Month: August 2017

ပြီးပြည့်စုံသောအိမ်ခန်းငယ်လေး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သက်ပိုင်သူ မှ
August 30, 2017 နေ့
စွဲမက်ဖွယ် အိမ်ပုံစံလေးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

11
ads

Myanmar Home & Décor Magazineအတွက် အခုတစ်ခေါက်ပြောပြချင်တဲ့အကြောင်းအရာကတော့ Project Development နဲ့ သက်ဆိုင်တဲ့ Interior Design နဲ့ ပါတ်သက်တာလေးပါ။ တခါတရံ Interior Designer တစ်ယောက်အနေဖြင့် မိမိဒီဇိုင်းကိုကောင်းအောင် ဖန်တီးနေရုံတင်သာမကပါဘူးမိမိကိုအလုပ်အပ်နှံသူအတွက် အကောင်းဆုံးအကြံဉာဏ်တွေ ပေးနိုင်ဖို့လိုပါတယ်။ ထိုအခါမှာဒီဇိုင်းနဲ့ ဘတ်ဂျက်ကိုချိန်ဆနိုင်ဖို့အရေးကြီးလာပါတယ်။ထိုချိန်ဆနိုင်ဖို့ ကြိုးစားခဲ့တဲ့ ပရော့ချက်လေးကတော့ အသစ်ဆောက်လုပ်ပြီးစီးသွားတဲ့ အင်းစိန်လမ်းမပေါ်က GEMS Condo ပဲ ဖြစ်ပါတယ်။

ထိုပရော့ချက်အတွက် Interior Design ကိုစဉ်းစားတဲ့အခါမှာပိုင်ရှင်ကကျောင်းနေဘက် ငယ်သူငယ်ချင်းတစ်ယောက်လည်း ဖြစ်တဲ့အပြင်၊ လက်ရှိကရန်ကုန်မှာနေထိုင်နေတဲ့သူတစ်ဦးလည်းမဟုတ်ပါဘူး။ Interior Designတစ်ခုကျကျနန ပြင်ဆင်ပြီးသွားတဲ့အခါမှာလူနေထိုင်ဖို့ကအရေးကြီးပါတယ်။ ပြင်ဆင်ပြီးချက်ချင်းမနေတဲ့အခါမှာတချို့နေရာတွေမှာပျက်စီးယိုယွင်းမှု ဖြစ်နိုင်ပါတယ်။ သူငယ်ချင်းဖြစ်သူကလည်းယခုလက်ရှိချက်ချင်းမနေနိုင်တဲ့အခါမှာပျက်စီးမှာစိုးရိမ်မိတာနဲ့ ယခုလက်ရှိဈေးကွက်တစ်ခုဖြစ်နေတဲ့ အငှားဈေးကွက်တစ်ခုကိုအကြံဉာဏ်ပေးဖြစ်ပါတယ်။ ပြင်ပြီးသွားနဲ့ သင့်တော်မယ့်သူတွေကိုအငှားပေးသင့်တယ်ဆိုပြီးရည်ရွယ်ခိုင်းလိုက်တာပါ။
နောက်ပြီး GEMS က ပြင်ဆင်ပေးထားတဲ့ အနေအထားကလည်းမီးဖိုချောင် ရေချိုးခန်းအိမ်သာနံရံ ကြမ်းခင်းပြီးပြီးသားအသင့်နေထိုင်ပါကအဆင်သင့်တက်နေရုံအနေအထား ဖြစ်တာကြောင့် ဘတ်ဂျက်ကိုအများကြီးမကုန်စေဘဲ ကြည့်ကောင်းမယ့်အနေအထားတစ်ခုကို ပြင်ဆင်ပေးဖို့ အကြံဉာဏ်ပေးခဲ့ပါတယ်။ ထိုဘတ်ဂျက်ကလည်းတစ်နှစ်တာအိမ်ငှားရတာနဲ့ ပြန်ကြေသွားမယ့်အနေအထားတစ်ခုဖြစ်အောင် ဖန်တီးပေးဖို့လည်းတိုင်ပင်ခဲ့တယ်ဆိုရင် မမှားပါဘူး။
ဒီလိုဖန်တီးတဲ့အခါမှာ GEMS က နဂိုရှိပြီးသားအနေအထားထက်ပိုကောင်းလာအောင် ဘာတွေ ဖန်တီးမလဲဆိုတာအရင်စဉ်းစားခဲ့ပါတယ်။ ကုန်ကျစရိတ်လျော့စေဖို့ မျက်နှာကျက်ကိုအနည်းငယ်ပြင်ဆင်ပြီးမီးလုံးတွေကို ပြန်လဲခဲ့ပါတယ်။ လိုအပ်တဲ့နေရာမှာ Spot Light တွေ ထက်ဖြည့်ပြီးနံရံမှာအလှဆင်ထားတဲ့ အရာတွေကိုပိုပြီးတောက်ပလာစေခဲ့ပါတယ်။ နောက်ထပ်လိုအပ်တဲ့ နေရာကတော့ အဝတ်ထည့်တဲ့ ဗီရိုတွေပါပဲ။ 780 SQFT ပဲရှိပြီးအိပ်ခန်းနှစ်ခန်းပါတဲ့ ဒီကွန်ဒိုတိုက်ခန်းမှာ အဝတ်ဗီရိုထည့်ပြီးကျဉ်းကျပ်သွားမှာစိုးတာနဲ့ ဗီရိုရဲ့ တံခါးတစ်ချို့ကို ကြည့်မှန်တပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


