ေၾကာင္ခ်စ္သူတို႔အတြက္ခ်စ္စရာအိမ္ခန္းေလး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
August 4, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

            ဒီအိမ္ခန္းေလးကေၾကာင္ခ်စ္သူတို႔အတြက္ သူတို႔ရဲ႕ခ်စ္စရာေၾကာင္ေလးေတြနဲ႔အတူသန္႔ရွင္းလွပစြာေနထိုင္ေစဖို႔ ျပင္ဆင္ဖန္တီးေပးထားတဲ့ အခန္းေလးပဲျဖစ္ပါတယ္။

            ရိုးရွင္းသပ္ရပ္သန္႔ရွင္းမႈကိုအေျခခံထားၿပီး ေလ၀င္ေလထြက္ေကာင္းေကာင္းနဲ႔ က်ယ္၀န္းတဲ့အခန္းေတြအျဖစ္ ဖန္တီးေပးထားတာျဖစ္ပါတယ္။

            ေၾကာင္ခ်စ္သူအိမ္ခန္းပိုင္ရွင္ေတြကမလိုအပ္တဲ့ပစၥည္းေတြကိုဖယ္ရွားၿပီးအသံုးျပဳဖို႔တကယ့္ကိုလိုအပ္တဲ့ အရာေတြကိုသာအိပ္ခန္းထဲမွာထည့္သြင္းထားရွိဖို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။ ေၾကာင္ခ်စ္သူေတြျဖစ္သလိုေၾကာင္ကေဖးဆိုင္ ေလးကိုပါဖြင့္လွစ္ထားသူေတြျဖစ္ပါတယ္။ ဒီေတာ့ သူတို႔ရဲ႕တိုက္ခန္းေလးမွာလည္းေၾကာင္ေလးေတြနဲ႔အတူေနထိုင္ဖို႔ ဆံုး ျဖတ္ခဲ့ၿပီးေၾကာင္ေလးေတြနဲ႔ပတ္သက္လို႔ အစစအရာရာရွင္းလင္းထိန္းသိမ္းရလြယ္ကူေစမယ့္အျပင္အဆင္မ်ဳိးေရြးခ်ယ္ ထားခဲ့ၾကတာျဖစ္ပါတယ္။


Who lives here: A young couple and their two cats
Location: Bendemeer Road
Size: 93 square metres (1,001 square feet)
Project duration: 9 weeks

            ပထမဆံုးအေနနဲ႔ တိုက္ခန္းကို ပိုၿပီးက်ယ္၀န္းၿပီး သဘာ၀အလင္းေရာင္ပိုရေစဖို႔ နံရံတခ်ဳိ႕ကိုဖယ္ရွားခဲ့ပါတယ္။ မီးဖိုခန္းနံရံကိုၿဖိဳခ်ခဲ့ၿပီးဧည့္ခန္းနဲ႔ မီးဖိုခန္းကိုအတားအဆီးမရွိေခ်ာေမြ႕စြာ၀င္ထြက္သြားလာႏိုင္ေစဖို႔ ျပဳျပင္ထားခဲ့ပါတယ္။ ေၾကာင္ေလးေတြကိုထားတဲ့အခန္းကနံရံကိုလည္းဖယ္ရွားခဲ့ၿပီးနံရံအစားသတၱဳေဘာင္ခတ္ထားတဲ့မွန္နံရံေတြကိုအစားထိုးတပ္ဆင္လိုက္ကာအခန္းထဲကေၾကာင္ေလးေတြရဲ႕ လႈပ္ရွားသြားလာမႈေတြကိုဧည့္ခန္းထဲကေရာ၊ မီးဖိုခန္းထဲကေနပါ လြယ္လင့္တကူ ၾကည့္ရႈျမင္ေတြ႕ေနရမွာျဖစ္ပါတယ္။

အေရာင္ၿငိမ္ေစဖို႔အတြက္ ေၾကြျပားအသံုးျပဳတဲ့ေနရာမွာအျဖဴေရာင္ကိုအသံုးျပဳထားၿပီးမီးဖိုခန္း၊ ေရခ်ဳိးခန္းေတြ မွာတပ္ဆင္ထားေပးပါတယ္။ အေရာင္ကိုသိမ္ေမြ႕ေစဖို႔ရာအတြက္ အသံုးျပဳထားတဲ့ ပရိေဘာဂေတြမွာ အေရာင္ေဖ်ာ့ေလးေတြ၊ သစ္သားထည္ ၾကမ္းခင္းေတြမွာ သစ္သားေဖ်ာ့ေရာင္ေလးေတြကိုပဲ အသံုးျပဳထားပါတယ္။ မီးခိုးေဖ်ာ့ေရာင္အသံုးအေဆာင္ေလးေတြအ ျပင္ အေရာင္ကြဲတြဲစပ္မႈအျဖစ္ အနက္ေရာင္လိုင္းကြပ္ေလးေတြ ခပ္ပါးပါးေလးထည့္ၿပီးသံုးေပးထားပါတယ္။ထမင္းစားပြဲေနရာမွာလည္း တစ္ဖက္မွာ သစ္သားခံုတန္းရွည္ကိုထားရွိၿပီး က်န္တစ္ဖက္မွာေတာ့ ဆိုဖာထိုင္ခံုေလးႏွစ္ခုကို အသံုးျပဳထားကာ ေနရာထိုင္ခင္းေလးကို အျမင္ေခ်ာေမြ႕ႏူးညံ့ေစၿပီး ထမင္းစာခ်ိန္တိုင္းမွာ သက္ေသာင့္သက္သာရွိေစဖို႔ ဖန္တီးေပးထားပါတယ္။ ထမင္းစားပြဲရဲ႕ အေပၚမ်က္ႏွာၾကက္မွာေတာ့ ေထာင့္ခၽြန္းပံုစံေတြနဲ႔ မီးအုပ္ဆိုင္းေလးေတြ ခ်ိတ္ဆြဲခ်ထားပါတယ္။

ထမင္းစားပြဲေနရာရဲ႕ တစ္ဖက္ျခမ္းမွာ စားပြဲခံုရွည္ေလးတစ္ခုထားရွိၿပီး ဒီစားပြဲခံုရွည္ေလးရဲ႕ ခံုေျခေထာက္ေတြကလည္း ထမင္းစားပြဲခံုေျခေထာက္ေတြနဲ႔ ဆင္တူတဲ့ပံုစံကို သံုးေပးထားပါတယ္။ စားပြဲခံုရွည္ေပၚမွာ စတိဗ္ေဂ်ာ့ဘ္ပံုတူပန္းခ်ီတစ္ခ်ပ္ကို ေထာင္လ်က္ထားရွိၿပီး ပန္းအိုးေလးေတြနဲ႔ အလွဆင္ထားပါတယ္။ အခန္းပိုင္ရွင္က စတိဗ္ေဂ်ာ့ဘ္ကုိေလးစားအားက်သူလည္းျဖစ္ၿပီးသူ႔အိပ္ရာေဘးကစားပြဲမွာလည္းစတိဗ္ေဂ်ာ့အတၳဳပတၱိစာအုပ္ေလးကိုလည္းထားရွိထားပါတယ္။

စားပြဲခံုရွည္ေလးရဲ႕အေပၚနံရံမွာေတာ့ သတၱဳေခ်ာင္းေတြနဲ႔ျပဳလုပ္ထားတဲ့ ဂ်ီၾသေမႀတီကြက္ပံုစံဒီဇိုင္းနဲ႔အလွဆင္ ထားပါတယ္။ ဧည့္ခန္းေနရာမွာလည္းဂ်ီၾသေမႀတီပံုစံအေသးစိတ္ေလးအလွဆင္မႈေလးေတြထည့္သြင္းထားတဲ့အျပင္ ေအးျမတဲ့ အသြင္မ်ဳိးေလးျဖစ္ေအာင္ ဖန္တီးထားပါတယ္။ လန္းဆန္းတဲ့အေငြ႕အသက္ေလးရေစဖို႔ကိုလည္းပန္းအိုးနဲ႔ စိုက္ပ်ဳိးထားတဲ့အရြက္ဖားအိမ္တြင္းအလွဆင္ အပင္ေလးကိုလည္း ရုပ္ျမင္သံၾကားစက္ ထားရွိရာေဘးနားမွာ ေနရာခ်ထားပါတယ္။

