Month: November 2017

ဝယ်ယူသူတွေ စိတ်ချမ်းသာစေဖို့ Royal Modern Furniture

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သက်ထင် မှ
November 20, 2017 နေ့
အင်တာဗျူး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

အခုတစ်ပတ်အင်တာဗျူးကဏ္ဍအတွက် ဖော်ပြပေးချင်တာကတော့ (၁၉၉၇)ခုနှစ်မှစတင်ကာအရောင်း ပြခန်းများဖွင့်လှစ်ခဲ့ပြီးမြန်မာနိုင်ငံရဲ့ဦးဆောင်ပရိဘောဂထုတ်လုပ်သူများထဲမှတစ်ဦးဖြစ်တဲ့ Royal Modern Furniture, Myanmar Furniture Co.,Ltd. ပဲဖြစ်ပါတယ်။ Royal Modern Furniture, Myanmar Furniture Co.,Ltd. အနေနဲ့ (၂၀၀၂)ခုနှစ်မှာမလေးရှားနိုင်ငံမှကုန်ကြမ်းများကိုစတင်တင်သွင်းပြီးရုံးသုံး၊ အိမ်သုံးပရိဘောဂများကို တစ်စုတစ်ဝေးတည်း ပြန်လည်ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။ (၂၀၀၄)ခုနှစ် မှာတော့ ဆိုဖာစက်ရုံကိုမိတ်ဆက်ပေးနိုင်ခဲ့ပြီးနောက်ပိုင်းမှာတော့အရောင်းပြခန်းများစွာကိုထပ်မံဖွင့်လှစ်ကာအရည်အသွေးမြင့်ပရိဘောဂများကိုရောင်းချခဲ့ပါတယ်။ အခုလိုပရိဘောဂပစ္စည်းများအပြင် Interior Decoration ကိုပါချဲ့ထွင်လုပ်ကိုင်လာခဲ့တာကိုလည်းသိရတဲ့အတွက် တာဝန်ရှိသူနဲ့တွေ့ဆုံပြီးသိလိုသမျှကိုအသေးစိတ်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး         အရင်ဆုံးဖြေကြားပေးသူရဲ့ အမည်နဲ့တာဝန်ယူထားတဲ့အပိုင်းလေးသိပါရစေ။

ဖြေ:         ဟုတ်ကဲ့။ ကျွန်တော့်နာမည်ကတော့ ဦးကိုကိုမိုးဖြစ်ပါတယ်။ ကျွန်တော်ကတော့ Royal Modern Furniture, Myanmar Furniture Co.,Ltd. ရဲ့ Director တစ်ယောက်ဖြစ်ပါတယ်။

 

မေး :         ပထမဆုံးသိချင်တာကတော့ Home & Office Furniture အပိုင်းပေါ့နော်။ Royal Modern Furniture ကနေ Home & Office Furniture ဝန်ဆောင်မှုကို ဘယ်အချိန်ကစတင်ခဲ့တယ်ဆိုတာလေးသိပါရစေ။ ဘယ်လိုစိတ်ကူးရည်ရွယ်ချက်တွေနဲ့ စတင်ဖြစ်ခဲ့တာပါလဲရှင်။

ဖြေ :         Home & Office Furniture တွေကို Royal Modern Furniture က (၂၀၀၀)ခုနှစ် အစောပိုင်းတွေကစတင်ပြီးရောင်းချခဲ့ပါတယ်။ နောက်ပိုင်းမှာ Royal Modern Furniture ကိုအားပေးတဲ့ Customer တွေကသူတို့ရဲ့အိမ်ခန်း၊ ရုံးခန်းတွေကိုတိုင်းတာစေပြီး Furniture တွေကိုသူ့နေရာနဲ့သူအစီအစဉ် တကျထားချင်တဲ့ စိတ်ကူးတွေကိုတောင်းဆိုလာကြပါတယ်။ အဲ့ဒါနဲ့ Customer တွေရဲ့ Needs and Wants ကို ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ Customized Furniture များကိုစတင်ဖြစ်ခဲ့ပါတယ်။

 

