အမေရိကန်သမ္မတအိမ်ဖြူတော်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မှ
January 11, 2020 နေ့
Others ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ကမ္ဘာပေါ်ရှိသော စိတ်ဝင်စားစရာကောင်းသည့် အထင်ကရအဆောက်အဦး များထဲမှာ အမေရိကန်နိုင်ငံသမ္မတအိမ်ဖြူတော်လည်း အပါအဝင်ဖြစ်ပါသည်။ ထိုကဲ့သို့ နေရာလေးကို ကိုယ်တိုင်ကိုယ်ကျသွားဖို့ မဖြစ်နိုင်ပေဘူး မဟုတ်ပါလား။ စာမျက်နှာပေါ်မှာ လေ့လာကြည့်ကြပါစို့။


The White House´ လို့ခေါ်တဲ့ သမ္မတအိမ်ဖြူတော်သည် အမေရိကန်နိုင်ငံ၏ မြို့တော်ဖြစ်တဲ့ Washington DC, Pennsylvania Avenue မှာ တည်ရှိပါသည်။ သမ္မတအိမ်ဖြူတော်သည် အစဉ်အဆက်သော အမေရိကန်သမ္မတများနှင့် မိသားစုဝင်များအတွက်စံအိမ်တော်နှင့် သမ္မတ၏ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲသောရုံးခန်းများနှင့် ဖွဲ့စည်းထားပါသည်။ သမ္မတအိမ်ဖြူတော်သည် အကျယ်အဝန်းအားဖြင့် ၁၈ဧကကျယ်ဝန်းသော မြေပေါ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ခန့်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၁၇၉၂ခုနှစ်မှာ ဒီဇိုင်းဆုရရှိခဲ့တဲ့ Irish-American ဗိသုကာပညာရှင် James Hoban က ဒီဇိုင်းရေးဆွဲခဲ့ပြီး သူ့၏ဗိသုကာ ဒီဇိုင်းသည် ၁၇၂၈ခုနှစ်တွင်ထုတ်ဝေခဲ့သောBook of Architecture´ မှ James Gibbs ၏ ဒီဇိုင်းနှင့် နီးနီးစပ်စပ်ရှိခဲ့ပါသည်။

သမ္မတအိမ်ဖြူတော်ကို ၁၇၉၂ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့မှစတင်ကာ ၁၈၀၀ပြည့်နှစ်အထိ တည်ဆောက်ခဲ့ကြပါသည်။ အမေရိကန်နိုင်ငံ၏ ဒုတိယမြောက်သမ္မတဖြစ်တဲ့ John Adams သည် သမ္မတအိမ်ဖြူတော်တွင် ပထမဦးဆုံးနေထိုင်ခဲ့သည့် အမေရိကန်သမ္မတဖြစ်လာပြီး ၎င်း၏မိသားစုနှင့်အတူ ၁၈၀၀ပြည့်နှစ်တွင် သမ္မတအိမ်ဖြူတော်သို့ ပြောင်းရွေ့လာခဲ့ကြသည်။ သို့သော်လည်း အိမ်ဖြူတော်၏ အတွင်းပိုင်းအလှဆင်ခြင်းသည် မပြီးဆုံးသေးပေ။ ၁၈၀၁ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ တတိယမြောက်သမ္မတဖြစ်သော Thomas Jefferson ပြောင်းရွှေ့လာတဲ့အခါမှာ ဗိသုကာပညာရှင် Benjamin Henry Latrobe ရဲ့ ဒီဇိုင်းနှင့်အိမ်ဖြူတော်ကို တိုးချဲ့တည်ဆောက်မှုများဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆင်ဝင် (ပေါ်တီကို)နဲ့ အခြားအဆင်တန်ဆာများကို ထပ်မံထည့်သွင်းဖြည့်စွက်ခဲ့ပါသည်။


၁၈၁၂ခုနှစ်မှာ ဗြိတိန်တပ်များနှင့်ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် အိမ်ဖြူတော်၏ အတွင်းအပြင် အစိတ်အပိုင်း အတော်များများသည် ပျက်စီးသွားခဲ့ရသည့်အတွက် ၁၈၁၅မှ ၁၈၁၇ခုနှစ်များအတွင်းတွင် ပြန်လည်တည်ဆောက်ခဲ့ကြပါသည်။ အိမ်ဖြူတော်ရဲ့ ပြင်ဆင်မှုမပြီးသေးသော်လည်း ၁၈၁၇ခုနှစ် အောက်တို ဘာလတွင် သမ္မတ James Monroe သည် အိမ်ဖြူတော်သို့ပြောင်းရွှေ့လာခဲ့ပါသည်။ အိမ်ဖြူတော်ရဲ့ တောင်ဘက်ပေါ်တီကိုကို ၁၈၂၄ခုနှစ်တွင်လည်းကောင်း၊ မြောက်ဘက်ပေါ်တီကိုကို ၁၈၂၉ခုနှစ်တွင်လည်း ကောင်း ထပ်မံဖြည့်စွက်တည်ဆောက်ပါသည်။


သမ္မတ Rutherford B.Hayes (၁၈၇၇-၁၈၈၁) လက်ထက်မှာ အိမ်ဖြူတော်သို့ ပထမဆုံးတယ်လီဖုန်းလိုင်းကို တပ်ဆင်အသုံးပြုခဲ့ပြီး သမ္မတ Benjamin Harrison (၁၈၈၉-၁၈၉၃) လက်ထက်မှာ လျှပ်စစ်မီး သွယ်တန်းအသုံးပြုခဲ့ကြပါသည်။ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် ရုံးခန်းများကို သမ္မတ Theodore Roosevelt (၁၉၀၁)တွင် အသစ်ထပ်မံတည်ဆောက်ထားသော West wing သို့ ပြောင်းရွှေ့ခဲ့ပါသည်။ သမ္မတ William Howard Taft သည်၁၉၀၉ခုနှစ်တွင် West Wing ၌ ဥပုံသဏ္ဍာန်ရုံးခန်း (Oval Office) ကို ထပ်မံဖြည့်စွက်ပြန်ပါသည်။ ထို Oval Office သည် ဖွဲ့စည်း တည်ဆောက်ပုံလွန်စွာခန်းနားပြီးဘယ်အချိန်ဖြစ်ဖြစ်ခေတ်မှီအဆင့်အတန်းရှိသော ဒီဇိုင်းပုံစံဖြစ်ပါသည်။ အိမ်ဖြူတော်ရဲ့ အရှေ့အရပ်မှာရှိသော East Wing တွင် လူမှုရေးအခမ်းအနားများအတွက် ဧည့်ခန်းမဆောင်အဖြစ် အသုံးပြုလေ့ရှိပါသည်။ East Wing ကို ၁၉၄၆ခုနှစ်တွင် တည်ဆောက်ပြီးစီးသွားခဲ့ပြီး ရုံးခန်းများအဖြစ် ထပ်မံဖြည့်စွက်ကာ အသုံးပြုခဲ့ကြပါသည်။ ၁၉၄၈- ၁၉၅၂ ခုနှစ်ကာလများမှာ အိမ်ဖြူတော်ရဲ့ ကြံ့ခိုင်မှုအားနည်းလာသောကြောင့် ပိုမိုခိုင်မာစေရန် စတီဘောင်များထပ်မံဖြည့်သွင်းခြင်းနဲ့ အကြီးစား ပြင်ဆင်မှုများကို လုပ်ဆောင်ခဲ့ကြပါသည်။

The White House North Entrance – Washington DC


နှစ်ပေါင်း၂၀၀ အတွင်းတွင် အိမ်ဖြူတော်၏ ဖွဲ့စည်းပုံသည် အနည်းငယ်ပြောင်းလဲမှုများပြုလုပ် ခဲ့ကြပါသည်။ သမ္မတအိမ်ဖြူတော်တွင်နေထိုင်ပုံခဲ့သည့် အစဉ်အဆက်သော အမေရိကန်သမ္မတများနှင့် သမ္မတကတော်တို့သည် နိုင်ငံတော်ဧည့်သည်များနှင့် တွေ့ဆုံဧည့်ခံခြင်း တို့ကိုလည်း အိမ်ဖြူတော်တွင်သာ လက်ခံကျင်းပလေ့ရှိပါသည်။


ယနေ့အချိန်အခါတွင် James Hoban ၏ဗိသုကာလက်ရာဖြစ်သော စတုရန်းပေ ၅၅၀၀၀ ကျယ်ဝန်းသောသမ္မတအိမ်ဖြူတော်သည် ၁၈ဧကကျယ်ဝန်းသော ခြံဝင်းကြီးအတွင်း၌ တင့်တယ်စွာတည်ရှိပြီ အခန်းပေါင်း၁၃၂ခန်း၊ ရေချိုးခန်း ၃၅ခန်း၊ တံခါး ၄၁၂ခု၊ ပြတင်းပေါက်၁၄၇ခု၊ မီးလင်းဖို ၂၈ခု၊ လှေကား ၈ခု ၊ ဓာတ်လှေကား ၃ခု၊ တင်းနစ်ကွင်း ၁ခု၊ ဘတ်စကတ်ဘောကွင်း၁ခု၊ ဂေါက်ကွင်းငယ် ၁ခု၊ ဘိုးလင်းကွင်း ၁ခု၊ ရုပ်ရှင်ရုံ ၁ခုနှင့် ရေကူးကန် ၁ခုတို့ဖြင့် ဖွဲ့စည်းထားပါသည်။

အေမရိကန္သမၼတအိမ္ျဖဴေတာ္

          ကမၻာေပၚရွိေသာ စိတ္၀င္စားစရာေကာင္းသည့္ အထင္ကရအေဆာက္အဦး မ်ားထဲမွာ အေမရိကန္ႏို္င္ငံသမၼတအိမ္ျဖဴေတာ္လည္း အပါအ၀င္ျဖစ္ပါသည္။ ထိုကဲ့သို႔ ေနရာေလးကို ကိုယ္တိုင္ကိုယ္က်သြားဖို႔ မျဖစ္ႏိုင္ေပဘူး မဟုတ္ပါလား။ စာမ်က္ႏွာေပၚမွာ ေလ့လာၾကည့္ၾကပါစို႔။

          `The White House´ လို႔ေခၚတဲ့ သမၼတအိမ္ျဖဴေတာ္သည္ အေမရိကန္ႏိုင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္တဲ့ Washington DC, Pennsylvania Avenue မွာ တည္ရွိပါသည္။ သမၼတအိမ္ျဖဴေတာ္သည္ အစဥ္အဆက္ေသာ အေမရိကန္သမၼတမ်ားႏွင့္ မိသားစု၀င္မ်ားအတြက္စံအိမ္ေတာ္ႏွင့္ သမၼတ၏ လုပ္ငန္းေဆာင္တာမ်ားကို စီမံခန္႔ခြဲေသာရုံးခန္းမ်ားႏွင့္ ဖြဲ႔စည္းထားပါသည္။ သမၼတအိမ္ျဖဴေတာ္သည္ အက်ယ္အ၀န္းအားျဖင့္ ၁၈ဧကက်ယ္၀န္းေသာ ေျမေပၚတြင္ လြန္ခဲ့ေသာႏွစ္ေပါင္း ၂၀၀ခန္႔ကတည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ၁၇၉၂ခုႏွစ္မွာ  ဒီဇိုင္းဆုရရွိခဲ့တဲ့ Irish-American ဗိသုကာပညာရွင္ James Hoban က ဒီဇိုင္းေရးဆြဲခဲ့ၿပီး သူ႔၏ဗိသုကာ ဒီဇိုင္းသည္ ၁၇၂၈ခုႏွစ္တြင္ထုတ္ေ၀ခဲ့ေသာ `Book of Architecture´ မွ James Gibbs ၏ ဒီဇိုင္းႏွင့္ နီးနီးစပ္စပ္ရွိခဲ့ပါသည္။ သမၼတအိမ္ျဖဴေတာ္ကို ၁၇၉၂ခုႏွစ္ ေအာက္တိုဘာလ ၁၃ရက္ေန႔မွစတင္ကာ ၁၈၀၀ျပည့္ႏွစ္အထိ တည္ေဆာက္ခဲ့ၾကပါသည္။ အေမရိကန္ႏိုင္ငံ၏ ဒုတိယေျမာက္သမၼတျဖစ္တဲ့ John Adams သည္ သမၼတအိမ္ျဖဴေတာ္တြင္ ပထမဦးဆံုးေနထိုင္ခဲ့သည့္ အေမရိကန္သမၼတျဖစ္လာၿပီး ၄င္း၏မိသားစုႏွင့္အတူ ၁၈၀၀ျပည့္ႏွစ္တြင္ သမၼတအိမ္ျဖဴေတာ္သို႔ ေျပာင္းေရြ႕လာခဲ့ၾကသည္။ သို႔ေသာ္လည္း အိမ္ျဖဴေတာ္၏ အတြင္းပိုင္းအလွဆင္ျခင္းသည္ မၿပီးဆံုးေသးေပ။ ၁၈၀၁ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံ၏ တတိယေျမာက္သမၼတျဖစ္ေသာ Thomas Jefferson ေျပာင္းေရႊ႕လာတဲ့အခါမွာ ဗိသုကာပညာရွင္ Benjamin Hary Latrobe ရဲ႕ ဒီဇိုင္းႏွင့္အိမ္ျဖဴေတာ္ကို တိုးခ်ဲ႕တည္ေဆာက္မႈမ်ားဆက္လက္ျပဳလုပ္ခဲ့ပါသည္။ ဆင္၀င္ (ေပၚတီကို)နဲ႔ အျခားအဆင္တန္ဆာမ်ားကို ထပ္မံထည့္သြင္းျဖည့္စြက္ခဲ့ပါသည္။

          ၁၈၁၂ခုႏွစ္မွာ ၿဗိတိန္တပ္မ်ားႏွင့္ျဖစ္ပြားခဲ့ေသာ စစ္ပြဲမ်ားေၾကာင့္ အိမ္ျဖဴေတာ္၏ အတြင္းအျပင္ အစိတ္အပိုင္း အေတာ္မ်ားမ်ားသည္ ပ်က္စီးသြားခဲ့ရသည့္အတြက္ ၁၈၁၅မွ ၁၈၁၇ခုႏွစ္မ်ားအတြင္းတြင္ ျပန္လည္တည္ေဆာက္ခဲ့ၾကပါသည္။ အိမ္ျဖဴေတာ္ရဲ႕ ျပင္ဆင္မႈမၿပီးေသးေသာ္လည္း ၁၈၁၇ခုႏွစ္ ေအာက္တို ဘာလတြင္ သမၼတ James Monroe သည္ အိမ္ျဖဴေတာ္သို႔ေျပာင္းေရႊ႕လာခဲ့ပါသည္။ အိမ္ျဖဴေတာ္ရဲ႕ ေတာင္ဘက္ေပၚတီကိုိကို ၁၈၂၄ခုႏွစ္တြင္လည္းေကာင္း၊ ေျမာက္ဘက္ေပၚတီကိုကို ၁၈၂၉ခုႏွစ္တြင္လည္း ေကာင္း ထပ္မံျဖည့္စြက္တည္ေဆာက္ပါသည္။

          သမၼတ Rutherford B.Hayes (၁၈၇၇-၁၈၈၁) လက္ထက္မွာ အိမ္ျဖဴေတာ္သို႔ ပထမဆံုးတယ္လီဖုန္းလိုင္းကို တပ္ဆင္အသံုးျပဳခဲ့ၿပီး သမၼတ Benjamin Harrison (၁၈၈၉-၁၈၉၃) လက္ထက္မွာ လွ်ပ္စစ္မီး သြယ္တန္းအသံုးျပဳခဲ့ၾကပါသည္။ စီမံခန္႔ခြဲမႈဆိုင္ရာ လုပ္ငန္းေဆာင္တာမ်ားအတြက္ ရုံးခန္းမ်ားကို သမၼတ Theodore Roosevelt (၁၉၀၁)တြင္ အသစ္ထပ္မံတည္ေဆာက္ထားေသာ Westwing သို႔ ေျပာင္းေရႊ႕ခဲ့ပါသည္။ သမၼတ William Howard Taft သည္၁၉၀၉ခုႏွစ္တြင္ West Wing ၌ ဥပံုသ႑ာန္ရုံးခန္း (Oval Office) ကို ထပ္မံျဖည့္စြက္ျပန္ပါသည္။ ထို Oval Office သည္ ဖြဲ႔စည္း တည္ေဆာက္ပံုလြန္စြာခန္းနားၿပီးဘယ္အခ်ိန္ျဖစ္ျဖစ္ေခတ္မွီအဆင့္အတန္းရွိေသာ ဒီဇိုင္းပံုစံျဖစ္ပါသည္။ အိမ္ျဖဴေတာ္ရဲ႕ အေရွ႕အရပ္မွာရွိေသာ East Wing တြင္ လူမႈေရးအခမ္းအနားမ်ားအတြက္ ဧည့္ခန္းမေဆာင္အျဖစ္ အသံုးျပဳေလ့ရွိပါသည္။ East Wing ကို ၁၉၄၆ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးသြားခဲ့ၿပီး ရုံးခန္းမ်ားအျဖစ္ ထပ္မံျဖည့္စြက္ကာ အသံုးျပဳခဲ့ၾကပါသည္။ ၁၉၄၈- ၁၉၅၂ ခုႏွစ္ကာလမ်ားမွာ အိမ္ျဖဴေတာ္ရဲ႕ ႀကံ႕ခိုင္မႈအားနည္းလာေသာေၾကာင့္ ပိုမိုခိုင္မာေစရန္ စတီေဘာင္မ်ားထပ္မံျဖည့္သြင္းျခင္းနဲ႔ အႀကီးစား ျပင္ဆင္မႈမ်ားကို လုပ္ေဆာင္ခဲ့ၾကပါသည္။

          ႏွစ္ေပါင္း၂၀၀ အတြင္းတြင္ အိမ္ျဖဴေတာ္၏ ဖြဲ႔စည္းပံုသည္ အနည္းငယ္ေျပာင္းလဲမႈမ်ားျပဳလုပ္ ခဲ့ၾကပါသည္။ သမၼတအိမ္ျဖဴေတာ္တြင္ေနထိုင္ပံုခဲ့သည့္ အစဥ္အဆက္ေသာ အေမရိကန္သမၼတမ်ားႏွင့္ သမၼတကေတာ္တို႔သည္ ႏိုင္ငံေတာ္ဧည့္သည္မ်ားႏွင့္ ေတြ႔ဆံုဧည့္ခံျခင္း တို႔ကိုလည္း အိမ္ျဖဴေတာ္တြင္သာ လက္ခံက်င္းပေလ့ရွိပါသည္။

          ယေန႔အခ်ိန္အခါတြင္ James Hoban ၏ဗိသုကာလက္ရာျဖစ္ေသာ စတုရန္းေပ ၅၅၀၀၀ က်ယ္၀န္းေသာသမၼတအိမ္ျဖဴေတာ္သည္ ၁၈ဧကက်ယ္၀န္းေသာ ၿခံ၀င္းႀကီးအတြင္း၌ တင့္တယ္စြာတည္ရွိၿပီ အခန္းေပါင္း၁၃၂ခန္း၊ ေရခ်ိဳးခန္း ၃၅ခန္း၊ တံခါး ၄၁၂ခု၊ ျပတင္းေပါက္၁၄၇ခု၊ မီးလင္းဖို ၂၈ခု၊ ေလွကား ၈ခု ၊ ဓာတ္ေလွကား ၃ခု၊ တင္းနစ္ကြင္း ၁ခု၊ ဘတ္စကတ္ေဘာကြင္း၁ခု၊ ေဂါက္ကြင္းငယ္ ၁ခု၊ ဘိုးလင္းကြင္း ၁ခု၊ ရုပ္ရွင္ရုံ ၁ခုႏွင့္ ေရကူးကန္ ၁ခုတို႔ျဖင့္ ဖြဲ႔စည္းထားပါသည္။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

နေရာကျဉ်းတွေမှာ ကုတင်နေရာချဖို့ နည်းလမ်းကောင်းများ

နေရာကျဉ်းတွေမှာ ကုတင်နေရာချဖို့ နည်းလမ်းကောင်းများ

ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း

ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း

ကမ္ဘာ့အလှဆုံးမြို့ သို့မဟုတ် ဗင်းနစ် ရေးသူ- လင်းလက်

ကမ္ဘာ့အလှဆုံးမြို့ သို့မဟုတ် ဗင်းနစ် ရေးသူ- လင်းလက်

တမူထူးခြားတဲ့ ခြေလှမ်းသစ်များနဲ့ Asia Modern Crafts

တမူထူးခြားတဲ့ ခြေလှမ်းသစ်များနဲ့ Asia Modern Crafts