သင့်ရုံးခန်းလေးအတွက် အပင်လေးများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
April 15, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

1

လုပ်ငန်းခွင်နေရာလေးမှာအပင်ငယ်လေးတွေကဘယ်လောက်အရေးပါလဲဆိုတာ ရုံးဝန်ထမ်းတိုင်း လိုလိုသိထားပြီးသားပါ။ ရုံးခန်းထောင့်လေးကအပင်သေးသေးလေးတစ်ပင်ဆိုရင်တောင် အကျိုးရလဒ်တွေ က အံ့မခန်းဖွယ်ရာပါပဲ။
Texas A&M တက္ကသိုလ်ကသုတေသနပညာရှင် Dr. Roger S. Ulrich၊ Surrey တက္ကသိုလ်ကသုတေသနပညာရှင် Helen Russell နဲ့ Washington Stateတက္ကသိုလ်ကသုတေသနပညာရှင် Dr. Virginia Lohrတို့ရဲ့ ပူးပေါင်းလေ့လာမှုအရသက်ရှိအပင်လေးတွေကလူတွေရဲ့စိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင် တယ်လို့ ဆိုပါတယ်။

ရုံးခန်းအလှပင်
အလုပ်တွေရှု့ပ်ရှက်ခတ်နေပြီး ဝန်ထမ်းတွေ အလုပ်ကိစ္စနဲ့ ပြောဆိုဆူညံနေကြတဲ့အခါ လုပ်ငန်းခွင်မှာဖိအားတွေဖြစ်လာစေပါတယ်။ ဒါပေမယ့် သက်ရှိအပင်ငယ်လေးတွေကိုရုံးခန်းမှာစိုက်ပျိုးနေရာချထားမယ်ဆိုရင် အပင်လေးတွေကအသံဗလံတွေကိုစုပ်ယူလိုက်တာကြောင့် ဆူညံသံတွေလျော့နည်းသွားစေပါတယ်။
ရုံးခန်းမှာအပင်လေးတွေစိုက်ထားတာကြောင့် ရရှိနိုင်တဲ့အကျိုးတရားတွေကတော့ ဒါထက်မကများပြားလှပါတယ်။