အခန်းရဲ့ အရောင်ကိုတော့ နဂိုရှိပြီးသစ်သားအညိုရောင် ခပ်ရင့်ရင့် တံခါးတွေနဲ့ လိုက်ဖက်ဖို့ အဖြူရောင်ကိုသုံးဖို့ ဆုံးဖြတ်ခဲ့ပြီးထူးခြားတဲ့ ကာလာအတွဲအစပ်ဖြစ်စေဖို့ အဝါရောင်နဲ့ သနပ်ခါးရောင်အချို့ကိုလည်းသုံးစွဲခဲ့ပါတယ်။ TV နံရံနဲ့အတူဘုရားစင်ကိုတွဲလျက်တည်ဆောက်ခဲ့ပြီး ကြည့်မှန်တစ်ချို့ကိုလည်းအစိတ်အပိုင်းအနည်းငယ်နှင့်ကြားညှပ် သုံးစွဲခဲ့ပါတယ်။ ဒီလိုသုံးစွဲခြင်းကြောင့် မှန်ရဲ့ အလင်းပြန်မှုကြောင့် TVနံရံမှာအသုံးပြုထားတဲ့ သစ်ပါးလွှာရဲ့ အလှကပိုပြီးထင်းထင်းလင်းလင်း ဖြစ်သွားစေပါတယ်။ အရောင်တွေကိုလည်း အဝါရောင်ကို အားဖြည့်ပေးနိုင်မယ့် အရောင်တွေကိုထည့်သွင်းပေးခဲ့ပါတယ်။ လှုပ်ရှားနေတဲ့အဝါအရောင်ကို ငြိမ်သက်သွားစေဖို့ ထမင်းစားပွဲအပေါ်ကမျက်နှာကျက်မီးဆွဲလေးကိုအပြာနုလေးနဲ့ ပြန်ထိန်းခဲ့ပါတယ်။

 


