Month: March 2018

ads

လှေကားအချိုးအကွေ့နေရာကိုအကျိုးရှိရှိအသုံးပြုခြင်း

လှေကားတစ်ဆစ်ချိုးတဲ့နေရာမှာတွေ့ရတတ်တဲ့လှေကားအချိုးအကွေ့နေရာကိုအများအားဖြင့် နေအိမ်တွေမှာအသုံးမပြုဘဲထားလေ့ရှိကြပါတယ်။ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုနည်းနည်းလေးလုပ်လိုက်ရုံနဲ့ လှေကားအချိုးအကွေ့နေရာကကျဉ်းသည်ဖြစ်စေ၊ကျယ်သည်ဖြစ်စေကိုယ့်အတွက်အသုံးဝင်သွားနိုင်ပါတယ်။အိမ်ပြင်ဆောက်တာပဲဖြစ်ဖြစ် အိမ်အသစ် ဆောက်တာပဲဖြစ်ဖြစ် ကစားဖို့အတွက်စားပွဲထားတာကနေစပြီး အဝတ်လျှော်ဖို့နေရာအဖြစ်ပြောင်းလဲတာအထိလုပ်လို့ရ တာတွေအများကြီးရှိပါတယ်။လက်ရှိပိုင်ဆိုင်ထားတဲ့လှေကားအချိုးအကွေ့နေရာအတွက်တော့ အောက်မှာဖော်ပြထားတဲ့ အတိုင်း ပြောင်းလဲမှုအနည်းငယ်လုပ်ဆောင်ပေးနိုင်ပါတယ်။သာမန်လှေကားအချိုးအကွေ့နေရာကို ကောင်းကင်ဘုံစည်းစိမ်နဲ့မှားရလောက်အောင် ပြောင်းလဲကြည့်လိုက်ပါ။

၁။ထိုင်ခုံ

ပုံမှာပြထားသလိုလှေကားအချိုးအကွေ့နေရာမှာ ပြတင်းပေါက်ရှိတယ်ဆိုရင် ထိုင်ခုံလေးလုပ်ထားဖို့ဆိုတာအရမ်းရိုးရှင်းတဲ့နည်းလမ်းတစ်ခုပါ။ကိုယ့်အိမ်ကလှေကားအချိုးအကွေ့နေရာကခုံတစ်ခုံထက်ပိုပြီးဆန့်သေးတယ်ဆိုရင် တခြားအလှအပပစ္စည်းထပ်ထည့်လို့ရပါသေးတယ်။

ဥပမာအားဖြင့် ပုံမှာပြထားသလိုလျှောက်လမ်းအဆုံးသတ်ကလှေကားထိပ်မှာခုံတန်းနဲ့အတူ နံရံအံဝှက်ဗီရိုတစ်ခု ထားရှိမယ်ဆိုရင် သက်သောင့်သက်သာအပန်းဖြေလို့ရမယ့်နေရာလေးတစ်ခုကိုပိုင်ဆိုင်ရနိုင်မှာပါ။ခုံတန်းမှာထိုင်ပြီးစာဖတ် လို့ရသလိုစင်ပေါ်မှာလည်း စာအုပ်တွေနဲ့ဓာတ်ပုံအယ်လ်ဘမ်တွေသိမ်းဆည်းထားလို့ရပါတယ်။အံဝှက်ဗီရိုလေးကို နံရံနဲ့ တစ်သားတည်းဖြစ်အောင်ပုံသွင်းပေးလိုက်မယ်ဆိုရင် ပိုပြီးနှစ်လိုဖွယ်ရာကောင်းသွားပါပြီ။

အိမ်ကိုပြန်ပြင်မဆောက်ဖို့ဆုံးဖြတ်ထားတဲ့အပြင် လုံလောက်တဲ့နေရာလည်းရှိတယ်ဆိုရင် လှေကားထစ်အချိုးအကွေ့မှာနေရာလေးတစ်ခုဖန်တီးနိုင်ပါတယ်။နောက်တစ်ခုရွေးချယ်နိုင်တာကခုံတန်းမဟုတ်ဘဲနေ့ခင်းဘက်တစ်ရေးအိပ် စက်နိုင်အောင် ဆိုဖာခုံတန်းရှည်လေးထားရှိတာပါ။ပုံမှာကြည့်လိုက်ရင် ပျော့ပျောင်းတဲ့ဆိုဖာနဲ့ကျောမီခေါင်းအုံးလေးတွေကကလေးတွေနဲ့လူကြီးတွေ ထိုင်ပြီးစာဖတ်ဖို့သက်သောင့်သက်သာရှိစေနိုင်ပါတယ်။

၂။ကစားခုံထားခြင်း

စားပွဲလည်းထားမယ်၊လမ်းလျှောက်ဖို့လည်းနေရာရှိမယ်ဆိုရင်တော့ လှေကားအချိုးအကွေ့နေရာမှာစားပွဲနဲ့ ခုံတန်းရှည်နှစ်ခုထားရှိနိုင်ပါတယ်။ဒါဆိုရင် ပုံမှာပြထားသလိုအပျင်းပြေစစ်ဘုရင်ကစားဖို့နေရာလေးတစ်ခုဖန်တီးနိုင်ပါပြီ။ သီးသန့်နေရာလေးတစ်ခုလိုဖြစ်နေတဲ့လှေကားအချိုးအကွေ့နေရာလေးမှာကော့တေးဒါမှမဟုတ် လက်ဖက်ရည်ခွက်လေးတွေထားပေးမယ်ဆိုရင် စားသောက်ဆိုင်လေးတစ်ခုထဲကိုရောက်နေသလိုခံစားရစေမှာပါ။စားပွဲအောက်မှာအံဆွဲတွေပါမယ် ဆိုရင် စစ်ဘုရင်ခုံနဲ့ကလေးကစားစရာအရုပ်တွေကိုသိမ်းထားလို့ရပါပြီ။

၃။ရုံးခန်းငယ်လေး

အိမ်ကျဉ်းလို့ အိမ်တွင်းရုံးခန်းလေးတစ်ခုဖန်တီးဖို့ခက်ခဲနေပေမယ့် လှေကားအချိုးအကွေ့နေရာလေးမှာလုံလောက်တဲ့လေးထောင့်ကွက်နေရာလေးတစ်ခုရှိသေးတယ်ဆိုရင် နေရာကောင်းလေးတစ်ခုဖန်တီးနိုင်ပါပြီ။နံရံထဲမှာရိုက် ထည့်ထားတဲ့စားပွဲလေးတစ်ခု၊စာအုပ်စင်လေးတစ်ခုနဲ့မီးတိုင်လေးတစ်ခုကသေသပ်တဲ့လုပ်ငန်းခွင်နေရာလေးကိုဖန်တီးပေးနိုင်ပါတယ်။ဒီအပြင်အဆင်ဟာနေအိမ်အနေအထားရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးအိမ်တွင်းအလုပ်နေရာလေးတစ်ခုကို အကောင်းမွန်ဆုံးဖန်တီးပေးနိုင်ပါတယ်။အိမ်ပြင်မဆောက်ဖို့ဆုံးဖြတ်ထားရင် ဒါဟာရွေးချယ်ဖို့အသင့်တော်ဆုံးအပြင်အဆင် တွေထဲကတစ်ခုပါ။အလားတူအပြင်အဆင်အတွက် သာမန်စားပွဲတစ်လုံးနဲ့နံရံကပ်စင်တွေကိုလည်းအသုံးပြုနိုင်ပါတယ်။

 

၄။စာကြည့်တိုက်

လှေကားအချိုးအကွေ့နေရာအများစုကရိုးရှင်းပေမယ့် တချို့ကတော့ လျှောက်လမ်းအသွင်ရှိနေတတ်ပါတယ်။ ပုံမှာကြည့်လိုက်ရင် ရှည်လျားတဲ့နံရံက ကြမ်းပြင်ကနေမျက်နှာကြက်ထိတဲ့စာအုပ်စင်တစ်ခုထားရှိဖို့အသင့်တော်ဆုံးပါပဲ။ရိုးရှင်းတဲ့နေရာလွတ်တစ်ခုကို စာကြည့်တိုက်ငယ်လေးတစ်ခုအဖြစ်ပြောင်းလဲနိုင်ပါပြီ။အိမ်ကိုပြန်ပြင်မဆောက်ဘူးဆိုရင် ရိုးရိုးစင်အမြင့်လေးတစ်ခုပဲထားလိုက်လို့ရပါတယ်။စင်နားမှာလွတ်လွတ်လပ်လပ်သွားလာနိုင်ဖို့နေရာတော့ရှိနေပါစေ။

၅။ပစ္စည်းထိန်းသိမ်းခန်း

မိသားစုတစ်ခုမှာ အပြင်သွားတိုင်းအားလုံးယူသွားတတ်တဲ့ကုတ်အကျင်္ီတွေ၊ဦးထုပ်တွေနဲ့ဖိနပ်တွေထားထားဖို့ နေရာလေးတစ်ခုရှိသင့်ပါတယ်။ဒီအတွက် ကိုယ့်အိမ်မှာသီးသန့်သတ်မှတ်ထားတဲ့နေရာတစ်ခုမရှိဘူးဆိုရင် လှေကားအချိုးအကွေ့နေရာမှာပစ္စည်းတွေထားဖို့နေရာလေးတစ်ခုလုပ်ပါ။လှေကားအချိုးအကွေ့နေရာက အိမ်အဝင်မှာရှိတယ်ဆိုရင် အပြင်ကနေရေစိုလာတဲ့ဖိနပ်တွေထားဖို့အကောင်းဆုံးနေရာပါပဲ။ဒါဆိုရင် အိမ်ထဲမှာရေစီးကြောင်းတွေတောက်လျောက် ကျန်ရစ်နေခဲ့တော့မှာမဟုတ်ပါဘူး။ချိတ်တွေနဲ့စင်တွေထားရှိခြင်းကတိုလီမိုလီပစ္စည်းလေးတွေနဲ့ကိုက်ညီပြီးပိုပြီးတောင်ဆွဲဆောင်မှုရှိသွားစေနိုင်ပါတယ်။

အိမ်ကိုပြန်ပြင်မဆောက်ဘူးဆိုရင် ခုံတန်းရှည်တွေ၊နံရံကပ်ချိတ်တွေနဲ့ဖိနပ်စင်တွေပေါင်းစပ်ထားရှိမှုက အသုံးဝင် နိုင်ပါတယ်။လှေကားအချိုးအကွေ့နေရာကလေးလံထှိုင်းမှိုင်းမနေဘဲနေရာလွတ်လည်းရှိဖို့အတွက် သင့်တင့်တဲ့အနက် တစ်ခုရှိနေဖို့တော့လိုအပ်ပါတယ်။ပစ္စည်းတွေမထားခင်မှာအရင်ဆုံးသင့်တင့်တဲ့အနက်ရှိလားဆိုတာတိုင်းတာမှုတွေပြုလုပ် ပါ။

