Month: ဧပြီ 2018

ads

ကျဉ်းမြောင်းသည့်အိမ်အဝင်နေရာများအတွက်ကြီးကျယ်ခမ်းနားသည့်စိတ်ကူး ၂၅ ခု

ရေးသူ- အမရာ

အိမ်တွင်းပြင်ဆင်မှုဆောင်းပါးတွေမှာ ကျယ်ပြောတဲ့ဆင်ဝင်နေရာမှာ ခေါက်ထည့်လို့ရတဲ့အိမ်အပြင်ဘက်မီးဖို ချောင်ဆောက်လုပ်တာ၊မီးဖိုတာ၊ရေပန်းတွေထားတာ၊သံချောင်းတွေတပ်ဆင်တာ၊ဧည့်ခန်းစတိုင်လ်ပရိဘောဂတွေထား တာ၊တီဗီထားတာအစရှိသဖြင့်အကြောင်းအရာတွေနဲ့သာ ပြည့်နှက်နေတတ်ပါတယ်။အဲဒီအခါမှာ ကျဉ်းမြောင်းတဲ့အိမ်အ ဝင်နေရာလေးသာရှိတဲ့သူတွေအတွက် လှပအောင်ပြင်ဆင်ဖို့ စိတ်ကူးကြံရာမရဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ တစ်ခါတလေ မှာ ဒီလိုကျဉ်းမြောင်းတဲ့အိမ်အဝင်နေရာလေးတွေက လိုက်ပြီးတုပလို့မရလောက်အောင် ကိုယ်ပိုင်ဆွဲဆောင်မှုရှိနေတတ်ပါ တယ်။ကျဉ်းမြောင်တဲ့အိမ်အဝင်နေရာလေးကိုအလှဆင်ဖို့ခက်ခဲနေတယ်ဆိုရင် စိတ်ကူးအကြံဉာဏ်အသစ်တွေရရှိစေနိုင် မယ့်အကြံပြုချက်တွေကိုဖတ်ရှု့ကြည့်လိုက်ပါ။

၁။ခေါက်သိမ်းလို့ရတာကိုရွေးပါ။

ကျဉ်းမြောင်းတဲ့နေရာမှာ နေရာက ရွှေထက်တန်ဖိုးကြီးပါတယ်။ပုံမှာပြထားသလို ထောင်ထားလို့ရတဲ့အိပ်ရာလေး က ခေါက်ထည့်လို့ရတဲ့ခုံတန်းရှည်အတွက်လည်း နောက်မှီအဖြစ်သုံးလို့ရပါတယ်။ဒါဆိုရင် ဒီနေရာလေးမှာ အရွယ်အစား ကြီးမားတဲ့စားပွဲကြီးတစ်လုံးဆံ့သွားပါပြီ။အပင်ရှည်တွေနဲ့နွယ်ပင်တွေတွယ်တက်ဖို့ထားတဲ့စင်က အခန်းနံရံနဲ့မလိုက်ဖက်သ လိုခံစားချက်ကို ဖယ်ထုတ်ပေးလိုက်ပါလိမ့်မယ်။

၂။ဒေသထွက်ပစ္စည်းတွေသုံးပါ။

ပုံမှာပြထားတဲ့ကျောက်စားပွဲကြီးက မြေကြီးမျက်နှာပြင်နဲ့လိုက်လျောညီထွေရှိသလို ကျောက်တုံးကနေငေါထွက် နေသယောင်အသွင်အပြင်ကိုလည်းဖြစ်ပေါ်စေပါလိမ့်မယ်။

၃။ကြီးမားတာတွေသုံးပါ။

နေရာကျဉ်းလို့ သေးတဲ့အရာတွေပဲထားလို့ရလိမ့်မယ်လို့ထင်နေပါလိမ့်မယ်။ဒါပေမဲ့ လက်တွေ့မှာတော့မဟုတ်ပါ ဘူး။ပုံမှာပြထားသလို အရွယ်အစားကြီးမားတဲ့အိုးကြီးထားလိုက်မယ်ဆိုရင် ကျဉ်းမြောင်းတဲ့ဒီအိမ်ဝင်နေရာလေးက ခမ်းနား ထည်ဝါသွားပါလိမ့်မယ်။နောက်ထပ်အသုံးပြုနိုင်တဲ့နည်းတစ်ခုကတော့ ခေါက်ထားလို့ရတဲ့အိပ်ရာက ထိုင်စရာနေရာတောင် အပိုထွက်လာစေပါတယ်။

၄။ဖန်တီးနိုင်စွမ်းရှိပါစေ။

ဘီယာပုလင်းတွေထည့်တဲ့ဇကာကွက်ဖာသေတ္တာတွေကို ဘယ်သူကမှ ပရိဘောဂအဖြစ်သုံးဖို့ စိတ်ကူးမရခဲ့ကြပါ ဘူး။ဒါပေမဲ့ ဒီဖာသေတ္တာတွေရဲ့တောက်ပတဲ့အရောင်တွေကြောင့် ခေတ်မီအိမ်တွင်းအပြင်အဆင်ရဲ့ဘေးမှာ အနုပညာ ပစ္စည်းတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။ဖယ်ထုတ်ရတာ၊ထပ်ထားရတာလွယ်တဲ့အပြင် အထဲကိုတစ်ခုခုထည့်ပြီး အပြင် ကိုသယ်သွားရလည်း လွယ်ပါတယ်။အဓိကပြောချင်တာကတော့ ဒီလိုရိုးရှင်းတဲ့ပစ္စည်းလေးတွေက သမားရိုးကျအပြင်အ ဆင်တွေကခွဲထွက်သွားတဲ့ပရိဘောဂတွေကို ဆန်းသစ်စွာဖန်တီးနိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။

၅။နိမ့်တဲ့နေရာတွေမှာရှည်တာတွေထားပါ။

မြို့ပြပတ်ဝန်းကျင်မှာ လမ်းမမြေမျက်နှာပြင်ရဲ့အောက်ဘက်ကိုရောက်နေရင်တောင် မြေနေရာလွတ်ဆိုတာ သိပ် အဖိုးတန်ပါတယ်။အသုံးတည့်အောင်လုပ်တတ်ဖို့ပဲလိုတာပါ။ပုံမှာပြထားသလို စားပွဲအမြင့်နဲ့အပင်စိုက်ဖို့နေရာအမြင့်လေး လုပ်ပေးမယ်ဆိုရင် သစ်ရွက်လေးတွေက ပျော့ပြောင်းမှုကိုထင်ဟပ်စေပြီး ဘယ်လိုပဲဖြစ်ဖြစ် ဥယျာဉ်မှာထိုင်နေရသလိုခံစား ချက်ကိုဖန်တီးပေးနိုင်ပါတယ်။

