပြောလေတော့၏။ ပြောရင်းလည်းရယ်လေ၏။ ထိုအခါကျမှပင် ကျွန်ုပ်တို့၏စကားဝိုင်းမှာလည်း ရယ်သံမောသံများ စတင်ပေါ်ထွက်လာပါလေတော့၏။

ထို့နောက်တွင်မှ- မနှင်းကြည်က

“နင့်ဆီက လက်ဝှေ့ချန်ပီယံဟောင်းနဲ့ မာစတာဘရိန်းပုံပြင်ကိုကြားရတာ အရမ်းကောင်းပါတယ်။ ဗေဒင်ဆရာအဖြစ်နဲ့ ပြောပေးပါဦး။ အခုတလော ငါ့မှာအရေးကြီးဆုံးဒုက©က အိမ်ဒုက©ပဲ။ အိုးပိုင်အိမ်ပိုင်မရှိတော့ အရမ်းဒုက©ရောက်တယ်ဟာ။ အိမ်ငှားဘဝမှာလည်း ဟိုပြေးသည်းပြောင်းနဲ့ အရမ်းဒုက©ရောက်တာ။

အဲဒီတော့အိမ်မပိုင်ခင်မှာလည်း နေရာလေးအတည်တကျမြဲချင်တယ်။ ပြီးတော့အိမ်ပိုင်လေးလည်း လိုချင်တယ်ဟာ။ ဗေဒင်ဆရာအဖြစ်နဲ့ ကူညီပါဦး။” ဟု ပူဆာပြန်ပါလေ၏။

ကျွန်ုပ်လည်း သောက်လက်စ စီးကရက်တိုကို အနီးရှိဆေးလိပ်ခံခွက်ထဲü ထိုးချေလိုက်ရင်း-

“အစိန္တေယျ” အစချီတဲ့ ဘုရားရှိခိုးတယ်လေဟာ။ ထိပ်ဆုံးက “အစိန္တေယျ” ဆိုတာကိုပဲ ပုတီးစိပ်ရမယ်။ တစ်နေ့ကို နင့်ရဲ့ သက်စေ့ပုတီး အပတ်ရေရအောင် စိပ်ရမယ်။ ရက်ပေါင်းကလည်း နင့်ရဲ့ သက်စေ့ရက်ပြည့်အောင် အဓိဋ္ဌာန်ပုတီး စိပ်ရမယ်။ အဲဒီအဓိဋ္ဌာန်နဲ့အတူ နေရာအတည်တကျ မြဲအောင်၊ အိုးပိုင်အိမ်ပိုင် ရအောင် ကြိုးစားပေတော့ဟေ့။” ဟု ပြောပြလိုက်ရပါလေတော့သတည်း။ ထိုစကားကို ကြားမှပင် ကျွန်ုပ်၏သူငယ်ချင်း မနှင်းကြည်မှာလည်း မျက်နှာတွင် ပြုံးရိပ်သန်း ကြည်လင် သွားကာ တကယ့် မနှင်းကြည် ဖြစ်သွားခဲ့ရ ပါလေတော့သတည်း။”

Myanmar Home & Decor Magazine ( Vol – 5, Issue -4)

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း

ads

ကလေးတွေအတွက် စာကျက်ချင်စဖွယ် စာကြည့်ခန်းလေးဖြစ်အောင် ဘယ်လိုပြင်ဆင်ကြမလဲ

ရေးသူ – အမရာ

ကလေးတွေ ကျောင်းတက်ရမယ့် အရွယ်ရောက်လာပြီဆိုရင် မိဘတွေ အတွက်လည်း တကယ် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရမယ့် အချိန်ကို ရောက်လာပါပြီ။ ဘာလို့လဲဆိုတော့ ကျောင်းနေအရွယ် ကလေးတွေ အတွက် စာကျက်ချင်စဖွယ် စာကြည့်ခန်းလေး ဖြစ်အောင် ကိုယ့်ရဲ့နေအိမ်မှာ  ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာ စဉ်းစားရတော့မှာ မို့လို့ပါပဲ။ ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ နိုးနိုးကြားကြား ဖြစ်အောင်လည်း စွမ်းဆောင် ပေးနိုင်တယ် ဆိုတာ မိခင်တွေ အားလုံးသိကြမှာပါ။ ကိုယ်က အားကစားခန်းမ ဒါမှမဟုတ် အကသင်တန်း ကိုမသွားခင် ကလေးတွေရဲ့ အိမ်စာတွေ ကိုလည်း လုပ်ပေးရတယ်၊ ညစာလည်း အဆင်သင့် ပြင်ခဲ့ရတယ်၊ ဆူညံပွက်လော ရိုက်နေတဲ့ ကလေးပေါက်စလေး ကိုလည်း ချော့မြူရ ပါသေးတယ်။ တစ်နေ့တာရဲ့ များပြားလှတဲ့ အလုပ်တာဝန်တွေ ကြားက တစ်ခုလောက်ပဲ ဖြစ်ဖြစ် ကိုယ့်အတွက် သက်သာသွားအောင် ကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင် အတည်ပြု ပေးထားတဲ့ စာကြည့်ခန်း အပြင်အဆင်လေးတွေ ကို လေ့လာ ကြရအောင်လားဗျာ။

၁။ ကလေးတွေအတွက် စာကြည့်ခန်းကို တစ်နေရာတည်း မသတ်မှတ်ထားပါနဲ့။

ကလေးတွေ စာလုပ်ဖို့နေရာကို တစ်ခန်းလုံး အပြည့်အလှဆင်ထားတဲ့ အခန်းလေး တစ်ခန်းထဲမှာပဲ ဘောင်ခတ် မသတ်မှတ် ထားပါနဲ့။ အိမ်တစ်အိမ်မှာ ကလေးတွေ စာလုပ်ဖို့နေရာကို အနည်းဆုံး နှစ်နေရာ သုံးနေရာလောက်  လုပ်ပေးထားတာ အကောင်းဆုံးပါပဲ။ ကလေးတွေ စာကျက်တဲ့နေရာကို တစ်နေရာနဲ့ တစ်နေရာ မတူညီအောင် ထားပေးတာဟာ တကယ်ပဲ ကလေးတွေရဲ့ တီထွင်ဖန်တီး နိုင်စွမ်းကို မြင့်တက် စေပါတယ်။

ဥပမာ ထမင်းစား စားပွဲနဲ့ နေအိမ်ရုံးခန်းကြားမှာပဲ ကလေးစာကျက်ဖို့နေရာလေး ဖန်တီးပေးလိုက်ပါ။ မိဘတွေ အနေနဲ့ ကလေးတွေအတွက် နေရာတစ်ခု ဖန်တီးပေးဖို့ သိပ်အပင်ပန်းခံနေစရာ မလိုပါဘူး။ သိပ်ပြီးလည်း ခမ်းနားထည်ဝါဖို့မလိုပါဘူး။ အရေးကြီးဆုံးက သူတို့လေးတွေ စာကျက်မယ့် နေရာမှာ အာရုံထွေပြားစေမယ့် အရာတွေ မရှိနေစေဖို့ပါပဲ။

ကလေးတွေ စာကျက်နေရင်းက ဟိုဟိုဒီဒီထမသွားရအောင် ဘောပင်၊ ဆော့ပင်နဲ့ ကပ်ကြေးတို့လို လိုအပ်မယ့် အရာတွေကို ဘူးနဲ့စုပြီး ထည့်ပေးထားပါ။ ကျွမ်းကျင်ပညာရှင်တွေ ကတော့ အိပ်ခန်းနဲ့ ရေချိုးခန်းတို့လို နေရာတွေက ဘီးတပ် ကုလားထိုင်လေးတွေ ထားပေးဖို့ ဆိုထားပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ်လိုချင်တာကို လှည့်ယူလို့ရမယ့် ထမင်းစား စားပွဲဝိုင်းကို အသုံးပြုနိုင်ပါတယ်။ ဒီလိုကလေးတွေလိုအပ်မယ့် ပစöည်းတွေကိုတစ်နေရာတည်းမှာ စုထားပေးလိုက်တော့ မလိုအပ်တဲ့ အာရုံထွေပြားမှုတွေ မဖြစ်တော့ဘူးပေါ့။ ဘောလုံးကွင်း ဘေးမှာ အေးအေးလူလူနဲ့ စာလုပ်ချင်တဲ့ ကလေးတွေ အတွက်လည်း ပစöည်းအစုံ ထည့်ယူသွားနိုင်မယ့် အိတ်ကလေးတစ်လုံး စီစဉ်ပေးထားနိုင်ပါတယ်။

၂။ ထိုင်ခုံတွေကိုပြောင်းလိုင်ပါ။

ဝါရှင်တန် လက်တွေ့စမ်းသပ်ခန်းရဲ့ အလုပ်အကိုင်နဲ့ ရုပ်ပိုင်းဆိုင်ရာကုထုံး ဌာနခွဲမှာ ဒါရိုက်တာ ဂျူဒီရှင်ကာရစ် ကိုယ်တိုင် အခန်းအပြင်အဆင် ပြောင်းလဲခြင်းက ကလေးတွေရဲ့ တီထွင်နိုင်စွမ်းကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ ကလေးတွေဟာ ထိုင်ခုံတစ်ခုံတည်းမှာပဲ အကြာကြီး ငြိမ်ပြီး ထိုင်နေနိုင်ပါဘူး။ စာကျက်နေရင်းက ပျင်းရိငြီးငွေ့ လာတတ်တဲ့ သူတို့ရဲ့စိတ်ကို ဖျောက်ဖျက်ပေးဖို့ လိုပါတယ်။

“ထိုင်ခုံတစ်ခုံက အစပြုဖို့အကောင်းဆုံးနေရာပဲ” လို့တောင် သူကဆိုထားတာပါ။ ဒါပေမဲ့ ဒါက ဖြစ်နိုင်ချေ တစ်ခုပဲ ရှိပါသေးတယ်။ တချို့ ကလေးတွေက အိစက်ညက်ညောပြီး ပြန်ကန်ထွက်တတ်တဲ့ ဘောလုံးထိုင်ခုံမှာ ထိုင်ပြီး စာကျက်ရတာကို သဘောကျပါတယ်။ သူတို့ပိုပြီး အာရုံစူးစိုက်နိုင်လို့ပါတဲ့။ နူးညံ့သိမ်မွေ့တဲ့ အထိအတွေ့က ခန¨ာကိုယ်ရဲ့ အဓိကကျတဲ့ ကြွက်သားတွေကို ကောင်းမွန်စေတဲ့အပြင် နှိုးကြားမှုကိုလည်း လှုံ့ဆော် ပေးနိုင်ပါတယ်။ ဘောလုံးကုလားထိုင် တွေက ကလေးရဲ့ အကျင့်စရိုက် ပေါ်မှုတည်ပြီးတော့ အာရုံစူးစိုက်နိုင်မှုနဲ့ အာရုံထွေပြားမှု ဆိုပြီးတော့ နှစ်ခုကွဲသွား စေနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေ ကတော့ ကလေးတစ်ဦးစီရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး အလိုက်သင့်လေး လုပ်ဆောင် သွားကြဖို့ မိဘတွေကို အကြံပြုထားပါတယ်။

သိပÜံကျက်တဲ့အခါ ထိုင်ခုံတစ်လုံး၊ သချာင်္တွက်တဲ့အခါ ဘောလုံးထိုင်ခုံကို အသုံးပြုမယ်ဆိုရင် အပျော်တမ်း စာဖတ်ချိန် ရောက်တဲ့အခါ ပလတ်စတစ်စေ့လေးတွေ ထည့်ထားတဲ့ အခင်းလေးပေါ်မှာ ဇိမ်ကျကျ ထိုင်ဖတ်ကြည့်ခိုင်းပါ။ ကလေးတော်တော်များများက စာအုပ်ဖတ်တဲ့အခါ ဒီလိုလုံခြုံနွေးထွေးတဲ့ အထိအတွေ့ကို သဘောကျကြပါတယ်။ ပလတ်စတစ်စေ့လေးတွေ ထည့်ထားတဲ့ အခင်းလေး ပေါ်မှာထိုင်ရတဲ့ ပိုးအိမ်လို အထိအတွေ့က သူတို့လေးတွေရဲ့ အာရုံစူးစ်ိုက်နိုင်စွမ်းကို ပိုပြီး ကောင်းမွန်စေပါတယ်။ အဲ့ဒီကြားကမှ ကလေးက သက်တောင့်သက်သာ ဖြစ်လွန်းပြီး အိပ်ငိုက်လာတယ် ဆိုရင်တော့ အပြောင်းအလဲလေး လုပ်ဖို့ အချိ်န်ရောက်ပါပြီ။ အကောင်းဆုံး အကြံကတော့ မတ်တပ်ရပ်ပြီး စာလုပ်ခိုင်းလိုက်ပါ။ မီးဖိုချောင်ထဲမှာ စာလုံးပေါင်းသတ်ပုံ ကျက်ခိုင်းတာ ဖြစ်ဖြစ်ပေါ့။

ပုံမှာပြထားတဲ့ အခန်းအပြင်အဆင်ကို ကြည့်မယ်ဆိုရင် ထိုင်ခုံမျိုးစုံတွေ့ရမှာပါ။ စာရေးတာပဲဖြစ်ဖြစ် စာရိုက်တာပဲဖြစ်ဖြစ် လုပ်လို့ရမယ့် ကုလားထိုင်တွေအပြင် စာဖတ်တာပဲဖြစ်ဖြစ် စာကျက်တာပဲဖြစ်ဖြစ် ဇိမ်ကျကျ လုပ်လို့ရမယ့် ခုံရှည်တစ်ခုံလည်းပါသေးတယ်။

၃။ ကလေးငယ်ရဲ့ အသက်အရွယ်နဲ့ ဖွံ့ဖြိုးမှုပေါ်မှုတည်ပြီး စာကျက်မယ့်နေရာကိုရွေးပါ။

ကလေးငယ်လေးတွေ ဆိုရင် ပိုပြီး အနီးကပ်စောင့်ကြည့်ပေးဖို့ လိုပါတယ်။ အဲ့ဒါကြောင့် မီးဖိုချောင်၊ ထမင်းစားခန်းနဲ့ အလုပ်ခန်းတွေမှာလည်း သူတို့လေးတွေအတွက် စာကျက်ဖို့နေရာ လုပ်ပေးနိုင်ပါတယ်။ ကလေးတွေ မီးဖိုချောင်ထဲမှာ ထိုင်ပြီး စာကျက်နိုင်ဖို့အတွက် မီးဖိုချောင်ထဲမှာ ကျောက်သင်ပုန်း၊ စာအုပ်စင် အသေးလေးတွေနဲ့ ပြင်ဆင်ပေးလိုက်ပါ။ ဒါဆိုရင် ကလေးစာကျက်တာကို အနီးကပ်စောင့်ကြည့်နိုင်ပြီပေါ့။ ဒါပေမဲ့ ချက်ပြုတ်ကြော်လှော်နေတဲ့ ဆူညံသံတွေနဲ့တော့ ကလေးကို အနှောင့်အယှက်မဖြစ်စေနဲ့။

ဒီပုံလေးကတော့ မီးဖိုချောင်ထဲကနေရာလွတ်မှာ ကလေးတွေစာကျက်ဖို့ ပြင်ဆင်ပေးထားပုံလေးပါ။ မီးဖိုချောင်ထဲက သစ်သားစားပွဲပေါ်မှာပဲ ခပ်ရိုးရိုးလေး ပြင်ဆင်ပေးထားပုံပါ။ တစ်ခုသတိထားရမှာက ကိုယ်ချက်ပြုတ်နေတဲ့ သွားရည်ကျစရာ ဟင်းနံ့တွေကြောင့် ကလေးတွေအာရုံ မထွေပြားသွားစေဖို့ပါပဲ။

