Month: June 2018

SCG pours in donation for flood relief including Kayikthanlan Pagoda reconstruction in Mawlamyine

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
June 22, 2018 နေ့
သတင်းနှင့် ပြပွဲများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော် ပြုပြင်တည်ဆောက်ခြင်းအပါအဝင် ရေဘေးထောက်ပံ့ကူညီရေးအတွက် SCG မှ အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်း


ဇွန်လ ၁ရ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတချို့တွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် အာဆီယံထိပ်တန်းစီးပွားရေးလုပ်ငန်းစုသာမက မြန်မာပြည်သူတို့၏ ယုံကြည်အားထားရသော SCG ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ကျပ် သိန်း ၁၀ဝ နှင့် မြေပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သော မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီ ရင်ပြင်တော်နှင့် တန်ဆောင်းတော် ပြန်လည်တည်ဆောက်ပြုပြင်ရန် SCG ဘိလပ်မြေအိတ် ၂၀၀ဝ ကို လှူဒါန်းခဲ့ပါသည်။

ဇွန်လ ၂၁ ရက်နေ့တွင် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL မှ တာဝန်ရှိသူများသည် မွန်ပြည်နယ်အစိုးရရုံးသို့ သွားရောက်ကာ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ရေဘေးထောက်ပံ့ရေးအတွက် အဆိုပါ လှူဒါန်းပစ္စည်းတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ မော်လမြိုင်မြို့နှင့် မွန်လူမျိုးတို့၏ ဘာသာရေးအထွတ်အမြတ်ထားရာ ကျိုက်သလ္လံစေတီ၌ ပြုပြင်တည်ဆောက်မှုများ ပြုလုပ်ရန် SCG ၏ ယခုကဲ့သို့ လှူဒါန်းမှုအား ကျေးဇူးတင်ရှိပါကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ပြောကြားခဲ့သည်။

လွန်ခဲ့သော ရက်ပိုင်းတွင် မော်လမြိုင်မြို့၌ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်သလ္လံစေတီ အရှေ့ဘက်မုခ်နှင့် အနောက်ဘက်မုခ်ရှိ တောင်စောင်းမြေထိန်းနံရံတို့ ပြိုကျခဲ့သည်။ မော်လမြိုင်မြို့သူမြို့သားများ၏ အထွတ်အမြတ်ထားရာ ကျိုက်သလ္လံစေတီတော်သည်  မော်လမြိုင်မြို့၏ အမြင့်ဆုံးစေတီဖြစ်ပြီး ဉာဏ်တော်အမြင့် ပေ ၁၅ဝ ရှိပါသည်။ ကျိုက်သန်လန်စေတီကို မွန်ဘုရင် မွတ်ပိရာဇာလက်ထက် အေဒီ ၈၇၅ တွင် တည်ထားခဲ့ပါသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်၊ ပိဋကတ်တော် လက်ရေးမူနှင့် ဗုဒ္ဓဆင်းတုတော်များကို စေတီတော်အတွင်း ဌာပနာထည့်သွင်းကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။

“SCG သည် ပတ်ဝန်းကျင် ရေရှည်ဖွံ့ဖြိုးရေးနှင့် လူမှုအသိုင်းအဝိုင်း အသက်မွေးမှု မြှင့်တင်ရေးအတွက် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပါမည်ဟု ကတိကဝတ်ပြုပါသည်။ အာဆီယံ ဒေသတွင်း ရေရှည်ခိုင်မြဲသော စီးပွားရေးဦးဆောင်သူဖြစ်ရေး မျှော်မှန်းချက်ဖြင့်  SCG သည် အာဆီယံ၏ ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုကို အထောက်အပံ့ပြုနိုင်ရန် လူမှုတာဝန်သိမှု CSR လှုပ်ရှားမှုများကို ဖြန့်ကျက် လုပ်ဆောင်နေခြင်းဖြစ်သည်။ SCG သည် မြန်မာနိုင်ငံအား အကျိုးဖြစ်ထွန်းစေသည့် အစီအစဉ်ပေါင်းများစွာကို ယခင်နှစ်များတွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ‘SCG Sharing the Dream’ အစီအစဉ်သည် နိုင်ငံ့အနာဂတ်၏ အရေးပါသော ကဏ္ဍများတွင် လူငယ်များ အထောက်အပံ့ဖြစ်စေရန် ရန်ကုန်နှင့် မော်လမြိုင်ရှိ အထက်တန်းကျောင်းသားများအတွက် ပညာသင်ဆုပေါင်း ၃၀ဝ ကို ပေးအပ်ခဲ့သည်မှာ ၂၀၁ရ ခုနှစ် စက်တင်ဘာလတွင် ခြောက်နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ထို့ပြင် ကျိုက်သလ္လံစေတီ ပြုပြင်တည်ဆောက်ရာတွင် ယခုကဲ့သို့ အချိန်မီ အကူအညီပေးအပ်လှူဒါန်းခြင်းဖြင့် MCL သည် မွန်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ၏  ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုကို ဒေသခံလူထုများနှင့်ထပ်တူ တန်ဖိုးထားလေးစားကြောင်းကို ပြသရာရောက်ပါသည်” ဟု  SCG Myanmar ၏ ညွန်ကြားရေးမှူးချုပ် Mr. Atthapong Sathitmanotham မှ ပြောကြားခဲ့သည်။

