အိမ်မှအလုပ်လုပ်ဖို့အတွက် နည်းလမ်းကောင်းများ (၁)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
မတ် 29, 2020 နေ့
ဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

သင်ဟာ ရုံးမသွားဘဲ အိမ်မှာပဲ အလုပ်လုပ်ဖို့ စီစဉ်နေတဲ့သူလား??? အဲ့လိုဆိုရင်တော့ သင်ဟာ remote worker တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ယခုပြောပြသွားမယ့်နည်းလမ်းတွေဟာ contributor တစ်ဦးတစ်ယောက်ချင်းစီအတွက်တင်မဟုတ်ဘဲ managers တွေ team leaders တွေနဲ့ပါ သက်ဆိုင်ပါတယ်။ အရင်အချိန်အခါတုန်းက အိမ်မှာနေပြီးအလုပ်လုပ်တာဟာ ဇိမ်ခံခြင်းတစ်မျိုးဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ အိမ်မှာနေပြီးအလုပ်လုပ်တာဟာ ကုမ္ပဏီကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းလေးတွေကြားမှာ အဓိကအထောက်အပံ့တစ်ခုအနေနဲ့ဖြစ်လာပါတယ်။ အဲ့ဒါဘာ့ကြောင့်လဲလို့မေးရင် အကျိုးဖြစ်ထွန်းလို့၊ စွမ်းဆောင်ရည်မြင့်မားလို့ပါပဲလို့ ဖြေရမှာပါပဲ။
အိမ်ကနေ အလုပ်လုပ်တာဟာ တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် သေသေချာချာ မစီမံဘူးဆိုရင်တော့ အခက်တွေ့နိုင်ပါတယ်။
(၁) အလုပ်လုပ်ဖို့်အတွက် အတည်တကျရှိမယ့် နေရာတစ်ခု ဖန်တီးပါ။
အိမ်ကနေမှအလုပ်လုပ်မယ်ဆိုရင် ပထမဆုံးတစ်ချက်က အလုပ်ပြီးမြောက်ဖို့အတွက် နေရာတစ်ခုဖန်တီးဖို့လိုပါတယ်။ ရုံးခန်းတစ်ခုအနေနဲ့ဖန်တီးဖို့ သင့်နေရာဟာ ဘာမှမရှိတဲ့အခန်းလည်းဖြစ်နိုင်သလို အရံအိပ်ခန်းတစ်ခန်းလည်း ဖြစ်နေနိုင်ပါတယ်။ အကယ်၍ သင့်မှာ နေရာအခက်အခဲရှိနေတယ်ဆိုရင် ကွန်ပျူတာနဲ့ ရုံးအသုံးအဆောင်ပစ္စည်းတွေထားဖို့ စားပွဲခုံတစ်လုံးထားပေးပြီး အသုံးပြုနိုင်ပါတယ်။ သက်သောင့်သက်သာရှိစေမယ့် ပရိဘောဂ ပစ္စည်းမျိုးကို အသုံးပြုပေးဖို့ အကြံပေးချင်ပါတယ်။ သင့်အခန်းရဲ့ နေရာအကျယ်အနေအထားနဲ့ သင့်လျော်မယ့် စားပွဲခုံ၊ စာအုပ်စင်နဲ့ ကုလားထိုင်တို့ကို ရွေးချယ်အသုံးပြုပေးပါ။
သင်ကနေရာအတွက်ကို သိပ်ပဓာန မထားတတ်ဖူးဆိုရင် သင့်အိမ်တွင်းမှာ အလုပ်လုပ်နိုင်ဖို့ နေရာတစ်ခုဖန်တီးပေးပြီး ထိုနေရာမှာပဲ အလုပ်လုပ်ဖို့ကို ဆုံးဖြတ်ထားပါ။ သင်အလုပ်လုပ်မယ့် နေရာဟာ တိတ်ဆိတ်ငြိမ်သက်နေဖို့ လိုပါတယ်။ ဒါမှလည်း သင့်ရဲ့အလုပ်အပေါ် အာရုံစူးစိုက်နိုင်မှာပဲဖြစ်ပါတယ်။


(၂) အရည်အသွေးမြင့်စက်ပစ္စည်းတွေ အသုံးပြုပါ။
သင်အိမ်မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ဘာပစ္စည်းတွေ လိုအပ်မလဲဆိုတာကို စာရင်းပြုလုပ်ပါ။ ရုံးမှ သင်အသုံးပြုနေကြပစ္စည်းတွေထဲကမှ ဘာတွေက အိမ်မှာရှိပြီးသားလဲ၊ ဘယ်ပစ္စည်းတွေ သယ်ယူဖို့လိုမလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာပါ။


အိမ်မှာနေပြီး အလုပ်လုပ်ပြီဆိုကတည်းက messages ပို့ပြီးစကားပြောတာထက် ပိုလိုအပ်ပါတယ်။ ထိုအခါ သင်လည်း internet router လိုအပ်လာပါလိမ့်မယ်။ အလုပ်ရဲ့သဘောသဘာဝအရ computer hardware နဲ့ software တွေကို ဝယ်ဖို့ဖြစ်လာနိုင်ပါတယ်။ လိုင်းဆွဲအားကောင်းတဲ့ internet router ထားရှိပေးတာဟာ အခက်အခဲတွေအများကြီးကို လျော့သွားစေနိုင်ပါတယ်။


(၃) အလုပ်ချိန် သတ်မှတ်ပါ။
ယခုသင်ဟာ စားပွဲ နဲ့ ထိုင်ခုံအတွက် နေရာပြင်ဆင်ပြီးသွားပြီဆိုတော့ အလုပ်စလုပ်ဖို့ အချိန်ကျလာပါပြီ။ သင်က အိမ်ကနေမှ အလုပ်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားရင် အလုပ်လုပ်ဖို့အတွက်ကိုလည်း အချိန်သတ်မှတ်ပေးဖို့လိုပါတယ်။
အိမ်မှာနေပြီး အလုပ်လုပ်ရတဲ့ အကောင်းဆုံးအချက်က သင့်ရဲ့အလုပ်ချိန်ကိုပြောင်းရာမှာ ပြောင်းလွယ်ပြင်လွယ်ရှိခြင်းဖြစ်ပါတယ်။ ဥပမာ – သင်က မနက်ပိုင်းမှာ အလုပ်လုပ်ရတာ ပ်ုဖြစ်ထွန်းတယ်ထင်ရင် အလုပ်ချိန်ကို မနက် (၇) ကနေ နေ့လည် (၃) နာရီအထိ ထားပေးနိုင်ပါတယ်။ သင့်ရဲ့အလုပ်ချိန်ကို ပိုပြီးထိထိရောက်ရောက် စီမံခန့်ခွဲဖို့ စာအုပ်တွေလည်း ဖတ်ပေးဖို့ လိုပါတယ်။


(၄) လုပ်နိုင်စွမ်းထက် ပိုလုပ်တာမျိုးကို ရှောင်ကျဉ်ပါ။
အိမ်မှာလုပ်ရတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုဟာ သင့်နေ့စဉ်ကိုယ်ပိုင်ဘဝမှာ စိတ်ရှုတ်နေစေနိုင်ပါတယ်။ အဲ့ဒါဘာ့ကြောင့်လဲဆိုတော့ သင်ဟာ အမြဲအိမ်မှာရှိနေမယ်၊ သင့်အလုပ်ကလည်းအိမ်နဲ့ နီးနေမယ်ဆိုရင် သင့်လွတ်လပ်တဲ့ ကိုယ်ပိုင်အချိန်တွေထဲကိုလည်း အလုပ်တွေ ဝင်ရောက်လာနိုင်လို့ဖြစ်ပါတယ်။ ဒါပေမယ့် သင်ခွင့်ပြုမှသာ သင့်ဘဝထဲကို ရောက်လာမှာဖြစ်ပါတယ်။
တိကျတဲ့ အလုပ်ချိန်ပြောင်းလဲသတ်မှတ်ပေးပါ။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့စွမ်းဆောင်ရည် တိုးတက်မြင့်မားလာနိုင်သလို ပိုပြီးပြည့်စုံတဲ့ အလုပ်ချိန်ဇယားတစ်ခုလည်း ရရှိလာနိုင်ပါတယ်။


(၅) သင့်ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးအချိန်ကို ရှာဖွေပါ။
နေ့တစ်နေ့တာမှာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်အမြင့်မားဆုံးအချိန်တွေကလည်း မတူညီကြပါဘူး။ ဥပမာ – တချို့က မနက်ပိုင်းသမားတွေဖြစ်ပါတယ်။ သူတို့ဟာ မနက်ပိုင်းမှာပဲ အာရုံစူးစိုက်လေ့ရှိပြီး မနက်ပိုင်းမှာပဲ စွမ်းဆောင်ရည် ပိုမြင့်မားတတ်ကြပါတယ်။ တချို့လူတွေအဖို့ ညနေပိုင်းမှာ အလုပ်လုပ်ရတာဟာ သူတို့အတွက် စွမ်းဆောင်ရည် အမြင့်မားဆုံးအချိန်ဖြစ်နေတတ်ပါတယ်။ သင်လည်း သင့်အတွက် စွမ်းဆောင်ရည် အမြင့်မားဆုံးအချိန်ကို ရှာဖွေပြီး အလုပ်အချိန်ဇယားတစ်ခု ဖန်တီးပါ။