ထမင်းစားပွဲဒီဇိုင်းကိုရေးဆွဲတဲ့အခါမှာလည်းမော်လ်ဒန်ဆန်တဲ့ မှန်စားပွဲကိုရွေးချယ်ခဲ့ပြီး Banquet Chair လို့ခေါ်တဲ့ နှစ်ယောက်ထိုင်ကုလားထိုင် အရှည်ကိုရေးဆွဲဖြစ်ခဲ့ပါတယ်။ တစ်ယောက်ထိုင်ဖြစ်တဲ့ ဆိုဖာလေးကိုရွေးချယ်တဲ့အခါမှာ Indoor out door နှစ်နေရာစလုံးမှာအသုံးပြုနိုင်တဲ့ ခုံအမျိုးအစားကိုရွေးချယ်လိုက်ပါတယ်။ ဧည့်ခန်းကကျဉ်းတဲ့အတွက် ထိုဆိုဖာတွေကိ်ု အပြင်ဝရန်တာမှာ ထားလို့ရတဲ့အပြင် ဧည့်သည်လာတဲ့အခါမှာလည်းဧည့်ခန်းထဲမှာထည့်သွင်းအသုံးပြုလို့ရစေရန်အတွက် ဖြစ်ပါတယ်။ အိမ်ရဲ့အဓိကကျတဲ့ Master Bedroom ကိုနံရံကပ် Fabric Panel တွေကိုသုံးထားပြီးဘေးနားမှာတော့ စာကြည့်စားပွဲလေးကိုထည့်သွင်းပေးထားခဲ့ပါတယ်။

 


အိမ်ရဲ့ ဒီဇိုင်းကိုထပ်ပြီးအားဖြည့်ပေးထားတာကတော့ နံရံတွေမှာချိတ်ဆွဲထားတဲ့ ဓါတ်ပုံလေးတွေပါပဲ။ ပထမတော့ သူငယ်ချင်းတွေ နေဖြစ်ရင် မိသားစုဓါတ်ပုံလေးတွေ ဖြစ်စေချင်ပေမယ့် မနေဖြစ်သေးတဲ့အခါမှာတော့ အိမ်နဲ့ လိုက်ဖက်မယ့် ဓါတ်ပုံတွေကိုရွေးချယ်ခဲ့ပါတယ်။ အိမ်ရဲ့အလှကိုလိုက်ဖက်သွားစေရန် နေကြာပန်းကိုရွေးချယ်ခဲ့ပြီးနေကြာပန်းတွေကို ရှု့ထောင့်အမျိုးမျိုးကနေရိုက်ကူးထားတဲ့ ပုံတွေ ဖြစ်ပါတယ်။

ကွန်ဒိုတိုက်ခန်းကို ပြင်ဆင်ပြီးတဲ့အခါမှာတော့ အိမ်ရဲ့ဒီဇိုင်းကငှားနေတဲ့သူတွေအတွက် သက်တောင့်သက်သာ ဖြစ်သွားတဲ့အပြင် စတိုင်ကျကျ နေထိုင်နိုင်တဲ့အတွက် ကျွန်တော်တို့ မှန်းထားတဲ့အတိုင်းငှားရမ်းခရရှိခဲ့ပါတယ်။ အဲဒီငှားရမ်းခနဲ့တင် ပြင်ဆင်စရိတ်တွေ ကြေသွားတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ခဲ့ပါတယ်။ Myanmar Home & Décor Magazine ပရိတ်သတ်ကြီး ကျေနပ်နှစ်သက်မိလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Project Name : GEMS Condo
Design and Management : Mopa Designs
Area: 780 SQft (2 Bedrooms Apartment)
Contractor : Ko Kyaw Win
M&E : New Gate Engineering Co., Ltd.
Furniutre: D2H
Photography: IMTM Photography

Copyright © Myanmar Home & Décor Magazine
For advertising – 09 9635 999 68

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


    ရန်ကုန်မြို့ပြရဲ့ မီးရောင်တွေထဲက မိုးလင်းမိုးချုပ်

    တည်းဖြတ်သူ Myanmar Home and Decoration
    ရေးသားသူ မှ
    August 29, 2017 နေ့
    ဆောင်းပါးများ ကဏ္ဍတွင်
    ထည့်သွင်းရေးသားခဲ့သည်။