မေး   :         Home & Office Furniture နဲ့ပတ်သက်ပြီးရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကို သိပါရစေရှင်။

ဖြေ    :         အိမ်တစ်အိမ်ရဲ့ အိမ်ရှေ့ဧည့်ခန်းမှမီးဖိုချောင်ခန်းထိ၊ ရုံးတစ်ရုံးရဲ့အရာရှိရုံးခန်းမှ ဝန်ထမ်းများနေထိုင်သည့်အခန်းများအထိ Home & Office Furniture များကို ဝယ်ယူသူ Customer များစိတ်ချမ်းသာအောင် ဝန်ဆောင်မှုပေးနိုင်ပါတယ်။

မေး    :         ဝယ်ယူသူတွေအတွက် Customized Package လေးတွေရှိရင်လည်းပြောပေးပါနော်။ တန်ဖိုးအနေနဲ့ ဘယ်လောက်ကနေစပြီးသုံးလို့ရပါသလဲရှင်။

ဖြေ  :         ဝယ်ယူသူတွေအနေနဲ့ သူတို့သုံးမည့် Budget နဲ့ သူတို့လိုချင်တဲ့ Furniture များကိုအဆင်ပြေစွာရရှိအောင် Customized Package တွေကို ဝန်ဆောင်မှုပေးနေပါတယ်။

 

မေး  :         Royal Modern Furniture မှာ Home & Office Furniture အနေနဲ့အမျိုးအမည် ဘယ်လောက်ရနိုင်ပါသလဲ။ အခုလက်ရှိရနိုင်တဲ့ တံဆိပ်အမျိုးအစားတွေနဲ့ ပတ်သက်ပြီးအသေးစိတ်လည်းသိပါရစေ။

ဖြေ   :         Home & Office Furniture အနေနဲ့ အမျိုးအစားပေါင်းများစွာရရှိနိုင်ပါတယ်။ နိုင်ငံတကာမှာနာမည်ရှိတဲ့ Furniture Brand ပေါင်းများစွာကိုလည်း Royal Modern Furniture Showroom များမှာလာရောက်ကြည့်ရှု လေ့လာရန်ဖိတ်ခေါ်အပ်ပါတယ်။

 

မေး   :         Home & Office Furniture ရဲ့ အရည်အသွေးအတွက် အာမခံချက်၊ After Sales Services ပေးတာမျိုးရောရှိပါသလားရှင်။

ဖြေ   :         အရည်အသွေးပိုင်းအနေနဲ့ အာမခံချက်များစွာရှိပါတယ်။ After Sales Services ပေးတာကတော့ Royal Modern Furniture ရဲ့ ဦးစားပေးလုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။

 

မေး    :         ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာကျေးဇူးပါနော်။ နောက်တစ်ခုအနေနဲ့ Interior Design & Decoration အပိုင်းလေးမေးပါရစေရှင့်။ ပထမဆုံး Interior Designer တွေနဲ့မိတ်ဆက်ပေးပါဦးနော်။ Interior Design & Decoration မှာ ဘယ်လိုဝန်ဆောင်မှုတွေပေးတယ်ဆိုတာ အသေးစိတ်လေးသိပါ ရစေ။ Royal Modern Furniture မှာ Design & Decoration ကိုသီးသန့်စီအပ်လို့ရတယ်လို့လည်းသိရပါတယ်။ ဒီအပိုင်းနဲ့ပတ်သက်ပြီးလည်းသိပါရစေရှင်။

ဖြေ    :               Interior Design & Decoration မှာ ဝန်ဆောင်မှုအနေနဲ့ကတော့ Hotel, Shopping Mall, Showroom, Restaurant, Condominium အစရှိသည့် Customer တို့ရဲ့ လိုအပ်သည့် အိမ်တွင်း၊ ဆိုင်တွင်းအလှဆင်ခြင်းလုပ်ငန်းများကိုစိတ်တိုင်းကျအတိုင်းအတာ၊ အရောင်၊ ဒီဇိုင်းလက်ရာများကို ဝန်ဆောင်မှုပေးနေပါတယ်။ Interior Design & Decoration မှာ Royal Modern Furniture ရဲ့ Designer များကအကြံပြုဆွေးနွေးတိုင်ပင်ရေးဆွဲခြင်းများကို အခမဲ့ဝန်ဆောင်မှုပေးပါတယ်။ ပြင်ပမှ အခပေး Designer များနှင့်လည်းချိတ်ဆက်ထားရှိပါတယ်။

