၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
ဖေ‌ဖော်ဝါရီ 11, 2021 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

၂၀၂၁ခုနှစ် တရုတ်ရိုးရာနှစ်သစ်အခါသမယက ဖေဖော်ဝါရီလာ ၁၂ရက်မှာ အစပြုပါတယ်။ ၂၀၂၁ခုနှစ် ကို ကိုယ်စားပြုတဲ့ရာသီခွင်အကောင်ကတော့နွားဖြစ်ပြီး သတ္တုဓာတ်စိုးမိုးပါတယ်။
ကသောင်းကနင်းနိုင်လှတဲ့အခက်အခဲပေါင်းစုံနဲ့ ၂၀၂၀ပြည့်နှစ်ကို လွန်မြောက်ပြီးတာနဲ့ လာမယ့် ၂၀၂၁ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုတွေ ဟန်ချက်ညီစွာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

၂၀၂၀ပြည့်နှစ်ရဲ့ COVID-19 ကပ်ရောဂါဆိုးကြောင့် ထိခိုက်ပြိုလဲမှုတွေ၊ အမျိုးမျိုးသောကျပ်တည်း ရုန်းကန်ရမှုတွေ၊ အထင်အမြင်လွဲမှားမှုတွေနဲ့ အထွေထွေစီးပွားရေးအခက်အခဲတွေကနေ ပြန်လည်ရုန်းထွက် လာနိုင်ပြီး တိုးတက်မှုတွေပြန်လည်တည်ဆောက်နိုင်မယ့်နှစ်ကို ရောက်လာတော့မှာပါ။
တရုတ်ရိုးရာ ၁၂ရာသီခွင်မှာဆိုရင်လည်း နွားနှစ်က ဒုတိယမြောက်နှစ်ဖြစ်ပြီး ကြွက်နှစ်နောက်က လိုက်တဲ့နှစ်ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ရိုးရာဗေဒင်ပညာရှင်တွေကလည်း နွားနှစ်ကို ရာသီခွင်ရဲ့ ၁၂နှစ်တာ စက်ဝန်းအသစ်အစပြုပြီးချိန် ပြန်လည်တည်ဆောက်မှုနှစ်ရဲ့ပိုင်ရှင်လို့လည်း သတ်မှတ်ကြပါတယ်။
၂၀၂၀ပြည့်နှစ်၊ ကြွက်နှစ်မှာတော့ အမေရိကန်၊ တရုတ်၊ ဂျပန်တို့လိုမျိုး အင်အားကြီးနိုင်ငံတွေမှာတောင် ကပ်ရောဂါနဲ့ စီးပွားရေးအကျပ်အတည်းတွေရဲ့ ရိုက်ခတ်မှုဒဏ်ခံခဲ့ရတဲ့အပြင် သဘာဝဘေးအန္တရာယ်တွေလည်း မကြာခဏဆိုသလိုကြုံတွေ့ထားခဲ့ရတဲ့ မှတ်မှတ်ရရနှစ်တစ်နှစ်လို့ဆိုရမှာပါ။ ဒါပေမယ့် အခုရောက်လာမယ့် ၂၀၂၁ခုနှစ် နွားနှစ်ကတော့ စီးပွားရေးလုပ်ငန်းတွေပြန်တည်ဆောက်နိုင်မယ့်နှစ်ဖြစ်သလို အရာခပ်သိမ်းမှာ စိတ် အားတက်ဖွယ်ဖြစ်စေမယ့် နှစ်လည်းဖြစ်ပါတယ်။


နွားနှစ်ထဲမှာ အိမ်ရာတည်ဆောက်ရေးလုပ်ငန်းတွေ၊ အစားအစာရဲ့အရေးပါတဲ့အရင်းအမြစ်ဖြစ်တဲ့ စိုက် ပျိုးရေးလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်မှုတွေကို ပိုပြီးဖိဖိစီးစီးလုပ်ကိုင်ဆောင် ရွက်သင့်ပါတယ်။ ယင် (Yin) သဘောဆောင်တဲ့နှစ်ဖြစ်ပြီး မိမိကိုယ်ကိုနားလည်မှု၊ အထင်ကြီးလေးစားမှုနဲ့ နွေး ထွေးတဲ့စိတ်ခံစားချက်တို့ ပီပီပြင်ပြင်ရှိနေပါလိမ့်မယ်။ မိမိရဲ့ကိုယ်ပိုင်ဘဝမှာ အချိန်ပိုပြီးနှစ်မြှုပ်ထားသလို မိ သားစုဝင်တွေနဲ့လည်း ဆက်ဆံရေးပိုအားကောင်းစေတဲ့နှစ်လို့လည်း ဆိုနိုင်ပါတယ်။
မိမိရဲ့အတွင်းစိတ်နေစိတ်ထားအတိုင်း အချိတ်အဆက်မိနေမှာဖြစ်သလို လူတွေ၊ အရင်းနှီးဆုံးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ တန်ဖိုး၊ ဟန်ချက်ညီမျှမှုနဲ့ ချစ်ခြင်းမေတ္တာတရားတွေကိုလည်း ရှာဖွေတွေ့ရှိကာ အပြန်အလှန် ဆက်ဆံရေးကောင်းမွန်နေမှာဖြစ်ပါတယ်။

နွား (သတ္တု)နှစ်မှာကြုံရမယ့် ကံတရား
မျောက်နှစ်ဖွားတွေအနေနဲ့ကတော့ အရင်နှစ်တွေမှာ သူတို့ရဲ့ကြိုးပမ်းအားထုတ်ထားမှုတွေ၊ ဇွဲလုံ့လ ရှိမှုတွေရဲ့ အသီးအပွင့်တွေကို ဆုအနေနဲ့ရရှိနိုင်မှာဖြစ်သလို အထူးသဖြင့် ငွေရေးကြေးရေးရော၊ ချစ်ရေးချစ်ရာ မေတ္တာရေးမှာပါ အထူးကံပွင့်သူတွေဖြစ်လာပါလိမ့်မယ်။
နွားနဲ့ဆိတ်ကြားက တိုက်ရိုက်အတိုက်အခိုက်ကြောင့် ဆိတ်နှစ်ဖွားတွေအတွက်ကတော့ ကံကောင်းမှု တွေနဲ့ လွဲချော်နေဦးမယ့်နှစ်ဖြစ်ပါတယ်။ အဆိုပါနှစ်ဖွားတွေအတွက်ကတော့ မသေချာမရေရာတဲ့ အခြေအနေ တွေကြုံတွေ့ရဖွယ်ရှိပြီး အိမ်ပြောင်းရွှေ့ရမှု၊ လုပ်ငန်းနေရာပြောင်းရွှေ့ရမှု၊ မတော်တဆထိခိုက်မှုတွေနဲ့ မနှစ်မြို့ ဖွယ်ရာပြောင်းလဲမှုတွေ ကြုံကြိုက်ရဖွယ်ရှိနေတဲ့နှစ်ဖြစ်ပါတယ်။

မိတ်ဖက်ရန်ဖက်
၂၀၂၁ခုနှစ်ရဲ့ မိတ်ဖက်နှစ်ဖွားတွေကတော့ မြွေနှစ်၊ ကြက်နှစ်၊ ကြွက်နှစ်တို့ ဖြစ်ပြီး ရန်ဖက်နှစ်ဖွားတွေကတော့ ဆိတ်နှစ်၊ နဂါးနှစ်၊ မြင်းနှစ်နဲ့ ခွေးနှစ်တို့ဖြစ်ကြပါတယ်။
အရောင်
ဖုန်းရွှေပညာအရ ၂၀၂၁ခုနှစ်ရဲ့ကံပွင့်စေမယ့်အရောင်တွေကတော့ သတ္တုဆန်တဲ့မီးခိုးရောင်နဲ့ ပင်လယ် ပြာရောင်တို့ဖြစ်ပါတယ်။
ကိန်းဂဏန်း
၂၀၂၁ခုနှစ်မှာ လာဘ်ကောင်းစေမယ့် ကိန်းဂဏန်းတွေကတော့ ၅၊ ရ၊ ၁၆၊ ၂၃ နဲ့ ၈၁တို့ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ်ရဲ့ သတ္တုဓာတ်လွှမ်းမိုးမှု
သတ္တုဆိုတာက တန်ဖိုးအကြီးမားဆုံးဖုန်းရွှေဒြပ်လည်းဖြစ်ပါတယ်။ ရှေးခေတ်တွေမှာ သတ္တုကို လူချမ်း သာတွေရဲ့အိမ်တွေမှာသာ တွေ့ရှိနိုင်တာဖြစ်ပါတယ်။ ဖုန်းရွှေပညာအရ သတ္တုကလွှမ်းမိုးမှုအင်အားကြီးမားပြီး ကံမကောင်းမှုတွေကို တန်ပြန်ခြေမှုန်းပေးနိုင်ပါတယ်။

မိမိအိမ်ထဲမှာ သတ္တုဖုန်းရွှေဒြပ်ကို ဘယ်လိုရှာဖွေနိုင်မလဲ
တည်ငြိမ်သော မော်ဒန်ခေတ် သို့မဟုတ် ခေတ်ဟောင်းသတ္တုပစ္စည်းများ- လင်ပန်းများ၊ အလှပန်းအိုးများ၊ ဖယောင်းတိုင်ဒေါက်၊ မုန့်ပန်းကန်ပြား၊ သစ်သီးပန်းကန်လုံးနှင့် ရုပ်တုများ။
ရွေ့လျားသတ္တုပစ္စည်းများ- သတ္တုဆည်းလည်း၊ ခေါင်းလောင်း၊ မောင်း၊ တိဘက်သတ္တုပန်းကန်လုံး၊ လည် ပတ်နေသည့်စက်ပစ္စည်းများ။

ဖုန်းရွှေသတ္တုဒြပ်ရှိခြင်းရဲ့ ကောင်းကျိုးတွေက ဘာလဲ

  • သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေပြီး ကျန်းမာရေးကောင်းစေပါတယ်။
  • လူမှုဆက်ဆံရေး ပိုကောင်းလာစေပါတယ်။
  • ကိုယ်အလေးချိန်လျှော့ချဖို့မှာလည်း ပိုပြီးအောင်မြင်ထိရောက်စေနိုင်ပါတယ်။
  • သားသမီးရတနာရဖို့ အခွင့်အလမ်းပိုကောင်းစေပါတယ်။
  • ငွေကြေးအကုန်အကျများတာတွေနဲ့ ကံဆိုးမှုတွေကို တားဆီးပေးနိုင်ပါတယ်။
  • အနာဂတ်က အလှမ်းဝေးကွာနေတဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဆောင်ကြဉ်းပေးလာနိုင်ပါတယ်။
    ဖုန်းရွှေပညာအရ ဧည့်ခန်း၊ ရုံးခန်းနဲ့ အိပ်ခန်းတွေမှာ ပရိဘောဂနဲ့ပစ္စည်းအမျိုးမျိုးကိုနေရာချတဲ့အခါ ကံကောင်းမှုကိုဆောင်ကြဉ်းပေးတဲ့ ကောင်းမွန်တဲ့စွမ်းအင်တွေကို ဆောင်ကြဉ်းပေးနိုင်သလို အထားအသို မမှန်ကန်ခဲ့ရင်းလည်း ကံကောင်းမှုတွေကို ပိတ်ဆို့တားဆီးထားသလိုလည်း ဖြစ်စေနိုင်ပါတယ်။
  • လက်ရှိအချစ်ရေးမေတ္တာရေးကို ရှင်သန်နွေးထွေးစေလိုတဲ့အခါ ဒါမှမဟုတ် ဖူးစာဆုံလိုတဲ့အခါ သင်ရဲ့အိပ်ခန်း ထဲမှာ သေးငယ်လှပတဲ့စင်လေးတစ်ခုပေါ် ဟင်္သာငှက်ရုပ်တွေပါတဲ့ရုပ်တု သို့မဟုတ် ဂျိုးငှက်မောင်နှံရုပ်တုကို ထားရှိပါ။ ပြီးရင် သင်တို့ချစ်သူနှစ်ဦးတွဲရိုက်ထားတဲ့ ဓာတ်ပုံဘောင်လေးတစ်ခုကိုပါတင်ထားပြီး နှင်းဆီပန်းအိုး တစ်အိုးနဲ့ ရနံသင်းဖယောင်းတိုင်တွေထွန်းပေးထားပါ။


  • ကနွှးမာရေးကောငွးလိုတဲ့အခါမှာတော့ အခနွးထောငွ့ခှိုးတစခွုမှာ ဝါးပငထွားရှိပှီး သကရွှညကွနွှးမာမှုရဲ့ပှယုဂွ ဖှစတွဲ့ လိပပွုံစံရုပတွုလေးကို ထားရှိပေးပါ။ ဒါမှမဟုတွ ရောဂါဘယတှနေဲ့ မကောငွးတဲ့စှမွးအငတွှကေို မောငွး ထုတပွေးတယလွို့ဆိုတဲ့ ဘူးသီးပုံရုပတွုလေး ထားပေးပါ။

    ငွေဝင်လာဘ်ရွှင်ချင်တဲ့အခါ၊ အလုပ်အကိုင်တွေတိုးတက်ကြီးပွားလိုတဲ့အခါ သင့်ရုံးခန်း၊ အလုပ်ခန်းရဲ့ထောင့် ချိုးမှာ ခရမ်းစွဲကျောက်နဲ့ပြုလုပ်တဲ့ သစ်ပင်တစ်ခု၊ ပါးစပ်မှာငွေကိုက်ချီထားတဲ့ လိပ်ရုပ် သို့မဟုတ် ရွှေကြက်ဖရုပ် ကို ထားရှိပေးပါ။ သင်ရဲ့အလုပ်စားပွဲပေါ်မှာ သန့်ရှင်းကြည်လင်တဲ့ရေကို ပန်းကန်လုံးတစ်ခုနဲ့ထည့်ပြီး အမြဲ ထားရှိပေးမယ်ဆိုရင်လည်း အည့ံအဖျင်းတွေကိုဖမ်းဆီးပေးထားပြီး သင်ရဲ့လုပ်ကိုင်ကြံဆမှုစွမ်းရည်ကို တိုးတက် ကောင်းမွန်စေပါတယ်။


ဆက်စပ်ဆောင်းပါးများ

၂၀၂၁ မှာ စီးပွားကောင်းစေဖို့

၂၀၂၁ မှာ စီးပွားကောင်းစေဖို့

အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း

အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း

ဖုန်းရွှေနှင့် မီးဆိုင်းအကြောင်း သိမှတ်သားဖွယ် (၈) ချက်

ဖုန်းရွှေနှင့် မီးဆိုင်းအကြောင်း သိမှတ်သားဖွယ် (၈) ချက်

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၂)

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၂)