၂၀၂၀ ခုနှစ်အတွက် ရာသီခွင်အလိုက် ရုံးအသုံးအဆောင်ဖုန်းရွှေ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
March 4, 2020 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

မိမိရဲ့ ရာသီခွင် အကောင်ပေါ်လိုက်ပြီးတော့လည်း ရုံးအသုံးအဆောင်တွေကို အသုံးပြုပေးနိုင်ပါတယ်။ ဥပမာ ကြွက်၊ မျောက်နဲ့ နဂါးတို့လို သတ္တဝါတွေဟာ ရေဒြပ်စင် ၅ မျိုးထဲတွင် ပါဝင်ပြီး သတ္ထုဟာ ရေနဲ့ ဆက်စပ်နေတာကြောင့် ရုံးစားပွဲမှာ သတ္ထု အသုံးအဆောင်တွေ ထားပေးသင့်ပါတယ်။


ကျား၊ မြင်းနဲ့ ခွေးတို့ဟာ မီးဒြပ်စင် ၅ မျိုးထဲတွင် ပါဝင်ပြီး မီးနဲ့ ဆက်စပ်နေမှုဟာ သစ်သားဖြစ်တာကြောင့် သစ်သားအသုံးအဆောင် သို့ မဟုတ် သစ်ပင်မျိုးကို ထားပေးသင့်ပါတယ်။


ဝက်၊ သိုးနဲ့ ယုန်တို့ဟာ သစ်သားဒြပ်စင် ၅ မျိုးထဲတွင် ပါဝင်ပြီး ရေဟာ သစ်သားကို ဖြစ်စေတာကြောင့် ရေနေအပင်မျိုးကို ရုံးစားပွဲမှာ ထားသင့်ပါတယ်။


မြွေ၊ ကြက်ဖနဲ့ နွားတို့ဟာ သတ္ထုဒြပ်စင် ၅ မျိုးထဲတွင် ပါဝင်ပြီး မြေကြီးဟာ သတ္ထုဒြပ်စင်နဲ့ ဆက်ဆိုင်နေမှုကြောင့် အဝါရောင်၊ အညိုရောင် သို့မဟုတ် အဝါဖျော့ရောင် ရှိတဲ့ နဂါးမျက်လုံးသီး (တရုတ်ဆီးသီး) တို့လို အရာမျိုး သို့မဟုတ် မြေကြီးထည့်စိုက်ရတဲ့ အပင်မျိုးကို ရုံးမှာထားသင့်ပါတယ်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ရုံးခန်းဖုန်းရွှေ

ရုံးခန်းဖုန်းရွှေ

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်