၆။ဧည့်ခန်း

လှေကားအချိုးအကွေ့နေရာကဧည့်ခန်းတစ်ခုဖြစ်နိုင်လောက်အောင်ကျယ်ပြန့်တယ်ဆိုရင် အံဝှက်စင်တွေရယ်၊ မီးဖိုရယ်၊ဆိုဖာခုံတွေရယ်ပေါင်းစပ်ပြီး စာဖတ်အပန်းဖြေဖို့နေရာလေးတစ်ခုဖန်တီးနိုင်ပါတယ်။ဒီလိုလှေကားအချိုးအကွေ့နေ ရာမျိုးဆိုတာလည်းအိမ်အသစ်ဆောက်တဲ့အခါ ဒါမှမဟုတ် အိမ်ပြန်ပြင်တဲ့အခါမှာထည့်သွင်းတည်ဆောက်မှသာဖြစ်နိုင် တာပါ။မဟုတ်ရင်တော့ အိမ်အများစုမှာ ဒီလောက်နေရာကျယ်ပြန်တဲ့နေရာအချိုးအကွေ့နေရာတစ်ခုရှိဖို့ဆိုတာမလွယ်ကူ နိုင်ပါဘူး။

၇။အဝတ်လျှော်ခန်း

ဆူညံသံကြောင့် အပေါ်ထပ်မှာ အဝတ်လျှော်စက်မထားချင်သူတွေအတွက် လှေကားအချိုးအကွေ့နေရာက အဝတ်လျှော်ခန်းလုပ်ဖို့အကောင်းဆုံးနေရာပါပဲ။ပုံမှာကြည့်လိုက်ရင် လှေကားထိပ်ကဗီရိုအကန့်တွေထဲမှာထပ်ထားတဲ့ အဝတ်လျှော်စက်နှစ်ခုနဲ့အတူ အဝတ်လှန်းဖို့နေရာတောင်လုပ်ပေးထားပါသေးတယ်။အသုံးမပြုတဲ့အချိန်မှာပိတ်ထားလို့ရအောင် ဆွဲတံခါးတောင်တပ်ဆင်ထားပါသေးတယ်။ဒီအပြင်အဆင်ကတော့ အဝတ်လျှော်စက်၊အခြောက်လှန်းဖို့နေရာနဲ့ရေပိုက်တွေအတွက် တိကျတဲ့အတိုင်းအတာတွေရရှိစေဖို့ အိမ်စဆောက်ကတည်းကဒါမှမဟုတ် ပြန်ပြင်ဆောက်တဲ့အချိန်မှာလုပ်ဆောင်ဖို့လိုအပ်ပါတယ်။

အမရာ

Ref; Houzz

 

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


    ကျက်သရေတိုးပွားအောင်ပန်းအိုးတွေကိုဘယ်နားမှာထားမလဲ

    တည်းဖြတ်သူ Myanmar Home and Decoration
    ရေးသားသူ မှ
    March 25, 2018 နေ့
    Uncategorized ကဏ္ဍတွင်
    ထည့်သွင်းရေးသားခဲ့သည်။

    3
    ads

    ကျက်သရေတိုးပွားအောင်ပန်းအိုးတွေကိုဘယ်နားမှာထားမလဲ

    ရေးသူ – ဇင်ယော်နီ

    Myanmar Home & Décor Magazine (Vol-7, issue -1)

    ဤလောက၌ လူတို့သည် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံလိုကြလေ၏။ လူတွင်သာမက အလုပ်ခန်း၊ ရုံးခန်း၊ ဆိုင်ခန်းတို့တွင် ကျက်သရေမင်္ဂလာရှိရန်လည်း အရေကြီးလေ၏။

    မိမိနှင့်တကွ အလုပ်ခန်း၊ ရုံးခန်းတွင် ကျက်သရေရှိနေပါမှ မိမိတို့နှင့် ဆက်နွယ်လုပ်ကိုင်ကြရသူများ၊ ဖောက်သည်များသည် စိတ်ရွှင်လန်း၊ ချမ်းမြေကြရမည်ဖြစ်လေ၏။ ဖောက်သည်များ စိတ်ရွှင်လန်း ချမ်းမြေကြရမည်ဖြစ်လေ၏။ ဖောက်သည်များ စိတ်ရွှင်လန်းချမ်းမြေ့သလောက် မိမိ၏လုပ်ငန်းမှာလည်း ပိုမိုတိုးတက်လာကာ။ လာဘ်လာဘများပိုမိုပွင့်လန်းလျှက် စီးပွားတက်ချမ်းသာနိုင်မည်ဖြစ်လေ၏။

    ကျွန်ုပ်တို့သည် နေအိမ်၊ ဧည့်ခန်း၌လည်းကောင်း၊ အလုပ်ခန်း၊ ရုံးခန်း၊ စားပွဲများ၊ ကောင်တာ များ၌လည်းကောင်း၊ အလှပန်းအိုးများထားရှိကြလေ၏။

    ဤနေရာ၌ သတိချက်စေလိုသည်မှာ လမ်းဆန်းမွှေးကြိုင်နေသော ပန်းများသည်ကောင်းသော အတိတ်နိမိတ်တို့ကိုဖိတ်ခေါ်စေတတ်ပြီး၊ ညှိုးခြောက်နေသော ပန်းများသည် မကောင်းသော အတိတ်နိမိတ်တို့ကို ဖိတ်ခေါ်နေသည့်နှယ်ဖြစ်စေတတ်ပေသည်။