 

မေး :         ဒီလိုဝန်ဆောင်မှုတွေအတွက် ဘယ်လိုကုန်ကြမ်းတွေ အသုံးပြုပါသလဲရှင်။

ဖြေ :         ကုန်ကြမ်းတွေကတော့ ဝယ်ယူသူရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးကုန်ကြမ်းအမျိုးအစားများစွာကိုအသုံးပြုပါတယ်။

 

မေး   :         တာဝန်ယူဆောင်ရွက်ပေးခဲ့တဲ့ Project တွေအပြင် အခုလက်ရှိ Project နဲ့လည်းမိတ်ဆက်ပေးပါဦးနော်။

ဖြေ   :         တာဝန်ယူခဲ့တဲ့ Project တွေကများစွာရှိနေပါပြီ။ အခုလက်ရှိအနေနဲ့ Hill Top Condo, Star City Restaurant and Bar, Myanmar Plaza စသည့် Project များစွာရှိနေပါတယ်။

 

မေး  :         ဟုတ်ကဲ့။ အိမ်သုံး၊ ရုံးသုံးပရိဘောဂပဲဖြစ်ဖြစ် Interior Design & Decoration အတွက်ပဲဖြစ်ဖြစ် Royal Modern Furniture ကိုအလွယ်တကူဆက်သွယ်လို့ရနိုင်မယ့် လိပ်စာနဲ့ ဖုန်းနံပါတ်ကိုလည်းသိပါရစေ။

ဖြေ   :         Royal Modern Furniture ရဲ့ Head Office လိပ်စာကတော့ တိုက်အမှတ် (၅)၊ (၅)လွှာ၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ တာမွေကြီး (ခ)ရပ်ကွက်၊ တာမွေမြို့နယ်ပါ။ Showroom လိပ်စာတွေ ကတော့ ရန်ကုန်မှာဆိုရင် လေးလွှာ၊ ယုဇနပလာဇာနဲ့ သုံးလွှာ၊ တော်ဝင်စင်တာမှာပါ။ မန္တလေးမှာဆိုရင် လေးလွှာ၊ ဒိုင်းမွန်းပလာဇာနဲ့ မင်္ဂလာမန္တလေးမှာဆိုင်ခွဲတွေရှိပါတယ်။ ဆက်သွယ်လို့ရမည့် ဖုန်းနံပါတ်တွေကတော့ 09421154441, 09421142220, 0973103577, 0973217113တွေပဲဖြစ်ပါတယ်။

အခုလိုသိလိုသမျှကိုအချိန်ပေးဖြေကြားပေးတဲ့အတွက် Myanmar Home & Décor Magazine မှ ကျေးဇူးတင်ရှိပါတယ်။

 

 

 

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

Sonora Stadium ရဲ့ ခမ်းနားခြင်းများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
November 20, 2017 နေ့
အခြားဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