ဆယ်ကျော်သက်အရွယ် ကလေးတွေဆိုရင်တော့ နည်းနည်းလက်လွှတ်ကြည့်လို့ရပါပြီ။ သူတို့အတွက် အိပ်ခန်းကလွဲရင် ဘယ်နေရာပဲဖြစ်ဖြစ် စာကြည့်စားပွဲလုပ်ပေးလို့ရပါတယ်။ အိပ်ခန်းကတော့ သူတို့တွေအတွက် အာရုံထွေပြားစရာတွေ များတဲ့နေရာပါ။ ဒါဆိုရင်တော့ မြေအောက်ထပ်က အသုံးဝင်လာပါပြီ။ မြေအောက်ထပ်မှာ အကြီးတွေ အတွက် ကွန်ပျူတာတစ်လုံးနဲ့ စာကျက်ဖို့နေရာအပြင် အငယ်လေးတွေ အတွက်လည်း စားပွဲနဲ့ကုလားထိုင် ပြင်ပေးလိုက်ပါ။ ကိုယ်လည်း သူတို့ဘေးမှာ လျှော်ပြီးသား အဝတ်လေးတွေခေါက်ရင်း စောင့်ကြည့်နေနိုင်သလို သူတို့လည်း အေးအေးချမ်းချမ်း စာကြည့်နိုင်တော့ အားလုံးအတွက် အဆင်မပြေဘူးလား။ ဒါ့အပြင်သူတို့စားပွဲမှာ သိပÜံကားချပ်လေးတွေ ခင်းထားပေးမယ် ထားမယ်ဆိုရင်တော့ ပိုပြီးအထောက်အကူဖြစ်စေမှာပါ။

ကိုယ့်ကလေးက အိပ်ခန်းထဲမှာမှ စာကျက်ချင်ပါတယ်ဆိုရင်တော့ အိပ်ခန်းထဲမှာ အာရုံထွေပြားစေမယ့် အရာတွေကို တတ်နိုင်သမျှ လျှော့ချပေးပါ။ ဒီနေ့ခေတ် ကလေးတွေက သူတို့စာကြည့်ဖို့ အီလက်ထရောနစ် ပစöည်းတွေကို အသုံးပြုနေရတာဆိုတော့ ဒါတွေကိုတားမြစ်ဖို့ဆိုတာကတော့ လွယ်မယ်မထင်ပါဘူး။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်တွေကတော့ ဖုန်းကိုအသံပိတ်ထားတာ ဒါမှမဟုတ် လက်လှမ်းမမီနိုင်တဲ့ အခန်းရဲ့ တစ်ခြားတစ်နေရာမှာ သွားထားတာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်လို့ ဆိုထားပါတယ်။ ကိုယ့်ကလေးက ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် စာကိုချည်းဆက်တိုက်ကျက်မနေဘဲ ခဏအနားယူပေးဖို့လဲ လိုအပ်ပါတယ်။ ဒီလိုနားတဲ့အချိန်မှာလည်း ပြဌာန်းစာအုပ်ကိုပဲဖြစ်ဖြစ် လှန်လှောကြည့်နေခိုင်းပါ။ စာကျက်လို့ မပြီးမချင်း ဗီဒီယိုဂိမ်းမကစားခိုင်းပါနဲ့။ ဂိမ်းဆော့ခြင်းက ကလေးတွေကို အာရုံပျက်စေပါတယ်။ ခဏနားတဲ့အချိန်လေးမှာ ဗီဒီယိုဂိမ်းကစားခွင့်ပေးတာဟာ မကောင်းပါဘူး။ ကလေးတွေက ဂိမ်းကို နောက် Level တစ်ခုထပ်တက်နိုင်ဖို့ပဲ ကြိုးစားနေပါလိမ့်မယ်။

