အိမ်ကျဉ်းကျဉ်းလေးထဲမှာ စတိုင်လ်ကျကျပြင်ဆင်နိုင်မယ့်ပရိယာယ်များ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
ဇန်နဝါရီ 17, 2021 နေ့
Content Partner ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။


အိမ်ကြီးအိမ်ကောင်းမဟုတ်တာနဲ့ပဲ စတိုင်လ်ကျကျအလှဆင်လို့မရတော့တာ မဟုတ်ပါဘူး။ အိမ်ကျဉ်းကျဉ်းလေးတွေမှာလည်း အိမ်ကြီးအိမ်ကောင်းတွေလိုပဲ အလှဆင်လို့ရပါတယ်။ ဒီဇိိုင်းအကြောင်းနားလည်ဖို့လိုပြီး လိုက်ဖက်မယ့်အရာတွေနဲ့ မလိုက်ဖက်တဲ့အရာတွေကို ကြည့်တတ်ဖို့ပဲလိုပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေနဲ့မတူတာတစ်ခုက နေရာကျဉ်းသွားတာလေးတစ်ခုပဲ ရှိပါတယ်။ ဒီဇိုင်းပိုင်းဆိုင်ရာစည်းမျဉ်းတွေကတော့ အတူတူပါပဲ။

အိမ်ကျဉ်းလို့ ဘာမှထူးထူးခြားခြားခက်ခဲသွားတာမရှိပါဘူး။ ဒီတော့ ကိုယ့်ရဲ့နေအိမ်ကျဉ်းကျဉ်းလေးထဲမှာ ဘယ်လိုအလှဆင်ရမှန်းမသိဖြစ်နေမယ် ဒါမှမဟုတ် အိမ်ကျဉ်းကျဉ်းလေးထဲမှာ နေရာကောင်းတွေကို အကျိုးရှိရှိအသုံးချတတ်ချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြသွားမယ့်ပရိယာယ်များကို Myanamr Home & Décor မှ တင်ပြလိုက်တယ်။

၁။ အလင်းရောင်ရပါစေ။
အိမ်ကျဉ်းကျဉ်းလေးမှာ မှန်ကန်တဲ့အလင်းရောင်ကို ရွေးချယ်အသုံးပြုတတ်ရင် အိမ်ရဲ့အလှကို ပိုပြီးထင်ရှားပေါ်လွင်စေပါတယ်။ ပြတင်းပေါက်ကတိုးဝင်လာတဲ့သဘာဝအလင်းရောင်အပြင် အလင်းရောင်ထပ်တိုးအသုံးပြုမယ်ဆိုရင် နွေးထွေးမှုတဲ့ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ ကြမ်းပြင်နဲ့စားပွဲမှာ မီးအိမ်တွေထားစရာနေရာမရှိဘူးဆိုရင် မီးကြိုး၊ နံရံကပ်မီးအိမ်နဲ့ မီးပဒေသာလိုမျိုး နေရာမယူတဲ့မီးအလင်းရောင်တွေကို ရွေးချယ်အသုံးပြုပါ။

၂။ ပစ္စည်းကြီးတွေကို နံရံမှာကပ်ထားပါ။
အိမ်ကျဉ်းတာနဲ့ပဲ ပစ္စည်းကြီးတွေကို လွှင့်ပစ်စရာမလိုပါဘူး။ နေရာမှန်မှာ ထားတတ်ဖို့ပဲလိုတာပါ။ သေတ္တာတွေ၊ ဆိုဖာတွေနဲ့ စာအုပ်စင်တွေလို ပစ္စည်းကြီးတွေကို အခန်းအလယ်ခေါင်မှာထားမယ့်အစား အခန်းနံရံတွေမှာ ကပ်ထားပါ။


၃။ စွယ်စုံသုံးပရိဘောဂတွေသုံးပါ။
နှစ်မျိုးသုံးလို့ရတဲ့ပရိဘောဂတွေက နေရာရော၊ ပိုက်ဆံပါချွေတာပေးနိုင်ပါတယ်။ အခုခေတ်မှာ အိမ်ကျဉ်းကျဉ်းလေးတွေများလာတဲ့အတွက်ကြောင့် စွယ်စုံသုံးလို့ရတဲ့ပရိဘောဂတွေ၊ မသုံးသေးရင် ခေါက်ထားလို့ရတဲ့ ပရိဘောဂတွေလည်း ရှာရလွယ်ကူလာပါပြီ။ နေရာကျယ်ကျယ်အသုံးပြုချင်တဲ့အခါမှာ ခေါက်ထားလို့ရတဲ့ စာရေးစားပွဲတွေ၊ ထမင်းစားစားပွဲတွေနဲ့ နှစ်ယောက်အိပ်ကုတင်ကြီးတွေတောင် ရှိနေပါပြီ။ အလားတူပဲ ဆိုဖာအဖြစ်ပြောင်းသုံးလို့ရတဲ့ ကုတင်တွေရှိသလို စာရေးစားပွဲအဖြစ်သုံးလို့ရတဲ့ကုလားထိုင်တွေလည်း ပေါ်နေပါပြီ။

၄။ ပစ္စည်းတွေလျှော့လိုက်ပါ။
အိမ်ကျဉ်းကျဉ်းလေးမှာနေရတဲ့အတွက် ကောင်းတာတစ်ခုက အိမ်ထဲကပစ္စည်းတွေကို လျှော့ချလိုက်လို့ရတာပါပဲ။ ဒီလိုလျှော့ချလိုက်မယ်ဆိုရင် ပိုနေတဲ့ပစ္စည်းတွေ၊ လက်တွေ့မှာ အသုံးမဝင်တဲ့ပစ္စည်းတွေနဲ့ ကိုယ့်အတွက် ပျော်ရွှင်မှုမဖြစ်စေတဲ့ပစ္စည်းတွေကို ဖယ်ရှားပြီးသားဖြစ်သွားပါလိမ့်မယ်။ လွှင့်ပစ်ရမယ့်ပစ္စည်းကို ရွေးချယ်တဲ့နေရာမှာ အသုံးဝင်နိုင်မယ့်နည်းလမ်းလေးတွေရှာကြည့်ပါ။ အိမ်ကျဉ်းကျဉ်းလေးကို အလှဆင်တဲ့အခါမှာ ပစ္စည်းတွေအရမ်းများနေရင် ကြပ်နေပါလိမ့်မယ်။


၅။ သပ်သပ်ရပ်ရပ်ထားပါ။
အိမ်ကျဉ်းကျဉ်းလေးထဲမှာ ပစ္စည်းနည်းလေ ကောင်းလေပါပဲ။ အိမ်ကျဉ်းလို့ မတတ်သာဘဲ ပစ္စည်းတွေကိုလျှော့လိုက်ရပေမယ့် သိမ်းထားချင်မိတဲ့ပစ္စည်းတွေတော့ရှိမှာပါ။ ဒါပေမဲ့ အိမ်ထဲမှာ ဗြုတ်စဗျင်းတောင်းရှုတ်ပွမနေဖို့တော့ လိုပါတယ်။ အိမ်ထဲမှာ နေရာလွတ်များများထားပေးမှသာ သွားလာလာရလွယ်မှာဖြစ်သလို နေ့စဉ်သုံးနေရတဲ့အသုံးအဆောင်ပစ္စည်းတွေကို အလွယ်တကူ လက်လှမ်းမီနိုင်မှာပါ။ ကြမ်းပြင်ကနေ စားပွဲပေါ်တွေအထိ ရှင်းလင်းထားသင့်သလို ပရိဘောဂတွေကြားမှာလည်း နေရာလွတ်လေးတွေ ထားပေးသင့်ပါတယ်။


၆။ ပစ္စည်းတွေသိမ်းဆည်းတဲ့နေရာကိုဖန်တီးယူပါ။
ပစ္စည်းတွေသိမ်းဆည်းတဲ့နေရာကိုရွေးချယ်တဲ့အခါ အလှဆင်ပစ္စည်းအဖြစ်ပါ အသုံးပြုလို့ရတာတွေရှိပါတယ်။ ပရိဘောဂတွေကိုရွေးချယ်တဲ့အခါ ပစ္စည်းပါထည့်လို့ရတဲ့ပရိဘောဂတွေကို ရွေးချယ်ပါ။ ဥပမာ ခြေထောက်တင်တဲ့ခုံလေးတွေက အထဲမှာ ပစ္စည်းထည့်လို့ရသလို အသုံးမလိုတဲ့အခါ ကုတင်အောက်မှာ ထည့်ထားလိုက်လို့လည်း ရပါတယ်။ ပစ္စည်းတွေအားလုံးကို ဗီရိုထဲထိုးသွင်းနေစရာမလိုပါဘူး။ နေရာသိပ်မယူဘဲ ပစ္စည်းထည့်ထားလို့ရမယ့်နေရာလေးတွေကို ဖန်တီးယူပါ။


၇။ ပါးနပ်မှုရှိရှိပိုင်းခြားပါ။
အိမ်ကျဉ်းကျဉ်းလေးထဲမှာ နေရာတွေပိုင်းခြားတဲ့အခါ ခန်းဆီးစအပါးနဲ့စက္ကူအကန့်ကာတွေကို အသုံးပြုမယ်ဆိုရင် အရမ်းကြပ်သိပ်နေသလို ခံစားရမှာ မဟုတ်ပါဘူး။ တံခါးတွေမပါတဲ့စင်တစ်ခုနဲ့ပိုင်းခြားလို့လည်း ရပါတယ်။ ဒါဆိုရင် အလင်းရောင်လည်းဝင်သလို လေဝင်လေထွက်လည်း ကောင်းစေတဲ့အပြင် နေအိမ်တွင်းအပြင်အဆင်အတွက် ဒီဇိုင်းတောင် ပိုလှသွားနိုင်ပါတယ်။

ယခုဆောင်းပါးကို Myanmar Home & Décor Magazine နှင့်အတူ Fortune Era Design & Decoration မှ စီစဉ်တင်ဆက်တာဖြစ်ပါသည်။



ဆက်စပ်ဆောင်းပါးများ

မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး

မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး

အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

Haven နှင့်အတူ အဆင့်မြင့်တဲ့ လူနေမှုဘ၀ပုံရိပ်ကို ရှာဖွေခြင်း

Haven နှင့်အတူ အဆင့်မြင့်တဲ့ လူနေမှုဘ၀ပုံရိပ်ကို ရှာဖွေခြင်း

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