    ထို့ကြောင့်မည်သည့်ပန်းအမျိုးအစားကို ပန်းအိုးထိုးထားသည်ဖြစ်စေ၊ ညှိုးခြောက်သည်အထိ မထားရှိမိရန်ကိုမူ သတိပြုသင့်ကြပေသည်။

    ဟုတ်ပါပြီ ဤဆောင်းပါး၌ ကျွန်ုပ်ရေးသားလိုရင်းအကြောင်းအရာမှာ- မြန်မာ့ရိုးရာဗေဒင်ပညာရပ်အရ မိမိတို့၏ ဧည့်ခန်း၊ ရုံးခန်း၊ ဆိုင်ခန်း (သို့မဟုတ်) စားပွဲပေါ်၌ ပန်းအိုးထားရှိသင့်သော အရပ်မျက်နှာ၏ အကြောင်းဖြစ်ပါသည်။

    ထိုအရပ်မျက်နှာလမ်းညွှန်ချက်အတိုင်း ပန်းအိုးကိုအခန်းအတွင်း၌လည်း နေရာချထားနိုင်ပါသည်။ စားပွဲပေါ်၌လည်းနေရာချထားနိုင်ပါသည်။

    ထိုအတိုင်းပန်းအိုးကိုထားရှိခြင်းအားဖြင့် သင့်တွင်သာမက သင်၏အလုပ်၊ သင်၏အိမ်အတွက်ပါ ကျက်သရေမင်္ဂလာတိုးတက်ခြင်းကို အထောက်အကူဖြစ်လိမ့်မည် ဖြစ်ပါသည်။

    အကယ်၍သင်သည် တနင်္ဂနွေသား၊သမီး ဖြစ်ပါက ပန်းအလှအိုးကို မြောက်အရပ်၌ ထားသင့်ပါသည်။

    အကယ်၍သင်သည် တနင်္လာသား၊သမီး ဖြစ်ပါက ပန်းအလှအိုးကို အရှေ့မြောက်အရပ်၌ ထားသင့်ပါသည်။

    အကယ်၍သင်သည် အဂင်္ါသား၊သမီး ဖြစ်ပါက ပန်းအလှအိုးကို အရှေ့အရပ်၌ ထားရှိသင့်ပါသည်။

    အကယ်၍သင်သည် ဗုဒ္ဓဟူးသား၊သမီး ဖြစ်ပါက ပန်းအလှအိုးကို အရှေ့တောင်အရပ်၌ ထားရှိသင့်ပါသည်။

    အကယ်၍သင်သည် ကြာသပတေးသား၊သမီး ဖြစ်ပါက ပန်းအလှအိုးကို အနောက်တောင်အရပ်၌ ထားရှိသင့်ပါသည်။

    အကယ်၍သင်သည် သောကြာသား၊သမီး ဖြစ်ပါက ပန်းအလှအိုးကို အနောက်မြောက်၌ ထားရှိသင့်ပါသည်။

    အကယ်၍သင်သည် စနေသား၊သမီး ဖြစ်ပါက ပန်းအလှအိုးကို တောင်အရပ်၌ ထားရှိသင့်ပါသည်။

    ထိုသို့လျှင် မိမိတို့၏နေ့သားအလိုက်ဖော်ပြပါ။

    အရပ်မျက်နှာများ၌ ပန်းအလှအိုးများကို ထားရှိခြင်းအားဖြင့် ကျက်သရေမင်္ဂလာတိုးပွားရန်။ ပို၍အထောက်အကူဖြစ်စေမည် ဖြစ်လေတော့သတည်း။

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

    Download eBook version as a FREE!

    လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


      ads

      ဖက်ရှင်ဒီဇိုင်နာတစ်ဦး၏ DIYအခန်းငယ်လေးကိုလေ့လာခြင်း

      ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ခလန်းမြို့က အိမ်ခန်းငယ်လေးကိုDIYအပြင်အဆင်လေးတွေနဲ့ ကြည်လင် ရွှင်လန်းဖွယ်နေရာလေးအဖြစ် နေထိုင်သူစိတ်တိုင်းကျဖန်တီးထားတာဖြစ်ပါတယ်။

       