၆။အိမ်အပြင်ဘက်ကိုထွက်လိုက်ပါ။

အိမ်အဝင်နေရာဆိုတာ ပုံမှန်အားဖြင့် အိမ်နဲ့အနီးဆုံးမှာရှိနေတာဖြစ်ပေမယ့် ဘယ်လိုမှနေရာမရှိဘူးဆိုရင်လည်း အိမ်ပြင်ဧည့်ခန်းလေးလုပ်ဖို့ အိမ်နဲ့တွဲလျက်ဂိုထောင်ရှေ့လိုနေရာလေးမှာလုပ်ဆောင်နိုင်ပါတယ်။ပုံမှာကြည့်လိုက်ရင် မီးဖိုနဲ့ လေးထောင့်ပြတင်းပေါက်တွေက ဆင်ဝင်နေရာကို ပိုပြီးနွေးထွေးလှပသွားစေပါတယ်။ဒီနေရာက နွယ်ပင်တွေတွယ်ဖို့ အတွက်လည်း အထောက်အပံ့ကောင်းကောင်းပေးနိုင်ပါတယ်။အိမ်တွင်းဒီဇိုင်နာတွေက အရေးပေါ်ရေသုံးဖို့နဲ့ကားရေဆေး ဖို့အဆင်ပြေအောင်လည်း အနီးအနားမှာ ကျောက်ရေဇလားတစ်ခုနဲ့ဥယျာဉ်ငယ်လေးတစ်ခုကိုပေါင်းစပ်ဖန်တီးပေးထားပါ သေးတယ်။

၇။ရေပန်းတစ်ခုဖြည့်စွက်ပါ။

အိမ်အဝင်မှာ ရေပန်းထားရမယ်ဆိုလို့ အံ့ဩချင်အံ့ဩသွားပါလိမ့်မယ်။ဒါပေမဲ့ ဝါရှင်တန်ဒီစီက ဒီဥယျာဉ်လေးထဲ မှာကြည့်လိုက်မယ်ဆိုရင် ကျဉ်းမြောင်းတဲ့အဝင်ဝနေရာနဲ့ကိုက်ညီတဲ့ရေတံလျှောက်လေးက မြို့ပြရဲ့ဆူညံတွေကိုလျှော့ချ ပေးဖို့ ကူညီပေးနိုင်ပါတယ်။

၈။မီးရောင်ကိုအားကိုးပါ။

အိမ်အဝင်နေရာလေးမှာ မီးတစ်ခုတည်းထွန်းထားတာ၊တောက်ပလွန်းတဲ့မီးလုံးကြီးထွန်းထားတာတွေက စိတ် ပျော်ရွှင်မှုကိုပျက်စီးစေနိုင်ပါတယ်။အိမ်နဲ့ခပ်လှမ်းလှမ်းနေရာက မြေကြီးပေါ်မှာအလင်းရောင်ဖျော့ဖျော့လေးထွန်းထားတာ က ပိုပြီးသာယာပျော်ရွှင်စေတဲ့စိတ်ခံစားမှုကိုပေးစွမ်းနိုင်ပါတယ်။မီးရောင်နဲ့အလှဆင်ဖို့စိတ်ဝင်စားသွားပြီဆိုရင် လေကြောင့် မီးငြှိမ်းမသွားအောင် မီးအိမ်လေးတွေစုဆောင်းလိုက်ပါ။

၉။ကော်ဖီစားပွဲလေးထားလိုက်ပါ။

ပုံမှာပြထားတဲ့အတိုင်း ကျောက်တုံးနံရံပေါ်မှာ ခရမ်းနုရောင်ပန်းလေးတွေလည်းပွင့်နေတဲ့ရှု့မျှော်ခင်းလိုမျိုးကိုယ့် အိမ်မှာရှိတယ်ဆိုရင် စားသောက်ဆိုင်ငယ်လေးတွေမှာသုံးတဲ့စားပွဲနဲ့ကုလားထိုင်က ဒီနေရာနဲ့အသင့်တော်ဆုံးပါပဲ။အလွယ် တကူသယ်ဆောင်သွားလို့ရအောင်လုပ်ထားတဲ့ အိမ်အပြင်ဘက်မှာသုံးတဲ့ပရိဘောဂတွေက ကျဉ်းမြောင်းတဲ့အိမ်အဝင် နေရာနဲ့လည်း ဝင်ဆံ့ပါတယ်။

၁၀။အဆုံးအစွန်အထိဖန်တီးနိုင်ပါသေးတယ်။

အိမ်ရှေ့က အုတ်ခဲစီထားတဲ့နေရာကျဉ်းကျဉ်းလေးမှာ သံထိုင်ခုံ၊စားပွဲခုံလေးတွေနဲ့ အပန်းဖို့နေရာလုပ်ဆောင်နိုင် ပါတယ်။ဒါဆိုရင် ဒီနေရာက အရိပ်အာဝါသရတဲ့ဥယျာဉ်ငယ်လေးတစ်ခုဖြစ်သွားပါပြီ။

၁၁။ဆွဲဆောင်မှုရှိတဲ့အသေးစိတ်တွေကိုဖန်တီးပါ။

ခြံစည်းရိုးနံရံထိပ်မှာ သံချွန်တွေလုပ်ထားမယ်ဆိုရင် ဒီသံချွန်တွေနေရာမှာ သစ်သားချောင်းလေးတွေအစားထိုး လိုက်ခြင်းက ဒီအိမ်အဝင်နေရာရဲ့အငွေ့အသက်ကိုပြောင်းလဲပေးလိုက်နိုင်ပါတယ်။ဒီနေရာမှာ မီးရောင်ကလည်း အထောက်အကူပေးပါသေးတယ်။