ဒီနေရာကတော့ဖျော်ဖြေမှုတွေရော၊ အာရုံထွေပြားစရာတွေပါ မရှိတဲ့နေရာလေးပါ။ ကိုယ့်ကလေးက အိပ်ခန်းထဲမှာပဲ စာကျက်လို့ ရပါတယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ သီးခြားစာကြည့်စားပွဲလေးတစ်ခု ဖန်တီးပေးလိုက်ပါ။ အိစက်ညက်ညောနေတဲ့ အိပ်ရာပေါ်မှာ စာကျက်တာဟာ ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည် မြင့်တက်စေဖို့ အတွက်တော့ သိပ်ကို သက်တောင့်သက်သာ ဖြစ်လွန်းနေပါတယ်။ စာကြည့်စားပွဲက သိ်ပ်ပြီး ခမ်းနားနေဖို့ မလိုဘူးဆိုတာ မမေ့ပါနဲ့။ လခြမ်းကွေးစားပွဲလေး လောက်ဆိုရင် နေရာလည်း သိပ်မယူဘူး။ အလုပ်လည်း ဖြစ်ပါတယ်။ စာရေးကိရိယာတွေကို ခွက်တွေထဲစုထည့်ထားပြီး စားပွဲကို ရှင်းနေအောင်ထားပါ။ မှတ်စုတိုလေးတွေကို သံမှိုလေးတွေနဲ့ ဖိကပ်ထားနိုင်ဖို့ ဘုတ်ပြားတစ်ခုလည်း လုပ်ထားပေးလို့လည်း ရပါသေးတယ်။

၄။ အရေးကြီးတဲ့အရာတွေကို မမေ့ပါနဲ့။

ဘယ်လိုအခန်း အပြင်အဆင်မျိုးပဲဖြစ်ဖြစ် မီးရောင်က အရမ်းအရေးပါပါတယ်။ ဒီလိုမျက်နှာကြက်ကနေ တွဲလောင်းကျနေတဲ့ မီးဆိုင်းပန်းဆွဲတွေက အသုံးပြုဖို့ အသင့်တော်ဆုံးပါပဲ။ အိမ်ပေါ်ထပ် လှေကားဘေးက နေရာလွတ်လေးမှာ ဆယ်ကျော်သက်လေး တွေအတွက် ဒီလိုစာကျက်ဖို့ နေရာပြင်ဆင်ပေးတာက တခြားမိသားစုဝင်တွေကြောင့် ကလေးအတွက် စိတ်အာရုံထွေပြားမှု မရှိစေတဲ့အပြင် အိမ်အောက်ထပ်က နေလည်း အချိန်မရွေးလှမ်းပြီး စစ်ဆေးနေလို့ရပါတယ်။

ကလေးတွေ စာကျက်ဖို့နေရာ ရွေးပေးတော့မယ်ဆိုရင် ဒီခေတ်ကလေးတွေ ကိုယ်နဲ့မကွာ ဆောင်ထားတတ်တဲ့ အီလက်ထရောနစ် ပစöည်းတွေ အတွက် အချိန်မရွေး မီးအားသွင်းနိုင်ဖို့ ပလပ်ခုံတွေ ရှိမယ့်နေရာလည်း ဖြစ်ဖို့လိုပါတယ်။ ဒီနေရာက ပစöည်းသေးသေးမွှားမွှားလေးတွေကို တစ်စုတစ်စည်းတည်း သိမ်းဆည်းထားနိုင်ဖို့အတွက် အကောင်းဆုံးနေရာပါပဲ။ ဒါကြောင့် ကလေးတွေလိုအပ်ရင် အသုံးပြုလို့ရမယ့် ပလပ်ခုံရှိမယ့်နေရာကိုရွေးပါ။ စာရွက်ညှပ်ကလစ်လေးတွေ၊ စာမျက်နှာမှတ်တဲ့ ပစöည်းသေးသေးလေးတွေကို ဖန်ဘူးလေးတွေနဲ့ထည့်ပေးထားပါ။

ဒီအခန်းရဲ့ အပြင်အဆင်မှာတော့ လိုအပ်တာတွေအပြင် တခြားအကူအညီဖြစ်စေမယ့် ပစöည်းတွေ ပါရှိပါတယ်။ ကျောက်သင်ပုန်းနဲ့ နံရံကပ် ပြက©ဒိန်က စာကြည့်ဇယား ဆွဲဖို့၊ ဦးစားပေးလုပ်ရမယ့် အရာတွေကို မှတ်ဖို့နဲ့ အရေးကြီးတာတွေကို မမေ့အောင်မှတ်ထားဖို့ သိပ်ကိုလိုအပ်တဲ့ ပစöည်းတွေပါ။