Sonora Stadium ရဲ့ ခမ်းနားခြင်းများ


နိုင်ငံတကာစံနှုန်းတွေအတိုင်းတည်ဆောက်ထားပြီး မက်စီကိုနိုင်ငံရဲ့ဂုဏ်ယူစရာတစ်ခုဖြစ်လာခဲ့တဲ့ Sonora Stadium အကြောင်းကို Myanmar Home & Decor Magazine ချစ်သူများကို ဝေမျှပေးချင်ပါတယ်။ Sonora Stadium ကို ဗိသုကာပညာရှင်ဖြစ်တဲ့ 3Arquitecturaက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီကစားကွင်းကြီးက မက်စီကိုနိုင်ငံ Hermosillo မြို့မှာတည်ရှိပြီး ၂၀၁၃ခုနှစ်မှာတည်ဆောက်ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
Sonora အားကစားကွင်းက El Colorado မီးတောင်ကိုယ်စားပြုဒေသရဲ့ iconographic element အဖြစ်ကျော်ကြားပြီး El Pinacate လို့ခေါ်တဲ့ ဇီဝထုကန့်သတ်ထားတဲ့နေရာမှာတည်ရှိပါတယ်။ မြို့အနေနဲ့ဆိုရင် တော့ Hermosillo မြို့ရဲ့အနောက်ဘက်ဂိတ်မှာတည်ရှိပါတယ်။ Sonora အားကစားကွင်းက Hermosillo မြို့ မှာရှိတဲ့ ‘Puerta Oeste’ မြို့သစ်ဖွံ့ဖြိုးတိုးတက်မူအတွက် ပထမဆုံးအဆောက်အဦဖြစ်ပြီး အဓိကကျတဲ့အရာ တစ်ခုပဲဖြစ်ပါတယ်။

ဒီအားကစားကွင်းရဲ့ဒီဇိုင်းက မေဂျာလိဂ်အဆင့်မီတယ်လို့ ဆောက်လုပ်နေစဉ်အချိန်ထဲက Arizona Diamond Backs နဲ့ MLB ကိုယ်စားလှယ် ဘုတ်အဖွဲ့ကအတည်ပြုခဲ့ပါတယ်။ ကစားကွင်းအတွင်းပိုင်း ဖွဲ့စည်း တည်ဆောက်ခြင်းနဲ့အတူ ကွင်းရဲ့အောက်ခြေမျက်နှာပြင်မှာလည်း နိုင်ငံတကာစံချိန်စံညွှန်းတွေအတိုင်း အဆင့် မြင့်နည်းပညာပစ္စည်းတွေကိုအသုံးပြုပြီး ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ နောက် သဲ၊ ကျောက်စ ရစ်၊ ရွှံ့၊ မြက်ပင်၊ ရေနှုတ်မြောင်း ၊ ဆည်မြောင်းတွေကို တိကျစွာစုံစမ်းရှာဖွေပြီး ၎င်းတောင်စောင်းနဲ့ မျက်နှာပြင် ပေါ်မှာ ထိပ်ဆုံးအဆင့်ဘေ့(စ်)ဘောအားကစားအတွက် အကောင်းဆုံးအခြေအနေများလည်း ဖန်တီးခဲ့ပါတယ်။

ဒီအဆောက်အဦကြီးမှာဆိုရင် ပရိတ်သတ်ပေါင်း ၁၆၀၀ဝရဲ့အထူးလိုအပ်ချက်တွေကိုအပြည့်အဝပြု လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်၊ သီးသန့်ပြုလုပ်ထားတဲ့ထိုင်ခုံ၊ ဈေးသက်သာတဲ့အလူမီနီယံထိုင်ခုံနှင့် ပျမ်းမျှအ နေနဲ့ခန့်မှန်းခြေ ၁၅မိနစ်အတွင်း အလွယ်တကူကယ်ဆယ်ရေးအဖွဲ့လာရောက်နိုင်တဲ့လမ်းကြောင်း ဒီဇိုင်းများပါရှိပါတယ်။