(၆) မနက်ခင်းတိုင်းမှာ သင်လုပ်ဆောင်ရမယ့် စာရင်းကို အသစ်ပြောင်းလဲပေးပါ။
အိမ်ကနေအလုပ်လုပ်ရတဲ့အခါ သင့်ကိုဖိအားဖြစ်စေမယ့် သင့်အထက်လူကြီး သင့်ဘေးမှာရှိမနေတာဟာ တစ်နေ့တာအတွက် သင်လုပ်ရမယ့် အလုပ်တွေကို လစ်ဟမသွားစေဖို့ စိန်ခေါ်နေသလိုပါပဲ။ သင်လုပ်ရမယ့် အလုပ်တွေကို ပြန်လည်ဆန်းစစ်ခြင်းအားဖြင့် သင့်တစ်နေ့တာကို စတင်ပါ။ လုပ်ရမယ့် စာရင်းတွေကို ရေးမှတ်ထားပြီး ပြီးဆုံးအောင်လုပ်ဆောင်ပါ။ လုပ်ဆောင်ရမယ့် အလုပ်တစ်ခုချင်းစီအတွက် အချိန်ကန့်သတ်ပေးပါ။ ရည်မှန်းချက်တွေထားပေးပါ။ သင်လုပ်ရမယ့် စာရင်းတွေထဲက တစ်ခုပြီးမြောက်သွားတိုင်း ကြက်ခြေခတ်လိုက်ပါ။ ဒီလို ရိုးရိုးရှင်းရှင်းနည်းလမ်းလေးတွေက ပိုထိရောက်ပြီး ပြည့်စုံပါတယ်။


(၇) စာရင်းဇယား အသုံးပြုပါ။
ပြက္ခဒိန်နဲ့ စာရင်းဇယားအသုံးပြုတာကို အကျင့်ဖြစ်အောင်လုပ်ပါ။ ဥပမာ – သင်ဟာ အိမ်ကနေမှ အလုပ်လုပ်မယ်၊ ဒါပေမယ့် သွားစရာလည်းရှိနေသေးတယ်ဆိုရင် လုပ်စရာတွေကို ရေးမှတ်ထားတဲ့ စာရင်းဇယားအသုံးပြုတဲ့ အမူအကျင့်လေးပြုလုပ်ပေးပါ။ Deadlines သတ်မှတ်ပေးထားပါ။ Appointments နဲ့ meetings တွေအတွက်ပါ စာရင်းဇယားလုပ်ပြုလုပ်ပါ။ ရုံးမှာအလုပ်လုပ်တာပဲဖြစ်ဖြစ်၊ အိမ်မှာအလုပ်လုပ်တာပဲဖြစ်ဖြစ် သင်လုပ်ရမယ့်အလုပ်တွေနဲ့ သင့်ရဲ့ လှုပ်ရှားမှုတွေအားလုံးအတွက် စာရင်းဇယားဆွဲပါ။ အစီအစဉ်ချမှတ်ပြီးတာနဲ့အမျှ လုပ်ဆောင်ပါ။



ဆက်စပ်ဆောင်းပါးများ

ကမ္ဘာပေါ်က ထူးထူးခြားခြား ရယ်ချင့်စဖွယ် အဆောက်အအုံများ

ကမ္ဘာပေါ်က ထူးထူးခြားခြား ရယ်ချင့်စဖွယ် အဆောက်အအုံများ

၁၅ ကြိမ်မြောက် PropertyGuru Asia Property Awards Grand Final နောက်ဆုံးအဆင့် ဆုချီးမြှင့်ပွဲကြီး

၁၅ ကြိမ်မြောက် PropertyGuru Asia Property Awards Grand Final နောက်ဆုံးအဆင့် ဆုချီးမြှင့်ပွဲကြီး

ပျော်ရွှင်စရာကောင်းတဲ့ ကလေးအိပ်ခန်းဖန်တီးခြင်း

ပျော်ရွှင်စရာကောင်းတဲ့ ကလေးအိပ်ခန်းဖန်တီးခြင်း

မီတာခချွေတာဖို့ နည်းလမ်းများ

မီတာခချွေတာဖို့ နည်းလမ်းများ

တိုက်ခန်းတွင် နေထိုင်သူများအတွက် ကြိုတင်သတိထားကာကွယ်သင့်သည့်အချက်များ

တိုက်ခန်းတွင် နေထိုင်သူများအတွက် ကြိုတင်သတိထားကာကွယ်သင့်သည့်အချက်များ