    5
    ads

    ကျွန်မတို့ Myanmar Home & Décor Magazine အဖွဲ့သားတွေက အခုတလောလူငယ်တွေကြားထဲမှာရော online မှာပါနာမည်ကြီးနေတဲ့ မိုးလင်းမိုးချုပ်ဆိုတဲ့ဆိုင်လေးကိုသွားရောက်ခဲ့ကြပါတယ်။ ဒီဆိုင်ရဲ့ Decoration က ရန်ကုန်မှာမြင်လေ့မြင်ထမရှိတဲ့ပုံစံမျိုးလေးဖြစ်နေပြီး Interior Design ကလည်း စွဲဆောင်မှုရှိနေတဲ့အတွက် ဒီတစ်ခေါက်တော့ မိုးလင်းမိုးချုပ်လို့နာမည်ပေးထားတဲ့ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
    စာရေးသူကတော့ ဒီဆိုင်လေးကမတူတဲ့အရာတွေကိုတစ်နေရာတည်းမှာ ပေါင်းစပ်ဖန်တီးထားတယ်လို့ မြင်ပါတယ်။ ဆိုင်ထဲကိုရောက်ရောက်ချင်းမှာပဲ အလင်းနဲ့အမှောင်ကိုတွဲပြီးမြင်လိုက်ရတဲ့အတွက် မိုးလင်းမိုးချုပ် ဆိုတဲ့နာမည်လေးက ဒါ့ကြောင့်ပေးထားတာလားလို့တောင်ထင်ခဲ့မိပါတယ်။ ဆိုင်ရဲ့ဒီဇိုင်းတွေကိုတော့ အကုန် လုံးကစုပေါင်းစဉ်းစားဖန်တီးခဲ့ပြီး ရည်ရွယ်ချက်က ဓါတ်ပုံရိုက်ဝါသနာပါသူများအတွက်ဆိုတော့ တကယ်ကိုပဲ ရည်ရွယ်ချက်အထမြောက်ခဲ့တယ်လို့ထင်ပါတယ်။ ဒါ့အပြင် အရောင်သုံးထားတာနဲ့ပက်သက်ပြီးတော့လည်း စိတ်ဝင်စားမိတဲ့အတွက်မေးမြန်းကြည့်တဲ့အခါမှာ ဆိုင်ပိုင်ရှင်က ဆိုင်ထဲကို ဝင်လိုက်တဲ့အခါမှာ လွတ်လွတ်ကြီး ဖြစ်မနေပဲ အုံ့ဆိုင်းဆိုင်းလေးဖြစ်နေအောင် အရောင်ကိုအများကြီးမကစားထားပဲ ရွှေရောင်နဲ့အဖြူရောင်ကိုပဲ အဓိကထားသုံးထားတာဖြစ်တယ်လို့ သိရပါတယ်။ အရောင်စပ်ထားတာက လည်းမများတဲ့အတွက် မျက်စိအေး စေမှာသေချာပါတယ်။ ဆိုင်ထဲမှာအစိမ်းရောင်အပင်လေးတွေထားထားပေးတာကလည်း အမြင်ဆန်းစေမှာပါ။

    အလင်းရောင်များတဲ့ဘက်ရဲ့နံရံမှာတော့ သစ်ရွက်လေးတွေ၊ ပုရွတ်ဆိတ်လေးတွေကပ်နေတဲ့ပုံစံ ဖန် တီးထားပါတယ်။ ဒီလိုလေး နံရံမှာ ပုရွတ်ဆိတ်လေးတေ၊ွ သစ်ရွက်လေးတွေထားဖြစ်ခဲ့တာနဲ့ပက်သက်ပြီး စပ်စု ကြည့်လိုက်တော့ သိချင်တာလေးတွေသိခဲ့ရပါတယ်။ ဆိုင်ပိုုင်ရှင်က သံနဲ့လုပ်ထားတဲ့ပန်းပုလေးတွေကို နံရံနား မှာထားဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံကိုသွားရောက်ရှာခဲ့ပေမယ့် တကယ်တမ်းရောက်သွားတဲ့အခါမှာတော့ နံရံနဲ့ လိုက်ဖက်တဲ့ (အခုဆိုင်နံရံမှာအလှဆင်ထားတဲ့) ပုရွတ်ဆိတ်လေးတွေ၊ သစ်ရွက်လေးတွေကိုတွေ့ခဲ့ပြီး ဒါလေး တွေနဲ့ပဲအလှဆင်ဖို့ဖြစ်ခဲ့တယ်။အလှဆင်ထားတဲ့သစ်ရွက်နဲ့ပုရွတ်ဆိတ်လေးတွေက အသုံးပြုလို့မဖြစ်နိုင်တော့ တဲ့သံအတိုအစတွေကို recycle လုပ်ပြီးဖန်တီးထားတာဖြစ်တဲ့အကြောင်းကိုလည်း Myanmar Home & Décor Magazine ကိုပြောပြပါသေးတယ်။

    အလင်းနည်းတဲ့ဘက်ခြမ်းနံရံမှာတော့ စက်ဘီးလေးရှိပြီး အစားအသောက်ပုံလေးတွေနဲ့ပါအားဖြည့်ထား တာက ဆိုင်ထဲဝင်လာတာနဲ့ မျက်လုံးမလွှဲနိုင်လောက်အောင်ဆွဲဆောင်နေပါသေးတယ်။ ဒါ့ပြင် ဆိုင်ရဲ့အပြင်အ ဆင်၊ ဖန်တီးထားတဲ့ဒီဇိုင်းတွေကိုမြင်လိုက်တာနဲ့ ဆိုင်ရှင်ရဲ့အများနဲ့မတူတဲ့ ဆန်းသစ်တဲ့တွေးခေါ်မူတွေကို ခံစား မိစေမှာပါ။
    ဆိုင်ရဲ့ပဲ့ကိုင်ရှင်ကတော့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ Example အဖွဲ့မှ အဆိုတော်ဖြိုးမောင် မောင်ဖြစ်ပြီး တချိန်က တေးသီချင်းတွေကိုမြူးမြူးကြွကြွသီဆိုခဲ့တဲ့ အဆိုတော် ထိန်ဝင်းရဲ့ The Crown Construction & House Dressing Group အဖွဲ့မှ တာဝန်ယူအလှဆင်ပေးထားတာဖြစ်ပါတယ်။
    Copyright © Myanmar Home & Décor Magazine
    For advertising – 09 9635 999 68

    Download eBook version as a FREE!

    လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


      ads

      မက်စ်ဘိလပ်မြေမှ လျှပ်စစ်နှင့်ဆောက်လုပ်ရေးဆိုင်ရာပြပွဲဖြစ်သော Electric & Builders Myanmar 2017 ပြပွဲကြီးတွင် ပါဝင်ပြသလျက်ရှိသည်။ အဆိုပါ လျှပ်စစ်နှင့်ဆောက်လုပ်ရေးဆိုင်ရာပြပွဲကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ၂၀၁ရ ဩဂုတ်လ ၃ရက်မှ ၅ရက်အထိ သုံးရက်တိုင်တိုင် ပြသသွားမှာဖြစ်ကြောင်း သိရှိရသည်။ မက်စ်ဘိလပ်မြေမှ အဆောက်အဦတည်ဆောက်ရေးတွင် အရည်အသွေးမြင့် မြန်မာ့ဘိလပ်မြေအဖြစ် ဂုဏ်ယူစွာပြသလျက်ရှိသည်။
      #ElectricBuildersMyanmar2017 #mmhomedecor #maxcement #eventsmyanmar

      Download eBook version as a FREE!

      လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်