      နေထိုင်သူ- ကယ်လီဝမ်
      တည်နေရာ- ဂျက်လန်ဒန်ခရိုင်၊ အုတ်ခလန်းမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်
      အကျယ်အဝန်း- ၇၇၂စတုရန်းပေ
      ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ခလန်းမြို့က ဒီစတူဒီယိုတိုက်ခန်းလေးမှာနေထိုင်သူ ကယ်လီဝမ်က သူ့အခန်းမှာအကြိုက်ဆုံးကတော့ ပြတင်းပေါက်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဝမ်က Everlaneအမှတ်တံဆိပ် အဝတ်အထည်အတွက် ဆန်ဖရန်စစ္စကိုကအမျိုးသမီးဖက်ရှင်အထက်တန်းဒီဇိုင်နာတစ်ဦးဖြစ်ပြီးဒီတိုက်ခန်းလေးကို ၂၀၁၃ခုနှစ်မှာပြောင်းရွေ့နေထိုင်ခဲ့ပြီး ကြမ်းပြင်ကနေမျက်နှာကြက်ထိအောင်မြင့်မားတဲ့ ပြတင်းမှန် ပေါက်တွေကသူ့ကိုဆွဲဆောင်ထားခဲ့တာဖြစ်ပါတယ်။  ပွင့်လင်းရှင်းသန့်နေပြီးတစ်နေ့တာလုံး သဘာဝအလင်းရောင်ပေါများတဲ့အခန်းဖြစ်ပြီးအပင်ငယ်လေးတွေလည်းစိုက်ပျိုးနိုင်ပါတယ်။ ရှေ့က အိမ်ငှားကဒီပြတင်းပေါက်တွေအတွက် အလင်းပေါက်တစ်လွှာနဲ့ အလင်းကာတစ်လွှာပါတဲ့ နှစ်လွှာထပ်ခန်းဆီးလိုက်ကာလေးကိုတပ်ဆင်ထားပေးခဲ့တာဖြစ်ပါတယ်။ ဝမ်နဲ့ သူ့ချစ်သူကောင်လေးတို့က နှစ်နေရာသီးခြားနေကြတာဖြစ်ပြီး ဝမ်က ဒီတိုက်ခန်းလေးမှာနေနေတဲ့ အချိန် ဝမ်ရဲ့ချစ်သူကတော့ သူ့ရဲ့လှေလေးမှာနေတာဖြစ်ပါတယ်။ ဝမ်ရဲ့တိုက်ခန်းမှာနဲ့ သူ့ချစ်သူရဲ့လှေလေးမှာတစ်လှည့်စီနေထိုင်ကြတာဖြစ်ပြီးအလုပ်အကိုင်တွေကြားထဲ ဝမ်ရဲ့မော်ဒန်တိုက်ခန်းမှာနေလိုက်၊ ချစ်သူရဲ့ လှေအိမ်လေးမှာ ရိုးရှင်းတဲ့သဘာဝရေပြင်အလှကိုခံစားလိုက်နဲ့ အံ့အားသင့်ဖွယ်အတိပြီးတဲ့ ကမာ္ဘနှစ်ခုမှာသူတို့ ချစ်သူစုံတွဲတလှည့်စီအတူနေထိုင်နေကြတာပါလို့ ဝမ်ကဆိုပါတယ်။ အလုပ်ရုံပုံစံအငွေ့အသက်ပါတဲ့ စတူဒီယိုတိုက်ခန်းကိုပြောင်းရွှေ့တုန်းကတိုက်ခန်းလေးကိုရှင်းရှင်းသန့်သန့် လေးနဲ့ အေးအေးလူလူသက်သောင့်သက်သာရှိရှိဖြစ်အောင်ပြင်ဆင်မွမ်းမံဖြစ်ဖို့အတွက် ရှိပြီးသားကွန်ကရစ် မျက်နှာကြက်ပုံစံကအစဒီဇိုင်းစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ရပါတယ်။ အလုပ်ရုံနေရာဆန်ဆန်ကြီးမျိုးမဖြစ်အောင် အပင်ငယ်လေးတွေများများထည့်သွင်းအလှဆင်ခဲ့ပြီးသက်သောင့်သက်သာရှိရှိအေးမြတဲ့နေရာမျိုးပြောင်းလဲခဲ့ ပါတယ်လို့ ဝမ်က ဆိုပါတယ်။ ရှင်းသန့်ပွင့်လင်းတဲ့အနေရာမျိုးဖြစ်စေဖို့ ဒီဇိုင်းလက်ရာပစ္စည်းတချို့နဲ့ နေရာချထားခဲ့ရပါတယ်။ စာအုပ်စင်လိုမျိုးအစိတ်အပိုင်းတွေကိုအသုံးပြုပြီးနေရာတွေကိုပိုင်းကန့်ခြားထားခဲ့ ပါတယ်။ ဗလာစာရွက်လွတ်လိုမျိုးဖြစ်နေတဲ့ တိုက်ခန်းလေးမှာအစုံအလင်ပါရှိပြီးဖွဲ့စည်းထားတဲ့အိမ်ခန်းလေးလိုမျိုး ဝမ်က လိုချင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအခန်းလွတ်မျိုးကရွှေ့ပြောင်းနေရချလို့ကောင်းတဲ့နေရာကောင်းမျိုး ဖြစ်ပါတယ်လို့ ဝမ်ကဆိုပါတယ်။

