အိမ်မက်တစ်ခုအကောင်အထည်ဖော်ခြင်း Crystal Residence Condo

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
September 5, 2019 နေ့
အင်တာဗျူး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

Interior Design and Design Management : MOPA Design
ID Project Managment : Design Fever 105 HCo., Ltd.
M&E Design and Contractor : New Gate Engineering
Loose Furniture : Enchant Luxury Furniture, D2H Furniture
Sanitaryware Supplier : Bath & Co. Sanitaryware
Kitchen Equipments: Teka
Stone Supplier : Niro Granite, Royal Lin Marble & Granite
Curtain Installation : May Chaw Yin
Loose Carpet Supplier : Master Craft
Photography : Thiri May
အိမ်နဲ့ ပတ်သက်ရင် လူတိုင်းမှာ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေ ရှိကြပါတယ်။ မိမိ စိတ်ကူးနဲ့ တစ်ထပ်တည်းကျတဲ့ နေရာ ပတ်ဝန်းကျင် လေးမှာ နေခွင့်ရမယ်ဆိုရင်တော့ ကျေနပ်စရာပါပဲ။ အခုတစ်ပတ် ဖော်ပြချင်တဲ့ အကြောင်းအရာလေးကတော့ တက်ကြွတဲ့ လူငယ်တစ်ဦးရဲ့ အသွင်အပြင်တွေ ထင်ဟပ်နေမယ့် အိမ်ခန်းလေးတစ်ခုအကြောင်းပါ။ ဒီအကြောင်းကိုဖော်ပြပေးချင်တာကြောင့် အိမ်ခန်းလေးကို အသက်သွင်း ပုံဖော်ဖန်တီးပေးခဲ့တဲ့ MOPA Deisgn မှ Interior Designer ကိုကျော်မိုးဝေနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
ကိုကျော်မိုးဝေထံမှ သိခဲ့ရတာလေးတွေကတော့ –
ဒီတလတော့ ကျွန်တော် ဖန်တီးဖြစ်တဲ့ interior design တွေထဲက တစ်ခုဖြစ်တဲ့ Crystal Residence Condo က အခန်းတစ်ခန်းကို ဖန်တီးခဲ့ပုံကို ပြောပြချင်ပါတယ်။ ဒီဇိုင်းမဖန်တီးခင် client ဖြစ်တဲ့ညီလေး Solo နဲ့ ဆွေးနွေးတဲ့အခါမှာ ညီလေး Solo က လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် လူငယ်ဆန်ပြီး luxury ဖြစ်တဲ့ အခန်းအပြင်အဆင်လေး လိုချင်ပါတယ်လို့ ပြောလာပါတယ်။ ဒါ့အပြင် သူ့ရဲ့ crazy colour က black ဖြစ်ပါတယ်။ အင်တာနက်က ပုံတစ်ချို့ကိုပြပါတယ်။ ညီလေးပြတဲ့ ပုံတွေမှာ black colour theme နဲ့ neoclassical ဟန်တွေတွေ့ရပါတယ်။ ညီလေးပြောပြတဲ့ လိုအပ်ချက်တွေက ကျွန်တော့အတွက် Challenge တစ်ခုပါ။ ညီလေး Solo က black colour ကို အတော်လေး crazy ဖြစ်တယ်လို့ ပြောရပါမယ်။ black colour ကို နေရာအတော်များများမှာ သုံးချင်ပါတယ်။


ဒီနေရာမှာ ကျွန်တော်တို့ designer တွေက client ပြောသမျှတိုင်းကို “YES” လုပ်လို့ မရပါဘူး။ ကျွန်တော့ ခံယူချက်အနေနဲ့ client သည် ကျွန်တော်တို့ professional ကို ယုံကြည်လေးစားလို့ ရောက်လာခြင်းဖြစ်ပါတယ်။ သူတို့လိုချင်တာ၊ လုပ်ချင်တာကို ကျွန်တော်တို့ပညာနဲ့ အကောင်းဆုံး ဖန်တီးနိုင်လိမ့်မယ်လို့ ယူဆလို့သာ အပ်နှံခြင်းဖြစ်ပါတယ်။ သူတို့ပြောသမျှသာကျွန်တော်တို့ designer တွေက “YES” လို့သာပြောနေမယ်ဆိုရင် သူတို့အတွက် designer ဆိုတာ လိုအပ်မယ်မထင်ပါဘူး။ client လိုချင်တာကိုအခြေခံပြီး ကိုယ့်ရဲ့ ပညာနဲ့ ပေါင်းစပ်ဖန်တီးမှသာ အောင်မြင်တဲ့ design တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ခံယူထားပါတယ်။


ဒါ့ကြောင့် ညီလေး Solo လိုချင်တဲ့ black colour ကို main colour အနေနဲ့ရွေးချယ်ပြီး သူနဲ့ harmony ဖြစ်မယ့် grey, white colour တွေနဲ့ တွဲဖက်ပေးခဲ့ပါတယ်။ ဒါ့အပြင် accent colour တွေထည့်သွင်းအသုံးပြုခြင်းဖြင့် design ကို ပိုမိုအသက်ဝင်လာအောင် ဖန်တီးပေးခဲ့ပါတယ်။
လူငယ်ဆန်တဲ့ luxury ဒီဇိုင်းကိုလိုချင်တာကြောင့် modern contemporary style ကိုရွေးချယ်ဖန်တီးဖြစ်ပါတယ်။ interior design မှာ fixture and furnishing အပိုင်းက အတော်လေးအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ furniture တွေရွေးချယ်တဲ့ အခါမှာ design ရဲ့ အဓိက main theme ဖြစ်တဲ့ လူငယ်ဆန်ခြင်း၊ luxury ဖြစ်ခြင်းဆိုတဲ့ အချက်တွေနဲ့ အညီ furniture တွေကို လူငယ်တစ်ယောက်ရဲ့ သွက်လက်မှုကို ကိုယ်စားပြုတဲ့ movement ပါတဲ့ဟန်ရှိတဲ့ furniture design တွေကို ရွေးချယ်ဖြစ်ပါတယ်။


Decoration သည် interior designer ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါ့ကြောင့် interior designer တွေဖန်တီးတဲ့ design တိုင်းမှာ decoration သည် မပါမဖြစ် အဓိကဇာတ်ရံအနေနဲ့ ပါလေ့ရှိပါတယ်။ decoration ပစ္စည်းတွေထဲကမှ အဓိကအကျဆုံးဖြစ်တဲ့ artwork တစ်ခုဖြစ်တဲ့ ပန်းချီကားတွေပါ။ interior design တစ်ခု ပိုမိုအသက်ဝင်အောင် ပန်းချီကားတွေက အများကြီးပံ့ပိုးပေးပါတယ်။ ပန်းချီကားရွေးချယ်မှု မှန်ကန်ဖို့တော့ အရေးကြီးပါတယ်။
ညီလေး Solo အခန်းအတွက် ပန်းချီကားရွေးချယ်တော့ စစချင်းစဉ်းစားမိတာက ဘယ်လိုဟန်ကို ရွေးချယ်မလဲဆိုတာပါ။ ရွေးချယ်ထားတဲ့ အခန်းအရောင်ဖြစ်တဲ့ black မှာပေါ်လွင်တဲ့ အရောင်တွေနဲ့ ဖန်တီးထားတဲ့ ပန်းချီကားကိုရွေးချယ်ဖို့ စဉ်းစားမိပါတယ်။ ပန်းချီကားဟန်ကလည်း သွက်လက်ရမယ်ပေါ့။ ပန်းချီကားရွေးချယ်ဖို့အတွက် gallery တစ်ခုကို ညီလေး Solo နဲ့အတူသွားကြည့်တော့ gallery မှာ ညီအစ်မသုံးယောက် ရေးဆွဲထားတဲ့ ပန်းချီကားတွေပြတဲ့ show နဲ့ ကြုံကြိုက်ခဲ့ပါတယ်။

ညီအစ်မသုံးယောက်က အတော်ငယ်ငယ်လေးတွေပါ။ အသက်(၁၀)နှစ်၊ (၈)နှစ်၊ (၆)နှစ် ဝန်းကျင်လေးတွေပါ။ သူတို့ရဲ့ ရေးဟန်တွေက ကလေးလို့တောင် မထင်ရပါဘူး။ သူတို့ပန်းချီကားတွေက Abstract ဟန်တွေပါ။ သွက်လက်တဲ့ ရေးချက်တွေတွေ့ရသလို primary secondary အရောင်တွေနဲ့ ဖန်တီးထားတာတွေ့ရပါတယ်။
သွက်လက်တဲ့ရေးဟန်၊ တောက်ပတဲ့ အရောင်အတွဲအစပ်တွေက ကျွန်တော်ဖန်တီးထားတဲ့ interior design နဲ့ လိုက်ဖက်ညီနေတာကြောင့်တစ်ကြောင်း၊ ညီလေး Solo က လူငယ်ပန်းချီဆရာတွေကို အားပေးချင်တာကတစ်ကြောင်း၊ သူကိုယ်တိုင်လည်း ပန်းချီကားတွေကို သဘောကျတာကတစ်ကြောင်းကြောင့် ရွေးချယ်ဝယ်ယူဖြစ်ခဲ့ပါတယ်။


Sanitary items တွေရွေးချယ်တဲ့အခါမှာ ညီလေး Solo နဲ့အတူ ရှစ်မိုင်မှာရှိတဲ့ Bath & Co. Showroom ကို ရောက်သွားခဲ့ပါတယ်။ ပုံမှန်အားဖြင့် Sanitary items တွေဆိုရင် ကြွေအဖြူရောင်နဲ့ Stainless steel အရောင်တွေပဲရနိုင်ပေမယ့် Bath & Co. မှာတော့ Black, Gold, Rose Gold စသဖြင့် အရောင်စုံရှိနေတာကို တွေ့ရှိရပါတယ်။ ညီလေး Solo ရဲ့ crazy ဖြစ်တဲ့ Black ပါရှိတော့ သူအတော်သဘောကျ နှစ်ခြိုက်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီဇိုင်းသဘောအရ Sanitary items အကုန်လုံးကို အနက်ရောင်သုံးရင် design က flat ဖြစ်သွားမှာဖြစ်တဲ့အတွက် W.C., Bathtub တို့ကို ကြွေအဖြူပဲသုံးစေပြီး ကျန်တဲ့ accessories တွေကို အနက်ရောင်ကိုရွေးချယ် အသုံးပြုဖြစ်ခဲ့ပါတယ်။
Interior design ရဲ့ အသက်တစ်ခုဖြစ်တဲ့ Space Planning အခန်းဖွဲ့စည်းမှုကလည်း designer အတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ Space Planning ဖန်တီးဖို့အတွက် client ရဲ့ Function ကိုသိဖို့လိုအပ်သလို အဆောက်အဦးရဲ့ ပတ်ဝန်းကျင်အခြေအနေ၊ အဆောက်အဦးလေဝင်လေထွက်၊ အလင်းရောင်ရရှိမှု၊ အဆောက်အဦးရဲ့ structure အစရှိသည်တို့ကို လေ့လာဖို့လိုအပ်ပါတယ်။ ညီလေး Solo ရဲ့ အခန်းက မပြင်ဆင်တုန်းက 3 bedrooms ပုံစံပါ။ သို့ပေမယ့် ညီလေးရဲ့ Function အရ 2 bedrooms အဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ အိပ်ခန်းကျယ်ကျယ်နဲ့ modern ဆန်တဲ့ bathroom ကို တွဲဆက်ပေးခဲ့ပါတယ်။


အနှစ်ချုပ်ပြောရရင် interior design တစ်ခုဖန်တီးတဲ့အခါ လှပနေရုံတင်မဟုတ်ပဲ client အတွက် function ကျဖို့ အရေးကြီးပါတယ်။ interior designer တွေသည် “YES MAN” ဖြစ်မနေဘဲ client ရဲ့ အိမ်မက်ကို ကိုယ့်ရဲ့ အိမ်မက်အဖြစ် ပြောင်းလဲမက်နိုင်မှသာ ကိုယ့်ရဲ့ အောင်မြင်တဲ့ design တစ်ခုဖြစ်လာမှာပါ။
ဟုတ်ကဲ့ အခုဖော်ပြပေးခဲ့တာကတော့ MOPA Design ရဲ့ ဖန်တီးမှုတွေထဲက တစ်ခုဖြစ်တဲ့ အခန်းလေးပါ။ စာဖတ်ပရိတ်သတ်ကြီးလည်း မိမိ အိမ်လေးကိုရော ဘယ်လိုပြင်ဆင်ကြမလဲဆိုတာ စိတ်ကူးလေးတွေ ထုတ်နေလောက်ပြီလို့ထင်ပါတယ်။ အခုဆောင်းပါးလေးအတွက် Myanmar Home & Décor ရဲ့ တောင်းဆိုမှုနဲ့အတူ ဒီအိမ်လေး ဖန်တီးခဲ့ပုံနဲ့ ပတ်သက်ပြီး အချိန်ပေးပြောပြပေးခဲ့တဲ့ Interior Designer ဖြစ်သူ ကိုကျော်မိုးဝေကိုလည်း ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

Zawgyi ဖြင့်ဖတ်ရန်


Photography : Thiri May















Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ဒီဇိုင်းတစ်ခု အောင်မြင်စွာပုံဖော်ဖန်တီးခြင်း

ဒီဇိုင်းတစ်ခု အောင်မြင်စွာပုံဖော်ဖန်တီးခြင်း

Green Architecture အကြောင်း တစေ့တစောင်း

Green Architecture အကြောင်း တစေ့တစောင်း

မစ္စ္စအမ်မလီနှင့် F&B Outlet Design များအကြောင်း

မစ္စ္စအမ်မလီနှင့် F&B Outlet Design များအကြောင်း

ပရိဘောဂဒီဇိုင်နာဖြစ်ချင်သူများအတွက်

ပရိဘောဂဒီဇိုင်နာဖြစ်ချင်သူများအတွက်