Month: ဇူလိုင် 2017

Baanlaesuan 2017 Midyear Fair ၏ စိတ်ဝင်စားစရာအကောင်းဆုံးသော ” Living With passion”

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မှ
ဇူလိုင် 20, 2017 နေ့
Promotion ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

Baanlaesuan 2017 Midyear Fair ၏ စိတ်ဝင်စားစရာအကောင်းဆုံးသော ” Living With passion”



“Living with Passion” ဆိုတဲ့ ခေါင်းစဉ်ဖြင့် Baanlaesuan 2017 Midyear Fair က လက်မူပညာ၊ အချက်အပြုတ်နည်းစနစ်၊ အမျိုးမျိုးသောစီးပွားရေးလုပ်ငန်းတွေနဲ့အတူ အရည်အသွေးမြင့်မားတဲ့ ဘဝလူနေမှုပုံစံတို့ကို ပိုင်ဆိုင်နိုင်ဖို့အတွက် အရေးပါတဲ့ပေါင်းကူးတံခါးတစ်ခုဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Bannlaesuan Midyear Fair ဟာတစ်နှစ်ထက်တစ်နှစ် ပိုမိုထူးခြားတဲ့ ပြခန်းများနဲ့အတူ နည်းပညာများကိုလည်း ဝေမျှပေးသွားမှာဖြစ်ပါတယ်။ Bannlaesuan Midyear Fair 2017 ကို ဇူလိုင် ၂၂ မှ ၃ဝ ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ BITEC Bang Na Convention and Exposition Center မှာ ကျင်းပမှာဖြစ်ပြီး ပြပွဲမှာ အိမ်အလှဆင်ပစ္စည်းများ၊ ပရိဘောဂဆိုင်များ၊ အလှဆိုက်သစ်ပင်ပန်းပင်များ၊ အိမ်အလှဆင်ဒီဇိုင်းပြခန်းများနှင့် အခြားသောဆိုင်ခန်းပေါင်းများစွာက စိတ်ဝင်စားဖို့ကောင်းတဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


အာဇာနည်ဗိမာန်၏ ဗိသုကာသမိုင်း – ဆရာဦးဆန်းဦး နှင့် တွေ့ဆုံခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မှ
ဇူလိုင် 19, 2017 နေ့
Promotion ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