Sonora အားကစားကွင်းက Caribbean စီးရီး၊ Classic ဖြစ်တဲ့ ကမ္ဘာ့ဘေ့(စ်)ဘော (သို့မဟုတ်) ဘော လုံးပွဲတွေမှာ မေဂျာလိဂ်အသင်းကိုလက်ခံကျင်းပနိုင်တဲ့အရည်အချင်းတွေရှိပါတယ်။ Sonora အားကစားကွင်း က နိုင်ငံမှာ နိုင်ငံတကာအရည်အသွေးမှီတဲ့အသွင်အပြင်တွေနဲ့အတူပေါ်ထွက်လာတဲ့ ပထမဆုံးမျိုးဆက်သစ် ဘောလုံးပန်းခြံဖြစ်ပါတယ်။
Sonora အားကစားကွင်းရဲ့ပုံစံအနေအထားကြောင့် Lobby Level ကနေ အစိမ်းရောင်ကွင်းပြင်ကို ပြတ်ပြတ်သားသား မြင်တွေ့ရပါတယ်။ဒါ့ကြောင့် အဝင်အထွက်တွေကိုလည်း အပေါ်ကနေတွေ့မြင်နိုင်သလို မော်နီတာကနေလည်းလှုပ်ရှားမူတွေနဲ့ ကစားပွဲရဲ့တိုးတက်မူတွေကိုလည်း အချိန်တိုင်းစောင့်ကြည့်နိုင်ပါတယ်။
အဓိကအဆောက်အဦဖြစ်တဲ့ Private Suites နဲ့ Events Area ရဲ့ထူးခြားချက်က မိုးကုတ်စက်ဝိုင်းပေါ် ကနေ မြို့ရဲ့ Skyline ကိုဘယ်နေရာကနေပဲဖြစ်ဖြစ်မြင်နိုင်တာဖြစ်ပါတယ်။ မြေအောက်ခန်းထဲမှာဆိုလည်း ဒေ သခံအသင်းရဲ့နေအိမ်ကို အနားယူနိုင်တဲ့နေရာ၊ massage ပြုလုပ်တဲ့နေရာ၊ GYM ကစားနိုင်တဲ့နေရာ၊ batting tunnel၊ ဝန်ဆောင်မူတွေရရှိနိုင်တဲ့နေရာ၊ ကားပါကင်နှင့် စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်နိုင်တဲ့နေရာတို့ကို အပြည့်အစုံထည့်သွင်းပြီးဆောက်လုပ်ထားတာဖြစ်ပါတယ်။
Sonora အားကစားကွင်းရဲ့နည်းပညာဆိုင်ရာပစ္စည်းကိရိယာတွေမှာ 17 x 14 မီတာရှိတဲ့ LED Screen lighting towers ၆ခုအတွက် MUSCO System၊ ပတ်ဝန်းကျင်ကိုလှည့်ပတ်သွားတဲ့ စွမ်းရည်စနစ်ပါဝင်တဲ့ Sound Circuit၊ မီဒီယာတွေထုတ်လွှင့်နိုင်ဖို့အတွက်နေရာငယ်တစ်ခု၊ နိုင်ငံတကာစံနှုန်းတွေနဲ့ပြုလုပ်ထားတဲ့ ဓါတ်ပုံရိုက်ကူးရန်နေရာတို့ပါဝင်ပါတယ်။

Sonora Stadium/ 3Arquitectura
Architects- 3Arquitectura
Location- Bulevar Luis Donaldo Colosio, Hermosillo, Son, Mexico
Project Area- 93624.0 m2
Project Year- 2013

Ref::: Archdaily
Photo : internet

Translated by Myanmar Home & Décor Magazine
For advertising – 09 9635 999 68

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

ကယ်လီဖိုးနီးယားမှ သက်ရှိနံရံဆေးရေးပန်းချီ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ အမရာ မှ
November 19, 2017 နေ့
အိမ်တွင်း အလှဆင် နည်းလမ်းများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ကယ်လီဖိုးနီးယားမှသက်ရှိနံရံဆေးရေးပန်းချီ


ဓာတ်ပုံကိုကြည့်လိုက်တာနဲ့ ပရောဂျပ်တစ်ခုလုံးပြီးစီးဖို့အတွက် မျက်နှာပြင်နှစ်ဘက်လုံးကိုအသုံးပြုဖို့လိုအပ်မယ် ဆိုတာ Myanmar Home & Decor Magazine ပရိတ်သတ်တို့ကို ဗဟုသုတဝေမျှပေးလိုက်ပါတယ်။  ရှု့မျှော်ခင်းဒီဇိုင်နာနဲ့ဒေါင်လိုက်နံရံအလှဆင်ကျွမ်းကျင်ပညာရှင်က သက်ရှိနံရံဆေးရေးပန်းချီကိုဘယ်လိုပုံဖော်ခဲ့တယ်ဆိုတာ ပြသပေးခဲ့ကြပါတယ်။