  • ရုံးခန်းထဲမှာအပင်လေးတွေ ခပ်များများစိုက်ထားပေးတဲ့အခါ လေထဲကတဆင့် ကူးစက်ပြန့်ပွားတတ်တဲ့ ဘက်တီးရီးယားပမာဏကိုသိသိသာသာလျှော့ချပေး နိုင်တာကြောင့် ဒီရုံးခန်းထဲအလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရအပင်တွေနည်းပါးတဲ့ ရုံးခန်းထဲမှာ အလုပ်လုပ်ရတဲ့ဝန်ထမ်းတွေက အပင်တွေများများစိုက်ပေးထားတဲ့ရုံးခန်းမှာ လုပ်ရတဲ့ဝန်ထမ်းတွေက နာမကျန်းခွင့်ရက်တွေပိုများတာကိုလေ့လာတွေ့ရှိထားပါတယ်။
  • ဖုန်နှင့် မှိုဓာတ်မတည့်မှုအခြေအနေများကိုသက်သာစေပါတယ်။ အပင်လေးတွေ ရဲ့အရွက်တွေနဲ့ အိုးထဲကမြေသားကဖုန်မှုန့်တွေနဲ့ မှိုအမှုန်အမွှားတွေကို သဘာ၀ အတိုင်းစုဆောင်းထားလိုက်တဲ့နည်းလမ်းနဲ့ အမှုန်တွေလေထဲလွင့်ပါနေတာမျိုးကိုကာကွယ်ပေးပါတယ်။ အမှုန်တွေကြောင့် ဓာတ်မတည့်မှုအခြေအနေကြုံရတဲ့ဝန် ထမ်းတွေကခုခံအားစနစ်ကျဆင်းတဲ့အပြင် ဝန်ထမ်းတစ်ဦးရဲ့လုပ်ကိုင်နိုင်တဲ့ စွမ်းရည်ကိုပါ လျော့နည်းသွားစေပါတယ်။
  • အပင်လေးတွေကရုံးခန်းတွင်းကလေကိုအေးမြစေတာကြောင့် လေအေးပေးစက် ဖွင့်ရတာနည်းပါးစေပြီးငွေကုန်နည်းပြီးစွမ်းအင်ကိုလည်းချွေတာပြီးသားဖြစ်စေပါ တယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုရည်သန်တဲ့ ရုံးခန်းတွေမှာအပင်လေးတွေ ထားရှိစိုက်ပျိုးပေးခြင်းဖြင့် ရုံးခန်းတွင်းလေထုညစ်ညမ်းမှုလျော့နည်းစေတဲ့အပြင် စွမ်းအင်အသုံးပြုရမှုကိုလည်းလျှော့ချနိုင်မှာဖြစ်ပါတယ်။
  • ရုံးခန်းထဲမှာစိုက်ပျိုးထားတဲ့ အပင်လေးတွေရဲ့ အရွက်တွေဆီကနေငွေ့ရည်ပျံတဲ့ အခါ အခန်းတွင်းစိုထိုင်းဆဖြစ်စေကာအလုပ်လုပ်ကိုင်ကြတဲ့ ဝန်ထမ်းတွေကို နေရထိုင်ရသက်သောင့်သက်သာရှိစေမှာဖြစ်ပါတယ်။ အပင်တွေစိုက်မထားဘူးဆိုရင် ရုံးခန်းတွင်းလေကစိုထိုင်းဆလုံလောက်မှုမရှိတော့ဘဲရုံးခန်းမှာထားရှိအသုံးပြုတဲ့ တန်ဖိုးကြီးသစ်ထည်ပရိဘောဂတွေမှာလည်းကွဲအက်ပျက်စီးမှုတွေဖြစ်စေတတ်ပါ တယ်။
    ရုံးခန်းအတွက် အပင်အမျိုးအစားရွေးချယ်ခြင်း
    အချို့သောအပင်တွေကအခြားအပင်တွေထက် အကျိုးတရားတွေ ပိုများတတ်ပြီးထိန်းသိမ်းစောင့်ရှောက်ရတဲ့ပမာဏကလည်းအပင်အမျိုးအစားပေါ်မူတည်ပြီးပြောင်းလဲ နိုင်ပါတယ်။ အိုးနဲ့စိုက်ပျိုးတဲ့အပင်ငယ်တွေကလည်းအပင်ကြီးတွေလိုပဲအကျိုးတရားတွေ ရနိုင်တယ်ဆိုပေမယ့် အပင်သေးတော့ ရနိုင်တဲ့အကျိုးတရားရဲ့ပမာဏကလည်းနည်းနည်းချင်းပဲရနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင့်ရုံးခန်းမှာအပင်အိုးငယ်လေးတွေအမြောက်အမြားစိုက်ပျိုးထားမယ်ဆိုရင်တော့ အပင်အကြီးစားတစ်ပင်၊ နှစ်ပင်လောက် စိုက်ထားတဲ့ အကျိုးတရားနဲ့ ညီမျှတဲ့ပမာဏကိုရနိုင်မှာဖြစ်ပါတယ်။
    နေရောင်သိပ်မရဘဲလေထုခြောက်သွေ့လွန်းတဲ့ ရုံးခန်းမျိုးမှာဆိုရင် peace liliesလို့ ခေါ်တဲ့ ပိန်းပန်းငယ်လေးတွေကိုအိုးလေးတွေနဲ့ ထည့်စိုက်ပေးသင့်ပါတယ်။ ဒီပိန်းပန်းလေးတွေက သဘာဝလေသန့်စင်စက်လိုသဘောထားနိုင်ပြီးအလုံပိတ်အခန်းထဲကလေထုကိုအသေအချာသန့်စင်ပေးနိုင်တာကြောင့် လူကြိုက်အများဆုံးအခန်းတွင်းအပင်အမျိုးအစား ဖြစ်နေဆဲပါပဲ။ နှင်းဥလေးတွေလို ဖြူဖြူဖွေးတဲ့ ဒီပိန်းပန်းလေးတွေကပုံမှန်ဂရုစိုက်ပေးဖို့သာလိုပြီးအထူးတလည်ထိန်းသိမ်းစောင့်ရှောက်ပေးနေစရာမလိုတဲ့ အခန်းတွင်းအပင်ငယ်ဖြစ် ပါတယ်။
    အပင်က အခန်းတွင်းပတ်ဝန်းကျင်နဲ့သင့်မြတ်နေဖို့လိုတယ်ဆိုရင် ရွေးချယ်သင့်တဲ့နောက်ထပ်အပင်အမျိုးအစားကအသဲပုံစံအရွက်လေးတွေရှိတဲ့ ဂမုန်းနွယ်ပင်ကိုစိုက်ပျိုးပေးသင့်ပါတယ်။ ဒီအပင်လေးတွေကိုပုံမှန်လေးသာညှပ်ပေးထားမယ်ဆိုရင် အပင်နွယ်ပွားများလာမှာမဟုတ်တဲ့အတွက် သင့်ရုံးခန်းငယ်လေးမှာနေရာမယူဘဲစိုက်ပျိုးထားနိုင်မယ့် အပင်ဖြစ်ပါတယ်။ အရွက်တွေ ပိုများများလိုအပ်တယ်ဆိုရင်လည်း အနွယ်ရစ်ပတ်တက်စေဖို့ အပင်တိုင်စိုက်ပေးတာပဲဖြစ်ဖြစ်၊ နွယ်တက်ဖို့ နေရာအဖြစ် သွပ်နန်းကြိုးကိုရစ်ခွေပုံဖော်နေရာချပေးတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ ဒီဂမုန်းနွယ်အိုးအတွက် အထူးတလည် နေရာမပေး နိုင်ဘူးဆိုရင်လည်း ခြင်းသို့မဟုတ် အိုးကို ကြိုးနဲ့ဆိုင်းပြီးချိတ်ဆွဲစိုက်ပျိုးနိုင်ပါတယ်။ ရုံးခန်းတွေမှာစိုက်ကြတဲ့ ရှားစောင်းပင်လေးတွေကတကိုယ်စာစားပွဲပေါ်မှာတင်ပြီးစိုက်ထားလို့ရတဲ့အပြင် အထူးတလည် စောင့်ရှောက်ပေးစရာမလိုတဲ့ အကြမ်းပတမ်းခံတဲ့ ကန္တာရပင်တွေဖြစ်ပါတယ်။ အခန်းတွေ လေထုကိုသန့်စင်ပေးပြီးရုံးခန်းမှာနေရာမယူဘဲစိမ်းစိုလှပစေမယ့် အပင်တွေဖြစ်ပါတယ်။ ရေလောင်းဖို့လည်းသိပ်မလိုအပ်ဘဲ နေရောင်ဝင်တဲ့အ နားနေရာချပေးထားရုံနဲ့ စိမ်းစိုပြီးရှင်သန်နေနိုင်တဲ့ အပင်မျိုးဖြစ်ပါတယ်။
    ရုံးခန်းမှာထားစိုက်ဖို့အတွက် နောက်ထပ်သင့်လျော်တဲ့အပင်ကတော့ ဝါးပင်ငယ်တွေ ဖြစ်ပါတယ်။ ပန်းအိုးလေးထဲမှာ ရေမဝပ်စေဖို့ ကျောက်စရစ်ခဲလေးတွေကိုအိုးရဲ့အောက်ခြေမှာထည့်ပေးထားမယ်ဆိုရင် ဝါးပင်ငယ်တွေက ကောင်းကောင်းရှင်သန်နိုင်ပါတယ်။ နေရောင် တိုက်ရိုက်မကျတဲ့နေရာနားလေးမှာစိုက်ပျိုးထားသင့်ပါတယ်။ ကလိုရင်းဓာတ်ပါတဲ့ ပိုက်ခေါင်းရေက ဝါးပင်ငယ်ကို လောင်းမိရင် ထိခိုက်ပျက်စီးသွားစေတတ်တာကြောင့် အသေအချာစစ် ထုတ်သန့်စင်ထားတဲ့ရေနဲ့ လောင်းပေးသင့်ပါတယ်။ ဝါးပင်ငယ်က ရှည်လာခဲ့ရင်လည်းအရွက် တွေနဲ့အပင်ထိပ်ဖျားတွေကိုပုံမှန်လေးတိညှပ်ပေးထားရုံနဲ့ အရွက်တွေဖြာလာပြီးကိုယ့်စိတ် တိုင်းကျ ပုံသွင်းယူနိုင်မှာဖြစ်ပါတယ်။ ဝါးပင်ငယ်လေးတွက ကံပွင့်စေတဲ့အပင်လေးတွေလို့ လည်းသတ်မှတ်ထားကြပါတယ်။ ရုံးခန်းတွေမှာနေရာလွတ်တွေရှိနေတယ်ဆိုရင် အပင်အိုးငယ်လေးတွေနဲ့ နေရာချစိုက် ပျိုးထားသင့်ပါတယ်။ ရုံးခန်းစိုက်အပင်အများစုကတော့ နေရာလွတ်အနည်းအကျဉ်းရှိရုံမျှနဲ့ ကောင်းစွာရှင်သန်နိုင်ပြီးရုံးခန်းထဲလုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေအတွက် မျက်စိပသာဒဖြစ် စေရုံသာမကကျန်းမာရေးအတွက်လည်းအထောက်အပံ့ဖြစ်စေပါတယ်။ အပင်တွေဝယ်စိုက် ထားလို့ ကုန်ကျတာထက် ရုံးခန်းမှာအပင်တွေစိုက်ထားတာကြောင့် အခန်းတွင်းအပူချိန်ကို မျှတကောင်းမွန်စေပြီးလေထုညစ်ညမ်းမှုတွေမရှိဘဲ ဝန်ထမ်းတွေသက်သောင့်သက်သာနဲ့ အလုပ်လုပ်ကိုင်နိုင်လို့ ရလာမယ့် အကျိုးတရားတွေကအပင်အတွက် ကုန်ကျသွားတဲ့ စရိတ် စကထက် အဆများစွာမကပိုပြီးများပြားစေမှာ ဖြစ်ပါတယ်။ အရွက်အုပ်အုပ်လေးတွေနဲ့ သဖန်းပင်ငယ်လေးတွေကလည်းရုံးခန်းတွင်းအလှဆင်လို့ကောင်းတဲ့ အပင်အမျိုးအစားဖြစ် ပါတယ်။ အရွက်တွေများတာကြောင့် စိမ်းစိုတဲ့တောအုပ်ငယ်လေးသဖွယ် ရုံးခန်းထဲမှာဖန်တီးထားနိုင်ပြီးအရွက်တွေကြွေတဲ့အခါမှာတော့ အနည်းအကျဉ်းသိမ်းရဆည်းရတတ်ပေမယ့် ဒါ ကလည်းရုံးတွင်းပျော်ရွှင်စရာကောင်းတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်သွားစေနိုင်ပါတယ်။ အရွယ်အစားသေးတဲ့ အလှဆင်အပင်မျိုးထက် အလတ်စားအရွယ် အပင်မျိုးစိုက်ပျိုးအလှဆင်လိုတယ် ဆိုရင်တော့ ဒီသဖန်းပင်ငယ်တွေအပြင် အရွက်ဖားဖားနဲ့ အလှဆင်ထန်းပင်ငယ်မျိုးတွေလည်းစိုက်ပျိုးပေးနိုင်ပါတယ်။
    အလှဆင်အပင်တွေမှာမတူညီတဲ့ကွဲပြားခြားနားချက်တွေရှိပေမယ့်လည်းစွမ်းအင်ချွေ တာနိုင်စွမ်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရုံးခန်းပတ်ဝန်းကျင်ကို ဖန်တီးပေးစွမ်းနိုင်မှုကတော့ ရုံးတွင်းအလှဆင်အပင်တွေအားလုံးအတူတူပဲဖြစ်ပါတယ်။

  • ————— ။ —————
  • Zawgyi ျဖင့္ဖတ္ရန္
  • သင့္ရံုးခန္းေလးအတြက္ အပင္ေလးမ်ား

လုပ္ငန္းခြင္ေနရာေလးမွာအပင္ငယ္ေလးေတြကဘယ္ေလာက္အေရးပါလဲဆိုတာ ရံုး၀န္ထမ္းတိုင္း လိုလိုသိထားၿပီးသားပါ။ ရံုးခန္းေထာင့္ေလးကအပင္ေသးေသးေလးတစ္ပင္ဆိုရင္ေတာင္ အက်ဳိးရလဒ္ေတြ က အံ့မခန္းဖြယ္ရာပါပဲ။
Texas A&M တကၠသိုလ္ကသုေတသနပညာရွင္ Dr. Roger S. Ulrich၊ Surrey တကၠသိုလ္ကသုေတသနပညာရွင္ Helen Russell နဲ႔ Washington Stateတကၠသိုလ္ကသုေတသနပညာရွင္ Dr. Virginia Lohrတို႔ရဲ႕ ပူးေပါင္းေလ့လာမႈအရသက္ရွိအပင္ေလးေတြကလူေတြရဲ႕စိတ္ဖိစီးမႈေတြကိုေလွ်ာ့ခ်ေပးႏို္င္ တယ္လို႔ ဆိုပါတယ္။

ရံုးခန္းအလွပင္
အလုပ္ေတြရႈ႔ပ္ရွက္ခတ္ေနၿပီး ၀န္ထမ္းေတြ အလုပ္ကိစၥနဲ႔ ေျပာဆိုဆူညံေနၾကတဲ့အခါ လုပ္ငန္းခြင္မွာဖိအားေတြျဖစ္လာေစပါတယ္။ ဒါေပမယ့္ သက္ရွိအပင္ငယ္ေလးေတြကိုရံုးခန္းမွာစိုက္ပ်ဳိးေနရာခ်ထားမယ္ဆိုရင္ အပင္ေလးေတြကအသံဗလံေတြကိုစုပ္ယူလို္က္တာေၾကာင့္ ဆူညံသံေတြေလ်ာ့နည္းသြားေစပါတယ္။
ရံုးခန္းမွာအပင္ေလးေတြစိုက္ထားတာေၾကာင့္ ရရွိႏိုင္တဲ့အက်ဳိးတရားေတြကေတာ့ ဒါထက္မကမ်ားျပားလွပါတယ္။

  • ရံုးခန္းထဲမွာအပင္ေလးေတြ ခပ္မ်ားမ်ားစိုက္ထားေပးတဲ့အခါ ေလထဲကတဆင့္ ကူးစက္ျပန္႔ပြားတတ္တဲ့ ဘက္တီးရီးယားပမာဏကိုသိသိသာသာေလွ်ာ့ခ်ေပး ႏိုင္တာေၾကာင့္ ဒီရံုးခန္းထဲအလုပ္လုပ္ကိုင္ေနၾကတဲ့ ၀န္ထမ္းေတြရဲ႕ က်န္းမာေရးကိုပါ တိုးတက္ေကာင္းမြန္ေစပါတယ္။ ေလ့လာမႈေတြအရအပင္ေတြနည္းပါးတဲ့ ရံုးခန္းထဲမွာ အလုပ္လုပ္ရတဲ့၀န္ထမ္းေတြက အပင္ေတြမ်ားမ်ားစိုက္ေပးထားတဲ့ရံုးခန္းမွာ လုပ္ရတဲ့၀န္ထမ္းေတြက နာမက်န္းခြင့္ရက္ေတြပိုမ်ားတာကိုေလ့လာေတြ႕ရွိထားပါတယ္။
  • ဖုန္ႏွင့္ မႈိဓာတ္မတည့္မႈအေျခအေနမ်ားကိုသက္သာေစပါတယ္။ အပင္ေလးေတြ ရဲ႕အရြက္ေတြနဲ႔ အိုးထဲကေျမသားကဖုန္မႈန္႔ေတြနဲ႔ မႈိအမႈန္အမႊားေတြကို သဘာ၀ အတိုင္းစုေဆာင္းထားလိုက္တဲ့နည္းလမ္းနဲ႔ အမႈန္ေတြေလထဲလြင့္ပါေနတာမ်ဳိးကိုကာကြယ္ေပးပါတယ္။ အမႈန္ေတြေၾကာင့္ ဓာတ္မတည့္မႈအေျခအေနႀကံဳရတဲ့၀န္ ထမ္းေတြကခုခံအားစနစ္က်ဆင္းတဲ့အျပင္ ၀န္ထမ္းတစ္ဦးရဲ႕လုပ္ကိုင္ႏိုင္တဲ့ စြမ္းရည္ကိုပါ ေလ်ာ့နည္းသြားေစပါတယ္။
  • အပင္ေလးေတြကရံုးခန္းတြင္းကေလကိုေအးျမေစတာေၾကာင့္ ေလေအးေပးစက္ ဖြင့္ရတာနည္းပါးေစၿပီးေငြကုန္နည္းၿပီးစြမ္းအင္ကိုလည္းေခၽြတာၿပီးသားျဖစ္ေစပါ တယ္။ ပတ္၀န္းက်င္ထိန္းသိမ္းမႈကိုရည္သန္တဲ့ ရံုးခန္းေတြမွာအပင္ေလးေတြ ထားရွိစိုက္ပ်ဳိးေပးျခင္းျဖင့္ ရံုးခန္းတြင္းေလထုညစ္ညမ္းမႈေလ်ာ့နည္းေစတဲ့အျပင္ စြမ္းအင္အသံုးျပဳရမႈကိုလည္းေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။
  • ရံုးခန္းထဲမွာစိုက္ပ်ဳိးထားတဲ့ အပင္ေလးေတြရဲ႕ အရြက္ေတြဆီကေနေငြ႕ရည္ပ်ံတဲ့ အခါ အခန္းတြင္းစိုထိုင္းဆျဖစ္ေစကာအလုပ္လုပ္ကိုင္ၾကတဲ့ ၀န္ထမ္းေတြကို ေနရထိုင္ရသက္ေသာင့္သက္သာရွိေစမွာျဖစ္ပါတယ္။ အပင္ေတြစိုက္မထားဘူးဆိုရင္ ရံုးခန္းတြင္းေလကစိုထိုင္းဆလံုေလာက္မႈမရွိေတာ့ဘဲရံုးခန္းမွာထားရွိအသံုးျပဳတဲ့ တန္ဖိုးႀကီးသစ္ထည္ပရိေဘာဂေတြမွာလည္းကြဲအက္ပ်က္စီးမႈေတြျဖစ္ေစတတ္ပါ တယ္။
    ရံုးခန္းအတြက္ အပင္အမ်ဳိးအစားေရြးခ်ယ္ျခင္း
    အခ်ဳိ႕ေသာအပင္ေတြကအျခားအပင္ေတြထက္ အက်ဳိးတရားေတြ ပိုမ်ားတတ္ၿပီးထိန္းသိမ္းေစာင့္ေရွာက္ရတဲ့ပမာဏကလည္းအပင္အမ်ဳိးအစားေပၚမူတည္ၿပီးေျပာင္းလဲ ႏိုင္ပါတယ္။ အိုးနဲ႔စိုက္ပ်ဳိးတဲ့အပင္ငယ္ေတြကလည္းအပင္ႀကီးေတြလိုပဲအက်ဳိးတရားေတြ ရႏိုင္တယ္ဆိုေပမယ့္ အပင္ေသးေတာ့ ရႏိုင္တဲ့အက်ဳိးတရားရဲ႕ပမာဏကလည္းနည္းနည္းခ်င္းပဲရႏိုင္မွာျဖစ္ပါတယ္။ တကယ္လို႔ သင့္ရံုးခန္းမွာအပင္အိုးငယ္ေလးေတြအေျမာက္အျမားစိုက္ပ်ဳိးထားမယ္ဆိုရင္ေတာ့ အပင္အႀကီးစားတစ္ပင္၊ ႏွစ္ပင္ေလာက္ စိုက္ထားတဲ့ အက်ဳိးတရားနဲ႔ ညီမွ်တဲ့ပမာဏကိုရႏိုင္မွာျဖစ္ပါတယ္။
    ေနေရာင္သိပ္မရဘဲေလထုေျခာက္ေသြ႕လြန္းတဲ့ ရံုးခန္းမ်ဳိးမွာဆိုရင္ peace liliesလို႔ ေခၚတဲ့ ပိန္းပန္းငယ္ေလးေတြကိုအိုးေလးေတြနဲ႔ ထည့္စိုက္ေပးသင့္ပါတယ္။ ဒီပိန္းပန္းေလးေတြက သဘာ၀ေလသန္႔စင္စက္လိုသေဘာထားႏိုင္ၿပီးအလံုပိတ္အခန္းထဲကေလထုကိုအေသအခ်ာသန္႔စင္ေပးႏိုင္တာေၾကာင့္ လူႀကိဳက္အမ်ားဆံုးအခန္းတြင္းအပင္အမ်ဳိးအစား ျဖစ္ေနဆဲပါပဲ။ ႏွင္းဥေလးေတြလို ျဖဴျဖဴေဖြးတဲ့ ဒီပိန္းပန္းေလးေတြကပံုမွန္ဂရုစိုက္ေပးဖို႔သာလိုၿပီးအထူးတလည္ထိန္းသိမ္းေစာင့္ေရွာက္ေပးေနစရာမလိုတဲ့ အခန္းတြင္းအပင္ငယ္ျဖစ္ ပါတယ္။
    အပင္က အခန္းတြင္းပတ္၀န္းက်င္နဲ႔သင့္ျမတ္ေနဖို႔လိုတယ္ဆိုရင္ ေရြးခ်ယ္သင့္တ့ဲေနာက္ထပ္အပင္အမ်ဳိးအစားကအသဲပံုစံအရြက္ေလးေတြရွိတဲ့ ဂမုန္းႏြယ္ပင္ကိုစိုက္ပ်ဳိးေပးသင့္ပါတယ္။ ဒီအပင္ေလးေတြကိုပံုမွန္ေလးသာညွပ္ေပးထားမယ္ဆိုရင္ အပင္ႏြယ္ပြားမ်ားလာမွာမဟုတ္တဲ့အတြက္ သင့္ရံုးခန္းငယ္ေလးမွာေနရာမယူဘဲစိုက္ပ်ဳိးထားႏိုင္မယ့္ အပင္ျဖစ္ပါတယ္။ အရြက္ေတြ ပိုမ်ားမ်ားလိုအပ္တယ္ဆိုရင္လည္း အႏြယ္ရစ္ပတ္တက္ေစဖို႔ အပင္တိုင္စိုက္ေပးတာပဲျဖစ္ျဖစ္၊ ႏြယ္တက္ဖို႔ ေနရာအျဖစ္ သြပ္နန္းႀကိဳးကိုရစ္ေခြပံုေဖာ္ေနရာခ်ေပးတာပဲျဖစ္ျဖစ္ လုပ္ေပးႏိုင္ပါတယ္။ ဒီဂမုန္းႏြယ္အိုးအတြက္ အထူးတလည္ ေနရာမေပး ႏိုင္ဘူးဆိုရင္လည္း ျခင္းသို႔မဟုတ္ အိုးကို ႀကိဳးနဲ႔ဆိုင္းၿပီးခ်ိတ္ဆြဲစိုက္ပ်ဳိးႏိုင္ပါတယ္။ ရံုးခန္းေတြမွာစိုက္ၾကတဲ့ ရွားေစာင္းပင္ေလးေတြကတကိုယ္စာစားပြဲေပၚမွာတင္ၿပီးစိုက္ထားလို႔ရတဲ့အျပင္ အထူးတလည္ ေစာင့္ေရွာက္ေပးစရာမလိုတဲ့ အၾကမ္းပတမ္းခံတဲ့ ကႏၱာရပင္ေတြျဖစ္ပါတယ္။ အခန္းေတြ ေလထုကိုသန္႔စင္ေပးၿပီးရံုးခန္းမွာေနရာမယူဘဲစိမ္းစိုလွပေစမယ့္ အပင္ေတြျဖစ္ပါတယ္။ ေရေလာင္းဖို႔လည္းသိပ္မလိုအပ္ဘဲ ေနေရာင္၀င္တဲ့အ နားေနရာခ်ေပးထားရံုနဲ႔ စိမ္းစိုၿပီးရွင္သန္ေနႏိုင္တဲ့ အပင္မ်ဳိးျဖစ္ပါတယ္။
    ရံုးခန္းမွာထားစိုက္ဖို႔အတြက္ ေနာက္ထပ္သင့္ေလ်ာ္တဲ့အပင္ကေတာ့ ၀ါးပင္ငယ္ေတြ ျဖစ္ပါတယ္။ ပန္းအိုးေလးထဲမွာ ေရမ၀ပ္ေစဖို႔ ေက်ာက္စရစ္ခဲေလးေတြကိုအိုးရဲ႕ေအာက္ေျခမွာထည့္ေပးထားမယ္ဆိုရင္ ၀ါးပင္ငယ္ေတြက ေကာင္းေကာင္းရွင္သန္ႏိုင္ပါတယ္။ ေနေရာင္ တိုက္ရိုက္မက်တဲ့ေနရာနားေလးမွာစိုက္ပ်ဳိးထားသင့္ပါတယ္။ ကလိုရင္းဓာတ္ပါတဲ့ ပိုက္ေခါင္းေရက ၀ါးပင္ငယ္ကို ေလာင္းမိရင္ ထိခိုက္ပ်က္စီးသြားေစတတ္တာေၾကာင့္ အေသအခ်ာစစ္ ထုတ္သန္႔စင္ထားတဲ့ေရနဲ႔ ေလာင္းေပးသင့္ပါတယ္။ ၀ါးပင္ငယ္က ရွည္လာခဲ့ရင္လည္းအရြက္ ေတြနဲ႔အပင္ထိပ္ဖ်ားေတြကိုပံုမွန္ေလးတိညွပ္ေပးထားရံုနဲ႔ အရြက္ေတြျဖာလာၿပီးကိုယ့္စိတ္ တိုင္းက် ပံုသြင္းယူႏိုင္မွာျဖစ္ပါတယ္။ ၀ါးပင္ငယ္ေလးတြက ကံပြင့္ေစတဲ့အပင္ေလးေတြလို႔ လည္းသတ္မွတ္ထားၾကပါတယ္။ ရံုးခန္းေတြမွာေနရာလြတ္ေတြရွိေနတယ္ဆိုရင္ အပင္အိုးငယ္ေလးေတြနဲ႔ ေနရာခ်စိုက္ ပ်ဳိးထားသင့္ပါတယ္။ ရံုးခန္းစိုက္အပင္အမ်ားစုကေတာ့ ေနရာလြတ္အနည္းအက်ဥ္းရွိရံုမွ်နဲ႔ ေကာင္းစြာရွင္သန္ႏိုင္ၿပီးရံုးခန္းထဲလုပ္ကိုင္ေနၾကတဲ့ ၀န္ထမ္းေတြအတြက္ မ်က္စိပသာဒျဖစ္ ေစရံုသာမကက်န္းမာေရးအတြက္လည္းအေထာက္အပံ့ျဖစ္ေစပါတယ္။ အပင္ေတြ၀ယ္စိုက္ ထားလို႔ ကုန္က်တာထက္ ရံုးခန္းမွာအပင္ေတြစိုက္ထားတာေၾကာင့္ အခန္းတြင္းအပူခ်ိန္ကို မွ်တေကာင္းမြန္ေစၿပီးေလထုညစ္ညမ္းမႈေတြမရွိဘဲ ၀န္ထမ္းေတြသက္ေသာင့္သက္သာနဲ႔ အလုပ္လုပ္ကိုင္ႏိုင္လို႔ ရလာမယ့္ အက်ဳိးတရားေတြကအပင္အတြက္ ကုန္က်သြားတဲ့ စရိတ္ စကထက္ အဆမ်ားစြာမကပိုၿပီးမ်ားျပားေစမွာ ျဖစ္ပါတယ္။ အရြက္အုပ္အုပ္ေလးေတြနဲ႔ သဖန္းပင္ငယ္ေလးေတြကလည္းရံုးခန္းတြင္းအလွဆင္လို႔ေကာင္းတဲ့ အပင္အမ်ဳိးအစားျဖစ္ ပါတယ္။ အရြက္ေတြမ်ားတာေၾကာင့္ စိမ္းစိုတဲ့ေတာအုပ္ငယ္ေလးသဖြယ္ ရံုးခန္းထဲမွာဖန္တီးထားႏိုင္ၿပီးအရြက္ေတြေၾကြတဲ့အခါမွာေတာ့ အနည္းအက်ဥ္းသိမ္းရဆည္းရတတ္ေပမယ့္ ဒါ ကလည္းရံုးတြင္းေပ်ာ္ရႊင္စရာေကာင္းတဲ့ လႈပ္ရွားမႈတစ္ခုျဖစ္သြားေစႏိုင္ပါတယ္။ အရြယ္အစားေသးတဲ့ အလွဆင္အပင္မ်ဳိးထက္ အလတ္စားအရြယ္ အပင္မ်ဳိးစိုက္ပ်ဳိးအလွဆင္လိုတယ္ ဆိုရင္ေတာ့ ဒီသဖန္းပင္ငယ္ေတြအျပင္ အရြက္ဖားဖားနဲ႔ အလွဆင္ထန္းပင္ငယ္မ်ဳိးေတြလည္းစိုက္ပ်ဳိးေပးႏိုင္ပါတယ္။
    အလွဆင္အပင္ေတြမွာမတူညီတဲ့ကြဲျပားျခားနားခ်က္ေတြရွိေပမယ့္လည္းစြမ္းအင္ေခၽြ တာႏိုင္စြမ္းနဲ႔ က်န္းမာေရးနဲ႔ညီညြတ္တဲ့ ရံုးခန္းပတ္၀န္းက်င္ကို ဖန္တီးေပးစြမ္းႏိုင္မႈကေတာ့ ရံုးတြင္းအလွဆင္အပင္ေတြအားလံုးအတူတူပဲျဖစ္ပါတယ္။
    ————— ။ —————

Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း

အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း

Resort တစ်ခုအသွင်ခံစားရစေမည့် ဖန်တီးမှုများနှင့်အိမ်

Resort တစ်ခုအသွင်ခံစားရစေမည့် ဖန်တီးမှုများနှင့်အိမ်

နံရံကိုပစ္စည်းထားဖို့နေရာအဖြစ်ပြောင်းလဲခြင်း

နံရံကိုပစ္စည်းထားဖို့နေရာအဖြစ်ပြောင်းလဲခြင်း

ဖုန်းရွှေ နှင့် ညီသောအိမ်

ဖုန်းရွှေ နှင့် ညီသောအိမ်