Myanmar Home & Decor Magazine

 

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

ads

 MCL မှ ၎င်း၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အားတိုက် လုပ်ဆောင်ရာတွင် စပါးခွံများအသုံးပြု၍ ပြန်လည်အသုံးပြုစွမ်းအင် နှင့် ပတ်ဝန်းကျင်အတွက် သဟဇာတဖြစ်သော စွမ်းအင်များ ထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖြစ်သည် 

ဇွန် ၊ ၂၀၁၈၊ ရန်ကုန်၊ မြန်မာ – အာဆီယံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းစု ဖြစ်သော SCG ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) သည် စက်ရုံတွင်း ဘိလပ်မြေထုတ်လုပ်မှုအတွက် လိုအပ်သောစွမ်းအင်ကို အခြားသော လောင်စာအရင်းအမြစ်မှ အစားထိုးသုံးစွဲနိုင်ရန် စပါးခွံမှ အပူစွမ်းအင် ထုတ်လုပ်ခြင်းကို မြန်မာနိုင်ငံ ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်းများအနက်တွင် ပထမဦးဆုံး စတင်လိုက်ကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်သည်။  MCL သည် ၎င်း၏ ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေး လမ်းပြမြေပုံအရ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သည့် ပြန်လည်အသုံးပြုစွမ်းအင်ကို မဆုတ်မနစ် ဖော်ဆောင်လျက်ရှိကြောင်း အဆိုပါ ပြန်လည်အသုံးပြုစွမ်းအင် စတင်သုံးစွဲခြင်းအစီအစဉ်မှ အတည်ပြုဖော်ပြလျက်ရှိသည်။    လက်ရှိအသုံးပြုနေသော လောင်စာ၏ ငါးရာခိုင်နှုန်းကို အစားထိုးလျှော့ချပေးသည့် ပြန်လည်အသုံးပြုစွမ်းအင်ဖြစ်သော စပါးခွံကို ၂၀၁ရ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့မှစ၍ ၁၂ ရက်တာ စမ်းသပ်ကာလ အနေဖြင့် စတင်သုံးစွဲခဲ့ပါသည်။  အော်ဂဲနစ်အစွမ်းရှိသော စပါးခွံကို အသုံးပြုခြင်း အကျိုးရလဒ်သည်  ထို ၁၂ ရက်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၉၈ တန်ကို လျှော့ချနိုင်ခဲ့ပါသည်။   ဒေသခံလယ်သမားများအား အပိုဝင်ငွေရရှိစေသည့်အပြင် စိုက်ပျိုးကုန်ထုတ်လုပ်ငန်း၏ ပြုန်းတီးလေလွင့်မှုကို လည်း သက်သာစေပါသည်။ ထိရောက်မှုရှိသော ရလဒ်များအတွက် အသေးစိတ်ကျသော နည်းပညာများနှင့် လုပ်ငန်းအခြေအနေများ ရှိမှသာ ပြည့်စုံကောင်းမွန်သော စွမ်းအင်ထုတ်လုပ်ခြင်း ရည်ရွယ်ချက်ကို ပြီးမြောက်နိုင်ပါမည်။  MCL သည် လောင်ကျွမ်းအပူချိန် 860°C ရရှိရန်နှင့် combustion chamber တွင် လုံလောက်သော အောက်ဆီဂျင်ပမာဏ ရရှိရန် ထိန်းချုပ်နိုင်ခဲ့ပါသည်။ စိုက်ပျိုးထုတ်ကုန် အကြွင်းအကျန်နှင့် စွန့်ပစ်ပစ္စည်းဖြစ်သော စပါးခွံသည် သဘာဝစွမ်းအင် ထုတ်လုပ်ပေးနိုင်သော ဇီဝလောင်စာ၏ အဓိက အရင်းအမြစ်တစ်ခုဖြစ်ပါသည်။ ပုံမှန်အားဖြင့် မွန်ပြည်နယ်တွင် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုများမှ နေ့စဉ်ထွက်ရှိသော စပါးခွံ တန်ပေါင်း ၈၉ဝ ကျော် သည် အကျိုးမဲ့ပြုန်းတီးလျက်ရှိပါသည်။