အားလုံးနေရာတကျဖြစ်ပြီဆိုရင်တောင် ကိုယ့်ကလေးက တကယ်ထိုင်ပြီး စာကျက်ဖို့လိုပါသေးတယ်။ ကိုယ်ကတော့ သေသေချာချာအစီအစဉ်တွေ ဆွဲထားပါရဲ့ ကလေးက စာမကျက်ရင်ပြóနာပါ။ လောကမှာ လွယ်လွယ်နဲ့ ရတဲ့အရာကတော့ ဘယ်ရှိမလဲဗျာ။ တခါတလေမှာ ကလေးတွေအတွက် အခက်ခဲဆုံးအပိုင်းက စာစကျက်ဖို့ပါပဲ။ စာကိုအာရုံစိုက်နိုင်ဖို့ ၅ မိနစ် သို့မဟုတ် ၁ဝ မိနစ်သတ်မှတ်ပေးလိုက်ပါ။ ကလေးက ပထမ ၅မိနစ်မှာ စိတ်တွေ ရှုပ်နေမှာဖြစ်ပေမယ့် နောက် ၁ဝ မိနစ်မှာတော့ သည်းညည်းခံပြီး စာကြည့်ဖို့ ကြိုးစားပါလိမ့်မယ်။ အခက်ခဲဆုံးဖြစ်တဲ့ စစချင်း စာကျက်ချိန်လေးကို ကျော်လွှားနိုင်ဖို့ ဒီနည်းဗျူဟာက အကောင်းဆုံးပါပဲ။ ဒီအခက်ခဲကိုကျော်ဖြတ်နိုင်ပြီဆိုတာနဲ့ သူတို့လေးတွေ စာကျက်ချင်စိတ် ရှိသွားပါပြီ။

၅။ စာကြည့်ခန်းကို ကလေးတွေစိတ်တိုင်းကျ ပြင်ဆင်ပေးပါ။

စာကျက်မယ့် နေရာကို ကလေးတွေ ကိုယ်တိုင် သဘောကျပါစေလို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။ မိခင်နဲ့ ကလေးကြား ပူးပေါင်းအားထုတ် လုပ်ဆောင်မှုပဲ ဖြစ်ပါစေတဲ့။ ကလေးတွေမှာ သူတို့သဘောကျတဲ့ စာကြည့်စားပွဲ ရှိပြီးသား ဆိုရင်လည်း လက်မှုပစöည်းလေးတွေ၊ တခြားပုဂ¾ိုလ်ရေး ပစöည်းလေးတွေနဲ့ ဖြည့်စွက်ပေးလိုက်ပါ။ အတိုင်းအတာတစ်ခုတော့ ရှိပါစေ။ သူတို့လေးတွေကို စိတ်ရွှင်မြူးစေမယ့် အရာတွေ သိပ်များသွားရင်လည်း အာရုံထွေပြား သွားပါလိမ့်မယ်။

ကိုယ့်ကလေးက အိမ်ရဲ့ရုံးခန်းမှာ ဒါမှမဟုတ် ဧည့်ခန်းမှာပဲ စာကျက်မယ်ဆိုရင် စာကြည့်စားပွဲအတွက် ပြင်ဆင်တဲ့နေရာမှာ သူတို့ကိုပါ ပါဝင်ခွင့် ပေးလိုက်ပါ။ ဘီးတပ်ထိုင်ခုံတွေ ခင်းကျင်းခိုင်းပါ။ စာရေးကိရိယာတွေ ထည့်ဖို့ ရောင်စုံခွက်လေးတွေ၊ ဖိုင်တွေနဲ့ တခြားပစöည်းတွေကို အတူတူ စိတ်ကြိုက်ရွေးဝယ်ကြပါ။

Myanmar  Home & Decor Magazine (Vol -4 , Issue -2)

Ref;Houzz

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း