အာဇာနည်ဗိမာန်၏ ဗိသုကာသမိုင်း – ဆရာဦးဆန်းဦး နှင့် တွေ့ဆုံခြင်း

မြန်မာ့လွတ်လပ်ရေး သမိုင်းကြောင်းမှာ မည်သည့်အခါမှ ဖျောက်ဖျက်၍မရနိုင်သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များကျဆုံးခဲ့သော ဇူလိုင်လ(၁၉)ရက်နေ့ကို အာဇာနည်နေ့ အဖြစ်သတ်မှတ်ခဲ့ကြပြီး ဂူဗိမာန်တည်ဆောက်ကာ ဂါရဝပြုခဲ့ကြပါသည်။ ထိုဂူဗိမာန်တည်ရှိရာနေရာကို အာဇာနည်ဗိမာန်ဟု ခေါ်ဝေါ်ခဲ့ကြသည်။ အာဇာနည်နေ့ ဖြစ်ပေါ် လာပုံကို အားလုံးသိရှိထားသည့်နည်းတူ အာဇာနည်ဗိမာန်၏ ဗိသုကာဒီဇိုင်းနှင့် အတူ ၎င်း၏ သမိုင်း ကြောင်းကိုလည်း ဗိသုကာပညာကို ချစ်မြတ်နိုးသော စာဖတ်ပရိသတ်တို့ သိချင်နေပေမည်။ ထို့ကြောင့် အာဇာနည်ဗိမာန်၏ သမိုင်းကြောင်းနှင့်အတူ ဗိသုကာဒီဇိုင်းဖြစ် ပေါ်လာသော အကြောင်းခြင်းရာများကို မျှဝေပေးနိုင်မည့် ဗိသုကာဆရာဦးဆန်းဦး ထံသို့ အပြေးအလွှားသွားရောက် မေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ ။ ဆရာရှင့် အာဇာနည်ဗိမာန်ရဲ့ ဗိသုကာ ဒီဇိုင်းနဲ့ ပက်သတ်ပြီးတော့ စာဖတ်ပရိသတ် ကို မျှဝေပေးချင်တဲ့ ဆန္ဒလေးဖြစ်လာတာနဲ့ ဆရာ့ ဆီအရောက်လာခဲ့တာပါ။ အာဇာနည် ဗိမာန် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းလေးကိုပြောပြပေးပါ ဆရာ။
ဖြေ။ အာဇာနည်ဗိမာန် အဆောက်ဦဟောင်းဟာ ၁၉၈၃ မှာ ဗုံးပေါက် ပျက်စီးခဲ့ပါတယ်။ ဒီ အာဇာနည်ဗိမာန်ကို အသစ်ပြန်လည်တည်ဆောက်ဖို့အတွက် ၁၉၈၄ ဖေဖော်ဝါရီလမှာ Concept ကို စတင်ခဲ့ပါတယ်။ ဧပြီမှာ ဒီဇိုင်းအတည်ပြုခဲ့ပြီး ဇူလိုင်လမှာတော့ ဗိသုကာအထူးဖွဲ့ဆိုပြီး ဖွဲ့စည်း ခဲ့ပါတယ်။ ဇူလိုင်မှ စက်တင်ဘာလအတွင်း Drawing တွေထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက် အောက်တိုဘာလမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ ၁၉၈၅ ဇူလိုင်လမှာ အခုလက်ရှိ အာဇာနည်ဗိမာန်ကို တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ဆရာတို့ ရေးဆွဲခဲ့တဲ ့ လက်ရှိ အဆောက်အဦရဲ့ သက်တမ်းက ၂၉နှစ်ရှိပြီပေါ့။ ဒီဇိုင်းရေးဆွဲတဲ့နေရာမှာ ဒီဇိုင်းထုတ်ဖို့ညွှန်ကြားခဲ့တဲ့ ဌာနရဲ့ လမ်းညွှန်မှုနဲ့ အဆောက်အဦဟာ ခေါင်မိုး၊ အကာအကွယ်မပါရဘူး။ ရင်ပြင်နဲ့ ဒီဇိုင်းဖြစ်ရမယ်။ ရှင်းလင်းတဲ့ ဒီဇိုင်းဖြစ်ရမယ်ဆိုတဲ့ အချက်တွေနဲ့ ရေးဆွဲပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီဇိုင်းမှာ ဘာမှ မပါရင်လည်းမကောင်းတာမို့ ဒီဇိုင်နာက နောက်ခံကားချပ်ရယ်၊ အလေးပြုတဲ့ ရင်ပြင်ရယ် ဖန်တီးပေးလိုက်ပါတယ်။ အဝင်လှေကားကနေတက်၊ ရင်ပြင်မှာ အလေးပြုပြီးတဲ့အခါ နောက်ခံကားချပ်ရဲ့ ဘေးတစ်ဖက်စီကနေ ဘယ်ညာခွဲပြီးဆင်းရတဲ့ ဒီဇိုင်းမျိုးရေးဆွဲခဲ့ပါတယ်။