“SCG နှင့် MCL ဟာ ၎င်းတို့ရဲ့ လမ်းပြမြေပုံအရ ပြန်လည်အသုံးပြုနိုင်ပြီး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိတဲ့ စွမ်းအင်အရင်းအမြစ်ကို တိုးတက်အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အစဉ်တစိုက် မဆုတ်မနစ် လုပ်ဆောင်လျက်ရှိပါတယ်” ဟု MCL ၏ မန်းနေးဂျင်းဒါရိုက်တာ Mr. Surachai Pornjindachote မှ ပြောကြားသွားခဲ့ပါသည်။  “MCL ရဲ့ စက်ရုံတွင်း စပါးခွံလောင်စာသုံးစွဲမှု ပဏာမခြေလှမ်းဟာ ဇီဝလောင်စာတွေကို ပြန်လည်သုံးစွဲနိုင်ဖို့နှင့် MCL အနီးအနားတစ်ဝိုက် နယ်မြေရှစ်ခုက ဒေသခံလယ်သမားတွေနဲ့ ဆန်စက်လုပ်ငန်းတွေကို အပိုဝင်ငွေရရှိစေဖို့လည်းရည်ရွယ်ပါတယ်” ဟု Mr. Surachai Pornjindachote မှ ထပ်လောင်းပြောကြားသွားပါသည်။ ထို့ပြင် MCL သည် ၂၀၂ဝ ခုနှစ်တွင် တစ်နှစ်လျှင် စပါးခွံတန်ပေါင်း ၉၆၀၀ဝ နှင့် အခြားဇီဝလောင်စာများ အစားထိုးသုံးစွဲခြင်းဖြင့်  လက်ရှိအပူစွမ်းအင် ပမာဏ၏ ၂ဝ ရာခိုင်နှုန်းကို သက်သာစေသည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ပေါင်း ၁၂ဝဝဝဝ ကို လျှော့ချနိုင်မည်ဖြစ်ပါသည်။

MCL သည် ပတ်ဝန်းကျင် ရေရှည်ဖွံ့ဖြိုးရေးနှင့် လူမှုအသိုင်းအဝိုင်း အသက်မွေးမှု မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံနှင့် မွန်ပြည်နယ်အတွင်းရှိ ဒေသခံလူထုများနှင့်အတူ ရပ်တည်ပါမည်ဟု ကတိကဝတ်ပြုပါသည်။ အာဆီယံ ဒေသတွင်း ရေရှည်ခိုင်မြဲသော စီးပွားရေးဦးဆောင်သူဖြစ်ရေး မျှော်မှန်းချက်ဖြင့်  SCG သည် အာဆီယံ၏ ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုကို အထောက်အပံ့ပြုရန်အလို့ငှာ လူမှုတာဝန်သိမှု CSR လှုပ်ရှားမှုများကို ဖြန့်ကျက် လုပ်ဆောင်နေခြင်းဖြစ်သည်။ SCG သည် မြန်မာနိုင်ငံအား အကျိုးဖြစ်ထွန်းစေသည့် အစီအစဉ်ပေါင်းများစွာကို ယခင်နှစ်များတွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ‘SCG အိပ်မက်များအား မျှဝေခြင်း’ အစီအစဉ်သည် နိုင်ငံ့အနာဂတ်၏ အရေးပါသော ကဏ္ဍများတွင် လူငယ်များ အထောက်အပံ့ဖြစ်စေရန် ရန်ကုန်နှင့် မော်လမြိုင်ရှိ အထက်တန်းကျောင်းသားများအတွက် ပညာသင်ဆုပေါင်း ၃၀ဝ ကို ပေးအပ်ခဲ့သည်မှာ ၂၀၁ရ ခုနှစ် စက်တင်ဘာလတွင် ခြောက်နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါသည်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

ကယ်လီဖိုးနီးယားမှသက်ရှိနံရံဆေးရေးပန်းချီ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မှ
June 1, 2018 နေ့
Promotion ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ကယ်လီဖိုးနီးယားမှသက်ရှိနံရံဆေးရေးပန်းချီ


ဓာတ်ပုံကိုကြည့်လိုက်တာနဲ့ ပရောဂျပ်တစ်ခုလုံးပြီးစီးဖို့အတွက် မျက်နှာပြင်နှစ်ဘက်လုံးကိုအသုံးပြုဖို့လိုအပ်မယ် ဆိုတာ Myanmar Home & Decor Magazine ပရိတ်သတ်တို့ကို ဗဟုသုတဝေမျှပေးလိုက်ပါတယ်။  ရှု့မျှော်ခင်းဒီဇိုင်နာနဲ့ဒေါင်လိုက်နံရံအလှဆင်ကျွမ်းကျင်ပညာရှင်က သက်ရှိနံရံဆေးရေးပန်းချီကိုဘယ်လိုပုံဖော်ခဲ့တယ်ဆိုတာ ပြသပေးခဲ့ကြပါတယ်။

 

ပုံမှာမြင်တွေ့ရတာကအမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ် လာဂူနာကမ်းခြေကမျက်နှာပြင်နှစ်ဖက်သက် ရှိနံရံပဲဖြစ်ပါတယ်။ပေ ၃ဝ အလျားရှိပြီး ရ ပေမြင့်ပါတယ်။အိုဘာဂီအရေးပြားကျန်းမာရေးဆေးရုံနဲ့နေအိမ်ကိုပိုင်းခြားထားတဲ့ နံရံဖြစ်ပြီးတော့ ခြေနင်းကျောက်တုံးတွေပေါ်ကလျှောက်လာလိုက်တာနဲ့နံရံပေါ်ကသစ်ပင်တွေနဲ့ပုံဖော်ထားတာကို မြင် တွေ့ရမှာဖြစ်ပါတယ်။အစိမ်းရောင်နုနုလေးကနေအစိမ်းရင့်ဖြစ်သွားပြီးအဲဒီကနေမှတစ်ဆင့် ခရမ်းရောင်နဲ့လိမ္မော်ရောင် ဖြစ်သွားပုံအဆင့်ဆင့်ကို အနုပညာပန်းချီကားတစ်ချပ်လိုမြင်တွေ့ရမှာဖြစ်ပါတယ်။ခရမ်းရောင်ပန်းပင်တွေက အမေရိကန် Heucheraပင်တွေဖြစ်ပြီးတော့ အဲဒီအောက်ကမျိုးကွဲApteniaပင်ပါ။အဲဒီရဲ့အောက်မှာတော့ မဒူဆာဖန်းပင်ဖြစ်ပြီးတော့ အောက်ဆုံးကတော့ Muehlenbeckiaပင်ပါ။ထောင့်စွန်းကအရောင်အရင့်ဆုံးအပင်ကတော့ FicusElasticaDecoraပဲဖြစ်ပါတယ်။
နံရံပေါ်ကအရွက်တွေကအားလုံးတစ်ညီတည်းရှိနေတာမဟုတ်ဘဲတချို့အလွှာကအပင်တွေရဲ့အရွက်တွေကထိုးထွက်နေပြီးအရောင်နဲ့ပုံစံအနေအထားကလည်းမတူတာကြောင့် အနားကပ်သွားလေလှိုင်းတွေတက်လာသလိုဖြစ်နေတဲ့ခံစားချက်ကိုရလေလေပါပဲ။ဓာတ်ပုံမှာဆိုရင် အပင်တွေရဲ့အရွက်တွေကအရွယ်အစားမတူတဲ့အပြင် ပုံသဏ္ဍာန်လည်းမတူတာကို မြင်တွေ့ရမှာပါ။
အောင်မြင်စွာဖန်တီးနိုင်တဲ့သက်ရှိနံရံတစ်ခုမှာ အဓိကအစိတ်အပိုင်းသုံးခုပါဝင်ပါတယ်။စနစ်ရယ်၊ရွေးချယ်တဲ့အပင် ရယ်နဲ့ပြုပြင်ထိန်းသိမ်းမှုတွေပဲဖြစ်ပါတယ်။ဒီနေရာမှာအသုံးပြုထားတဲ့စနစ်က Seasons ထည့်သွင်းအပင်စိုက်စနစ်ပါ။အဲဒါ ကတော့ မြေကြီးအစားအဟာရဓာတ်ကြွယ်ဝတဲ့နေရာမှာအပင်စိုက်ပျိုးခြင်းပါ။

ဒီနည်းစနစ်မှာမြေကြီးအစားAquafeltအပြားတွေကိုအသုံးပြုထားပါတယ်။အပင်တွေရဲ့အောက်မှာအလွှာပေါင်း များစွာပါဝင်ပြီးတော့ ပထမဆုံးအလွှာကအလူမီနီယံပြွန်ဂရစ်ကွက်ပါ။ ဒုတိယကပလတ်စတစ်ပြားဖြစ်ပြီးတော့ တတိယကတော့ ရေစိမ့်ဝင်နိုင်တဲ့သက္ကလတ်အပျော့စားပဲဖြစ်ပါတယ်။သက္ကလတ်စကမြေကြီးထက်အလုပ်လုပ်ဆောင်မှုပိုမိုကောင်းမွန်ပြီးအဟာရဓာတ်ကြွယ်ဝတဲ့ရေကိုလျင်မြန်စွာစုပ်ယူပေးတဲ့အပြင် အောက်ဆီဂျင်ကိုလည်းအမြစ်ဇုန်ထဲအထိရောက် အောင်ပို့ဆောင်ပေးပါတယ်။အပင်တွေရဲ့အမြစ်တွေဖြတ်သန်းဝင်ရောက်ဖို့ သက္ကလတ်စထဲမှာလေအလုံအလောက်ရှိတာကြောင့် သက္ကလတ်စနဲ့ဆိုရင် အမြစ်ကနံရံတစ်ခုလုံးကိုပျံ့နှံ့သွားနိုင်ပါတယ်။တခြားစနစ်တွေလိုအမြစ်ကိုပိတ်ပင်ထားဆီးထားတဲ့ပြဿနာမျိုးမရှိနိုင်ပါဘူး။
ပြုပြင်ထိန်းသိမ်းမှုအပိုင်းမှာအရေးကြီးတာက ပြဿနာတွေကိုသတိထားရှာဖွေဖို့ပါ။ဥပမာ-ညိုးနေတဲ့ဒေါင်လိုက် အပင်လိုင်းတစ်ခုကိုတွေ့ပြီဆိုရင် ထုတ်လွှတ်စက်မှာပိတ်ဆို့နေပြီဆိုတဲ့သဘောပါ။အပင်နံရံကကိုယ်ပိုင်ဂေဟစနစ်ကိုဖန် တီးနိုင်သွားပြီးအမြစ်တွေလည်းတွယ်သွားပြီဆိုတာနဲ့ အရင်ဆုံးတစ်ပတ်တစ်ခါစောင့်ကြည့်ပါ။ပြီးရင်တော့ တစ်ပတ်ခြား တစ်ခါစောင့်ကြည့်ပေးပါ။ရေပြန်လည်ပတ်တဲ့ကန်ထဲမှာအမှိုက်တွေရှိနေရင်လည်း ရှင်းပစ်ရမှာဖြစ်ပြီးတော့ ရေရဲ့ pH ကို အမြဲစစ်ဆေးပေးခြင်း၊လိုအပ်တဲ့အဟာရဓာတ်တွေကိုထပ်မံဖြည့်သွင်းပေးခြင်းတို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဒီဇိုင်းမှာHeucheraပင်တွေကိုအမျိုးအစားအများကြီးအသုံးပြုထားပါတယ်။ဓာတ်ပုံထဲမှာအပင်နံရံကိုအတောက်ပဆုံးအနေအထားနဲ့မြင်တွေ့ရပေမယ့် ဆောင်းတွင်းမှာတော့ အပင်တွေကကျဲသွားတတ်ပါတယ်။ဒါပေမဲ့ Heucheraပင်တွေကတော့ တစ်နှစ်ပတ်လုံးအရွက်တွေဝေဆာနေတတ်ပါတယ်။နောက်တစ်ခုကမြေကြီးပေါ်မှာစိုက်တဲ့ အပင်တွေလိုပဲတချို့အပင်တွေကို အစားထိုးလဲလှယ်ပေးဖို့လိုအပ်ပါတယ်။မှိုနဲ့ပိုးကျခြင်းတို့ဖြစ်လာပြီဆိုရင် အပင်လေးတွေကိုလှဲလှယ်ပေးရမှာဖြစ်ပါတယ်။ အခုဆိုရင် ဖော်ပြထားတဲ့ သက်ရှိနံရံတစ်ခုကို မိမိအိမ်မှာ ရာသီဥတုနဲ့ကိုက်ညီတဲ့အပင်လေးတွေကို စိုက်ပျိုးရင်း Myanmar Home & Decor ပရိတ်သတ်ကြီး သာယာပျော်ရွှင်ဖွယ်အိမ်ဂေဟာလေးကို ပိုင်ဆိုင်နိုင်ကြပါပြီ။

Source – Internet, Photo – Internet

Translated by Myanmar Home & Décor Magazine
For advertising – 09 9635 999 68

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar