အိမ်ပြောင်းတဲ့အခါ လွယ်ကူစေမယ့်အချက်များ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မှ
October 22, 2020 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

အိမ်အသစ်တစ်အိမ်ကိုပြောင်းတော့မယ်ဆိုရင် …..

အိမ်ပြောင်းကြတာ ရုံးအပြောင်းအရွှေ့လုပ်ကြတာဟာ တကယ်တော့ အင်မတန်ပင်ပန်းလှပါတယ်။ အသစ်ပြောင်းရွှေ့မယ့်နေရာဟာ သာလွန်ကောင်းမွန်နေတယ်ဆိုပေမယ့်လည်း နေရာဟောင်းကနေ ပစ္စည်းတွေသိမ်းဆည်းရတာ နေရာသစ်ရောက်ရင် ပစ္စည်းတွေနေရာချရတာဟာ အချိန်ယူပါတယ်။ နည်းစနစ်တကျ ထုတ်ပိုးပြင်ဆင်မှုမရှိဘူးဆိုရင်တော့ တော်တော်လေး ခေါင်းကိုက်တဲ့ကိစ္စပါပဲ။

အိမ်အသစ်ကိုပြောင်းပြီးမှ အလျင်စလိုလုပ်မယ့်အစား အချိန်ရမည်ဆိုရင် မပြောင်းခင်မှာ တချို့အရေးကြီးတဲ့အရာလေးတွေကို လိုက်လုပ်လိုက်တာက ပိုပြီး အဆင်ပြေပါလိမ့်မယ်။ မကြာခင်မှာ သီတင်းကျွတ်အချိန်အခါရောက်တာတော့မှာဆိုတော့ အိမ်ပြောင်းရွှေ့တဲ့အခါမှာ သတိပြုပြီးကြိုတင်ပြင်ဆင်ရမယ့်အရာတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်

ပစ္စည်းများ သိမ်းဆည်းတဲ့အခါ ဒါတွေကို အရင်ဆုံးပြုလုပ်ပါ

  • မီးဖိုချောင်ထဲမှာရှိတဲ့ အမြဲမသုံးဖြစ်တဲ့အရာတွေကို စတင်သိမ်းဆည်းပါ။
  • ကွဲတတ်တဲ့ပစ္စည်းတွေဖြစ်တဲ့ ပန်းကန်၊ ပန်းအိုး အစရှိတာတွေကို စက္ကူနဲ့သေချာစွာထုတ်ပိုးပါ၊
  • သေးငယ်တဲ့ပစ္စည်းလေးတွေကို ဘူးငယ်လေးနဲ့ထည့်ပြီး တစ်နေရာတည်းစုစည်းသိမ်းဆည်းပါ၊
  • ကိုယ်သယ်သွားရမယ့်အရာတွေတွက် သင့်တော်တဲ့စက္ကူပုံးခွံ အရွယ်အစားတွေရှာပါ။
  • ထုတ်ပိုးမှုစာရင်းတစ်ခုပြုစုရပါမယ်။
  • စက္ကူပုံးထဲကို ပစ္စည်းတွေထည့်တဲ့အခါ တစ်နေရာတည်းက ပစ္စည်းတွေကို စုစည်းပြီးထည့်ပါ။ သေတ္တာတစ်ခုစီမှာပါတဲ့ပစ္စည်းတွေကို စာရင်းလုပ်နေမယ့်အစား စက္ကူပုံးပေါ်မှာ နံပါတ်တပ်ပါ။
  • နံပါတ်တပ်ထားတဲ့ စက္ကူပုံးတစ်ခုစီမှာ ဘာပါလဲဆိုတာကို ကိုယ့်ရဲ့ထုပ်ပိုးမှုစာရင်းထဲမှာ ချရေးလိုက်ပါ။ စက္ကူပုံးပေါ်မှာ ထင်သာမြင်သာအောင် မျက်နှာပြင်လေးဘက်စလုံးမှာ ခပ်ကြီးကြီးရေးပါ။
  • ပရိဘောဂတွေရဲ့ အရွယ်အစားတွေကို ပေကြိုးနဲ့ သေချာစွာတိုင်းထွာပြီး အသစ်ပြောင်းရွှေ့မယ့်နေရာမှာ နေရာချဖို့အတွက် နေရာအသစ်မှာလည်း သွားရောက်တိုင်းတာပြီး နေရာချထားရေးအတွက် စာရင်းပြုစုပါ။

အိမ်အသစ်ကို မပြောင်းခင်အဓိက အရေးကြီးတာတွေကိုလုပ်ပါ။

  • တံခါးသော့တွေ အားလုံးပြောင်းလိုက်ပါ။
  • အိမ်ကိုရှင်းလင်းဖို့အတွက် စက်ကိရိယာတွေကို အသုံးပြုပါ။
  • ပြတင်းပေါက်တွေကို လုံခြုံမှုရှိအောင် စစ်ဆေးတပ်ဆင်ပါ။
  • မီးလိုင်းတွေကို သေချာစစ်ဆေးပါ။
  • ဘာတွေပြင်ဆင်ပြုပြင်စရာရှိမလဲဆိုတာ သေချာကြည့်ပါ၊
  • ဘယ်ပစ္စည်းကို ဘယ်နေရာမှာ နေရာချထားမလဲဆိုတာကို ကြိုတင်စာရင်းပြုစုပါ။

အိမ်ပြောင်းမယ့်နေ့မှာ မဖြစ်မနေအသုံးပြုရမယ့်ပစ္စည်းတွေကို တစ်စုတစ်စည်းတည်းထားပါ။

  • တစ်ညစာအဝတ်အစားထည့်ထားတဲ့အိတ်၊ တကိုယ်ရည်နေ့စဉ်သုံး ပစ္စည်းများ၊ အစားအသောက်တချို့၊ အမှိုက်အိတ်တွေ အစရှိတဲ့ပစ္စည်းတွေကို တစ်စုတစ်စည်းတည်း အလွယ်တကူသုံးနိုင်အောင် ထုတ်ပိုးသိမ်းဆည်းပါ။

အထူးသတိပြုရမှာကတော့ အိမ်မပြောင်းရွှေ့မီ ၂၄ နာရီကြိုတင်ပြီး ရေခဲသေတ္တာကို မီးပလတ်ဖြုတ်ထားရပါမယ်။ နေရာသစ်ကိုရောက်တဲ့အခါမှာလည်း ၂၄နာရီကြာပြီးမှပဲ ရေခဲသေတ္တာကို မီးပလပ်တပ်ပြီး စတင်အသုံးပြုရပါမယ်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ဖြူစင်ခြင်းနှင့်အတူ နေထိုင်ခြင်း

ဖြူစင်ခြင်းနှင့်အတူ နေထိုင်ခြင်း

ရှေ့မျက်နှာစာ ဂမ္ဘီရပဒေသာ

ရှေ့မျက်နှာစာ ဂမ္ဘီရပဒေသာ