မေး။ ။ အာဇာနည်ဗိမာန်အတွက် ဒီဇိုင်းအဖွဲ့မှာဆရာနဲ့အတူ ဘယ်သူတွေ ပါဝင်ခဲ့တယ် ဆိုတာလေးလည်း ပြောပေးပါဦးဆရာ။
ဖြေ။ ။ ဆရာအရှေ့မှာ ပြောခဲ့တဲ့အတိုင်းပါပဲ။ ဒီဇိုင်းရေးဆွဲဖို့အတွက်ကို ၁၉၈၄ ဇူလိုင်မှာ ရန်ကုန်စက်မှုတက္ကသိုလ်ဗိသုကာဌာန အာဇာနည်ဗိမာန်ပုံစံထုတ် အထူးဖွဲ့ဆိုပြီး တရားဝင် ဖွဲ့ပေးခဲ့ပါတယ်။ ဒီအဖွဲ့မှာအကြံပေး – ဦးအောင်ကြည်(ပါမောက္ခချုပ်)၊ လမ်းညွှန်ကြီးကြပ်သူ များအဖြစ်-ဒေါက်တာမောင်ကျော်(ပါမောက္ခ၊ဗိသုကာဌာန)၊ ဦးကျော်သိန်း(ကထိက၊ မြို့ပြအင်ဂျင်နီယာဌာန)၊ ဒေါက်တာလွင်အောင်(ကထိက၊ဗိသုကာဌာန)၊ ဦးလှမြင့်(ကထိက၊ ဗိသုကာဌာန) တို့ပါဝင်ပြီး နောက်ထပ် ဆရာဦးဆောင်ပါဝင်တဲ့ ဗိသုကာ၁၂ယောက်အဖွဲ့နဲ့ စုပေါင်း ဖန်တီးခဲ့ကြပါတယ်။ အခု ဆရာနဲ့ အတူရှိနေတဲ့ ဆရာဦးခင်မောင်လတ်လည်း အပါအဝင်ပေါ့။

မေး။ ။ အာဇာနည်ဗိမာန်အတွက် ဒီဇိုင်းဆွဲတဲ့အခါမှာ အချိန်ဘယ်လောက်ကြာမြင့်ခဲ့ပါသလဲ ဆရာ။
ဖြေ။ ။ ကြာမြင့်ချိန်အနေနဲ့ကတော့ ဒီဇိုင်းဆွဲတာ ၂လ၊ အဆောက်အဦဆောက်လုပ်တာ ၉လ စုစုပေါင်း ၁၁လ ဆရာတို့ အချိန်ယူခဲ့ရပါတယ်။

မေး။ ။ အာဇာနည်ဗိမာန်ရဲ့ ဗိသုကာဒီဇိုင်းမှာ အရေးပါတဲ့ Concept ကို သိခွင့်ပေးပါဦးဆရာ။
ဖြေ။ ။ အာဇာနည်ဗိမာန်ဆိုတာ အထိမ်းအမှတ်အဆောက်အဦဖြစ်တဲ့အတွက် သမိုင်းကို မော်ကွန်းတင်ကဗ္ဗည်းထိုးနိုင်မယ့် နောင်လာနောက်သားတွေမှတ်မိမယ့် ပုံစံ၊ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးများရဲ့ ဂုဏ်သိက္ခာတွေနဲ့ ညီတဲ့ ခန့်ညားမှုတည်ငြိမ်မှုတို့ကိုလည်း ထင်ဟပ်နေမယ့် ပုံစံ၊ ရေရှည်ခံတဲ့ Form လည်းဖြစ်ရမယ်ပေါ့။ အဲ့ဒါတွေအားလုံးကို ပေါင်းစပ်ပြီး concept ယူခဲ့တာဖြစ်ပါတယ်။

မေး။ ။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမာန်ကို ဖန်တီးပုံဖော်တဲ့နေရာမှာ ဆရာတို့အနေနဲ့ အထူးရည်ညွှန်းခဲ့ကြတာလေးတွေလည်း ပြောပြပါဆရာ။
ဖြေ။ ။အာဇာနည်ဗိမာန်ဟာ မြန်မာနိုင်ငံသမိုင်းအဖြစ်အပျက်ဖြစ်ခဲ့တဲ့အတွက် မြန်မာမှု မြန်မာ့ဟန်တွေထင်ဟပ်နိုင်စေဖို့ ဆရာတို့ကြိုးပမ်းခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်က မြန်မာပြည် ၁၉၄ဝ အင်္ဂလိ်ပ်လက်အောက် ကိုလိုနီခေတ်၊ နေရာကတော့ မြန်မာပြည်လည်းဖြစ်တယ်၊ ဒါ့ကြောင့် ပုဂံခေတ်၊ ကုန်းဘောင်ခေတ်ကဟန်တွေကို ထည့်ဖို့လည်းမဖြစ်၊ ကိုလိုနီဟန်လည်း မဖြစ်သင့်တဲ့အတွက် အမျိုးသားဟန်ကိုတိတိကျကျမဖော်ထုတ်ပဲ အပြောက်အမွှန်း (Decoration) နည်းပြီး အဖြူထည်အလှကိုဖော်ထုတ်ပြဖို့ ကြိုးပမ်းခဲ့ပါတယ်။ သင်္ကေတအနေနဲ့ ကြယ်ပွင့်တစ်ခုပဲ ရှိပါတယ်။ ဒီကြယ်ပွင့်ကတော့ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံအလံက ကြယ်ပွင့်ဖြူကို ယူထားတာ ဖြစ်ပါတယ်။ နိုင်ငံကိုကိုယ်စားပြု၊ ခေါင်းဆောင်ကြီးတွေကိုကိုယ်စားပြုပြီး ကြယ်ပွင့်ဖြူကို ထည့်ပါတယ်။ အပြောက်အမွှန်းမပါပေမယ့် မြန်မာ့ဗိသုကာလက်ရာရဲ့ အနှစ်သာရတွေကို ထည့်သွင်းဖွဲ့စည်းပေးထားပါတယ်။ ဥပမာ- မြန်မာ့ အထွဋ်အမြတ်ထားရာ အဆောက်အဦများရဲ့ ပန္နက်ဖွဲ့စည်းပုံကို အခြေခံထားပါတယ်။ စောင်းတန်းပုံစံ၊ ရင်ပြင်တော်ကို တက်တဲ့လှေကားတွေလိုပဲ လှေကားတွေကတဆင့်တက်ဖို့ စီစဉ်ထားတယ်၊ တန်ဆောင်းများနဲ့ စေတီများနှစ်ခုကြားရှိ ရင်ပြင်တော်ကဲ့သို့ ကွက်လပ်(သို့) ဗိသုကာဟင်းလင်းပြကို အလေးပြုရင်ပြင်အဖြစ် ဖွဲ့စည်းပေးထားတာမျိုးတွေ ထည့်သွင်းထားပါတယ်။ အပြောက်အမွှန်းဆိုတာက ခေတ်တစ်ခု ဒါမှမဟုတ် လူမျိုးတစ်မျိုး ဒါမှမဟုတ် အကြောင်းအရာကို ဖော်ညွှန်းတဲ့ ဒီဇိုင်းအခြေခံတွေဖြစ်ပါတယ်။ ဗိသုကာတွေ၊ interior ဒီဇိုင်နာတွေဟာ ဒီအပြောက်အမွှန်းကို သုံးခြင်းအားဖြင့် လိုချင်တဲ့ဖော်ပြချင်တဲ့ ဒီဇိုင်းအရသာကိုပေးစွမ်းနိုင်တယ်။ အသုံးပြုရလွယ်ကူတယ်။ အပြောက်အမွှန်းမပါပဲ လိုချင်တဲ့ ဒီဇိုင်းအရသာကို ပေးစွမ်းနိုင်ဖို့က ခက်ခဲပါတယ်။ အာဇာနည်ဗိမာန်မှာ ဘာအပြောက်အမွှန်းမှ မထည့်ပဲ လိုချင်တဲ့ ဒီဇိုင်းရသနဲ့ ခံစားမှုပေးစွမ်းနိုင်အောင် ဒီဇိုင်းအဖွဲ့က ကြိုးစားပုံထုတ်ခဲ့ပါတယ်။

မေး။ ။ အာဇာနည်ဗိမာန်အတွက် ဒီဇိုင်းစတင်ရေးဆွဲစဉ်က ထည့်သွင်းခဲ့ပေမယ့် တကယ်တမ်းမှာ မပါခဲ့တဲ့အစိတ်အပိုင်းတွေရောရှိပါသလားဆရာ။
ဖြေ။ ။ ဒီဇိုင်းစတင်ရေးဆွဲစဉ်က ဗိမာန်အဆောက်အဦတင်သာမကပဲ ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ ဝင်ထွက်သွားလာမှုတွေကိုပါ စဉ်းစားဖြေရှင်းပေးခဲ့ပါတယ်။ ဗိမာန်နောက်ကျော အရှေ့ဖက်အရပ်မှာရှိတဲ့ ကုန်းမြေကို အနည်းငယ်ဖဲ့ပြီး ရင်ပြင်ကြီးတစ်ခုတည်ဆောက်ရန် ပုံစံထုတ်ခဲ့ပါတယ်။ အဲ့ဒီရင်ပြင်မှာတော့ ကျဆုံးသွားတဲ့ခေါင်းဆောင်ကြီးတွေရဲ့ အထ္ထုပ္ပတိ္တတွေ၊ အတွေးအခေါ်တွေကိုပြသမယ့် ပြတိုက်တစ်ခု တည်ဆောက်ရန် နေရာချပေးခဲ့ပါတယ်။ ဒါပေမယ့် ယနေ့အထိ မဆောက်လုပ်ဖြစ်သေးပါဘူး။ ထိုနည်းတူစွာပဲ အဝင်လမ်းတလျှောက်နဲ့နားနေတဲ့ ရင်ပြင်အဝိုင်းပတ်ဝန်းကျင်မှာ ကျဆုံးခဲ့တဲ့ခေါင်းဆောင်ကြီးများရဲ့ရုပ်တု၊ သမိုင်းသရုပ်ဖော် ရုပ်ကြွတွေနဲ့ တန်ဆာဆင်မယ့် လူထုအဝင်ပန်းခြံတစ်ခုကိုလည်း Master Plan ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ ဒါလည်း မတည်ဆောက်ဖြစ်သေးပါဘူး။ ရင်ပြင်ပတ်ချာလည်မှာရှိတဲ့ ရင်တားလို့ခေါ်တဲ့ လက်ရန်းတွေမှာ ကျဆုံးခဲ့တဲ့ခေါင်းဆောင်ကြီးများရဲ့ အထ္ထုပ္ပတိ္တ¬နဲ့ မိန့်ခွန်းများကို ကဗ္ဗည်းထိုးနေရာ အဖြစ်ရည်ရွယ်ပုံ ထုတ်ပေးခဲ့ပါတယ်။ ဒါတွေကိုလည်း တစ်နေ့ဖြည့်စွက်ဖို့ စီစဉ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အာဇာနည်ဗိမာန် နှင့်ပက်သတ်၍ မျှဝေခွင့်ရနိုင်ရန်အချိန်ပေးဖြေကြားပေးခဲ့သော ဆရာဦးဆန်းဦး အား Myanmar Home & Decor ဝိုင်းတော်သားများမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

ရေး- မေတန်ခူး
(Myanmar Home & Decor / Volume – 3, Issue- 3/ July, 2014 မှပြန်လည်တင်ဆက်သည်။)

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


မိုးရာသီ အိမ်တွင်းအပြင်ပိုင်း ထိန်းသိမ်းနည်းများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
ဇူလိုင် 15, 2017 နေ့
Promotion ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

မိုးရာသီ အိမ်တွင်းအပြင်ပိုင်း ထိန်းသိမ်းနည်းများ
နွေဦးမိုးတွေအတွက်ကတော့ အိမ်တွင်းကို သိပ်ပြီးထိန်းသိမ်းပေးစရာမလိုအပ်ပေမယ့် မိုးတွင်းမှာရွာတဲ့မိုး ကတော့ အိမ်တွင်း အိမ်ပြင် ၂ ခုစလုံးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီး ထိန်းသိမ်းပေးရန် လိုအပ်ပါတယ်။ နွေရာသီကုန်ခါနီးရောက်တာနဲ့ မိုးတွင်းအတွက်ကြိုပြီး စတင်ပြင်ဆင်သင့်ပါတယ်။ ဒါမှသာ မိုးတွင်း မိုးရွာသွန်းမှု ပြင်းထန်ခြင်းကြောင့် အိမ်အတွင်းအပြင်ပျက်ဆီးမှုကို နည်းနိုင်သမျှနည်းအောင် ကြိုတင်ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • အိမ်အပြင်ပိုင်း အတွက်ထိန်းသိမ်းစောင့်ရှောက်ခြင်း။ တစ်နှစ်တာလုံးအတွက် မေလနဲ့ဇွန်လကတော့ မိုးရေချိန်အမြင့်ဆုံးလတွေ ဖြစ်ပါတယ်။ မိုးရွာသွန်းမှုများတဲ့လ တွေ မရောက်ခင် ဧပြီလကတည်းကစပြီး မေလမှာ မိုးရွာလာတာနဲ့ အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ရန် လိုအပ်ပါတယ်။
  •  မြက်ခင်းပြင် ပျက်ဆီးမှုကို သတိပြုပါ။ အိမ်ဘေးနားက နေရာလပ်တွေမှာ မိုးရေတွေ မဝပ်အောင်ပြင်ဆင်ပါ။ ရေနှုတ်မြောင်းတွေ ရေစီးရေလာကောင်းအောင်ပြုလုပ်ပါ။ ဒါမှမြက်ခင်းပြင်တွေက လိုအပ်တဲ့မိုးရေပမာဏကို ကောင်းစွာရရှိနိုင်မှာ ဖြစ်ပါတယ်။ ရေဝပ်များပါက မြက်တွေ အပင်တွေ ကြီးထွားမှုနှုန်းကို ထိခိုက်စေနိုင်ပါတယ်။
  • ရေတံလျောက်တွေကိုစစ်ဆေးပါ။ တကယ်လို့ ရေတလျောက်က ရေကောင်းစွာ နည်းမှန်လမ်းမှန် မစီးဆင်းဘူးဆိုရင် အဆင်မပြေမှုများစွာကို ဖြစ်ပေါ်စေမှာပါ။ ရေယိုခြင်း၊ ရေတိုက်စားခြင်းကြောင့် အောက်ကအုတ်မြစ်တွေ ပျက်ဆီးနိုင်ပါတယ်။ မိုးမရွာခင် ရေတံလျောက်အတွင်း သစ်ရွက်များ၊ အမှိုက်များပိတ်မနေအောင် လှေကားနဲ့တက်ကြည့်ပြီး သေချာစစ်ဆေးထားသင့်ပါတယ်။
  • ပက်လက်ကုလားထိုင်များ၊ ထိုင်ခုံများကို ဆေးကြောပေးပါ။ ဆောင်းတွင်းတစ်တွင်းလုံး အသုံးပြုထားတဲ့အတွက် ခုံတွေမှာကပ်ညှိနေတဲ့ အညစ်အကြေးတွေအတွက် နွေရာသီမကုန်ခင်မှာ သန့်ရှင်းရေးပြန်လုပ်ပေးပါ။ နေသာတဲ့နေ့ တနေ့ကိုရွေးပြီး မိုးတွင်းမိုးမရွာခင် ဆေးကြော သန့်စင်ပေးပါ။
  • ခေါင်မိုးလုံ မလုံ စစ်ဆေးပါ။ ခေါင်မိုးမှာ မိုးယိုနိုင်မယ့် အပေါက်ငယ်တွေ ရှိမရှိ စစ်ဆေးပါ။ မိုးရွာမှဆိုရင် မိုးရေတွေယိုပြီး ပျက်ဆီးမှုဖြစ်နိုင်ပါတယ်။ လိုအပ်ပါက အိမ်ပြင်သူများကိုခေါ်ပြီး လိုအပ်တဲ့နေရာအကုန် ပြင်ဆင်ပေးပါ။
  • လူသွား စင်္ကြီလမ်းတွေကို စစ်ဆေးပေးပါ။ ကွန်ကရစ်ခင်းထားတဲ့လမ်းတွေမှာ အက်ရာတွေ ရှိမရှိ ကြည့်ရှုပြီး အက်ရာ ပဲ့ရာများနေပါက ဖာထေးပေးပါ။ လမ်းပေါ်ရေမဝပ်နိုင်အောင် သေချာပြင်ဆင်ပေးပါ။ အပေါက်များဖြစ်နေပါက မိုးမရွာမီ ကြိုတင်ဖာထေး ပြုပြင်ပေးပါ။အခုဆိုရင် မိုးတွင်းမှာ အိမ်အပြင်ပိုင်းကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာ သိသွားပြီဖြစ်လို ့စာဖတ်ပရိတ်သတ်ကြီးပျော်ရွှင်တဲ့ မိုးရာသီနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါပြီ။

Ref; mymilestone , Photo – internet


လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်