အိမ်ငှား၊ ဆိုင်ငှား၊ အခန်းငှားမယ့်သူတွေ မြန်မြန်လာပါစေ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဇင်ယော်နီ မှ
အောက်တိုဘာ 29, 2019 နေ့
Promotion ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

လူတွေဟာ အခက်အခဲ အတားအဆီးတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ကိုယ်တိုင်ဖြေရှင်းကြရုံသာမက အားကိုးစရာအဖြစ် ဘာသာရေးကိုလည်း ယုံကြည်ဆောင်ရွက်လေ့ရှိကြပါတယ်။ ဒါ့ပြင် ယတြာချေခြင်းများကိုလည်း လုပ်ဆောင်တတ်ကြပါတယ်။ တစ်ခုတော့ရှိပါတယ်- ကိုယ်က ဘာမှကြိုးစားမထားဘဲ အားထုတ်မထားဘဲနဲ့တော့ ယတြာချေရင်တောင် အစွမ်းပြမှာ မဟုတ်ပါဘူး။ အရင်ဆုံး ကိုယ်တိုင် ကြိုးစားပြီးမှ ဗေဒင်ဆရာဆီသွားတာ အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ ဆိုပါစို့ ကျောင်းသားတစ်ယောက်ဟာ ကျောင်းလည်းမတက် စာလည်းမကျက်ဘဲ ယတြာပဲ ထိုင်ချေနေမယ်ဆိုရင်တော့ စာမေးပွဲ အောင်နိုင်မှာ မဟုတ်ပါဘူး။ တကယ်က ကိုယ်ကိုယ်တိုင်ကသာ အဓိကပါ။


ဒီအပတ်မှာတော့ အိမ်၊ ဆိုင် နဲ့ အခန်းငှားချင်သူများအတွက် ဆရာဇင်ယော်နီဟောပြပေးထားတဲ့ နည်းလမ်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ သင်ဟာ သင့်ရဲ့ အိမ်၊ ဆိုင်နဲ့ အခန်းကို ငှားရမ်းသူတွေ မြန်မြန်လာရောက်စေချင်တယ် ဆိုရင်တော့ ဒီနည်းလမ်းလေးကို လုပ်ကြည့်သင့်ပါတယ်။


ယတြာချေဖို့အတွက် ငွေကုန်ကြေးကျ မများပါဘူး။ ချင်းတက်ကြီးကြီး တစ်တက်ဝယ်ပြီး အဲ့ဒီချင်းတက်ကို ငှားချင်တဲ့ အိမ်တွေ ဆိုင်တွေရဲ့ အခန်းတံခါးကို နံနက်စောစောမှာ ၂၇ ချက်ခေါက်ပြီး ဆုတောင်းပေးတာမျိုး လုပ်ပေးရပါမယ်။
ချင်းတက်ဆိုတာက တနင်္လာနံနဲ့ စနေနေံ ပေါင်းထားခြင်း ဖြစ်ပြီး ၂+၇ ဆိုတော့ကာ ကိုးနဝင်းဖြစ်ပါတယ်။ ချက်ခြင်းတက်လာပါစေဆိုတဲ့ ဓာတ်လည်းမိပြီး ချင်းဆိုတာက ပူရှိန်းရှိန်းလေးဆိုတော့ အေးအေးလူလူမဟုတ်ဘဲ မြန်မြန်ဆန်ဆန် အလောတကြီး တက်လာပါစေဆိုတဲ့ ဓာတ်လည်းပါနေပါတယ်။ ၂၇ ရက်ပြည့်အောင် နံနက်တိုင်း အဲ့ဒီလို ပြုလုပ်ပေးပါ။
ယခု ဆရာဇင်ယော်နီရဲ့ ပြောပြပေးထားတဲ့ ဆောင်းပါးကို ဖော်ပြပေးသွားတာကတော့ Myanmar Home & Décor မှ ဖြစ်ပါ

အိမ္ငွား၊ ဆိုင္ငွား၊ အခန္းငွားမယ့္သူေတြ ျမန္ျမန္လာပါေစ

လူေတြဟာ အခက္အခဲ အတားအဆီးေတြ ရင္ဆိုင္ၾကံဳေတြ႔ရတဲ့အခါ ကိုယ္တိုင္ေျဖရွင္းၾကရံုသာမက အားကိုးစရာအျဖစ္ ဘာသာေရးကိုလည္း ယံုၾကည္ေဆာင္ရြက္ေလ့ရွိၾကပါတယ္။ ဒါ့ျပင္ ယၾတာေခ်ျခင္းမ်ားကုိလည္း လုပ္ေဆာင္တတ္ၾကပါတယ္။ တစ္ခုေတာ့ရွိပါတယ္- ကိုယ္က ဘာမွႀကိဳးစားမထားဘဲ အားထုတ္မထားဘဲနဲ႔ေတာ့ ယၾတာေခ်ရင္ေတာင္ အစြမ္းျပမွာ မဟုတ္ပါဘူး။ အရင္ဆံုး ကိုယ္တိုင္ ႀကိဳးစားၿပီးမွ ေဗဒင္ဆရာဆီသြားတာ အေကာင္းဆံုးျဖစ္ပါတယ္။ ဥပမာ ဆိုပါစို႔ ေက်ာင္းသားတစ္ေယာက္ဟာ ေက်ာင္းလည္းမတက္ စာလည္းမက်က္ဘဲ ယၾတာပဲ ထိုင္ေခ်ေနမယ္ဆိုရင္ေတာ့ စာေမးပြဲ ေအာင္ႏိုင္မွာ မဟုတ္ပါဘူး။ တကယ္က ကိုယ္ကိုယ္တိုင္ကသာ အဓိကပါ။

ဒီအပတ္မွာေတာ့ အိမ္၊ ဆိုင္ နဲ႔ အခန္းငွားခ်င္သူမ်ားအတြက္ ဆရာဇင္ေယာ္နီေဟာျပေပးထားတဲ့ နည္းလမ္းေလးတစ္ခုကို တင္ဆက္ေပးခ်င္ပါတယ္။ သင္ဟာ သင့္ရဲ႕ အိမ္၊ ဆိုင္နဲ႔ အခန္းကို ငွားရမ္းသူေတြ ျမန္ျမန္လာေရာက္ေစခ်င္တယ္ ဆိုရင္ေတာ့ ဒီနည္းလမ္းေလးကို လုပ္ၾကည့္သင့္ပါတယ္။

ယၾတာေခ်ဖို႔အတြက္ ေငြကုန္ေၾကးက် မမ်ားပါဘူး။ ခ်င္းတက္ႀကီးႀကီး တစ္တက္၀ယ္ၿပီး အဲ့ဒီခ်င္းတက္ကို ငွားခ်င္တဲ့ အိမ္ေတြ ဆိုင္ေတြရဲ႕ အခန္းတံခါးကို နံနက္ေစာေစာမွာ ၂၇ ခ်က္ေခါက္ၿပီး ဆုေတာင္းေပးတာမ်ိဳး လုပ္ေပးရပါမယ္။

ခ်င္းတက္ဆိုတာက တနလၤာနံနဲ႔ စေနေနံ ေပါင္းထားျခင္း ျဖစ္ၿပီး ၂+၇ ဆိုေတာ့ကာ ကိုးန၀င္းျဖစ္ပါတယ္။ ခ်က္ျခင္းတက္လာပါေစဆိုတဲ့ ဓာတ္လည္းမိၿပီး ခ်င္းဆိုတာက ပူရွိန္းရွိန္းေလးဆိုေတာ့ ေအးေအးလူလူမဟုတ္ဘဲ ျမန္ျမန္ဆန္ဆန္ အေလာတႀကီး တက္လာပါေစဆိုတဲ့ ဓာတ္လည္းပါေနပါတယ္။ ၂၇ ရက္ျပည့္ေအာင္ နံနက္တုိင္း အဲ့ဒီလို ျပဳလုပ္ေပးပါ။ ယခု ဆရာဇင္ေယာ္နီရဲ႕ ေျပာျပေပးထားတဲ့ ေဆာင္းပါးကို ေဖာ္ျပေပးသြားတာကေတာ့ Myanmar Home & Décor မွ ျဖစ္ပါတယ



ဆက်စပ်ဆောင်းပါးများ

Year End Sales by HP Engineering & Myanmar Home & Decor Magazine

Year End Sales by HP Engineering & Myanmar Home & Decor Magazine

Year End Sales by G-Pomplus & Myanmar Home & Decor

Year End Sales by G-Pomplus & Myanmar Home & Decor

Year End Sales by ACQUA & Myanmar Home & Decor

Year End Sales by ACQUA & Myanmar Home & Decor

Year End Sale by Rheem & Myanmar Home & Decor

Year End Sale by Rheem & Myanmar Home & Decor

Life Fitness & Reebok Promotion by Seara Sports Myanmar

Life Fitness & Reebok Promotion by Seara Sports Myanmar