တတိယအိပ္ခန္းကေတာ့ ေၾကာင္ေလးေတြကို ေပးေနထားတဲ့အခန္းေလးျဖစ္ပါတယ္။ အခန္းပိုင္ရွင္ေတြက အ ခန္းဖြဲ႕စည္းပံုအျပင္အဆင္နဲ႔ပတ္သက္ၿပီး ဒီဇိုင္နာေတြကို အားလံုးစိတ္ႀကိဳက္လုပ္ေဆာင္ခြင့္ေပးထားေပမယ့္ ေၾကာင္ေလးေတြရဲ႕အခန္းကိုေတာ့ သူတို႔ကိုယ္တိုင္အႀကံေပးၿပီး ျပဳလုပ္ေစခဲ့တာပါ။ သူတို႔ေၾကာင္ေလးေတြရဲ႕အမူအက်င့္ေလးေတြကို သူတို႔ကသာရင္းႏွီးကၽြမ္း၀င္ၿပီးသားမို႔ ေၾကာင္ေလးေတြရဲ႕အခန္းကိုေတာ့ သူတို႔ကိုယ္တိုင္ပဲ စီမံကြပ္ကဲခဲ့တာျဖစ္ပါတယ္။

ေၾကာင္ေလးေတြရဲ႕ေလွ်ာက္လမ္းကိုအဆင့္ဆင့္ျပဳလုပ္ေပးထားပါတယ္။ တိုင္ေတြ၊ အခင္းေတြအားလံုးကိုကုတ္ ျခစ္ဒဏ္ခံႏိုင္တဲ့ ႏိုင္လြန္ဖ်င္စေတြနဲ႔ ျပဳလုပ္ထားၿပီး ဒီဖ်င္စေတြကျဖဳတ္တပ္ရလြယ္ၿပီး သန္႔ရွင္းေဆးေၾကာရလည္း လြယ္ပါ တယ္။

ေၾကာင္ေလးေတြ သပ္သပ္ရပ္ရပ္ က်င္ႀကီးက်င္ငယ္စြန္႔တတ္ဖို႔အတြက္လည္း ေလ့က်င့္ၿပီးသားျဖစ္ပါတယ္။ ေၾကာင္ေလးေတြ မစင္စြန္႔ဖို႔ရာအတြက္ ဘီရံုခံုရွည္ေလးမွာေၾကာင္ပံုစံအေပါက္ေလးတစ္ခု ေဖာက္ေပးထားၿပီး အထဲမွာေတာ့ မစင္စြန္႔ဖို႔ ဗန္းေလးထည့္ေပးထားပါတယ္။

            အျပင္ေရခ်ဳိးခန္းမွာေတာ့စတုရန္းပံုေၾကြျပားေတြကို မ်က္ႏွာၾကက္ကေန ၾကမ္းျပင္ထိ အျပည့္တပ္ဆင္ထားၿပီး ေမာ္ဒန္က်တဲ့ အသြင္အျပင္မ်ဳိး ျဖစ္ေစကာအေပၚဘက္ထိ အျမင္က်စရာေကာင္းတဲ့ အသြင္မ်ဳိးျဖစ္ေစပါတယ္။ မွန္ခ်ပ္ေရခ်ဳိးခန္းက အလင္းမကြယ္ေစဘဲ လင္းလင္းထင္းထင္းရွိေစတဲ့အျပင္ မ်က္ႏွာသစ္ေဘစင္ကလည္း ေလထဲေျမာက္တက္ေနသလို အေျခလႊတ္ဖန္တီးထားတာေၾကာင့္ ေပါ့ပါးလြတ္လပ္တဲ့အသြင္ျဖစ္ေစပါတယ္။

ပင္မအိပ္ခန္းထဲက ေရခ်ဳိးခန္းမွာေတာ့ နံရံေၾကြျပားေတြကမ်က္ႏွာျပင္ၾကမ္းေခ်ာပါတဲ့ေၾကြျပားေတြျဖစ္ပါတယ္။ ေရခ်ဳိးခန္းေဘစင္ကလည္း အျဖဴေရာင္ေႀကြထည္ေဘစင္ခပ္ႀကီးႀကီးကို သံုးေပးထားၿပီးသန္႔ရွင္းသပ္ရပ္တဲ့အသြင္အျပင္ျဖစ္ ေစပါတယ္။ ေဘစင္မွာတပ္ဆင္ထားတဲ့ ၾကည့္မွန္ခ်ပ္ရဲ႕ ေဘးႏွစ္ဖက္မွာ ဆြဲထုတ္ဆြဲသြင္းလုပ္လို႔ရၿပီး အလွျပင္ပစၥည္းေတြ သိမ္းဆည္းထားလို႔ရတဲ့ အံဖံုးေလွ်ာစင္ေလးေတြထည့္ထားတာေၾကာင့္ ေနရာပိုရေစၿပီး ေဘစင္ေနရာေလးက ရွင္းလင္းသန္႔ျပန္႔ေနေစပါတယ္။



            ပင္မအိပ္ခန္းထဲမွာေတာ့ အလင္း၀င္အားေကာင္းေကာင္းရွိၿပီး ေအးဆိတ္ၿငိမ္သက္တဲ့ အျပင္အဆင္ေလးျဖစ္ ပါတယ္။ အ၀တ္ဘီရိုေလးကိုေတာ့ သစ္သားအေရာင္ေဖ်ာ့ဘီရိုေလးအသံုးျပဳထားၿပီးအခန္းမွာသံုးထားတဲ့မီးခိုးျပာေဖ်ာ့ ေလးနဲ႔လည္းအလြန္တရာမွလိုက္ဖက္တင့္တယ္ေစပါတယ္။

Unicode ျဖင့္ဖတ္ရန္

ကြောင်ချစ်သူတို့အတွက်ချစ်စရာအိမ်ခန်းလေး

ဒီအိမ်ခန်းလေးကကြောင်ချစ်သူတို့အတွက် သူတို့ရဲ့ချစ်စရာကြောင်လေးတွေနဲ့အတူသန့်ရှင်းလှပစွာနေထိုင်စေဖို့ ပြင်ဆင်ဖန်တီးပေးထားတဲ့ အခန်းလေးပဲဖြစ်ပါတယ်။
ရိုးရှင်းသပ်ရပ်သန့်ရှင်းမှုကိုအခြေခံထားပြီး လေဝင်လေထွက်ကောင်းကောင်းနဲ့ ကျယ်ဝန်းတဲ့အခန်းတွေအဖြစ် ဖန်တီးပေးထားတာဖြစ်ပါတယ်။
ကြောင်ချစ်သူအိမ်ခန်းပိုင်ရှင်တွေကမလိုအပ်တဲ့ပစ္စည်းတွေကိုဖယ်ရှားပြီးအသုံးပြုဖို့တကယ့်ကိုလိုအပ်တဲ့ အရာတွေကိုသာအိပ်ခန်းထဲမှာထည့်သွင်းထားရှိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကြောင်ချစ်သူတွေဖြစ်သလိုကြောင်ကဖေးဆိုင် လေးကိုပါဖွင့်လှစ်ထားသူတွေဖြစ်ပါတယ်။ ဒီတော့ သူတို့ရဲ့တိုက်ခန်းလေးမှာလည်းကြောင်လေးတွေနဲ့အတူနေထိုင်ဖို့ ဆုံး ဖြတ်ခဲ့ပြီးကြောင်လေးတွေနဲ့ပတ်သက်လို့ အစစအရာရာရှင်းလင်းထိန်းသိမ်းရလွယ်ကူစေမယ့်အပြင်အဆင်မျိုးရွေးချယ် ထားခဲ့ကြတာဖြစ်ပါတယ်။

Who lives here: A young couple and their two cats
Location: Bendemeer Road
Size: 93 square metres (1,001 square feet)
Project duration: 9 weeks
ပထမဆုံးအနေနဲ့ တိုက်ခန်းကို ပိုပြီးကျယ်ဝန်းပြီး သဘာဝအလင်းရောင်ပိုရစေဖို့ နံရံတချို့ကိုဖယ်ရှားခဲ့ပါတယ်။ မီးဖိုခန်းနံရံကိုဖြိုချခဲ့ပြီးဧည့်ခန်းနဲ့ မီးဖိုခန်းကိုအတားအဆီးမရှိချောမွေ့စွာဝင်ထွက်သွားလာနိုင်စေဖို့ ပြုပြင်ထားခဲ့ပါတယ်။ ကြောင်လေးတွေကိုထားတဲ့အခန်းကနံရံကိုလည်းဖယ်ရှားခဲ့ပြီးနံရံအစားသတ္တုဘောင်ခတ်ထားတဲ့မှန်နံရံတွေကိုအစားထိုးတပ်ဆင်လိုက်ကာအခန်းထဲကကြောင်လေးတွေရဲ့ လှုပ်ရှားသွားလာမှုတွေကိုဧည့်ခန်းထဲကရော၊ မီးဖိုခန်းထဲကနေပါ လွယ်လင့်တကူ ကြည့်ရှုမြင်တွေ့နေရမှာဖြစ်ပါတယ်။
အရောင်ငြိမ်စေဖို့အတွက် ကြွေပြားအသုံးပြုတဲ့နေရာမှာအဖြူရောင်ကိုအသုံးပြုထားပြီးမီးဖိုခန်း၊ ရေချိုးခန်းတွေ မှာတပ်ဆင်ထားပေးပါတယ်။ အရောင်ကိုသိမ်မွေ့စေဖို့ရာအတွက် အသုံးပြုထားတဲ့ ပရိဘောဂတွေမှာ အရောင်ဖျော့လေးတွေ၊ သစ်သားထည် ကြမ်းခင်းတွေမှာ သစ်သားဖျော့ရောင်လေးတွေကိုပဲ အသုံးပြုထားပါတယ်။ မီးခိုးဖျော့ရောင်အသုံးအဆောင်လေးတွေအ ပြင် အရောင်ကွဲတွဲစပ်မှုအဖြစ် အနက်ရောင်လိုင်းကွပ်လေးတွေ ခပ်ပါးပါးလေးထည့်ပြီးသုံးပေးထားပါတယ်။ထမင်းစားပွဲနေရာမှာလည်း တစ်ဖက်မှာ သစ်သားခုံတန်းရှည်ကိုထားရှိပြီး ကျန်တစ်ဖက်မှာတော့ ဆိုဖာထိုင်ခုံလေးနှစ်ခုကို အသုံးပြုထားကာ နေရာထိုင်ခင်းလေးကို အမြင်ချောမွေ့နူးညံ့စေပြီး ထမင်းစာချိန်တိုင်းမှာ သက်သောင့်သက်သာရှိစေဖို့ ဖန်တီးပေးထားပါတယ်။ ထမင်းစားပွဲရဲ့ အပေါ်မျက်နှာကြက်မှာတော့ ထောင့်ချွန်းပုံစံတွေနဲ့ မီးအုပ်ဆိုင်းလေးတွေ ချိတ်ဆွဲချထားပါတယ်။
ထမင်းစားပွဲနေရာရဲ့ တစ်ဖက်ခြမ်းမှာ စားပွဲခုံရှည်လေးတစ်ခုထားရှိပြီး ဒီစားပွဲခုံရှည်လေးရဲ့ ခုံခြေထောက်တွေကလည်း ထမင်းစားပွဲခုံခြေထောက်တွေနဲ့ ဆင်တူတဲ့ပုံစံကို သုံးပေးထားပါတယ်။ စားပွဲခုံရှည်ပေါ်မှာ စတိဗ်ဂျော့ဘ်ပုံတူပန်းချီတစ်ချပ်ကို ထောင်လျက်ထားရှိပြီး ပန်းအိုးလေးတွေနဲ့ အလှဆင်ထားပါတယ်။ အခန်းပိုင်ရှင်က စတိဗ်ဂျော့ဘ်ကိုလေးစားအားကျသူလည်းဖြစ်ပြီးသူ့အိပ်ရာဘေးကစားပွဲမှာလည်းစတိဗ်ဂျော့အတ္ထုပတ္တိစာအုပ်လေးကိုလည်းထားရှိထားပါတယ်။
စားပွဲခုံရှည်လေးရဲ့အပေါ်နံရံမှာတော့ သတ္တုချောင်းတွေနဲ့ပြုလုပ်ထားတဲ့ ဂျီသြမေတြီကွက်ပုံစံဒီဇိုင်းနဲ့အလှဆင် ထားပါတယ်။ ဧည့်ခန်းနေရာမှာလည်းဂျီသြမေတြီပုံစံအသေးစိတ်လေးအလှဆင်မှုလေးတွေထည့်သွင်းထားတဲ့အပြင် အေးမြတဲ့ အသွင်မျိုးလေးဖြစ်အောင် ဖန်တီးထားပါတယ်။ လန်းဆန်းတဲ့အငွေ့အသက်လေးရစေဖို့ကိုလည်းပန်းအိုးနဲ့ စိုက်ပျိုးထားတဲ့အရွက်ဖားအိမ်တွင်းအလှဆင် အပင်လေးကိုလည်း ရုပ်မြင်သံကြားစက် ထားရှိရာဘေးနားမှာ နေရာချထားပါတယ်။
တတိယအိပ်ခန်းကတော့ ကြောင်လေးတွေကို ပေးနေထားတဲ့အခန်းလေးဖြစ်ပါတယ်။ အခန်းပိုင်ရှင်တွေက အ ခန်းဖွဲ့စည်းပုံအပြင်အဆင်နဲ့ပတ်သက်ပြီး ဒီဇိုင်နာတွေကို အားလုံးစိတ်ကြိုက်လုပ်ဆောင်ခွင့်ပေးထားပေမယ့် ကြောင်လေးတွေရဲ့အခန်းကိုတော့ သူတို့ကိုယ်တိုင်အကြံပေးပြီး ပြုလုပ်စေခဲ့တာပါ။ သူတို့ကြောင်လေးတွေရဲ့အမူအကျင့်လေးတွေကို သူတို့ကသာရင်းနှီးကျွမ်းဝင်ပြီးသားမို့ ကြောင်လေးတွေရဲ့အခန်းကိုတော့ သူတို့ကိုယ်တိုင်ပဲ စီမံကွပ်ကဲခဲ့တာဖြစ်ပါတယ်။
ကြောင်လေးတွေရဲ့လျှောက်လမ်းကိုအဆင့်ဆင့်ပြုလုပ်ပေးထားပါတယ်။ တိုင်တွေ၊ အခင်းတွေအားလုံးကိုကုတ် ခြစ်ဒဏ်ခံနိုင်တဲ့ နိုင်လွန်ဖျင်စတွေနဲ့ ပြုလုပ်ထားပြီး ဒီဖျင်စတွေကဖြုတ်တပ်ရလွယ်ပြီး သန့်ရှင်းဆေးကြောရလည်း လွယ်ပါ တယ်။
ကြောင်လေးတွေ သပ်သပ်ရပ်ရပ် ကျင်ကြီးကျင်ငယ်စွန့်တတ်ဖို့အတွက်လည်း လေ့ကျင့်ပြီးသားဖြစ်ပါတယ်။ ကြောင်လေးတွေ မစင်စွန့်ဖို့ရာအတွက် ဘီရုံခုံရှည်လေးမှာကြောင်ပုံစံအပေါက်လေးတစ်ခု ဖောက်ပေးထားပြီး အထဲမှာတော့ မစင်စွန့်ဖို့ ဗန်းလေးထည့်ပေးထားပါတယ်။
အပြင်ရေချိုးခန်းမှာတော့စတုရန်းပုံကြွေပြားတွေကို မျက်နှာကြက်ကနေ ကြမ်းပြင်ထိ အပြည့်တပ်ဆင်ထားပြီး မော်ဒန်ကျတဲ့ အသွင်အပြင်မျိုး ဖြစ်စေကာအပေါ်ဘက်ထိ အမြင်ကျစရာကောင်းတဲ့ အသွင်မျိုးဖြစ်စေပါတယ်။ မှန်ချပ်ရေချိုးခန်းက အလင်းမကွယ်စေဘဲ လင်းလင်းထင်းထင်းရှိစေတဲ့အပြင် မျက်နှာသစ်ဘေစင်ကလည်း လေထဲမြောက်တက်နေသလို အခြေလွှတ်ဖန်တီးထားတာကြောင့် ပေါ့ပါးလွတ်လပ်တဲ့အသွင်ဖြစ်စေပါတယ်။
ပင်မအိပ်ခန်းထဲက ရေချိုးခန်းမှာတော့ နံရံကြွေပြားတွေကမျက်နှာပြင်ကြမ်းချောပါတဲ့ကြွေပြားတွေဖြစ်ပါတယ်။ ရေချိုးခန်းဘေစင်ကလည်း အဖြူရောင်ကြွေထည်ဘေစင်ခပ်ကြီးကြီးကို သုံးပေးထားပြီးသန့်ရှင်းသပ်ရပ်တဲ့အသွင်အပြင်ဖြစ် စေပါတယ်။ ဘေစင်မှာတပ်ဆင်ထားတဲ့ ကြည့်မှန်ချပ်ရဲ့ ဘေးနှစ်ဖက်မှာ ဆွဲထုတ်ဆွဲသွင်းလုပ်လို့ရပြီး အလှပြင်ပစ္စည်းတွေ သိမ်းဆည်းထားလို့ရတဲ့ အံဖုံးလျှောစင်လေးတွေထည့်ထားတာကြောင့် နေရာပိုရစေပြီး ဘေစင်နေရာလေးက ရှင်းလင်းသန့်ပြန့်နေစေပါတယ်။

ပင်မအိပ်ခန်းထဲမှာတော့ အလင်းဝင်အားကောင်းကောင်းရှိပြီး အေးဆိတ်ငြိမ်သက်တဲ့ အပြင်အဆင်လေးဖြစ် ပါတယ်။ အဝတ်ဘီရိုလေးကိုတော့ သစ်သားအရောင်ဖျော့ဘီရိုလေးအသုံးပြုထားပြီးအခန်းမှာသုံးထားတဲ့မီးခိုးပြာဖျော့ လေးနဲ့လည်းအလွန်တရာမှလိုက်ဖက်တင့်တယ်စေပါတယ်။

Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အခန္းတစ္ခန္းကို တစ္နာရီအတြင္းလန္းဆန္းသြားေအာင္ဘယ္လိုျပင္ဆင္မလဲ

အခန္းတစ္ခန္းကို တစ္နာရီအတြင္းလန္းဆန္းသြားေအာင္ဘယ္လိုျပင္ဆင္မလဲ

ထူးျခားဆန္းသစ္ေသာေရခ်ဳိးခန္းသံုးထုတ္ကုန္

ထူးျခားဆန္းသစ္ေသာေရခ်ဳိးခန္းသံုးထုတ္ကုန္

စာအုပ္မ်ားျဖင့္ ေနအိမ္ကိုစတိုင္လ္က်က်ျပဳျပင္မြမ္းမံျခင္း

စာအုပ္မ်ားျဖင့္ ေနအိမ္ကိုစတိုင္လ္က်က်ျပဳျပင္မြမ္းမံျခင္း

လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ

လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ

ပုဂိ္ၢဳလ္ေရးျပႆနာမ်ားကို ေျဖရွင္းသည့္ ဖုန္းေရႊေဆးၿမီးတိုမ်ား

ပုဂိ္ၢဳလ္ေရးျပႆနာမ်ားကို ေျဖရွင္းသည့္ ဖုန္းေရႊေဆးၿမီးတိုမ်ား