ပုံမှာမြင်တွေ့ရတာကအမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ် လာဂူနာကမ်းခြေကမျက်နှာပြင်နှစ်ဖက်သက် ရှိနံရံပဲဖြစ်ပါတယ်။ပေ ၃ဝ အလျားရှိပြီး ရ ပေမြင့်ပါတယ်။အိုဘာဂီအရေးပြားကျန်းမာရေးဆေးရုံနဲ့နေအိမ်ကိုပိုင်းခြားထားတဲ့ နံရံဖြစ်ပြီးတော့ ခြေနင်းကျောက်တုံးတွေပေါ်ကလျှောက်လာလိုက်တာနဲ့နံရံပေါ်ကသစ်ပင်တွေနဲ့ပုံဖော်ထားတာကို မြင် တွေ့ရမှာဖြစ်ပါတယ်။အစိမ်းရောင်နုနုလေးကနေအစိမ်းရင့်ဖြစ်သွားပြီးအဲဒီကနေမှတစ်ဆင့် ခရမ်းရောင်နဲ့လိမ္မော်ရောင် ဖြစ်သွားပုံအဆင့်ဆင့်ကို အနုပညာပန်းချီကားတစ်ချပ်လိုမြင်တွေ့ရမှာဖြစ်ပါတယ်။ခရမ်းရောင်ပန်းပင်တွေက အမေရိကန် Heucheraပင်တွေဖြစ်ပြီးတော့ အဲဒီအောက်ကမျိုးကွဲApteniaပင်ပါ။အဲဒီရဲ့အောက်မှာတော့ မဒူဆာဖန်းပင်ဖြစ်ပြီးတော့ အောက်ဆုံးကတော့ Muehlenbeckiaပင်ပါ။ထောင့်စွန်းကအရောင်အရင့်ဆုံးအပင်ကတော့ FicusElasticaDecoraပဲဖြစ်ပါတယ်။
နံရံပေါ်ကအရွက်တွေကအားလုံးတစ်ညီတည်းရှိနေတာမဟုတ်ဘဲတချို့အလွှာကအပင်တွေရဲ့အရွက်တွေကထိုးထွက်နေပြီးအရောင်နဲ့ပုံစံအနေအထားကလည်းမတူတာကြောင့် အနားကပ်သွားလေလှိုင်းတွေတက်လာသလိုဖြစ်နေတဲ့ခံစားချက်ကိုရလေလေပါပဲ။ဓာတ်ပုံမှာဆိုရင် အပင်တွေရဲ့အရွက်တွေကအရွယ်အစားမတူတဲ့အပြင် ပုံသဏ္ဍာန်လည်းမတူတာကို မြင်တွေ့ရမှာပါ။
အောင်မြင်စွာဖန်တီးနိုင်တဲ့သက်ရှိနံရံတစ်ခုမှာ အဓိကအစိတ်အပိုင်းသုံးခုပါဝင်ပါတယ်။စနစ်ရယ်၊ရွေးချယ်တဲ့အပင် ရယ်နဲ့ပြုပြင်ထိန်းသိမ်းမှုတွေပဲဖြစ်ပါတယ်။ဒီနေရာမှာအသုံးပြုထားတဲ့စနစ်က Seasons ထည့်သွင်းအပင်စိုက်စနစ်ပါ။အဲဒါ ကတော့ မြေကြီးအစားအဟာရဓာတ်ကြွယ်ဝတဲ့နေရာမှာအပင်စိုက်ပျိုးခြင်းပါ။

