စံနှုန်းမြင့် ၊ အရည်အသွေးပြည့် ရုံးသုံးပရိဘောဂများ ရောင်းချပေးနေသော Centure
ရုံးခန်းတစ်ခန်းစဖွင့်မယ်ဆိုရင် ပထမဦးဆုံးနဲ့ အဓိကအကျဆုံးလိုအပ်ချက်ကတော့ ရုံးသုံးပရိဘောဂတွေပါပဲ။
ဟိုးယခင်ရုံးတွေမှာတေ့ာ ကျွန်းစားပွဲကြီးတွေ ကြိမ်ကုလားထိုင်ကြီးတွေ အသုံးပြုမှု များခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ သစ်တော့ပြုန်းတီးမှုတွေလည်းတစိတ်တဒေသကကာကွယ်နိုင်ဖို့နဲ့လူနေမှုပုံစံခေတ်မှီတိုးတက်လာသည်နှင့်အမျှ ပြောင်းရွှေ ့တပ်ဆင်ရလွယ်ကူပြီးခေတ်မှီနည်းပညာများအသုံးပြုထားတဲ့ ရုံးသုံးပရိဘောဂတွေက ကျွန်းစားပွဲနဲ့ ကုလားထိုင်တွေနေရာမှာအစားထိုးဝင်ရောက်ခဲ့ပါတယ်။
ခေတ်မှီနည်းပညာများအသုံးပြုထားတဲ့ ရုံးသုံးပရိဘောဂတွေဟာသပ်ရပ်လှပတဲ့ဒီဇိုင်း၊ သက်တောင့်သက်သာပိုမိုရရှိဖို့ အပြိုင်အဆိုင် ဈေးကွက်ထဲဝင်ရောက်လာခဲ့ရာပြည်တွင်းထုတ်ပရိဘောဂများရှိသကဲ့သို့ ထိုင်း၊တရုတ်၊စင်ကာပူ၊မလေးရှားအစပြု၍ နိုင်ငံအသီးသီးမှလည်းခေတ်နှင့်အညီတင်သွင်းလာခဲ့ကြပါတယ်။
Centure office Funitureဟာ ၁၉၇၂ ခုနှစ်မှာစတင်ခဲ့ပြီး၂၀၀၈ ခုနှစ်မှာCentureနာမည်နှင့်ထိုင်းနိုင်ငံဘန်ကောက်မြို ့ နှင့် ၁၂ ကီလိုမီတာအကွာNonthaburiတွင်တည်ရှိသောစက်ရုံမှ ထုတ်လုပ်ပြီး၂၀၁ဝခုနှစ်အောက်တိုဘာလမှာ ISO9001-2008ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကိုတော့ ၂၀၁၂ခုနှစ်မှာစတင်ဝင်ရောက်ခဲ့ပြီးယခုအခါ ကြယ်စင်သာကုမ္ပဏီမှတစ်ဦးတည်းတင်သွင်း ပြီးသိမ်ဖြူလမ်းတွင် showroom ဖွင့်လှစ်ထားရှိပါတယ်။
Centure office furniture မှ ရုံးသုံးစားပွဲ၊ ကုလားထိုင်မျိုးစုံ၊ အစည်းအဝေးခန်းအတွက်အထူးစားပွဲများ၊ Steel Cabinet များကို Elements နှင့် Zingularဟူ၍အမှတ်တံဆိပ်နှစ်မျိုးဖြင့်ထုတ်လုပ်ပြီးအရည်အသွေးမြင့်မားရုံတင်မကရိုးရှင်းတဲ့ဒီဇိုင်း၊ ခိုင်ခံမှု၊ ရေရှည်အသုံးပြုနိုင်မှု နှင့်သက်တောင့်သက်သာရှိမှုတို့ကိုအထူးအလေးထားပြီးထုတ်လုပ်ထားရှိပါတယ်။
စားပွဲမျက်နှာပြင်အတွက် ၂၅ မီလီမီတာ Melamine coated Particle Board နှင့် Steel Leg ကို Epoxy powder coated အသုံးပြုထားပြီး Cabinet နှင့် Pedestal အတွက်ကတော့ Double top, ၁၉ မီလီမီတာကိုယ်ထည်နှင့်တပ်ဆင်ထားပြီး Germany နိုင်ငံထုတ် အရည်အသွေးမြင့် Hafeleတံဆိပ် သော့များနှင့် fitting များဖြင့် ပြုလုပ်ထားသည့်အတွက် လုံခြုံစိတ်ချမှုရှိပြီးခိုင်ခံ့မှု အပြည့်ရှိသောပရိဘောဂများဖြစ်ပါတယ်။
