Month: December 2017

ads

Dulux Professionalထုတ်ကုန်များဖြင့် ဆောက်လုပ်ရေးအခန်းကဏ္ဍကိုတိုးတက်ပြောင်းလဲလာမည်ဟုဆို

                   မြန်မာနိုင်ငံတွင် ခေတ်မီတိုးတက်ပြောင်းလဲလာနေသောလူနေမှုအဆင့်အတန်းများကြောင့် လူအများ၏နေထိုင်မှု အသွင်အပြင်များသည်လည်းပြောင်းလဲနေပြီးမိမိ၏နေအိမ်၊ အဆောက်အအုံ၊ ရုံးခန်း၊ စက်ရုံစသဖြင့် အဆောက်အဦးအမျိုးမျိုးတို့ကိုမိမိနှစ်သက်ရာနည်းလမ်းမျိုးစုံဖြင့်အလှဆင်လာကြပြီဖြစ်သည်။ပြောင်းလဲနေသောလိုအပ်ချက်များနှင့်အညီအဆောက်အဦးများဆောက်လုပ်မှုမှာလည်းများပြားလာပြီး နိုင်ငံတကာအဆင့်အတန်းနှင့်အညီဆောက်လုပ်နိုင်ရန် စိန်ခေါ်များကလည်းထပ်ကြပ်မကွာလိုက်နေသည်။ ထို့ကြောင့် ဆောက်လုပ်ရေးကဏ္ဍမှ ဗိသုကာများ၊ အင်ဂျင်နီယာများ၊ လုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူများသည် အဆောက်အဦးများအလှဆင်ရာတွင် မိမိလိုချင်သောစိတ်ကူးထဲမှ ဒီဇိုင်း၊ အရောင်သာမကအသုံးပြုမည့်အဆောက်အဦနှင့် လိုက်လျောညီထွေမည့် သုတ်ဆေး၊ ပြီးစီးချင်သည့် အချိန်အတိုင်းအတာ၊ ရည်မှန်းထားသည့်ငွေကြေးပမာဏ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာအကျိုးပြုမှု၊ ဂေဟစနစ်များဖြင့် သဟဇာတဖြစ်စေမှုစသဖြင့် အဖက်ဖက်ကစိန်ခေါ်မှုများကိုရင်ဆိုင်နေရသည်။ ထိုကဲ့သို့သောလိုအပ်ချက်များကိုတစ်စုတဝေးတည်းတနေရာတည်းမှနေပြီးလွယ်ကူစွာရရှိနိုင်စေရန် AkzoNobelသည် Dulux ProfessionalPaint Portfolio ကို မြန်မာပြည်ဈေးကွက်တွင် ပြီးခဲ့သည့် MYANBUILD 2017(Myanmar International Building& Construction Industry Show)ပွဲတွင် မိတ်ဆက်ခဲ့ပါသည်။

AkzoNobelသည် အဆောက်အဦးနှင့် အိမ်သုတ်ဆေးများ(Paints)၊ အပေါ်ထပ်သုတ်ဆေးများ(Coatings) များနှင့် အထူးဓါတုပစ္စည်းများကိုထုတ်လုပ်နေသည့် ကမာ္ဘတစ်ဝန်းတွင်ဦးဆောင်နေသောကုမ္ပဏီဖြစ်သည့်အလျောက် နိုင်ငံတကာရှိဆောက်လုပ်ရေးအခန်းကဏ္ဍများမှကျွမ်းကျင်သူများနှင့်ဝယ်ယူသုံးစွဲသူတိုင်း၏ လိုအပ်ချက်များ၊ စိတ်ကူးများကိုဆန်းသစ်တီထွင်ထားသောနည်းပညာများဖြင့်စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးနေကြောင်းကိုDuluxProfessional Paint Portfolio တွင် တွေ့မြင်ရမည်ဖြစ်ပြီး One Stop Service Contact အဖြစ် ဆောင်ရွက်ပေးမည်ဟုဆိုသည်။ Dulux Professional Paint Portfolio တွင် Duluxသုတ်ဆေးအမျိုးမျိုး၄ရမျိုးကိုအုပ်စုများဖွဲ့ပြီးဆေးသုတ်ရန်လိုအပ်သည့်အဆောက်အဦးအတွင်း၊ အပြင်၊ သစ်သားနှင့် သတ္တုမျက်နှာပြင်စသည့် မျက်နှာပြင်အမျိုးအစားအလုံးစုံအတွက် ရွေးချယ်နိုင်ရုံသာမက ပြီးချင်သည့်အချိန်ပမာဏအတွင်းအလွယ်တကူသုတ်နိုင်ရန်လည်းအမျိုးအစားတို့ကိုရွေးချယ်နိုင်သည်။ ဈေးကိုလည်းအဆင့်ဆင့်ရွေးချယ်နိုင်သည့်အတွက် Developer များ၊ ကန်ထရိုက်တာများအဖို့ စိတ်ကြိုက် Customisedသုတ်ဆေးများကိုတစ်နေရာတည်းတွင် ရွေးချယ်ရယူနိုင်ပြီဖြစ်သည်။

Dulux Professional Paint Portfolioတွင် ပါဝင်သောGreen Label Certifiedရရှိထားသည့်Weathershield နှင့် Diamondသုတ်ဆေးများသည် သုတ်ဆေးပမာဏအနည်းငယ်သာသုံးရပြီးတာရှည်ခံသည့်အတွက် ရေရှည်တွင်ပြန်လည်ပြင်ဆင်ထိန်းသိမ်းရသည့် အကြိမ်အရေအတွက်ကိုလျှော့ချပေးနိုင်ပြီးအဆောက်အဦးများအားထိန်းသိမ်းကုန်ကျစရိတ်ကိုလျော့ချပေးနိုင်သည်။ ထို့ပြင် လူများအဝင်အထွက်များသည့် ရုံးများ၊ စက်ရုံများ၊ ဈေးဝယ်စင်တာများ၊စာသင်ကျောင်းများနှင့် အများပြည်သူအသုံးပြုသည့်နေရာများတွင် အစွန်းအထင်းများကိုလွယ်ကူစွာဖယ်ရှားနိုင်သောနည်းပညာအပြင်အရောင်မမှိန်စေသောနည်းပညာကိုပါထည့်သွင်းထားသည့် Dulux Wash & Wear နှင့်ဖြေရှင်းနိုင်ပြီဖြစ်သည်။ကလေးသူငယ်များရှိသောနေအိမ်၊ စာသင်ကျောင်းများသာမကဆေးရုံ၊ ဆေးခန်းများတွင်လည်းDuluxOdourless Paint ကိုအသုံးပြုပါကအိမ်သုတ်ဆေးအနံ့မထွက်စေဘဲဆေးသုတ်ပြီးပါကလည်းသန့်စင်သောလေထုကိုဆက်လက်ထိန်းသိမ်းပေးထားနိုင်သောအစွမ်းသတ္တိရှိသည်။

ထိုမျှမကအဆောက်အဦးများ၏ အပြင်ဘက်နံရံများသည် လေဒဏ်၊ မိုးဒဏ်ကိုအများဆုံးခံရပြီးမိုးများသည့်ရာသီမျိုးတွင် မှိုတက်ခြင်းဒဏ်ကိုပါ ခံစားရတတ်သောကြောင့် DuluxWeathershieldPowerflexဖြင့် ဖြေရှင်းနိုင်ရန် အကြံပြုထားသည်။ ထို့ပြင် DuluxWeathershield Exterior Wall Paint၏ အားသာချက်သည်အခြားသောအိမ်သုတ်ဆေးများထက်မျက်နှာပြင်အပူချိန်ကို၅ဒီဂရီပိုမိုအေးမြစေနိုင်သဖြင့် အအေးဓာတ်ပေးရာတွင် စွမ်းအင်ချွေတာနိုင်သည်။

Dulux Professional ၏ ကျွမ်းကျင်သူများသည် ဝယ်ယူသူ၏ လိုအပ်ချက်၊ စိတ်ကူးစိတ်သန်းများကိုအကောင်အထည်ဖော်နိုင်ရန် သုတ်ဆေးများအပြင် နည်းပညာများ၊ အတွေ့အကြုံများကိုပါ မျှဝေပေးနိုင်ရန် လေ့ကျင့်သင်ကြားထားသူများဖြစ်ကြပါသည်ဟုဆိုပါသည်။ အရောင်များကိုလည်းစိတ်ပညာနှင့်ဆက်စပ်ပြီးသုတေသနပြုရလာဒ်များအပေါ်တွင် အခြေခံကာအကြံဉာဏ်ပေးနိုင်ရန် လေ့လာထားသူများဖြစ်ကြသည်။

Dulux ၏ မိခင်ကုမ္ပဏီဖြစ်သောAkzoNobelသည် Planet Possible ဟူသောမူဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက် သဘာဝအရင်းအမြစ်များကိုအလေအလွင့်နည်းရန်နှင့် ကာကွယ်ရန်အလေးထားပြီးဆန်းသစ်တီထွင်မှုများစွာဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်ကိုထိမိစွာပံ့ပိုးနိုင်စေရန် ဆောင်ရွက်နေပါသည်။  ထိုကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲစေမည့် နည်းလမ်းများကိုမဏ္ဍိုင်ပြုပြီးစီးပွားရေးလုပ်ငန်းများလုပ်ဆောင်သည့်အတွက် ၂၀၁ရ ခုနှစ် Dow Jones Sustainability Index(DJSI)၏ ပထမအဆင့်ကို ၆နှစ်အတွင်း ၅ ကြိမ်အထိသတ်မှတ်ခံခဲ့ရသည်။ ၂၀၁ရခုနှစ် Sustainability Leadership Awards ဆုကို Singapore Green Building Council(SGBC) နှင့် Building and Construction Authority(BCA)ထံမှ လက်ခံရရှိခဲ့သည်။

AkzoNobelကုမ္ပဏီ၏အဓိကတာဝန်ခံချက်တစ်ခုမှာလူသားတစ်ဦးအနေဖြင့် လူ့ပတ်ဝန်းကျင်တွင် စိတ်ချမ်းသာပျော်ရွှင်စွာနေထိုင်နိုင်မည့် လူမှုပတ်ဝန်းကျင်တစ်ခုကိုကမာ္ဘတစ်ဝန်းတွင် တည်ဆောက်နိုင်ရန်ရည်ရွယ်ပြီး မြို့ပြ၏ စိန်ခေါ်မှုများကိုဆန်းသစ်သောထုတ်ကုန်ပစ္စည်းများဖြင့် ကြိုးစားဖြည့်ဆည်းသွားမည်ဖြစ်ပါသည်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar