ေရွ႕မ်က္ႏွာစာ ဂမ္ၻီရပေဒသာ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဇင်ယော်နီ မှ
July 10, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

တစ္ေန႔သ၌ အဘမင္းသိခၤႏွင့္ ကၽြန္ုပ္သည္ကန္ေတာ္ႀကီးကို ပတ္၍လမ္းေလွ်ာက္ေနခဲ့ၾကေလ၏။ တစ္ေနရာသို႔အေရာက္တြင္ အဘသည္ အိမ္အိုႀကီးတစ္လံုးအား ေမးျဖင့္ညႊန္ျပလွ်က္-

           “အဲဒီအိမ္မွာ မိန္းမလ်ာေတြ ရွိလိမ့္မယ္ကြ…  ”ဟုေျပာေလ၏။ တိုက္ဆိုင္စြာပင္ ထိုအခိုက္ ထိုအိမ္ႀကီးအတြင္းမွ မိန္းမလ်ာႏွစ္ဦးသည္ ကႏြဲ႔ကလ်ေလွ်ာက္လွမ္းလ်က္ ထြက္လာၾကပါေလေတာ့၏။ ကၽြန္ုပ္လည္း အလြန္ပင္အံ့ၾသသြားကာ-

           “အဘ … ဟုတ္လိုက္တာအဘရယ္… အဘက အဲဒီအိမ္ႀကီးထဲမွာ မိန္းမလ်ာေတြ ရွိေနၾကလိမ့္မယ္ဆိုတာကို ဘယ္လိုလုပ္ၿပီး သိေနတာလဲ အဘရဲ႕… ဟုေမးမိလွ်င္ အဘကျပံဳးလွ်က္ ထိုအိမ္ႀကီး၏ အေရွ႕မ်က္ႏွာစာမွ ကုက္ၠိဳပင္အိုႀကီးတစ္ပင္ကို ေမးျဖင့္ ညႊန္ျပလိုက္ျပန္ေလ၏။

ကၽြန္ုပ္က နားမလည္စြာျဖင့္-

           “ဘာလဲ အဘရဲ႕ … ”ဟုျပန္၍ေမးလိုက္မိျပန္ေလ၏။ အဘက-

           “ဒီလိုကြ…၊ အဲဒီအိမ္ႀကီးရဲ႕ေရွ႕ကကုက္ၠိဳပင္ႀကီးမွာ ႏြယ္ပင္တစ္ပင္ပတ္ေနတယ္ေလကြာ… ။ အဲဒီလို ပင္စည္ပင္ေစာက္ရွိတဲ့ အပင္မ်ိဳးကို ႏြယ္ပင္ကပတ္ေနရင္ အဖိုကိုအမက ပတ္ေနတဲ့သေဘာ၊ အဖိုကိုအမကလႊမ္းမိုးေနတဲ့သေဘာ သက္ေရာက္ေနလို႔ အဲဒီအိမ္မ်ိဳးမွာ မိန္းမလ်ာေတြ ေနေလ့ရွိတယ္လို႔ ေရွးကေဆးဆရာႀကီး  ဦးထြန္းျမတ္တို႔ရဲ႕ဆန္းေဟာကြက္ေတြရွိဖူးတယ္ကြ …  ”ဟုေျပာျပရာ ကၽြန္ုပ္လည္းေခါင္းကို တဆိတ္ဆိတ္ညိတ္လွ်က္-

          “ေၾသာ္… ဒီလိုကိုး… ” ဟုေရရြတ္မိလိုက္ရပါေလေတာ့၏။

          ကၽြန္ုပ္တို႔သည္ တေရြ႕ေရြ႕ႏွင့္ ဆက္လက္ ေလွ်ာက္လာခဲ့ၾကေလ၏။ တစ္ေနရာသို႔ အေရာက္တြင္ လမ္းေဘးရွိ အုတ္ခံုေလးတစ္ခုေပၚတြင္ ထိုင္၍နားၾကရင္း ဆရာတပည့္ႏွစ္ေယာက္သား ေဆးလိပ္ေသာက္ၾကေလ၏။ အဘက ငါးသံုးလံုး စီးကရက္ကို ေသာက္ေလ၏။ ကၽြန္ုပ္ကေရႊျပည္စိုး ေဆးေပါ့လိပ္ကို ဖြာေလ၏။

          “တစ္ခ်ိဳ႕က ေဆးလိပ္ေသာက္ရင္ အေမာမခံႏိုင္ဘူးလို႔ ေျပာၾကတယ္… ၊ ငါတို႔ကက်ေတာ့ အေမာေျဖတဲ့အေနနဲ႔ ေဆးလိပ္ေသာက္ေနၾကပါလား …၊ ဒါျဖင့္ ေဆးလိပ္ေသာက္ျခင္းက ေမာေစတာလား… ၊ အေမာေျပေစတာလားကြာ…  ” ဟုအဘက ေမးလိုက္လွ်င္ ကၽြႏ္ုပ္က-

          “မစဥ္းစားမိပါဘူး အဘရယ္…၊ အဘပဲ ေပါက္ေပါက္ရွာရွာ ေတြးမိတယ္” ဟုျပန္၍ ေျပာလိုက္ရာ အဘကရယ္ေလ၏။ ထို႔ေနာက္တြင္မွ-

          “အဲသလို အျမင္မတူတဲ့ လူႏွစ္ေယာက္ျငင္းၾကရင္ ရန္ထသတ္တာပဲ အဖတ္တင္လိမ့္မယ္… ။ ႏွစ္ေယာက္လံုးကေတာ့ ကိုယ္အမွန္ပဲလို႔ပဲ ယူဆထားၾကမွာပဲေလ… ။ အဲဒါဟာ… တကယ့္အမွန္တရားက သပ္သပ္၊ တစ္ဦးခ်င္းစီရဲ႕ အမွန္တရားကသပ္သပ္ ျဖစ္ေနတယ္… ။ အဲသလိုတစ္ဦးခ်င္းစီရဲ႕၊ တစ္ဖြဲ႔ခ်င္းစီရဲ႕၊ တစ္ႏိုင္ငံခ်င္းစီရဲ႕၊ ပုဂ္ၢလိကအမွန္တရားေတြေၾကာင့္ပဲ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံလည္း စစ္ေတြျဖစ္ၾကတယ္။ ကမၻာစစ္ႀကီးေတြေတာင္ ျဖစ္ခဲ့ၾကတယ္…၊ တကယ္ကေတာ့… ႏွစ္ဘက္လံုး မွန္ေနၾကတာကိုက မွားေနၿပီကိုယ့္လူေရ …. ” ဟုေျပာေလရာကၽြႏ္ုပ္လည္း-

          “အဘပဲေပါက္ေပါက္ရွာရွာ…၊ ကၽြန္ေတာ္ျဖင့္ မေတြးမိပါဘူး အဘရယ္… ” ဟုသာ ျပန္ေျပာလိုက္ မိပါေလေတာ့၏။ ထိုအခိုက္မွာပင္ အဘသည္ မ်က္ေစာင္းထိုးခပ္လွမ္းလွမ္းရွိ အိမ္တစ္အိမ္အား လွမ္း၍ ေမးျဖင့္ညႊန္ျပကာ-

          “ အဲဒီအိမ္ကအိမ္သား တစ္ေယာက္မွာ ႏွာေခါင္းမွာမွဲ႔တို႔အမွတ္တို႔ ရွိတတ္တယ္ကြ” ဟု ျပန္ေျပာေလ၏။ တိုက္တိုက္ဆိုင္ဆိုင္ပင္ ထိုအိမ္အတြင္းမွ မိန္းမတစ္ဦးသည္ ေစ်းျခင္းေတာင္းကေလးကို ဆြဲလ်က္ ကၽြႏ္ုပ္တို႔ရွိရာဘက္သို႔ တစ္လွမ္းျခင္း ေလွ်ာက္လာေလ၏။ ကၽြႏ္ုပ္သည္ ထိုအမ်ိဳးသမီးကို မသိမသာ အေသအခ်ာၾကည့္ရင္း ျဖစ္သြားရျပန္ေလ၏။ ထိုအမ်ိဳးသမီး၏ ႏွာေခါင္းတြင္မွဲ႔နက္ႀကီးတစ္လံုးသည္ ထင္ထင္ရွားရွားပင္ ရွိေနေလ၏။ ကၽြႏ္ုပ္က-

          “ အံ့ၾသစရာေကာင္းလိုက္တာ အဘရယ္…. ။ အဲဒီအိမ္က ထြက္လာတဲ့ မိန္းမရဲ႕ႏွာေခါင္းေပၚမွာ မွဲ႔ႀကီးမွ အႀကီးႀကီးပဲ အဘရဲ႕ အဘဘယ္လိုလုပ္ၿပီး သိတာလဲ…. ”ဟုေမးလိုက္မိလွ်င္ အဘကျပံဳးလ်က္-

          “ ဒီလိုကြ…. ႏွာေခါင္းမွာ ထူးထူးျခားျခားမွဲ႔တို႔ အမွတ္တို႔ပါတဲ့လူေတြဟာ ေရတြင္းေရကန္၊ ျမစ္ေခ်ာင္းေတြကို မ်က္ႏွာမူထားတဲ့အိမ္မ်ိဳးမွာ ေနရတတ္တယ္ကြ။ အဲဒီအိမ္ေရွ႕မွာ ဧရာမေရကန္ႀကီးတစ္ကန္ ထူးထူးျခားျခား ရွိေနေလေတာ့ ဒီအိမ္က အိမ္သူအိမ္သားေတြမွာလည္း ႏွာေခါင္းမွာမွဲ႔ေတြ အမွတ္ေတြ ပါႏိုင္တယ္လို႔ ေကာက္ယူလိုက္တာပါကြာ…. ”ဟုေျပာျပေလ၏။ ကၽြႏ္ုပ္လည္း-

          “ေၾသာ္… ဒီလိုကိုး … ”ဟုေရရြတ္လိုက္မိျပန္ပါေလေတာ့၏။

          ဤသို႔ျဖင့္လွ်င္ ကၽြႏ္ုပ္တို႔အဘမင္းသိခၤ၏ တပည့္မ်ားသည္ အဘႏွင့္အတူ ေနထိုင္ခဲ့ၾကရင္း အဘထံမွ ေဗဒင္ပညာရပ္မ်ားသာမက အေထြေထြေသာ ဗဟုသုတမ်ား မွတ္သားဖြယ္ရာမ်ားကို နာရီႏွင့္အမွ် ၾကားရ၊ မွတ္သားခဲ့ၾကရပါေလ၏။

မိမိတို႔အိမ္မ်ား ဆိုင္မ်ား၊ အလုပ္ခန္းမ်ား၊ ရံုးခန္းမ်ားတြင္ ေရွ႕မ်က္ႏွာစာပိုင္းသည္ လြန္စြာမွ အေရးႀကီးေလ၏။ မိမိတို႔၏ အဂၤလိပ္ေမြးရက္ ဂဏန္းကိုလိုက္၍ ေရွ႕မ်က္ႏွာစာပိုင္းတြင္ ထားရွိသင့္ေသာအရာမ်ားလည္း ရွိပါေလ၏။ သို႔ျဖင့္ပါေသာေၾကာင့္ မိတ္ေဆြတို႔၏ က်န္းမာေရး၊ ခ်မ္းသာေရး၊ ေအာင္ျမင္ေရးတို႔အတြက္ အေထာက္အကူ ျဖစ္ေစအံ့ေသာငွာ ေအာက္ပါအတိုင္း ေရးသားလိုက္ရပါေပသတည္း…။   ။

Unicode ျဖင့္ဖတ္ရန္

ရှေ့မျက်နှာစာ ဂမ်္ဘီရပဒေသာ

တစ်နေ့သ၌ အဘမင်းသိင်္ခနှင့် ကျွန်ုပ်သည်ကန်တော်ကြီးကို ပတ်၍လမ်းလျှောက်နေခဲ့ကြလေ၏။ တစ်နေရာသို့အရောက်တွင် အဘသည် အိမ်အိုကြီးတစ်လုံးအား မေးဖြင့်ညွှန်ပြလျှက်-
“အဲဒီအိမ်မှာ မိန်းမလျာတွေ ရှိလိမ့်မယ်ကွ… ”ဟုပြောလေ၏။ တိုက်ဆိုင်စွာပင် ထိုအခိုက် ထိုအိမ်ကြီးအတွင်းမှ မိန်းမလျာနှစ်ဦးသည် ကနွဲ့ကလျလျှောက်လှမ်းလျက် ထွက်လာကြပါလေတော့၏။ ကျွန်ုပ်လည်း အလွန်ပင်အံ့သြသွားကာ-
“အဘ … ဟုတ်လိုက်တာအဘရယ်… အဘက အဲဒီအိမ်ကြီးထဲမှာ မိန်းမလျာတွေ ရှိနေကြလိမ့်မယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိနေတာလဲ အဘရဲ့… ဟုမေးမိလျှင် အဘကပြုံးလျှက် ထိုအိမ်ကြီး၏ အရှေ့မျက်နှာစာမှ ကုက်္ကိုပင်အိုကြီးတစ်ပင်ကို မေးဖြင့် ညွှန်ပြလိုက်ပြန်လေ၏။ ကျွန်ုပ်က နားမလည်စွာဖြင့်-
“ဘာလဲ အဘရဲ့ … ”ဟုပြန်၍မေးလိုက်မိပြန်လေ၏။ အဘက-
“ဒီလိုကွ…၊ အဲဒီအိမ်ကြီးရဲ့ရှေ့ကကုက်္ကိုပင်ကြီးမှာ နွယ်ပင်တစ်ပင်ပတ်နေတယ်လေကွာ… ။ အဲဒီလို ပင်စည်ပင်စောက်ရှိတဲ့ အပင်မျိုးကို နွယ်ပင်ကပတ်နေရင် အဖိုကိုအမက ပတ်နေတဲ့သဘော၊ အဖိုကိုအမကလွှမ်းမိုးနေတဲ့သဘော သက်ရောက်နေလို့ အဲဒီအိမ်မျိုးမှာ မိန်းမလျာတွေ နေလေ့ရှိတယ်လို့ ရှေးကဆေးဆရာကြီး ဦးထွန်းမြတ်တို့ရဲ့ဆန်းဟောကွက်တွေရှိဖူးတယ်ကွ … ”ဟုပြောပြရာ ကျွန်ုပ်လည်းခေါင်းကို တဆိတ်ဆိတ်ညိတ်လျှက်-
“သြော်… ဒီလိုကိုး… ” ဟုရေရွတ်မိလိုက်ရပါလေတော့၏။
ကျွန်ုပ်တို့သည် တရွေ့ရွေ့နှင့် ဆက်လက် လျှောက်လာခဲ့ကြလေ၏။ တစ်နေရာသို့ အရောက်တွင် လမ်းဘေးရှိ အုတ်ခုံလေးတစ်ခုပေါ်တွင် ထိုင်၍နားကြရင်း ဆရာတပည့်နှစ်ယောက်သား ဆေးလိပ်သောက်ကြလေ၏။ အဘက ငါးသုံးလုံး စီးကရက်ကို သောက်လေ၏။ ကျွန်ုပ်ကရွှေပြည်စိုး ဆေးပေါ့လိပ်ကို ဖွာလေ၏။
“တစ်ချို့က ဆေးလိပ်သောက်ရင် အမောမခံနိုင်ဘူးလို့ ပြောကြတယ်… ၊ ငါတို့ကကျတော့ အမောဖြေတဲ့အနေနဲ့ ဆေးလိပ်သောက်နေကြပါလား …၊ ဒါဖြင့် ဆေးလိပ်သောက်ခြင်းက မောစေတာလား… ၊ အမောပြေစေတာလားကွာ… ” ဟုအဘက မေးလိုက်လျှင် ကျွန်ုပ်က-
“မစဉ်းစားမိပါဘူး အဘရယ်…၊ အဘပဲ ပေါက်ပေါက်ရှာရှာ တွေးမိတယ်” ဟုပြန်၍ ပြောလိုက်ရာ အဘကရယ်လေ၏။ ထို့နောက်တွင်မှ-
“အဲသလို အမြင်မတူတဲ့ လူနှစ်ယောက်ငြင်းကြရင် ရန်ထသတ်တာပဲ အဖတ်တင်လိမ့်မယ်… ။ နှစ်ယောက်လုံးကတော့ ကိုယ်အမှန်ပဲလို့ပဲ ယူဆထားကြမှာပဲလေ… ။ အဲဒါဟာ… တကယ့်အမှန်တရားက သပ်သပ်၊ တစ်ဦးချင်းစီရဲ့ အမှန်တရားကသပ်သပ် ဖြစ်နေတယ်… ။ အဲသလိုတစ်ဦးချင်းစီရဲ့၊ တစ်ဖွဲ့ချင်းစီရဲ့၊ တစ်နိုင်ငံချင်းစီရဲ့၊ ပုဂ်္ဂလိကအမှန်တရားတွေကြောင့်ပဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံလည်း စစ်တွေဖြစ်ကြတယ်။ ကမ္ဘာစစ်ကြီးတွေတောင် ဖြစ်ခဲ့ကြတယ်…၊ တကယ်ကတော့… နှစ်ဘက်လုံး မှန်နေကြတာကိုက မှား
နေပြီကိုယ့်လူရေ …. ” ဟုပြောလေရာကျွန်ုပ်လည်း-
“အဘပဲပေါက်ပေါက်ရှာရှာ…၊ ကျွန်တော်ဖြင့် မတွေးမိပါဘူး အဘရယ်… ” ဟုသာ ပြန်ပြောလိုက် မိပါလေတော့၏။ ထိုအခိုက်မှာပင် အဘသည် မျက်စောင်းထိုးခပ်လှမ်းလှမ်းရှိ အိမ်တစ်အိမ်အား လှမ်း၍ မေးဖြင့်ညွှန်ပြကာ-
“ အဲဒီအိမ်ကအိမ်သား တစ်ယောက်မှာ နှာခေါင်းမှာမှဲ့တို့အမှတ်တို့ ရှိတတ်တယ်ကွ” ဟု ပြန်ပြောလေ၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအိမ်အတွင်းမှ မိန်းမတစ်ဦးသည် ဈေးခြင်းတောင်းကလေးကို ဆွဲလျက် ကျွန်ုပ်တို့ရှိရာဘက်သို့ တစ်လှမ်းခြင်း လျှောက်လာလေ၏။ ကျွန်ုပ်သည် ထိုအမျိုးသမီးကို မသိမသာ အသေအချာကြည့်ရင်း ဖြစ်သွားရပြန်လေ၏။ ထိုအမျိုးသမီး၏ နှာခေါင်းတွင်မှဲ့နက်ကြီးတစ်လုံးသည် ထင်ထင်ရှားရှားပင် ရှိနေလေ၏။ ကျွန်ုပ်က-
“ အံ့သြစရာကောင်းလိုက်တာ အဘရယ်…. ။ အဲဒီအိမ်က ထွက်လာတဲ့ မိန်းမရဲ့နှာခေါင်းပေါ်မှာ မှဲ့ကြီးမှ အကြီးကြီးပဲ အဘရဲ့ အဘဘယ်လိုလုပ်ပြီး သိတာလဲ…. ”ဟုမေးလိုက်မိလျှင် အဘကပြုံးလျက်-
“ ဒီလိုကွ…. နှာခေါင်းမှာ ထူးထူးခြားခြားမှဲ့တို့ အမှတ်တို့ပါတဲ့လူတွေဟာ ရေတွင်းရေကန်၊ မြစ်ချောင်းတွေကို မျက်နှာမူထားတဲ့အိမ်မျိုးမှာ နေရတတ်တယ်ကွ။ အဲဒီအိမ်ရှေ့မှာ ဧရာမရေကန်ကြီးတစ်ကန် ထူးထူးခြားခြား ရှိနေလေတော့ ဒီအိမ်က အိမ်သူအိမ်သားတွေမှာလည်း နှာခေါင်းမှာမှဲ့တွေ အမှတ်တွေ ပါနိုင်တယ်လို့ ကောက်ယူလိုက်တာပါကွာ…. ”ဟုပြောပြလေ၏။ ကျွန်ုပ်လည်း-
“သြော်… ဒီလိုကိုး … ”ဟုရေရွတ်လိုက်မိပြန်ပါလေတော့၏။
ဤသို့ဖြင့်လျှင် ကျွန်ုပ်တို့အဘမင်းသိင်္ခ၏ တပည့်များသည် အဘနှင့်အတူ နေထိုင်ခဲ့ကြရင်း အဘထံမှ ဗေဒင်ပညာရပ်များသာမက အထွေထွေသော ဗဟုသုတများ မှတ်သားဖွယ်ရာများကို နာရီနှင့်အမျှ ကြားရ၊ မှတ်သားခဲ့ကြရပါလေ၏။
မိမိတို့အိမ်များ ဆိုင်များ၊ အလုပ်ခန်းများ၊ ရုံးခန်းများတွင် ရှေ့မျက်နှာစာပိုင်းသည် လွန်စွာမှ အရေးကြီးလေ၏။ မိမိတို့၏ အင်္ဂလိပ်မွေးရက် ဂဏန်းကိုလိုက်၍ ရှေ့မျက်နှာစာပိုင်းတွင် ထားရှိသင့်သောအရာများလည်း ရှိပါလေ၏။ သို့ဖြင့်ပါသောကြောင့် မိတ်ဆွေတို့၏ ကျန်းမာရေး၊ ချမ်းသာရေး၊ အောင်မြင်ရေးတို့အတွက် အထောက်အကူ ဖြစ်စေအံ့သောငှာ အောက်ပါအတိုင်း ရေးသားလိုက်ရပါပေသတည်း…။ ။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

စိမ္းလန္းတဲ့အပင္ေလးေတြနဲ႔ အလွဆင္ၾကမယ္

စိမ္းလန္းတဲ့အပင္ေလးေတြနဲ႔ အလွဆင္ၾကမယ္

ဂိုေထာင္မွန္ခ်ပ္တံခါးမ်ားႏွင့္ သံုးရာသီမွန္ခန္းေဆာင္သစ္

ဂိုေထာင္မွန္ခ်ပ္တံခါးမ်ားႏွင့္ သံုးရာသီမွန္ခန္းေဆာင္သစ္

ရန္ကုန္ၿမိဳ႕ျပလမ္းမ်ား၊ ရင္ျပင္မ်ား

ရန္ကုန္ၿမိဳ႕ျပလမ္းမ်ား၊ ရင္ျပင္မ်ား