ထိုင်ခုံများအနေနဲ့ သက်တောင့်သက်သာရှိမှုနှင့် ရေရှည်အသုံးပြုနိုင်မှုကိုဦးစားပေးထားပြီးအထိုင်များသောအလုပ်လုပ်ကိုင်နေရသူများအတွက် Lumber support ခါးအထောက်အကူ နှင့်ပြုလုပ်ထားသောထိုင်ခုံများကိုခေတ်မှီဆန်းသစ်သောဒီဇိုင်းအမျိုးမျိုးဖြင့် ရောင်းချပေးနေပါတယ်။ ရုံးခန်းအတွင်းအမြင်တင့်တယ်ပြီးအရည်အသွေးမြင့်မားတဲ့ ရုံးသုံးဆိုဖာဆက်တီမျိုးစုံကိုလည်းရရှိနိုင်မှာဖြစ်ပြီး PU , Leather များဖြင့် စိတ်ကြိုက်အရောင်အားမှာယူရရှိနိုင်မှာဖြစ်ပါတယ်။
စာရွက်စာတမ်းများ၊ ပစ္စည်းများကိုစနစ်တကျ သိမ်းဆည်းထားနိုင်ပြီးလုံခြုံစိတ်ချစွာသိုလှောင်သိမ်းဆည်းထားနိုင်ရန်အတွက် Powder Coat Steel ဝ.၆ မီလီမီတာ ၊ မှန်သားအနေဖြင့် Clear Glass ၄ မီလီမီတာ နှင့် သော့စနစ်အတွက် ဂျာမနီနိုင်ငံမှ အရည်အသွေးမြင့် Cyberlockကိုအသုံးပြုထားသော Steel Cabinet ဒီဇိုင်းအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးကိုလည်းရွေးချယ်ဝယ်ယူနိုင်ပါတယ်။
ဝန်ဆောင်မှုများအနေနဲ့ရုံးခန်း Layout ရေးဆွဲပေးခြင်း၊ ရုံးခန်းနှင့်ကိုက်ညီသောပရိဘောဂအရွယ်အစားအလိုက် လိုအပ်သလို ပြုလုပ်ပေးနိုင်ခြင်းနှင့် စိတ်ကြိုက်အရောင်ရွေးချယ်နိုင်ခြင်း၊ ပစ္စည်းမှာယူရာတွင်လည်းသတ်မှတ်ထားသောအချိန်အတွင်းမှန်ကန်စွာပို့ဆောင်ပေးနိုင်ခြင်း၊ ရန်ကုန်မြို ့တွင်းအခမဲ့ပို့ဆောင်ပေးခြင်း၊ပစ္စည်းစနစ်တကျ တပ်ဆင်နေရာချပေးခြင်း၊ ရောင်းချပြီးပစ္စည်းများအတွက် ၁နှစ်အတွင်းအခမဲ့ ပြန်လည်ပြင်ဆင်ပေးခြင်းတို့ကိုဆောင်ရွက်ပေးရုံသာမကလိုအပ်သည့် အပိုပစ္စည်းများကိုလည်းအလွယ်တကူဝယ်ယူရရှိနိုင်ပြီးဝယ်ယူအားပေးသူစိတ်တိုင်းကျ ဖြစ်စေရန် ဝန်ဆောင်မှုများပေးနေပါတယ်။
ယေဘုယျအားဖြင့်ကောင်းမွန်သောပရိဘောဂများတွင်ရှိရမဲ့အရည်အချင်းတွေကိုအောက်မှာဖော်ပြထားသလိုသတ်မှတ်ထားပြီးCenture မှ ပရိဘောဂများကိုလည်းအဆိုပါ စံနှုန်းများနှင့်အညီရရှိနိုင်စေရန် ရောင်းချပေးနေခြင်းဖြစ်ပါတယ်။
၁- အရည်အသွေးမြင့်မားခြင်း (Quality)
၂- ပုံသဏ္ဍန်နှင့်ဒီဇိုင်းလှပခြင်း (Design)
၃- အသုံးဝင်မှု (Function)
၄- လက်ခံနိုင်ခြင်း (Adaptability)
၅- လှပခြင်း (Beauty)
၆- ခိုင်ခန့်ခြင်း (Durability)
၇- ထိန်းသိမ်းမှုလွယ်ကူခြင်း (Maintenance)
၈- ဘေးအန္တရာယ်ကင်းရှင်းခြင်း (Safety)
၉- ဈေးနှုန်း (Price)တို့ဖြစ်ပါတယ်။