၁၂။အတွေးနဲ့ပေါင်းစပ်ပါ။

ပုံမှာပြထားတဲ့နေရာလေးက ခြံထောင့်မှာရှိတဲ့နေရာလေးဖြစ်ပါတယ်။သမားရိုးကျကွန်ကရစ်နဲ့ကျောက်ခုံတန်းကို ကွန်ကရစ်မီးဖို၊ကြမ်းခင်းကျောက်ပြားတွေနဲ့ပေါင်းစပ်လိုက်တာဖြစ်ပါတယ်။

၁၃။ရုပ်တုတစ်ခုထားပါ။

ပုံမှာပြထားတဲ့အိမ်အဝင်နေရာလေးက အနီရောင်ရဲရဲငရုတ်သီးရုပ်တုဟာ အခင်းအကျင်းတစ်ခုလုံးမှာ ဆွဲဆောင် မှုအရှိဆုံးဖြစ်ပြီးတော့ တောက်ပတဲ့အရောင်ကိုပါပေါင်းထည့်ပေးနိုင်ပါတယ်။

၁၄။လျှောက်လမ်းနဲ့အဆုံးမရှိတဲ့ရသကိုဖန်တီးပါ။

ပုံမှာပြထားတဲ့ဒီဇိုင်းမှာဆိုရင် ကြမ်းခင်းကြွေပြားက အဓိကအခန်းကဏ္ဍကပါဝင်ပါတယ်။ကြမ်းခင်းကြွေပြားတွေကို အိမ်အဝင်နေရာအထိဆွဲဆန့်ခင်းသွားမယ်ဆိုရင် ကျယ်ပြောတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်။အိမ်တွင်းကြမ်းခင်းမှာသုံး တဲ့ကြွေပြားကိုပဲ အိမ်အဝင်ဝနေရာမှာဆက်ခင်းပေးသွားတဲ့အတွက် မတူညီတဲ့နေရာနှစ်ခုကြားမှာ လွယ်ကူတဲ့အကူးအ ပြောင်းတစ်ခုဖြစ်ပေါ်အောင် ဖန်တီးပေးနိုင်ပါတယ်။

၁၅။ဒေါင်လိုက်နံရံဖန်တီးပါ။

နွယ်ပင်တွေတွယ်တက်နိုင်မယ့်စင်၊အပင်စိုက်ဖို့အတွက်အလျားရှည်တဲ့အောက်ခြေနဲ့လေးထောင့်ပန်းအိုးတွေဟာ ကျဉ်းမြောင်းတဲ့နံရံအတွင်းပိုင်းကအိမ်အဝင်နေရာလေးနဲ့ကိုက်ညီတဲ့အမြင့်နဲ့ဒီဇိုင်းပုံစံကို ဖန်တီးပေးနိုင်ပါတယ်။

၁၆။တောက်ပတဲ့အရောင်ကိုရွေးပါ။

နေရာကျဉ်းကျဉ်းလေးရဲ့ထိုင်ခုံတွေက အများဆုံးနေရာယူထားပြီဆိုရင် ပရိဘောဂတွေကို တောက်ပတဲ့အရောင် တွေနဲ့သာရွေးချယ်ပါ။

၁၇။လှဲလျောင်းအပန်းဖြေဖို့လုပ်ပါ။

ကျောက်စရစ်အခင်းပေါ်က သာမန်ကြွေပြားအကွက်တွေက ပုံမှာပြထားသလိုလှဲလျောင်းလို့ရတဲ့ခုံတန်းနှစ်ခုထား နိုင်လောက်အောင် ပြင်ညီတဲ့မျက်နှာပြင်ကိုဖန်တီးပေးမှာဖြစ်ပြီးတော့ ထီးကြီးတစ်ချောင်းနဲ့အမိုးမိုးထားပေးလိုက်ပါ။

၁၈။ထိုင်ခုံနှစ်ခုအတွက်နေရာချန်ပါ။

တစ်ခါတလေမှာ နေဝင်ချိန်ကိုကိုယ်ချစ်တဲ့သူနဲ့အတူကြည့်နိုင်ဖို့ နေရာလေးတစ်ခုက မရှိမဖြစ်လိုအပ်ပါတယ်။ ပုံ မှာဖော်ပြထားတဲ့အိမ်အဝင်နေရာလေးက ကျောက်ပြားနေရာအပိုလေးမှာ ခုံလေးနှစ်လုံးထားလိုက်ရုံနဲ့လုံလောက်ပါတယ်။

၁၉။ကြီးမားသည့်ပရိဘောဂများနှင့်ဇိမ်ခံခြင်း

ဆင်ဝင်နေရာကကျဉ်းတာနဲ့ ပစ္စည်းသေးတာလေးတွေပဲ ရွေးထားဖို့မလိုအပ်ပါဘူး။သက်သောက်သက်သာရှိတဲ့ ဇိမ်ခံကုလားထိုင်ကြီးလေးလုံးက မိသားစုဝင်တွေကြားမှာ နာရီပေါင်းများစွာထိုင်ပြီးစကားပြောနိုင်ဖို့ အထောက်အကူပေး နိုင်ပါတယ်။

၂၀။နံရံရဲ့ဆန့်ကျင်ဘက်မှာစားပွဲထားပါ။

နေရာကျဉ်းကျဉ်းလေးမှာ ကုလားထိုင်တွေပတ်လည်ဝိုင်းနေတဲ့စားပွဲခုံအကြီးကြီးကို မရမကဖြတ်သွားရတာမျိုး တော့ ဖြစ်ချင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ စားပွဲကိုထောင့်စွန်းတစ်နေရာကိုတွန်းပို့လိုက်မယ်ဆိုရင်တော့ ထိုင်စရာလည်းရသလို သွားရလာရလည်းလွယ်ကူသွားပါပြီ။

၂၁။သဘာဝကျတဲ့အသွင်အပြင်ကိုဖန်တီးပါ။

ကျောက်စရစ်ခင်းပေါ်မှာ သစ်တုံးထိုင်ခုံလေးတွေထားတာက ဒီလိုကျဉ်းမြောင်းတဲ့ဆင်ဝင်နေရာလေးကို နောက်ခံ ပတ်ဝန်းကျင်၊အိမ်ပုံစံတွေနဲ့ကိုက်ညီအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ဒါဆိုရင် ကျေးလက်ဆန်တဲ့လျှို့ဝှက်ဥယျာဉ်လေးအ ဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။

၂၂။နံရံတွေပေါ်မှာထားပါ။

ကြမ်းပြင်နေရာသိပ်မရှိတဲ့ဆင်ဝင်မှာ ရေပန်းတွေ၊ရုပ်တုတွေ၊အလှဆင်သေတ္တာတွေနဲ့မီးသီးတွေထားဖို့ နံရံတွေကို အသုံးပြုလိုက်ပါ။

၂၃။အချိုးအစားကိုဉာဏ်ရှိရှိအသုံးချပါ။

ဒီလိုရှည်လျားပြီး ကျဉ်းမြောင်းတဲ့ဆင်ဝင်နေရာအတွက် ရှည်လျားကျဉ်းမြောင်းတဲ့စားပွဲနဲ့ခေါက်တင်ထားလို့ရတဲ့ ခုံတန်းတွေက ကွက်တိဝင်ဆံ့သွားစေပါတယ်။

၂၄။ဗိသုကာနှင့်ပေါင်းစပ်ပါ။

ပုံမှာပြထားတဲ့ခေတ်ပေါ်နွယ်စင်က ဆင်ဝင်နေရာကို အိမ်နဲ့ဆက်စပ်ပေးထားပြီး နေရောင်ထိုးတဲ့အခါမှာလည်း ပုံသဏ္ဍာန်စုံလင်တဲ့အရိပ်မျိုးစုံကိုဖြစ်ပေါ်လာစေပါတယ်။

၂၅။ကြမ်းခင်းမှာအလှဆင်ပါ။

ပြောင်ရှင်းနေတဲ့ကွန်ကရစ်ကြမ်းပြင်က သူ့အတိုင်းဘဲရှိနေတာကောင်းပေမယ့် ဆင်ဝင်နေရာရဲ့ကြမ်းပြင်ကတော့

အရောင်နဲ့အဆင်တန်ဆာတွေထပ်ပေါင်းထည့်ဖို့ အခွင့်အရေးပေးနေတဲ့နေရာတစ်ခုပါ။ပုံမှာပြထားတဲ့ကြမ်းခင်းမှာဆိုရင် ကြွေပြားနဲ့ကျောက်တုံးအကွက်တွေကို စစ်ဘုရင်ဘုတ်ပြားပေါ်ကအကွက်အတိုင်းဖြစ်အောင်လုပ်ဆောင်ထားပါတယ်။

Ref:: Archdaily

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


ဖက်ရှင်ကျသည့် အဝတ်ဘီရိုခန်းဖန်တီးခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
ဧပြီ 18, 2018 နေ့
ဆောင်းပါးများအိမ်တွင်း အလှဆင် နည်းလမ်းများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ဖက်ရှင်ကျသည့် အဝတ်ဘီရိုခန်းဖန်တီးခြင်း

တန်ဖိုးကြီးတဲ့ ဖက်ရှင်အဝတ်အထည်တွေနဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေကို နှစ်သက် မြတ်နိုးသူတွေအတွက် ဖက်ရှင်စတိုးဆိုင်ကြီးတွေကလိုစတိုင်လ်ကျတဲ့ ဖက်ရှင်အဝတ်ဘီရိုခန်းကြီးမျိုးလည်းလိုချင်တောင့်တမိကြမှာအသေအချာပါပဲ။ အခန်းနေရာကျယ်ကျယ်ဝန်းဝန်းမရှိလို အဝတ်အထည်တွေနဲ့ ဖက် ရှင်အသုံးအဆောင်ပစ္စည်းတွေကိုနေရာကျကျ သိမ်းဆည်းထားရှိဖို့ ဘီရိုခန်းတွေကိုပိုင်ဆိုင်နိုင်မှာမဟုတ်ဘူးလို့ ညည်းတွားနေစရာမလိုတော့ပါဘူး။ အခုဖော်ပြသွားမယ့်အကြောင်းအရာကနေရာကျဉ်းပေမယ့် လှပသပ်ရပ်တဲ့  အဝတ်ဘီရိုခန်းမျိုးဖန်တီးနိုင်စေမယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။

၁။ အလင်းရောင်ကိုထည့်သွင်းစဉ်းစားပါ

အဝတ်အထည်တွေနဲ့ ဖက်ရှင်အသုံးအဆောင်တွေကိုထားဖို့ သီးသန့်နေရာပေးတာမျိုးမဟုတ်ဘဲကိုယ်နေတဲ့အိပ်ခန်းမှာ အဝတ်ဘီရိုခန်းသဖွယ်ထည့်မယ်ဆိုရင် ပထမဆုံးစဉ်းစားရမှာက အလင်းရောင်ဝင် ရောက်မှုပဲဖြစ်ပါတယ်။ အကြိုက်ဆုံးနဲ့ တန်ဖိုးကြီးတဲ့ ဖက်ရှင်ပစ္စည်းမျိုးတွေကိုထားရ၊ ယူသုံးရလွယ်ကူစေဖို့ အရေးကြီးပေမယ့် ပြတင်းပေါက်ကိုဂရုစိုက်ပါ။ ပူပြင်းတဲ့နေရောင်ခြည်ဝင်ရောက်တဲ့ နေရာမျိုးမှာ အဝတ်ဘီ ရိုခန်းကိုဖွဲ့မိတာမျိုးမပြုမိဖို့အရေးကြီးပါ။ နေရောင်ပြင်းပြင်းနဲ့ ထိတွေ့နေရတဲ့အခါမျိုးမှာပစ္စည်းတွေကအလျင်အမြန်ဟောင်းနွမ်းပျက်စီးသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ ဆင်မြန်းဝတ်ဆင်တဲ့အခါ အရောင်အသွေးလိုက်ဖက်မှုရှိမရှိဆိုတာနဲ့ မှန်ကန်တဲ့အရောင်အသွေးကို မြင်တွေ့နို်င်စေဖို့ လုံလောက်တဲ့ အလင်းဖန်တီးထည့် သွင်းမှုမျိုးတော့ လိုအပ်မှာဖြစ်ပါတယ်။

၂။ ပြသထားရှိခြင်း

တန်ဖိုးကြီးလက်ကိုင်အိတ်တွေကိုချိတ်ဆွဲထားမလား။ ညီညာပြန့်ပြူးတဲ့ဘီရိုစင်မျက်နှာပြင်မှာတင်ပြီးထားမလား။ ညီညာတဲ့ဘီရိုမျက်နှာပြင်မှာတင်ထားတာကအိတ်တွေကိုအပျက်အစီးသက်သာစေပါတယ်။ အိတ်တွေကိုပုံစံတကျဖြစ်နေစေဖို့ အိတ်ထဲမှာခြေမွထားတဲ့ စက္ကူတွေအစာသွတ်ထည့်ထားပေးသင့်ပါတယ်။ ပုံစံကျရုံတင်ရပါပြီ။ အလွန်အကြူးဖောင်းကားတင်းနေအောင်ထည့်တာမျိုးတော့မလုပ်သင့်ပါဘူး။

ထိန်းသိမ်းထားရှိတဲ့နေရာမှာဘီရိုမှန်ခန်းငယ်လေးတွေထဲမှာထားရှိတာကအိပ်ခန်းနံရံပေါ်ပြထားတဲ့ တန်ဖိုးကြီးစုစည်းပြသမှုမျိုးသဖွယ် ဖြစ်စေပါတယ်။ မီးခိုးဖျော့ရောင်ဘီရိုခန်းလေးတွေထဲမှာအိတ်လေးတွေရဲ့ အရောင်တောက်တောက်လေးတွေက နှစ်လိုဖွယ်ကောင်းလှပါတယ်။

၃။ အပွင့်လားအပိတ်လား

တန်ဖိုးကြီးလက်ကိုင်အိတ်တွေကိုဘီရိုထဲမှာ ဝှက်ထားသင့်ပါသလား။ တန်ဖိုးကြီးလက်ကိုင်အိတ်တွေ ကိုဝယ်ယူစဉ်ကတည်းက ဖုန်ကာပေးတဲ့အဝတ်အိတ်ငယ်လေးတွေတစ်ခါတည်းပါလာပြီးသားပါ။ လေအဝင် အထွက်ရှိတဲ့နေရာမျိုးမှာလက်ကိုင်အိတ်တွေကိုဒီအိတ်လေးတွေထဲထည့်ပြီးထားသင့်ပါတယ်။ ကျွန်မရဲ့လက် ကိုင်အိတ်တွေကိုတော့ အပွင့်ဘီရိုစင်မှာထားလေ့ရှိပါတယ်။ အိတ်ကဘီရိုအံကွက်ထဲမှာမဆံ့ဘူးဆိုရင် သတ္တု အစိတ်အပိုင်းတွေမပါတဲ့အခြမ်းကနေအိတ်ကိုလှဲထားလိုက်ပါတယ်။ သတ္တုအစိတ်အပိုင်းတွေပါတဲ့ဘက်ကိုအောက်ဘက်ထားပြီးလှဲထားမိရင် အိတ်ရဲ့သားရေပေါ်မှာသတ္တုအစိတ်အပိုင်းရဲ့အရာထင်သွားတတ်လို့ပါ။

၄။ ကတ္ထူပုံးထဲထည့်သိမ်းပါ

အခန်းကျဉ်းလေးထဲမှာတန်ဖိုးကြီးဖိနပ်တွေကိုဘယ်လိုသိမ်းဆည်းထားကြမလဲ။ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမျိုးမှာဖိနပ်တွေမပျက်စီးအောင် ဘယ်လိုသိမ်းဆည်းနိုင်မလဲ။ စက္ကူလုံးတွေကိုဖိနပ်ထဲထည့်ပြီးချိတ်ချောင်းလေးပါ ထည့်ထားပေးတာကဖိနပ်ပုံစံမပျက်ယွင်းစေပါဘူး။ သားရေဖိနပ်တွေကိုရေငွေ့စုပ်ယူနိုင်စွမ်းရှိတဲ့ ကတ္ထူစက္ကူပုံးနဲ့ထည့်သိမ်းပေးပါ။

ဖိနပ်တွေကိုအထူးနှစ်သက်သူတွေအတွက်တော့ ဖိနပ်ဘီရိုစင်ကအရေးပါပါတယ်။ ဘီရိုကြီးတွေကြားထဲမှာစင်အကန့်တွေပါပြီးဆွဲထုတ်လို့ရတဲ့ဖိနပ်ဘီရိုမျိုးလေးဖန်တီးနိုင်ပါတယ်။ ဖိနပ်တွေကိုဖုန်အကာကွယ် ပေးတဲ့အိတ်လေးတွေနဲ့ ထည့်သိမ်းရင်ပိုကောင်းပါတယ်။

၅။ တန်ဖိုးကြီးဖိနပ်များကိုအကောင်းဆုံးသိမ်းဆည်းနည်း

ပူအိုက်စွတ်စိုတဲ့ရာသီဥတုမျိုးမှာတန်ဖိုးကြီးသားရေအသုံးအဆောင်ပစ္စည်းတွေမှာမှိုပေါက်လွယ်တာ က စိုးရိမ်စရာပါပဲ။ ဖိနပ်မှာဆိုရင်လည်းရေနဲ့ထိမိတာ၊ မိုးစက်မိုးပေါက်တွေနဲ့ထိမိတဲ့အခါမျိုးမှာဒီပြဿနာမျိုးရှိတတ်ပါတယ်။

အပြင်ကပြန်လာတဲ့အခါ ဒါမှမဟုတ် ဖိနပ်တွေစိုထိုင်းနေတဲ့အခါမျိုးမှာအသေအချာသုတ်ပြီးတစ်ညတာလောက် လေသလပ်ခံထားပါ။ နောက်နေ့ကျရင် သားရည်ပေါလစ်ရှ်လေးနဲ့ တိုက်ပြီးသိမ်းဆည်းပါ။

ဖိနပ်တွေကိုစင်အပွင်ပေါ်မှာနဂိုပါလာပြီးသားကတ္ထူပုံးငယ်လေးတွေထဲထည့်ပြီးတင်ကာသိမ်းဆည်းလေ့ရှိပါတယ်။ ဖိနပ်တွေများလို့ ကတ္ထူပုံးတွေမဆံ့တော့ဘူးဆိုရင် ဖုန်အကာအကွယ်အိတ်လေးထဲထည့်ပြီးတင် သိမ်းထားပါတယ်။

နဂိုပါတဲ့ကတ္ထူပုံးခွံတွေကတစ်ခုနဲ့တစ်ခုဒီဇိုင်းပုံမတူလို့ စင်ပေါ်မှာထားရရုပ်ဆိုးတယ်ထင်ရင် ဆင်တူတဲ့ ဖိနပ်ကတ္ထူပုံးငယ်တွေသီးသန့်ရောင်းတာမျိုး ဝယ်သုံးလို့ရပါတယ်။ ဒါပေမယ့် ဖိနပ်တွေ စီးမလို့ရှာရင်တော့ အချိန်မကြာအောင် အမှတ်အသားလုပ်ထားဖို့တော့လိုပါလိမ့်မယ်။

၆။ ကြည့်ကောင်းပေမယ့် ဖိနပ်ပျက်စီးစေတတ်တာက

အရမ်းလှတဲ့ဖိနပ်တစ်ရံလောက်ကိုဘီရိုစားပွဲပေါ်မှာအလှပြထားတာမျိုးက ကြည့်ရကောင်းပေမယ့် ဖိနပ်တွေပျက်စီးထိခိုက်နိုင်စေပါတယ်။ နေရောင်၊ မီးရောင်နဲ့ ထိတွေ့မှုကြောင့် နွမ်းဖတ်လွယ်ပြီးဖုန်လည်းတင် တတ်တာကြောင့် မျက်နှာပြင်အသားအနားနဲ့ အရောင်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

၇။ အဝတ်တွေဆံ့စေဖို့ ဘီရိုအကျယ်အဝန်းကို ချင့်ချိန်ပါ

အဝတ်ဘီရိုခန်းထဲကို လှလှပပလေး ဝင်သွားသလိုမျိုးခံစားချင်တယ်ဆိုပေမယ့် သင့်အိပ်ခန်းထဲမှာနေရာပေးပြီးဖန်တီးတဲ့အခါမျိုးမှာ အဝတ်တွေကိုထားသိုဖို့ နေရာလုံလောက်ဖို့လည်းအရေးကြီးပါတယ်။ ဘီရိုထဲကနေ အဝတ်တွေမဆံ့ဘဲ အံထွက်နေမယ်ဆိုရင် ဖရိုဖရဲနဲ့အဝတ်ပုံကြီးကြောင့် အခန်းရဲ့အလှကိုတောင်ပျက်စီးသွားစေနိုင်ပါတယ်။

ကုတ်အကျ ႌ- သားရေကုတ်နဲ့ သိုးမွေးကုတ်တွေကစက္ကူစတွေခံပြီးအံဆွဲမျက်နှာပြင်မှာအလျားလိုက်ထားကာသိမ်းသင့်ပါတယ်။ ရှေးခေတ်ကတန်ဖိုးကြီးအမွေအနှစ်အထည်တွေကို ပြတိုက်တွေမှာသိမ်းတဲ့နည်းဖြစ်ပါ တယ်။ သားရေဂျာက်တွေနဲ့ကုတ်တွေကိုချိတ်နဲ့ အချိန်ကြာချိတ်ဆွဲထားရင် ပုံးခုံးနေရာတွေမှာ ပြန့်ကားလာတတ်ပြီးသိုးမွေးကုတ်တွေဆိုရင်လည်းအလေးချိန်ကြောင့် အောက်ကိုရှည်ထွက်လာတတ်ပါတယ်။

ဒါကြောင့် အဝတ်ဘီရိုခန်းတွေမှာ အံဆွဲစင်ငယ်တွေများနေတတ်တာ ဖြစ်ပါတယ်။ ချိတ်နဲ့ချိတ်တဲ့ နေရာတွေလည်းအများကြီးပါတတ်ပါတယ်။

 

၈။ သိမ်းဆည်းခန်းများများကိုရှာပါ

ဘီရိုခန်းတွေမှာတစ်ခါတည်းထည့်သွင်းပြင်ဆင်ပါရှိတဲ့ သိမ်းဆည်းခန်းတွေမှာတန်ဖိုးကြီးအမှတ်တံ ဆိပ်အဝတ်အထည်တွေကို အပြားလိုက်ထည့်သိမ်းပါ။ လှေကားထစ်ပုံစံမျိုးမှာသိမ်းဆည်းခန်းတွေလုပ်ထားတဲ့ဘီရိုမျိုးကနေရာကျဉ်းလေးတွေထဲမှာအလွယ်တကူထည့်အသုံးပြုလို့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။

 

၉။ အဝတ်ဘီရိုမရိုက်ခင်မှာ အထည်တွေရဲ့အရွယ်အစားကိုတိုင်းပါ

အဝတ်အထည်တွေရဲ့အတိုင်းအတာကို သိထားပြီးမှ ဘီရိုစင်ကိုရိုက်တာကဘီရိုအတွက် နေရာအထားအသိုချင့်ချိန်နိုင်စေမှာဖြစ်ပါတယ်။ နေရာပိုထွက်လာစေပြီးအထည်အရှည်တွေနဲ့ ကုတ်တွေကိုသီးခြားထားနိုင်မယ့် စင်တွေကို အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ကုတ်အကျႌတွေ၊ ဘလောက်စ်အကျႌတွေကိုချိတ်နဲ့ချိတ်ထားနိုင်ပေမယ့် တီရှပ်တွေကိုတော့ ချိတ်မှာမချိတ်သင့်ပါဘူး။ တီရှပ်ကချိတ်နဲ့ချိတ်ရင် ကျယ်ထွက်လာတတ်လို့ပါ။ ဒီတော့ တီရှပ်တွေကိုခေါက်ပြီးထားတာသို့မဟုတ် အပြန့်လိုက်ထားတာပိုကောင်းပါတယ်။ ပုံမှာဆိုရင် ပြတင်းပေါက်ဘေးပတ်လည်မှာစင်တွေထည့် ထားပေပြီးအပြန့်လိုက်ခေါက်သိမ်းရမယ့်အထည်တွေအတွက် နေရာများများဖန်တီးပေးထားပါတယ်။

 

၁၀။ ဘောင်းဘီနဲ့စက်တွေအတွက် စင်လည်းထားပါ

တန်ဖိုးကြီးတဲ့ ဘောင်းဘီတွေနဲ့ စကတ်တွေကိုချိတ်ထားသင့်ပါတယ်။ စကတ်ချိတ်တဲ့ ကလစ်ပါတဲ့ချိတ် တွေနဲ့ချိတ်ပြီးအောက်ဘက်တန်းတွေမှာချိတ်သင့်ပါတယ်။

အရမ်းနူးညံ့တဲ့အထည်စတွေ ဒါမှမဟုတ် ချည်ထိုးကွက်တွေများတဲ့ အထည်တွေဆိုရင်တော့ အံဆွဲစင် မှာစက္ကူခံပြီးအပြားလိုက်ထည့်သိမ်းတာပိုကောင်းပါတယ်။

တန်းမှာကလစ်ပါတဲ့ချိတ်မျိုးနဲ့ချိတ်သလိုရိုးရိုးချိတ်မှာပဲအောက်ဘက်တန်းမှာခေါက်ချိတ်ပြီးချိတ်ဆွဲထားလို့လည်းရပါတယ်။

 

၁၁။ တန်ဖိုးကြီးအဝတ်အထည်တွေသိမ်းဆည်းနိုင်တဲ့ စင်္ကြံလမ်း

တချို့တိုက်ခန်းတွေကပစ္စည်းတွေသိမ်းထားနိုင်မယ့် အခန်းပိုမျိုးမပါတတ်ပါဘူး။ စတိုးဆိုင်ကဝယ်တဲ့ အဝတ်ဘီရိုတွေဆိုတာကလည်း အခန်းကျဉ်းလေးတွေမှာအံမကိုက်လှတာကြောင့် အသုံးပြုရခက်ပါတယ်။ ဒါ မျိုးဆိုရင် နေရာကိုတိုင်းပြီးဘီရိုအသစ်ရိုက်ထည့်တာကပိုပြီးအဆင်ပြေစေမှာပါ။ အိပ်ခန်းကလည်းကျဉ်းတယ်၊ အခန်းပိုမျိုးလည်းမရှိဘူးဆိုရင် စင်္ကြံလမ်းတွေမှာဘီရိုရိုက်ပြီး အဝတ်ဘီရိုခန်းလုပ်လို့ရပါတယ်။ ကြမ်းခင်းကနေမျက်နှာကြက်ထိ မြင့်မားတဲ့ ဘီရိုမျိုးရိုက်ထားပြီးကိုယ့်ရဲ့အဝတ်အစားပုံစံအမျိုးမျိုးအတွက် ချိတ်ဆွဲနိုင်မယ့် တန်းတွေ၊ အံဆွဲဘီရိုခန်းတွေ၊ ဖိနပ်စင်တွေ၊ လက်ကိုင်အိတ်ထားမယ်နေရာတွေ စသဖြင့် စိတ်ကြိုက်ထည့် သွင်းနိုင်ပါတယ်။ စားပွဲဘီရိုခုံထားရလောက်တဲ့အထိမကျယ်ဘူးဆိုရင်တောင် အဝတ်အစားဝတ်တဲ့အခါ အဆင် ပြေစေဖို့ ခွေးခြေထိုင်ခုံတစ်လုံးထားရှိသင့်ပါတယ်။

 

၁၂။ နေရာကျဉ်းတွေမှာဖန်တီးမှုထည့်ပါ

 

အခန်းကကျဉ်းနေတာကြောင့် သိမ်းဆည်းမယ့်နေရာသိပ်မရှိဘူးဆိုတာမဟုတ်သေးပါဘူး။ အခန်းကျဉ်းပေမယ့် ဆန်းသစ်တဲ့ဖန်တီးမှုထည့်ပြီးသိမ်းဆည်းနိုင်မယ့်နေရာကိုလုပ်ယူလို့ရပါတယ်။ လှေကားခွင် အောက်ခန်းလေးတွေ၊ မျက်နှာကြက်နိမ့်တဲ့ ထပ်ခိုးလိုနေရာလေးတွေမှာဘီရိုအခန်းကျဉ်းလေးတွေ ဖန်တီး နိုင်ပါတယ်။ လက်ဝတ်ရတနာတွေနဲ့ အခြားအသေးအဖွဲဖက်ရှင်အဆင်တန်ဆာတွေအတွက် နံရံမှာခပ်ပါးပါးဘီရိုခန်းငယ်လေးဖန်တီးထားလို့ရပါတယ်။ ဘီရိုတံခါးအတွင်းဘက်မျက်နှာပြင်မှာကြေးမုံမှန်ချပ်ကြီးတပ်ပေးထားလိုက်ရင် အဆင်တန်ဆာတွေထုတ်ဝတ်တဲ့အခါ တစ်ခါတည်းမှန်ကြည့်ရင်းလိုက်ဖက်မယ့်အပြင်အဆင်မျိုး ကိုရွေးချယ်ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။ အပြင်မှာလည်းရှုပ်ပွမနေတော့ဘဲသွားခါနီးလာခါနီးမှာသေးသေးမွှားမွှားလေးတွေ ပျောက်လို့ လိုက်ရှာနေစရာမလိုတော့ဘဲဒီဘီရိုတံခါးလေးလှပ်ကြည့်လိုက်ရုံနဲ့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။

Ref; Houzz

 

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


ads

မျက်နှာကြက်တွင်ချိတ်ဆွဲသည့်ခန်းဆီးလိုက်ကာ၏အားသာချက်များ

ခန်းဆီးလိုက်ကာဆိုတာနဲ့ နံရံပေါ်မှာသံတန်းတွေနဲ့လမ်းကြောင်းတွေတပ်ဆင်ပြီးမှ ချိတ်ဆွဲစရာမလိုပါဘူး။အဲဒီအစားခန်းဆီးလိုက်ကာကိုမျက်နှာကြက်ကချိတ်ဆွဲတဲ့စနစ်ကအမြင့်ရော၊လှပမှုကိုပါထပ်ပေါင်းထည့်ပေးနိုင်တာကြောင့် ခန်းဆီးလိုက်ကာရဲ့ပုံစံကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။ဥပမာအားဖြင့် ပြတင်းပေါက်နဲ့တံခါးပေါက်တွေရဲ့အပေါ်မှာနေရာလွတ်မရှိဘူးဆိုရင် ဒါကအရမ်းအသုံးဝင်ပါတယ်။မျက်နှာကြက်ကတပ်ဆင်ထားတဲ့ခန်းဆီးလိုက်ကာဟာဒီအခန်းတွေ ကိုဘယ်လိုလှပစေတယ်ဆိုတာကြည့်လိုက်ပါ။

၁။နွေးနွေးထွေးထွေးရှိစေခြင်း

အထူးသဖြင့်ဆောင်းရာသီတွေမှာ ပြတင်းပေါက်ကြီးတွေကချမ်းအေးစေနိုင်ပါတယ်။ဒီအိပ်ခန်းမှာကြည့်လိုက်ရင် မျက်နှာကြက်ကချိတ်ဆွဲထားတဲ့ခန်းဆီးလိုက်ကာကကျယ်ပြောတဲ့ဧရိယာကြီးတစ်ခုလုံးကိုဖုံးလွှမ်းထားပြီးတစ်ခန်းလုံးကိုလုံခြုံနွေးထွေးသွားစေနိုင်တာကြောင့် တစ်နေ့တာလုံးသက်သောင့်သက်သာနေထိုင်နိုင်ပါတယ်။

အခန်းအပြင်အဆင်နဲ့လိုက်ဖက်ညီတဲ့ခန်းဆီးလိုက်ကာကိုရွေးချယ်ရမယ်ဆိုပေမယ့် လိုက်ကာကိုပိတ်ထားတဲ့အခါ အရောင်ကအရမ်းလွှမ်းခြုံနေလို့မဖြစ်ပါဘူး။ပုံမှာကြည့်လိုက်ရင် မီးခိုးရောင်ကအိပ်ရာဘေးကစားပွဲတွေ၊အံဆွဲတွေနဲ့လိုက် ရောညီထွေဖြစ်အောင်လှပနေပါတယ်။

၂။ပေါ်တီကိုတံခါးများ

မျက်နှာကြက်မှာတပ်ဆင်ထားတဲ့ခန်းဆီးလိုက်ကာကတောက်ပတဲ့အခန်းကျယ်ဧည့်ခန်းရဲ့ဖန်တံခါးတွေနဲ့လိုက်ဖက်ညီပါတယ်။ဒေါက်ချွန်းကွင်းတွေနဲ့သံတန်းတွေထားဖို့ နံရံမှာနေရာလွတ်မရှိတဲ့အတွက် ခန်းဆီးလိုက်ကာတပ်ဆင်ဖို့ဆိုတာလှည့်ကွက်လိုအပ်ပါတယ်။

နံရံဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်အပြည့်တပ်ဆင်ထားတဲ့မျက်နှာကြက်ခန်းဆီးလိုက်ကာလမ်းကြောင်းက ခန်းဆီးလိုက်ကာကိုတံခါးနဲ့ခပ်ခွာခွာထားနိုင်တဲ့အတွက် အလင်းရောင်ပိုရနိုင်သလိုတံခါးဖွင့်ထားတဲ့အခါမှာလည်းခန်းဆီးလိုက် ကာကရှုပ်နေတော့မှာမဟုတ်ပါဘူး။

၃။ခန်းဆီးလိုက်ကာကိုလှလှပပကျနေအောင်ထားပါ။

ဒီပုံမှာကြည့်လိုက်ရင် အလင်းရောင်ဝင်တဲ့နေရာနဲ့အရောင်ဖျော့ခန်းဆီးလိုက်ကာက အဓိကပါပဲ။မျက်နှာကြက်ကနေနူးနူးညံ့ညံ့ကျနေပြီးအတွန့်အလိပ်တွေကလွင့်မျောနေပါတယ်။ခန်းဆီးလိုက်ကာလမ်းကြောင်းကအလူမီနီယံ၊သံမဏိနဲ့ ပလတ်စတစ်အပါအဝင် အမျိုးအစားပေါင်းများစွာရှိပါတယ်။ခန်းဆီးလိုက်ကာလမ်းကြောင်းကိုရွေးချယ်တဲ့အခါ မျက်နှာ ကြက်နဲ့လိုက်ဖက်မယ့်အရာကိုစဉ်းစားပါ။

ကြံ့ခိုင်မှုကိုလည်းထည့်စဉ်းစားဖို့လိုအပ်ပါတယ်။သတ္တုက ပလတ်စတစ်ထက်ပိုကြံ့ခိုင်တာကြောင့် လေးလံတဲ့ခန်းဆီးလိုက်ကာတွေနဲ့ပိုပြီးသင့်တော်ပါတယ်။သတ္တုလမ်းကြောင်းတွေက ကြိုးနဲ့ချိတ်ဆက်လို့လည်းပိုအဆင်ပြေတာကြောင့် ကြိုးတစ်ချက်ဆွဲလိုက်ရုံနဲ့ ခန်းဆီးလိုက်ကာကိုဆွဲဖွင့်လိုက်လို့ရပါတယ်။အထူးသဖြင့် ပြတင်းပေါက်တွေနဲ့ခန်းဆီးလိုက်ကာတွေကအရမ်းမြင့်နေတဲ့အခါမျိုးမှာပါ။

၄။ကျယ်တဲ့ပြတင်းပေါက်မှာတပ်ဆင်ပါ။

မျက်နှာကြက်မှာခန်းဆီးလိုက်ကာတပ်ဆင်ခြင်းကအခန်းကိုပိုရှည်သွားစေပြီး မြင့်သွားသယောင်ယောင်ဖန်တီးပေးနိုင်တာကြောင့် ကျယ်ပြန့်တဲ့ပုတိုတိုပြတင်းပေါက်တွေနဲ့အလိုက်ဖက်ဆုံးပါပဲ။အေးချမ်းငြိမ်သက်တဲ့ဒီအခန်းလေးထဲမှာ ပြတင်းပေါက်က ထင်တာထက်ပိုကြီးသွားသယောင်ယောင်ရှိပါတယ်။နက်မှောင်တဲ့အရောင်တွေနဲ့ညို့အားပြင်းတဲ့အခန်း ပုံစံကိုမရွေးချယ်သရွေ့တော့ အရောင်ဖျော့တဲ့ခန်းဆီးလိုက်ကာတွေကအမြင်အားဖြင့်ကျယ်ပြောစေတဲ့အတွက် အခန်းကျဉ်းတွေမှာရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။

၅။သံတန်းအကွေးကိုသုံးပါ။

ဒီလိုမျဉ်းကွေးသဏ္ဍာန်ပြတင်းပေါက်ရှိတဲ့ထမင်းစားခန်းကိုမျက်နှာကြက်ခန်းဆီးလိုက်ကာအဝိုင်းတပ်ဆင်ခြင်းကအခန်းကိုကျက်သရေရှိသွားစေပါတယ်။

Ref;Houzz

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်