      ထမင်းစားပွဲကိုခပ်မြင့်မြင့်လေးဖြစ်စေဖို့ Ikeaထမင်းစားပွဲကိုမှ စားပွဲခြေထောက်နေရာတွေကို ပြန်လည်ပြုပြင် ထားခဲ့တာပါ။ ရှိပြီးသားစားပွဲကအခန်းမှာ အံဝင်ဂွင်ကျမဖြစ်ဘဲ လေးဦးစာသက်သောင့်သက်သာထိုင်ဖို့ရာအတွက် သေးငယ်နေခဲ့တာဖြစ်တယ်လို့ ဝမ်က ဆိုပါတယ်။ အနက်ရောင်စားပွဲမျက်နှာပြင်ကို ဝက်သစ်ချသစ်သား ပြားနဲ့ လဲလိုက်ပြီးမျက်နှာပြင်ကိုကော်ပတ်နဲ့ချောလိုက်ကာအရောင်တင်ဆီနဲ့ ထပ်လောင်းပေးထားတာဖြစ်ပါ တယ်။ကော်ဖီစားပွဲခုံလေးကတော့ လွန်ခဲ့တဲ့လေးနှစ်လောက်ကသစ်ထည်ဟောင်းကိုပရိဘောဂအသစ်အဖြစ် ပြန်လည်ပြုလုပ်ထားတဲ့ စားပွဲခုံလေးဖြစ်ပြီးအလာမီဒါဖလီယာဈေးကနေရလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လလောက်ကဖလီယာဈေးမှာစားပွဲခုံပြုလုပ်သူအနုပညာရှင်နဲ့ပြန်တွေ့ဖြစ်ခဲ့ပြီးသူ့ရဲ့စားပွဲလေးကအခန်းထဲမှာဘယ်လောက်လှပနေတယ်ဆိုတာ ပြန်ပြောင်းပြောပြဖြစ်ခဲ့သေးတယ်လို့ ဝမ်ကဆိုပါတယ်။နံရံမှာကပ်ထောင်ထားတဲ့လှေကားလေးကတော့ ဝမ်ရဲ့ညီမလေးက ကြေးနီပိုက်လုံးတွေ၊ အဆစ်ပိတ် တွေနဲ့ ပြုလုပ်ပေးထားခဲ့တာပါ။ ညီမလေးကDIYလက်မှုဖြစ် ကျွမ်းကျင်တဲ့သူဖြစ်ပြီး ကျွန်မဒီတိုက်ခန်းကိုပြောင်းတုန်းကလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ကျွန်မတိုက်ခန်းထဲကပစ္စည်းအတော်များများက ကျွန်မအသိတွေ လုပ်ပေးထားခဲ့တာဖြစ်ပြီးနေ့စဉ်နဲ့အမျှဒါလေးတွေကို မြင်တွေ့နေတို်င်းသူတို့တွေ ကျွန်မကိုဘယ်လောက်ချစ် ကြတယ်၊ ကျွန်မအရမ်းကံကောင်းတယ်ဆိုတာကိုအမှတ်ရစေမိတယ်လို့ ဝမ်ကဆိုပါတယ်။ဆိုဖာထိုင်ခုံရဲ့နံဘေးမှာတယောကြီးတစ်လက်ချထားပါတယ်။ ဝမ်က (၉)နှစ်သမီးကတည်းကတယောတီးခတ်လာခဲ့တာဖြစ်ပါတယ်။ တယောကိုဘီရိုထဲမှာအကြာကြီးသိမ်းထားဖြစ်ခဲ့ပေမယ့် ဒီအခန်းလေးရောက် တော့မှ ထုတ်ပြီး ပြသထားခဲ့တာဖြစ်ပါတယ်။ အပြင်မှပြထားတာကြောင့် မကြာမကြာပြန်ပြီးတီးခတ်ဖြစ်လာခဲ့ တယ်လို့ ဝမ်က ဆိုပါတယ်။ ကောလိပ်ကျောင်းတုန်းကသူငယ်ချင်းတစ်ယောက်ကဂီတာလေးတစ်လက် လက် ဆောင်ဝယ်ပေးထားခဲ့တာဖြစ်ပြီးဒါလေးတွေကိုနေရာတကျချပြထားတာကြောင့် ကျွန်မအခန်းလေးကိုလာတဲ့ သူတိုင်းပျော်ရွှင်စွာတီးခတ်ပြီးပိုလို့ရင်းနှီးလာခဲ့ကြတယ်လို့ ဝမ်က ဆိုပါတယ်။

      ပြတင်းပေါက်ဘေးနားလေးကစားပွဲခုံငယ်လေးကတော့ မနက်စောစောအိပ်ရာထတိုင်းချစ်သူစုံတွဲမနက်စာအတူလက်စုံစားရင်းရှုခင်းတွေကြည့်လို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်။ မနက်တိုင်းကော်ဖီသောက် မုန့်စားရင်းစစ်တုရင်တစ်ပွဲလောက်နွှဲပြီးတနေ့တာစတင်လေ့ရှိတယ်လို့ ဝမ်က ဆိုပါတယ်။

      နံရံပေါ်ကပန်းပွင့်လေးတွေကလည်း ဝမ်ရဲ့အချစ်ဆုံးသူငယ်ချင်းမင်္ဂလာဆောင်မှာ ပြုလုပ်ထားတာကို ပြန်ယူပြီးအလှဆင်ထားခဲ့တာပါ။ ကယ်ရိုးရဲ့မင်္ဂလာဆောင်မှာစက္ကူပန်းပွင့်တွေရာနဲ့ချီအောင် လက်နဲ့ခေါက် ပြီးပြုလုပ်ဖြစ်ခဲ့ပါတယ်။ ပွဲပြီးတော့ အမှတ်တရအနေနဲ့ အကြိုက်ဆုံးအပွင့်အနည်းငယ်ကို ပြန်ယူလာခဲ့တာပါ။ တချို့အပွင့်တွေကိုရွှေရောင်မှုတ်လိုက်ပြီးအဖြူနဲ့ ရွှေရောင် အရောအစပ်လေးအဖြစ် နံရံမှာ ပြန်ကပ်ပြီးအလှဆင်ထားလိုက်ပါတယ်။ ဒီပန်းပွင့်လေးတွေကိုမြင်တိုင်းကယ်ရိုကိုသတိရနေမိတယ်လို့ ဝမ်က ဆိုပါတယ်။အခန်းရဲ့စတိုင်လ်နဲ့ အရောင်စပ်ဟပ်မှုက သဘာဝကျကျ ဆိတ်ငြိမ်တဲ့အရောင်မျိုးဖြစ်ပါတယ်။ အရောင်အချို့ကိုစာအုပ်တွေ၊ အထည်စတွေနဲ့ ကြွေထည်တွေကအရောင်တွေနဲ့ ဟိုတကွက် ဒီတကွက်ပေါင်းစပ်ပြီးအရောင်အစပ်အဟပ်လေးအဖြစ် ထည့်သွင်းပြင်ဆင်ထားတာပါလို့ ဝမ်က ဆိုပါတယ်။

       

      ဒီအခန်းမှာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုကတော့ သိမ်းဆည်းစရာနေရာမရှိတာပါပဲ။ ဒီကိုစပြောင်းလာစတုန်းက ကျွန်မရဲ့ဆွယ်တာတွေနဲ့ဂျင်းဘောင်းဘီတွေကိုမီးဖိုဘီရိုထဲမှာသိမ်းခဲ့ရပါတယ်။ ကျွန်မက အဝတ်အထည် တွေကိုဘယ်လောက်မြတ်နိုးတယ်ဆိုတာကို ကျွန်မချစ်သူကသိပြီးသားဆိုတော့ ဒီအဝတ်စင်လေးကို ကျွန်မအတွက်လုပ်ပေးသွားခဲ့တာပါလို့ ဝမ်က ဆိုပါတယ်။ အဝတ်အစားတွေအတွက် နေရာလေးပိုလိုချင်ပြီးအမြင်အရလည်းလှပစေချင်ခဲ့တာဖြစ်ပါတယ်။ အဝတ်စင်လေးကို ဘီးလေးတွေတပ်ပေးထားပြီး အဝတ်တန်းလေးနဲ့ ဘီရိုကွက်လေးကိုပါ တစ်ပါတည်းထည့်ပေးထားခဲ့တာကြောင့် ကျွန်မနှစ်သက်တဲ့ စာအုပ်တွေနဲ့ တခြားပစ္စည်းလေးတွေလည်းတင်ထားလို့ရခဲ့ပါတယ်လို့ ဝမ်က ဆိုပါတယ်။

      အဝတ်အထည်လုပ်ငန်းမှာ ၁၅နှစ်ကြာအောင် ကျင်လည်ခဲ့တဲ့ဝမ်က အမြင်ပသာဒဖြစ်စေအောင်ဖန်တီး ပြင်ဆင်ခဲ့ပြီးသိမ်းဆည်းတဲ့နေရာတွေနဲ့ ပြတင်းပေါက်အလှဆင်တာတွေကိုပါ စိတ်တိုင်းကျပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ ကျွန်မရဲ့အခုအလုပ်ကအရောင်အသွေးတွေ၊ မျက်နှာပြင်အကြမ်းအချောတွေ၊ အထည်စတွေနဲ့ စတိုင်လ်တွေကိုစုံစုံလင်လင်လိုက်ဖက်အောင် တွေးတောပေးနေရာတာဖြစ်ပါတယ်။ ကျွန်မရဲ့အဝတ်စင်လေးက လည်းစတိုးဆိုင်လေးလိုစုံလင်ပြီးလှပနေပါတယ်။ အပတ်တိုင်းအပတ်တိုင်း ကျွန်မဝတ်လိုတဲ့ပုံစံပေါ်မူတည်ပြီး ချိတ်ထားတဲ့အဝတ်အစားတွေ၊ စားအုပ်တွေ၊ ဖိနပ်တွေနဲ့ အပင်လေးတွေကိုလိုက်ဖက်အောင် အမြဲတမ်းပြောင်းထားပါတယ်။ ဥပမာ- နွေရာသီရောက်ပြီဆို အဝတ်စင်မှာ အဖြူရောင်နဲ့ အရောင်ဖျော့အဝတ်အထည်တွေ၊ ဆောင်းရာသီဆိုမဲနယ်ရောင်၊ နေဗီပြာရောင်နဲ့ မီးခိုးရောင်အဝတ်အထည်မျိုးတွေ အဝတ်စင်လေးမှာထုတ်ပြီး ပြင်ဆင်ထားလိုက်ပါတယ်။ အသုံးလည်းဝင်သလို ပျော်စရာလည်းကောင်းတဲ့ ပြင်ဆင်မှုဖြစ်ပါတယ်လို့ ဝမ်က ဆိုပါတယ်။

      ဝမ်က အရောင်အသွေးတစ်ခုကိုချဲ့ကားပြီး အဝတ်တန်းနဲ့စင်မှာ ထားရှိတဲ့ပစ္စည်းတွေကိုရွေးချယ်ထားရှိတာဖြစ်ပါတယ်။ အခုတော့ သံချေးရောင်၊ မုံညင်းဝါရောင်တွေကို မဲနယ်နဲ့နေဗီပြာစပ်ကြားအထည်တွေနဲ့ တွဲဖက်ထားရှိထားပြီးဇာဒီစမစ်ရဲ့ Swing Timeဆိုတဲ့ အဝါရောင်စာအုပ်လေးကို ဒီစင်လေးမှာ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ် သွားအောင်ထားရှိပေးထားတယ်လို့ ဝမ်က ဆိုပါတယ်။

      ကြွေထည်တွေကကယ်လီဖိုးနီးယားပြည်နယ်၊ ဆောဆာလီတိုမြို့က ဒေသထွက်လေးတွေဖြစ်ပါတယ်။ အိပ်ခန်းနဲ့ မီးဖိုခန်းကိုပိုင်းခြားထားတဲ့ စင်အပွင့်လေးမှာကျန်းမာရေးအတွက်အသုံးပြုတဲ့ ကြွေထေည်လေးတွေနဲ့ အလှဆင်ထားပါတယ်။ဖယောင်းခဲတွေ၊ အမွှေးတိုင်တွေနဲ့ ပင်စိမ်းရွက်ဆီတွေကိုမကြာခဏထွန်းညှိအပူပေးလေ့ရှိပါတယ်။ ဒီတိုက်ခန်းလေးမှာနောက်ထပ် စိန်ခေါ်မှုတစ်ခုကဘာပဲချက်ပြုတ်စားစား၊ တစ်ခန်းလုံးကိုဟင်းနံ့တွေ ပြန့်နှံ့သွားတာပဲဖြစ်ပါတယ်။ ဒါကြောင့် အခန်းမှာအနံ့ဆိုးတွေ ကိန်းမနေစေအောင် ကျန်းမာရေးအမွှေးခဲတွေ၊ ဖယောင်းခဲတွေနဲ့ အမွှေးဆီတွေကိုထွန်းညှိအပူပေးလေ့ ရှိတာပါလို့ ဝမ်က ဆိုပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းကခေတ်ဟောင်းပုံကြေးနီစင်လေးကိုအလာမီဒါဖလီယာဈေးကနေတွေ့ပြီးဝယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ သတ္တုအညှိတွေနဲ့ ညစ်ထေးထေးဖြစ်နေတဲ့ စင်ကိုရှလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါရောစပ်ပြီးခပ်ကြမ်းကြမ်းလေးပွတ်တိုက်ခဲ့တဲ့ နောက် လှပတဲ့ကြေးနီရောင်လေး ပြန်ထွက်လာခဲ့တာပါလို့ ဝမ်က ဆိုပါတယ်။

      ဒီစင်လေးမှာပဲခရီးသွားအမှတ်တရပစ္စည်းလေးတွေနဲ့ အခြားအမှတ်တရပစ္စည်းလေးတွေကိုထားရှိပြသထားပါတယ်။ ဒီနေရာမှာထားထားတဲ့ပစ္စည်းတွေထဲမှာငယ်ငယ်တုန်းကအိမ်ပြင်ဘက်မှာကောက် သိမ်းထားခဲ့တဲ့ ထင်းရှူးသီးခြောက်လေးတွေကတော့ အကြိုက်ဆုံးပါပဲလို့ ဝမ်ကဆိုပါတယ်။ အမှတ်တရပစ္စည်းတွေအစုံအလင်နဲ့ ကျန်းမာရေးအမွေးဆီပုလင်းတွေ အစုံအလင်နဲဖွယ်ဖွယ်ရာရာဖြစ်နေတဲ့ ဒီစင်လေးကိုအိမ်လာတဲ့သူတိုင်း စိတ်ဝင်တစားမွှေနှောက်ကြလေ့ရှိတယ်လို့ ဝမ်ကဆိုပါတယ်။

      ဝင်ပေါက်တံခါးနားက လမ်းကျဉ်းလေးမှာမှန်ချပ်တွေ၊ အဆင်တန်ဆာပစ္စည်းတွေ၊ လေရှူပင်လေးတွေကိုလည်းချိတ်ဆွဲအလှဆင်ထားပါတယ်။ အိမ်နားလေးကFlowerlandလို့ခေါ်တဲ့ အပင်ဆိုင်လေးကနေ ဝမ်ဝယ် ယူထားတဲ့ အကြိုက်ဆုံးအပင်လေးတွေလည်းဖြစ်ပါတယ်။ ကုန်မာဆိုင်ကနေဝယ်ထားတဲ့ သံချိတ်လေးတွေနဲ့ ချိတ်ထားတာဖြစ်ပါတယ်။ လေရှူပင်လေးတွေကစိုက်ပျိုးထိန်းသိမ်းရတာလွယ်တာကြောင့် တိုက်ခန်းတွေနဲ့ သင့်လျော်ပါပြီးတိုက်ခန်းလေးကိုစိမ်းစိမ်းစိုစိုနဲ့ အသက်ဝင်လှပစေမှာဖြစ်ပါတယ်။ တိုက်ခန်းကနေထွက်ခါနီးတိုင်းဒီလျှောက်လမ်းမှာချိတ်ထားတဲ့မှန်ကို ကြည့်ဖြစ်ပါတယ်။ ထွက်ခါနီးနောက်ဆုံးကြည့်ဖြစ်တဲ့မှန်ဖြစ်ပြီးလည် ပင်းမှာလိုအပ်နေတာမျိုးရှိရင် အလွယ်တကူဆွဲယူဆင်မြန်းသွားနိုင်စေဖို့ ဆွဲကြိုးတချို့ကိုလည်းမှန်နားလေးမှာအရံသင့်ချိတ်ဆွဲထားပါတယ်။ ကျွန်မငယ်ငယ်တုန်းကမေမေနဲ့အတူလှဲအိပ်နေတဲ့ ကျွန်မအကြိုက်ဆုံးဓာတ်ပုံလေးကိုလည်းဒီနေရာမှာချိတ်ဆွဲထားပါတယ်။ တစ်နေ့တာအလုပ်လုပ်ဖို့ အိမ်ကထွက်ခါနီးတိုင်းနောက်ဆုံးအနေနဲ့ အမြဲမြင်တွေ့သွားချင်တဲ့ ကျွန်မချစ်ရတဲ့ဓာတ်ပုံလေးလည်းဖြစ်ပါတယ်လို့ ဝမ်က ဆိုပါတယ်။

      Ref ; Houzz

      Download eBook version as a FREE!

      လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်