 ဒီနည်းစနစ်မှာမြေကြီးအစားAquafeltအပြားတွေကိုအသုံးပြုထားပါတယ်။အပင်တွေရဲ့အောက်မှာအလွှာပေါင်း များစွာပါဝင်ပြီးတော့ ပထမဆုံးအလွှာကအလူမီနီယံပြွန်ဂရစ်ကွက်ပါ။ ဒုတိယကပလတ်စတစ်ပြားဖြစ်ပြီးတော့ တတိယကတော့ ရေစိမ့်ဝင်နိုင်တဲ့သက္ကလတ်အပျော့စားပဲဖြစ်ပါတယ်။သက္ကလတ်စကမြေကြီးထက်အလုပ်လုပ်ဆောင်မှုပိုမိုကောင်းမွန်ပြီးအဟာရဓာတ်ကြွယ်ဝတဲ့ရေကိုလျင်မြန်စွာစုပ်ယူပေးတဲ့အပြင် အောက်ဆီဂျင်ကိုလည်းအမြစ်ဇုန်ထဲအထိရောက် အောင်ပို့ဆောင်ပေးပါတယ်။အပင်တွေရဲ့အမြစ်တွေဖြတ်သန်းဝင်ရောက်ဖို့ သက္ကလတ်စထဲမှာလေအလုံအလောက်ရှိတာကြောင့် သက္ကလတ်စနဲ့ဆိုရင် အမြစ်ကနံရံတစ်ခုလုံးကိုပျံ့နှံ့သွားနိုင်ပါတယ်။တခြားစနစ်တွေလိုအမြစ်ကိုပိတ်ပင်ထားဆီးထားတဲ့ပြဿနာမျိုးမရှိနိုင်ပါဘူး။
ပြုပြင်ထိန်းသိမ်းမှုအပိုင်းမှာအရေးကြီးတာက ပြဿနာတွေကိုသတိထားရှာဖွေဖို့ပါ။ဥပမာ-ညိုးနေတဲ့ဒေါင်လိုက် အပင်လိုင်းတစ်ခုကိုတွေ့ပြီဆိုရင် ထုတ်လွှတ်စက်မှာပိတ်ဆို့နေပြီဆိုတဲ့သဘောပါ။အပင်နံရံကကိုယ်ပိုင်ဂေဟစနစ်ကိုဖန် တီးနိုင်သွားပြီးအမြစ်တွေလည်းတွယ်သွားပြီဆိုတာနဲ့ အရင်ဆုံးတစ်ပတ်တစ်ခါစောင့်ကြည့်ပါ။ပြီးရင်တော့ တစ်ပတ်ခြား တစ်ခါစောင့်ကြည့်ပေးပါ။ရေပြန်လည်ပတ်တဲ့ကန်ထဲမှာအမှိုက်တွေရှိနေရင်လည်း ရှင်းပစ်ရမှာဖြစ်ပြီးတော့ ရေရဲ့ pH ကို အမြဲစစ်ဆေးပေးခြင်း၊လိုအပ်တဲ့အဟာရဓာတ်တွေကိုထပ်မံဖြည့်သွင်းပေးခြင်းတို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဒီဇိုင်းမှာHeucheraပင်တွေကိုအမျိုးအစားအများကြီးအသုံးပြုထားပါတယ်။ဓာတ်ပုံထဲမှာအပင်နံရံကိုအတောက်ပဆုံးအနေအထားနဲ့မြင်တွေ့ရပေမယ့် ဆောင်းတွင်းမှာတော့ အပင်တွေကကျဲသွားတတ်ပါတယ်။ဒါပေမဲ့ Heucheraပင်တွေကတော့ တစ်နှစ်ပတ်လုံးအရွက်တွေဝေဆာနေတတ်ပါတယ်။နောက်တစ်ခုကမြေကြီးပေါ်မှာစိုက်တဲ့ အပင်တွေလိုပဲတချို့အပင်တွေကို အစားထိုးလဲလှယ်ပေးဖို့လိုအပ်ပါတယ်။မှိုနဲ့ပိုးကျခြင်းတို့ဖြစ်လာပြီဆိုရင် အပင်လေးတွေကိုလှဲလှယ်ပေးရမှာဖြစ်ပါတယ်။ အခုဆိုရင် ဖော်ပြထားတဲ့ သက်ရှိနံရံတစ်ခုကို မိမိအိမ်မှာ ရာသီဥတုနဲ့ကိုက်ညီတဲ့အပင်လေးတွေကို စိုက်ပျိုးရင်း Myanmar Home & Decor ပရိတ်သတ်ကြီး သာယာပျော်ရွှင်ဖွယ်အိမ်ဂေဟာလေးကို ပိုင်ဆိုင်နိုင်ကြပါပြီ။

Source – Internet, Photo – Internet

Copyright © Myanmar Home & Décor Magazine
For advertising – 09 9635 999 68

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar