ရန္ကုန္ၿမိဳ႕ျပလမ္းမ်ား၊ ရင္ျပင္မ်ား

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ညွှန့်ဝင်းလေး မှ
June 6, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

(၁)

“ငါ့ညီမ . . .ကမၻာႀကီးဟာ အက်ယ္ႀကီးတဲ့” . . .။

စတီရီယိုေခတ္ေဟာင္းအဆိုေတာ္ႀကီး မင္းမင္းလတ္ “ဟစ္”ခဲ့တဲ့သီခ်င္းစာသားပါ။

ရန္ကုန္ၿမိဳ႕ဟာ အက်ယ္ႀကီးလား . . .။ က်ဥ္းလားေတာ့ကၽြန္ေတာ္လည္း မေျပာတတ္ေတာ့ပါ။ ကားရပ္ဖို႔ေနရာမွာ ကားေတြ ႁပြတ္သိပ္က်ပ္ေနပါတယ္။  ၀င္ေၾကးကေတာ့ ၃၀၀ က်ပ္ျဖတ္လိုက္ပါၿပီ။  အရဲစြန္႔ ၀င္လာရတယ္။ တစ္စီးစီ . . . တစ္စီးစီ . . .တေရြ႕ေရြ႕. . .တေရြ႕ေရြ႕။ မၾကာပါဘူး။ မုန္႔ဆိုင္ေရွ႕နားေလးမွာ ေနရာေလးတစ္ေနရာရတယ္။  ဆိုင္ကေလးကိုေတာ့ အားနာပါရဲ႕။ မတတ္ႏိုင္ပါဘူး။ အသာေလးရပ္လိုက္တယ္။

          တနဂၤေႏြေန႔ အလုပ္နားရက္လို႔ ထင္ပါရဲ႕။  ကားေတြလည္းမ်ား၊ လူေတြလည္း သိပ္ၿပီးမ်ားလွပါတယ္။  သူငယ္ခ်င္းေတြက လမ္းခရီးမွာပဲရွိေသးတာကိုး။ “ပါကင္” မွာပဲ ဟိုေငး ဒီေငး ေစာင့္ေနမိတယ္။  ေကာင္းကင္ဟာ ျပာလြင္ေနတယ္။  ေလညင္းက ခရီးလြန္ေနတယ္။  ႏုပ်ိဳဆဲ ေရာင္စံုပန္းပြင့္ေတြက လွပေနတယ္။  ကိုယ့္မွာေတာ့ . . .မသက္မသာ အိုက္စပ္လို႔ . . .။

          မၾကာပါဘူး။ “ဟြန္ဒါဖစ္” ေငြေရာင္ကားေလးနဲ႔ သူငယ္ခ်င္းႏွစ္ေယာက္ ေရာက္လာတယ္။  တစ္ေယာက္က ပုဆိုးနဲ႔၊ တစ္ေယာက္က အားကစားေဘာင္းဘီတိုနဲ႔ . . .။ ပုဆိုးနဲ႔လူက ကန္ေပါင္မွာ လမ္းဆက္ေလွ်ာက္ၾကရေအာင္လို႔ ေျပာတယ္။ ဒါနဲ႔ . . .လမ္းဆက္ေလွ်ာက္တယ္။ ကၽြန္ေတာ္က သန္းႏိုင္ရဲ႕ “လမ္းဆက္ေလွ်ာက္မယ္” . . .သီခ်င္းကို သတိမရဘဲ . . .(ဘာမဆိုင္၊ ညာမဆိုင္) ဆရာၿငိမ္းေက်ာ္ရဲ႕ “ေျမာက္ျပန္ေလတြင္ တြင္ေသာ ကမည္း” ကို သတိရေနမိသည္။

           ကန္ေပါင္မွာ ဖူးပြင့္စ လူငယ္လူရြယ္ေတြပဲ မ်ားတယ္။ တခ်ိဳ႕က သူငယ္ခ်င္းေတြနဲ႔၊ တခ်ိဳ႕က ေဆြမ်ိဳးေတြနဲ႔၊ တခ်ိဳ႕က ခ်စ္သူစံုတြဲေတြနဲ႔၊ တခ်ိဳ႕က ဂစ္တာတီးလ်က္၊ တခ်ိဳ႕က သီခ်င္းဆိုလ်က္ ပြင့္လန္းေနၾကတယ္။  ေ၀ဆာေနၾကတယ္။ ပြဲေတာ္ေန႔ရက္ေတြလို ႀကိတ္ႀကိတ္တိုးစည္ကားလွတယ္။  မေရာက္တာၾကာၿပီမို႔. . .အင္းလ်ားရဲ႕ညေနခင္းဟာ ကၽြန္ေတာ္နဲ႔နည္းနည္းေတာ့ စိမ္းသေယာင္ ရွိတယ္။ ျမန္မာဆန္ဆန္ ၀တ္ထားတဲ့ သူငယ္ခ်င္းက ရံုးခ်ိန္ျပင္ပသည္ ကန္ေပါင္မွာ လမ္းေလွ်ာက္ေလ့ ရွိတယ္လို႔ ဆိုတယ္။

          ေဘာင္းဘီအတိုနဲ႔ မိတ္ေဆြက လမ္းေလွ်ာက္ရင္း စကားေျပာရင္း အျမင္မေတာ္တဲ့ အမိႈက္ေတြကို ေကာက္တယ္။ အမိႈက္ပုံုးထဲ ထည့္ေနတယ္။  လူငယ္အခ်ိဳ႕ဟာ အစားအစာစားၿပီး အမိႈက္ေတြကို စည္းမဲ့ကမ္းမဲ့ ပစ္ေနဆဲ။ ပါးစပ္ကေတာ့ “စင္ကာပူလို ျဖစ္ရင္ေကာင္းမယ္” . . .လို႔ေျပာေနေလရဲ႕။ ကန္ေရျပင္ဟာ မလႈပ္မယွက္၊ စိမ္းညိဳ႕ညိဳ႕။

          ကၽြန္ေတာ္ကေတာ့. . .အင္းလ်ားကန္ေပါင္နားက ေဆာက္လုပ္ဆဲ အထပ္ျမင့္ႏွစ္လံုးကို ေငးေမာေနမိတယ္။  တစ္လံုးက အိုင္ဘီစီနားမွာ၊ ေနာက္တစ္လံုးက ေရကူးကန္နားမွာ . . .။ ကၽြန္ေတာ့ အျမင္ေျပာရရင္ အင္းလ်ား၀န္းက်င္မွာ အေဆာက္အအံုေတြ ရွိခဲ့ရင္ေတာင္ သစ္ပင္ေတာအုပ္ထဲမွာ ျပားျပား ၀ပ္၀ပ္ေလး မထင္ရွားပဲ ရွိေနရင္ အင္းလ်ားရဲ႕အလွအပကို အစြန္းအထင္း မျဖစ္ေစဘူးလို႔ ထင္ပါတယ္။

          ဟိုး . . .ပ်ပ်ေ၀းေ၀း ကမၻာေအးဘုရား လမ္းဘက္မွာ ေရျပင္နဲ႔ေတာအုပ္ကို ေက်ာ္ျဖတ္ၿပီး ဆီဒိုနားဟိုတယ္၊ ျမန္မာပလာဇာအထပ္ျမင့္ အေဆာက္အအံု၊ ပါရမီဘက္က အထပ္ျမင့္ကြန္ဒို (တည္ေဆာက္ဆဲ) . . .။

          “လူေတြဟာ သြားစရာေနရာသိပ္မရွိလို႔ ဒီမွာစည္ကားေနတာျဖစ္မယ္ဗ် . . .”တဲ့။ ပုဆိုးနဲ႔ အသားျဖဴျဖဴ ၀၀လူကေျပာတယ္။ “ဟုတ္မယ္” . . .လို႔ ကၽြန္ေတာ္က သေဘာတူ ေျပာဆိုလိုက္တယ္။ အခ်ိဳ႕ေနရာေတြက လြတ္လြတ္လပ္လပ္ သြားလာခြင့္မရဘဲ ၀င္ေၾကးေပးရတာလည္း ပါပါလိမ့္မယ္။ သြားစရာလာစရာ အပန္းေျဖစရာ ေနရာေလးေတြ က်ဳံ႕သြားတာလည္း ပါမယ္ထင္ပါတယ္။

(၂)

ကိုေနဘုန္းလတ္ ( သကၤန္းကၽြန္းလႊတ္ေတာ္အမတ္ ကိုေနမ်ိဳးေက်ာ္) က ၁၆ .၆ .၂၀၁၆ ေန႔ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္မွာ ရန္ကုန္ၿမိဳ႕ အမ်ားပိုင္ေျမမ်ား ျပန္လည္ရရွိေရး အဆိုတင္သြင္းရာ အႏိုင္ရရွိသြားတယ္လို႔ ဆိုပါတယ္။ မဂၤလာသတင္း ျဖစ္ပါတယ္။ အမ်ားပိုင္ေျမ (Public Place) သို့မဟုတ္ Public Space နဲ႔ ပတ္သက္ၿပီး တစ္နံတစ္လ်ားေတြးေတာေနမိပါတယ္။ အင္းလ်ားေရျပင္ကို ဘယ္သူပိုင္ဆိုင္လဲ . . .။ အင္လ်ားကန္ေပါင္တစ္၀ိုက္က ေျမကြက္ကိုေရာ ဘယ္သူပိုင္ဆုိင္ပါသလဲ . . .။ ထို႔အတူ ကန္ေတာ္ႀကီးေရျပင္ကိုေရာ . . .ကန္ေတာ္ႀကီးေျမျပင္ကိုေရာ . . .။ ဘယ္သူေတြ ပိုင္ဆိ္ုင္ပါသလဲ . . .။ ထို႔အတူ ျပည္သူ႔ဥယ်ာဥ္ေျမေနရာႀကီးကိုေရာ . . .။ ဘယ္သူပိုင္ဆိုင္ပါသလဲ . . .။ အဂၤလိပ္လို ေရးထားတာကေတာ့ ျပည္သူ႔ရင္ျပင္ကို People’s Square ၊ ျပည္သူ႔ဥယ်ာဥ္ကို People’s Park လို႔ ေရးသားေလ့ရွိပါတယ္။

          ဒီေနရာမွာ Square လို႔သံုးတာ၊ ေလးေထာင့္စပ္စပ္က်ေနတာလို႔ သံုးတာမဟုတ္ပါဘူး။ ရိုးသားပြင့္လင္းတာ၊ မွ်မွ်တတျဖစ္ဖို႔ေျပာတာလည္း မဟုတ္ပါဘူး။  ၿမိဳ႕ထဲမွာ ရွိတဲ့ကြက္လပ္ႀကီးေတြကို Square လို႔ေျပာတာပါ။ အရင္က မဟာဗႏၶဳလပန္းၿခံကို “ဖိုက္ခ်္စကြဲယား” လို႔ေခၚပါတယ္။  ေကာ္မရွင္မင္းႀကီး “ဆာအဲလ္အ၀ပ္ဖိုက္ခ်္” ကုိ အစြဲျပဳေခၚတာပါ။

          တကယ္ေတာ့. . .စကြဲယား ဆိုတာ ျပည္သူ႔ရင္ျပင္လို ရင္ျပင္သက္သက္ကို ေခၚတာမဟုတ္ပါဘူး။  ၿမိဳ႕လယ္ေကာင္မွာ ရွိတဲ့ေျမကြက္လပ္ကို ေခၚတာလည္း မဟုတ္ပါဘူး။  အေဆာက္အံုေတြ ၀န္းရံထားတဲ့ ေျမကြက္လပ္ (Open Space) ပါ။ “စကြဲယား”ဟာ ၿမိဳ႕ထဲမွာ ရွိရမွာျဖစ္ၿပီး အနည္းဆံုး လမ္းႏွစ္ခု(သို႔) ယင္းထက္ပိုတဲ့ လမ္းဆံုမွာ ရွိရမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ ၿဗိတိန္မွာ ရွိတဲ့ Georgian Square ။ အခ်ိဳ႕အလယ္မွာ ပန္းၿခံရွိတတ္ပါတယ္။

(၃)

Public Space လို႔ေခၚတဲ့ လူထုအတြက္ အမ်ားပိုင္ေနရာ (၃) မ်ိဳး ခြဲျခားေျပာေလ့ရွိပါတယ္။

(၁) ျပင္ပအမ်ားပိုင္ေနရာ (External Public Space) ၿမိဳ႕ျပ ႕႕႕႕Urban Area မွာ Pyblic Square လမ္းမ်ား၊ အေ၀းေျပးလမ္း၊ ဥယ်ာဥ္၊ ကားရပ္ရန္ Parking Lot . . . စသည္။

ေက်းလက္ Rural Area မွာ ပင္လယ္ကမ္းရိုးတန္း၊ ေတာေတာင္၊ ရကန္၊ ျမစ္၊ ေခ်ာင္း  . . .စသည္။

(၂) အေဆာက္အံုမ်ားတြင္ အမ်ားပိုင္ေနရာ (Internal Public Space)

စာၾကည့္တိုက္၊ ျပတိုက္၊ ၿမိဳ႕နယ္ခန္းမ . . .စသည္။

ဒါ့အျပင္ . . . မီးရထားဘူတာ၊ ေလဆိပ္၊ သေဘာၤဆိပ္၊ ဘတ္စ္ ကားမွတ္တိုင္ . . .စသည့္ပို႔ေဆာင္ေရး သ႑ာန္ (Transporation Facilities)

(၃) အေဆာက္အအံုျပင္ပႏွင့္ အတြင္း အမ်ားအသံုးျပဳေနေသာ ေနရာမ်ား (External & Internal quasi-public space)

ကိုယ္ပိုင္ျဖစ္ေသာ္လည္း အမ်ားပိုင္ကဲ့သို႔ ျဖစ္ေနေသာေနရာမ်ား၊ တကၠသိုလ္ ပရိ၀ုဏ္၊ အားကစားကြင္း ၊ စားေသာက္ဆိုင္၊ ရုပ္ရွင္ရံု၊ ကုန္တိုက္ႀကီး။ Privatized public space လို႔လည္း ေခၚပါတယ္။

(၄)

          “ၿမိဳ႕ျပဟင္းလင္း” ေျပာေျပာ၊ ၿမိဳ႕ျပ ရင္ျပင္ဆိုဆို (Urban Space) အေၾကာင္း ဆက္ေျပာၾကရေအာင္ . . .။

ျပင္ပဟင္းလင္း (out-door space) ကို Positive နဲ႔ Negative Spaceဆိုၿပီး အဖိုအမ ခြဲလို႔ရျပန္တယ္တဲ့။ အဖိုဟင္းလင္းကို တိုင္းထြာလို႔ ရတယ္တဲ့။ တိက်ျပတ္သားတဲ့နယ္နိမိတ္ (define boundary) ရွိတယ္တဲ့။ ပိတ္ေနတဲ့သေဘာ ျဖစ္ႏိုင္သလို၊ အဆက္အစပ္သေဘာ (enclosed) လည္း ျဖစ္ႏိုင္သတဲ့။  လြတ္လြတ္ေျပာရရင္ ေရျဖည့္ထားတာနဲ႕တူတယ္တဲ့။ အမာ “hard” Urban Space လို႔လည္း ေျပာပါတယ္။ “အမဟင္းလင္း” ကေတာ့ ပံုသ႑ာန္ အတိအက်ေျပာဖို႔ခက္ခဲပါသတဲ့ (shapeles) ၊ အေပ်ာ့(soft space) ပါ။ ဥယ်ာဥ္ပန္းၿခံေတြရဲ႕ဟင္းလင္းျပင္ေတြပါ။

          သည္တစ္ခုမွာေတာ့ အဖိုဟင္းလင္းျပင္ကို ဖန္တီးျခင္း (Creating Positive Space) ေတြကို ဆက္ၿပီးတင္ျပလိုက္ပါတယ္။  positive urban space မွာ အႀကီးအေသး ပံုသ႑ာန္  (size & shape) အမ်ိဳးမ်ိဳးရွိေသာ္လည္း အေျခခံႏွစ္မ်ိဳးပဲ ခြဲျခားလို႔ရပါတယ္။

လမ္းမ်ားနဲ႔ ရင္ျပင္မ်ား (Street & Square)ပါ။ Streets ဆိုတာ ၿခံဳငံုေျပာတာပါ။ squares မွာလည္း plaza, circuse, pizza, place, court  . . . စသျဖင့္။ လမ္းမ်ားဟာ လႈပ္လႈပ္ရွားရွား dynamic space ျဖစ္တယ္။ sense of movement ရွိတယ္လို့ ဆိုတယ္။  square ကေတာ့ ၿငိမ္သက္ျခင္း stafic space ပါပဲ။

          “လမ္းနဲ႔ ရင္ျပင္”အတြဲကို ဖြဲ႔စည္း စီမံတဲ့ေနရာမွာ သမားရိုးက်နဲ႔ သမားရိုးမဆန္ျခင္း (formal & informal) ဆိုၿပီး  “ကြန္႔” ၾကပါေသးတယ္။ formal space နည္းလမ္းေတြကေတာ့ စနစ္တက် ေလးေထာင့္စပ္စပ္ဖြဲ႔ စည္းထားၿပီး အေဆာက္အအံုမ်ားနဲ႔ ကာရံထားတဲ့သေဘာပါ။  ၾကမ္းခင္းစီမံမႈ (floor space) လုပ္ထားမယ္။  ပရိေဘာဂ (street furniture) ပါမယ္။ informal space နည္းလမ္းမွာေတာ့ အခ်ိဳးမညီအကြက္ခ် (asymmetric layout) ကို အေျခခံပါတယ္။ ပိုၿပီးေပ်ာ့ေပ်ာင္းတဲ့ relaxed chatracter ဖန္တီးပါတယ္။  ၿပီးေတာ့. . . ဗိသုကာအာ၀ါသ က်ယ္က်ယ္ျပန္႔ျပန္႔ ဖန္တီးေပးတယ္။ (wide variety of surrounding architecture)

          လမ္းမ်ားမွာ street cafes, street market . . .စသျဖင့္ကေဖးဆိုင္၊ ေစ်းဆိုင္ေလးေတြ လွလွပပပသာသာယာယာ ဖန္တီးေပးလို႔ရပါတယ္။  ဆိုင္ႀကီး ကနားႀကီးေတြကို ထည္ထည္၀ါ၀ါ မသြားလိုသူေတြအတြက္ပါ။  ေပါ့ေပါ့ပါးပါး ၿမိဳ႕ထဲသြားရင္းလာရင္း လမ္းေလွ်ာက္ရင္ ေစ်း၀ယ္လို႔ ရပါမယ္။  မုန္႔ေလး အဆာေျပစားလို႔ရမယ္။   အပူေလး အေအးေလး ေသာက္လို႔ရပါမယ္။  အခ်ိဳ႕ေနရာေတြမွာ ထီးလွလွေလးေတြ အုပ္မိုးလို႔ေပါ့။ ( ယခု လမ္းေဘးေစ်းသည္ မိုးေနက် ထီးမ်ိဳးမဟုတ္ပါ။) အခ်ဳိ႕ေနရာမွာ ပန္းေလးေတြ ပြင့္၊ တခ်ိဳ႕ေနရာမွာ အပင္ေလးေတြ စိမ္းျမ၊ တခ်ိဳ႕ေနရာမွာ ေရာင္စံုလမ္းကေလးနဲ႔၊ တခ်ိဳ႕ေနရာ ရုပ္တုေလးနဲ႔၊ တခ်ိဳ႕ေနရာ ေရပန္းေလးနဲ႔  သာသာယာယာ၊ လွလွပပ ဖန္တီးလို႔ရပါတယ္။  ဥပမာ – အေနာ္ရထာလမ္းနဲ႔ မဟာဗႏၶဳလလမ္းၾကား (၄၆ ႏွင့္ ၄၈ ၾကား) ဆူးေလတစ္၀ိုက္၊ ပန္းဆိုးတန္းေအာက္လမ္း တစ္၀ိုက္။

(၅)

          ကၽြန္ေတာ့္ရဲ႕စိတ္ကူးပါ။  အိပ္မက္ပါ။  ရန္ကုန္ၿမိဳ႕ေဟာင္း  down town (၆) ၿမိဳ႕နယ္ရဲ႕Urban Space-Public Place ေတြကို လက္ရွိ အေနအထားထက္ အသံုးတည့္ဖို႔၊ လွပဖို႔ လိုအပ္မယ္ထင္ပါတယ္။ “အသစ္”ေတြလည္း တည္ေဆာက္တာ တည္ေဆာက္ရမွာ ျဖစ္သလို ၊ ၿမိဳ႕ေဟာင္းေနရာကိုလည္း ထိန္းသိမ္းရပါလိမ့္မယ္။  အဆင့္ျမႇင့္တင္ေပးသင့္တဲ့ ေနရာမွာျမႇင့္တင္ေပးရပါလိမ့္မယ္။

          ရန္ကုန္ၿမိဳ႕နယ္ဟာ ကားေတြရပ္စရာ ေနရာမရွိသလို၊ လူေတြ လမ္းသြားစရာ တူတူတန္တန္ ပလက္ေဖာင္း ရွားသြားပါၿပီ။  ဘိုေကကို ေျပာင္ေအာင္ၿဖီးလိမ္းၿပီး အက်ီ ၤလက္ရွည္နဲ႔ ေဘာင္းဘီအရွည္နဲ႔၊ ခါးပတ္နဲ႔၊ ရွဴးဖိနပ္နဲ႔ စတိုင္က်က် လမ္းေလွ်ာက္ဖို႔ဆိုတာ ဆူးေလဘုရားလမ္းမွာ . . . ပန္းဆိုးတန္းလမ္းမွာ . . .မျဖစ္ႏိုင္ေတာ့ပါဘူး။  မိုးရြာရင္ အေနာ္ရထာလမ္းေပၚမွာ “ ထီးကေလးနဲ႔ မနီ” လမ္းေလွ်ာက္လို႔လံုး၀ အဆင္မေျပႏိုင္ပါဘူး။

          အားလံုးကို မဆိုလိုပါဘူး။  လမ္းတိုင္း၊ ေနရာတိုင္းလည္း မျဖစ္ႏိုင္ပါဘူး။  လမ္းအခ်ိဳ႕ ေနရာတခ်ိဳ႕မွာ . . .

ဟိုႏိုင္ငံနဲ႔ တူဖို႔လည္း မလိုပါဘူး။

သည္ ႏိုင္ငံနဲ႔ဆင္ဖို႔လည္း မလိုပါဘူး။

“ Street & Square ” ေခ်ာေခ်ာေမြ႔ေမြ႔ေလးျဖစ္ရင္ . . . ကၽြန္ေတာ္တို႔လည္း ခါးပတ္နဲ႔ ဖိနပ္နဲ႔ လမ္းေလွ်ာက္လို႔ အဆင္ေျပလာမွာပါ။

Unicode ျဖင့္ဖတ္ရန္

ရန်ကုန်မြို့ပြလမ်းများ၊ ရင်ပြင်များ

(၁)
“ငါ့ညီမ . . .ကမ္ဘာကြီးဟာ အကျယ်ကြီးတဲ့” . . .။
စတီရီယိုခေတ်ဟောင်းအဆိုတော်ကြီး မင်းမင်းလတ် “ဟစ်”ခဲ့တဲ့သီချင်းစာသားပါ။
ရန်ကုန်မြို့ဟာ အကျယ်ကြီးလား . . .။ ကျဉ်းလားတော့ကျွန်တော်လည်း မပြောတတ်တော့ပါ။ ကားရပ်ဖို့နေရာမှာ ကားတွေ ပြွတ်သိပ်ကျပ်နေပါတယ်။ ဝင်ကြေးကတော့ ၃၀၀ ကျပ်ဖြတ်လိုက်ပါပြီ။ အရဲစွန့် ဝင်လာရတယ်။ တစ်စီးစီ . . . တစ်စီးစီ . . .တရွေ့ရွေ့. . .တရွေ့ရွေ့။ မကြာပါဘူး။ မုန့်ဆိုင်ရှေ့နားလေးမှာ နေရာလေးတစ်နေရာရတယ်။ ဆိုင်ကလေးကိုတော့ အားနာပါရဲ့။ မတတ်နိုင်ပါဘူး။ အသာလေးရပ်လိုက်တယ်။
တနင်္ဂနွေနေ့ အလုပ်နားရက်လို့ ထင်ပါရဲ့။ ကားတွေလည်းများ၊ လူတွေလည်း သိပ်ပြီးများလှပါတယ်။ သူငယ်ချင်းတွေက လမ်းခရီးမှာပဲရှိသေးတာကိုး။ “ပါကင်” မှာပဲ ဟိုငေး ဒီငေး စောင့်နေမိတယ်။ ကောင်းကင်ဟာ ပြာလွင်နေတယ်။ လေညင်းက ခရီးလွန်နေတယ်။ နုပျိုဆဲ ရောင်စုံပန်းပွင့်တွေက လှပနေတယ်။ ကိုယ့်မှာတော့ . . .မသက်မသာ အိုက်စပ်လို့ . . .။
မကြာပါဘူး။ “ဟွန်ဒါဖစ်” ငွေရောင်ကားလေးနဲ့ သူငယ်ချင်းနှစ်ယောက် ရောက်လာတယ်။ တစ်ယောက်က ပုဆိုးနဲ့၊ တစ်ယောက်က အားကစားဘောင်းဘီတိုနဲ့ . . .။ ပုဆိုးနဲ့လူက ကန်ပေါင်မှာ လမ်းဆက်လျှောက်ကြရအောင်လို့ ပြောတယ်။ ဒါနဲ့ . . .လမ်းဆက်လျှောက်တယ်။ ကျွန်တော်က သန်းနိုင်ရဲ့ “လမ်းဆက်လျှောက်မယ်” . . .သီချင်းကို သတိမရဘဲ . . .(ဘာမဆိုင်၊ ညာမဆိုင်) ဆရာငြိမ်းကျော်ရဲ့ “မြောက်ပြန်လေတွင် တွင်သော ကမည်း” ကို သတိရနေမိသည်။
ကန်ပေါင်မှာ ဖူးပွင့်စ လူငယ်လူရွယ်တွေပဲ များတယ်။ တချို့က သူငယ်ချင်းတွေနဲ့၊ တချို့က ဆွေမျိုးတွေနဲ့၊ တချို့က ချစ်သူစုံတွဲတွေနဲ့၊ တချို့က ဂစ်တာတီးလျက်၊ တချို့က သီချင်းဆိုလျက် ပွင့်လန်းနေကြတယ်။ ဝေဆာနေကြတယ်။ ပွဲတော်နေ့ရက်တွေလို ကြိတ်ကြိတ်တိုးစည်ကားလှတယ်။ မရောက်တာကြာပြီမို့. . .အင်းလျားရဲ့ညနေခင်းဟာ ကျွန်တော်နဲ့နည်းနည်းတော့ စိမ်းသယောင် ရှိတယ်။ မြန်မာဆန်ဆန် ဝတ်ထားတဲ့ သူငယ်ချင်းက ရုံးချိန်ပြင်ပသည် ကန်ပေါင်မှာ လမ်းလျှောက်လေ့ ရှိတယ်လို့ ဆိုတယ်။
ဘောင်းဘီအတိုနဲ့ မိတ်ဆွေက လမ်းလျှောက်ရင်း စကားပြောရင်း အမြင်မတော်တဲ့ အမှိုက်တွေကို ကောက်တယ်။ အမှိုက်ပုံးထဲ ထည့်နေတယ်။ လူငယ်အချို့ဟာ အစားအစာစားပြီး အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့ ပစ်နေဆဲ။ ပါးစပ်ကတော့ “စင်ကာပူလို ဖြစ်ရင်ကောင်းမယ်” . . .လို့ပြောနေလေရဲ့။ ကန်ရေပြင်ဟာ မလှုပ်မယှက်၊ စိမ်းညို့ညို့။
ကျွန်တော်ကတော့. . .အင်းလျားကန်ပေါင်နားက ဆောက်လုပ်ဆဲ အထပ်မြင့်နှစ်လုံးကို ငေးမောနေမိတယ်။ တစ်လုံးက အိုင်ဘီစီနားမှာ၊ နောက်တစ်လုံးက ရေကူးကန်နားမှာ . . .။ ကျွန်တော့ အမြင်ပြောရရင် အင်းလျားဝန်းကျင်မှာ အဆောက်အအုံတွေ ရှိခဲ့ရင်တောင် သစ်ပင်တောအုပ်ထဲမှာ ပြားပြား ဝပ်ဝပ်လေး မထင်ရှားပဲ ရှိနေရင် အင်းလျားရဲ့အလှအပကို အစွန်းအထင်း မဖြစ်စေဘူးလို့ ထင်ပါတယ်။
ဟိုး . . .ပျပျဝေးဝေး ကမ္ဘာအေးဘုရား လမ်းဘက်မှာ ရေပြင်နဲ့တောအုပ်ကို ကျော်ဖြတ်ပြီး ဆီဒိုနားဟိုတယ်၊ မြန်မာပလာဇာအထပ်မြင့် အဆောက်အအုံ၊ ပါရမီဘက်က အထပ်မြင့်ကွန်ဒို (တည်ဆောက်ဆဲ) . . .။
“လူတွေဟာ သွားစရာနေရာသိပ်မရှိလို့ ဒီမှာစည်ကားနေတာဖြစ်မယ်ဗျ . . .”တဲ့။ ပုဆိုးနဲ့ အသားဖြူဖြူ ၀၀လူကပြောတယ်။ “ဟုတ်မယ်” . . .လို့ ကျွန်တော်က သဘောတူ ပြောဆိုလိုက်တယ်။ အချို့နေရာတွေက လွတ်လွတ်လပ်လပ် သွားလာခွင့်မရဘဲ ဝင်ကြေးပေးရတာလည်း ပါပါလိမ့်မယ်။ သွားစရာလာစရာ အပန်းဖြေစရာ နေရာလေးတွေ ကျုံ့သွားတာလည်း ပါမယ်ထင်ပါတယ်။
(၂)
ကိုနေဘုန်းလတ် ( သင်္ကန်းကျွန်းလွှတ်တော်အမတ် ကိုနေမျိုးကျော်) က ၁၆ .၆ .၂၀၁၆ နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်မြို့ အများပိုင်မြေများ ပြန်လည်ရရှိရေး အဆိုတင်သွင်းရာ အနိုင်ရရှိသွားတယ်လို့ ဆိုပါတယ်။ မင်္ဂလာသတင်း ဖြစ်ပါတယ်။ အများပိုင်မြေ (Public Place) သို့မဟုတ် Public Space နဲ့ ပတ်သက်ပြီး တစ်နံတစ်လျားတွေးတောနေမိပါတယ်။ အင်းလျားရေပြင်ကို ဘယ်သူပိုင်ဆိုင်လဲ . . .။ အင်လျားကန်ပေါင်တစ်ဝိုက်က မြေကွက်ကိုရော ဘယ်သူပိုင်ဆိုင်ပါသလဲ . . .။ ထို့အတူ ကန်တော်ကြီးရေပြင်ကိုရော . . .ကန်တော်ကြီးမြေပြင်ကိုရော . . .။ ဘယ်သူတွေ ပိုင်ဆိုင်ပါသလဲ . . .။ ထို့အတူ ပြည်သူ့ဥယျာဉ်မြေနေရာကြီးကိုရော . . .။ ဘယ်သူပိုင်ဆိုင်ပါသလဲ . . .။ အင်္ဂလိပ်လို ရေးထားတာကတော့ ပြည်သူ့ရင်ပြင်ကို People’s Square ၊ ပြည်သူ့ဥယျာဉ်ကို People’s Park လို့ ရေးသားလေ့ရှိပါတယ်။
ဒီနေရာမှာ Square လို့သုံးတာ၊ လေးထောင့်စပ်စပ်ကျနေတာလို့ သုံးတာမဟုတ်ပါဘူး။ ရိုးသားပွင့်လင်းတာ၊ မျှမျှတတဖြစ်ဖို့ပြောတာလည်း မဟုတ်ပါဘူး။ မြို့ထဲမှာ ရှိတဲ့ကွက်လပ်ကြီးတွေကို Square လို့ပြောတာပါ။ အရင်က မဟာဗန္ဓုလပန်းခြံကို “ဖိုက်ချ်စကွဲယား” လို့ခေါ်ပါတယ်။ ကော်မရှင်မင်းကြီး “ဆာအဲလ်အဝပ်ဖိုက်ချ်” ကို အစွဲပြုခေါ်တာပါ။
တကယ်တော့. . .စကွဲယား ဆိုတာ ပြည်သူ့ရင်ပြင်လို ရင်ပြင်သက်သက်ကို ခေါ်တာမဟုတ်ပါဘူး။ မြို့လယ်ကောင်မှာ ရှိတဲ့မြေကွက်လပ်ကို ခေါ်တာလည်း မဟုတ်ပါဘူး။ အဆောက်အုံတွေ ဝန်းရံထားတဲ့ မြေကွက်လပ် (Open Space) ပါ။ “စကွဲယား”ဟာ မြို့ထဲမှာ ရှိရမှာဖြစ်ပြီး အနည်းဆုံး လမ်းနှစ်ခု(သို့) ယင်းထက်ပိုတဲ့ လမ်းဆုံမှာ ရှိရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဗြိတိန်မှာ ရှိတဲ့ Georgian Square ။ အချို့အလယ်မှာ ပန်းခြံရှိတတ်ပါတယ်။
(၃)
Public Space လို့ခေါ်တဲ့ လူထုအတွက် အများပိုင်နေရာ (၃) မျိုး ခွဲခြားပြောလေ့ရှိပါတယ်။
(၁) ပြင်ပအများပိုင်နေရာ (External Public Space) မြို့ပြ့Urban Area မှာ Pyblic Square လမ်းများ၊ အဝေးပြေးလမ်း၊ ဥယျာဉ်၊ ကားရပ်ရန် Parking Lot . . . စသည်။
ကျေးလက် Rural Area မှာ ပင်လယ်ကမ်းရိုးတန်း၊ တောတောင်၊ ရကန်၊ မြစ်၊ ချောင်း . . .စသည်။
(၂) အဆောက်အုံများတွင် အများပိုင်နေရာ (Internal Public Space)
စာကြည့်တိုက်၊ ပြတိုက်၊ မြို့နယ်ခန်းမ . . .စသည်။
ဒါ့အပြင် . . . မီးရထားဘူတာ၊ လေဆိပ်၊ သဘောၤဆိပ်၊ ဘတ်စ် ကားမှတ်တိုင် . . .စသည့်ပို့ဆောင်ရေး သဏ္ဍာန် (Transporation Facilities)
(၃) အဆောက်အအုံပြင်ပနှင့် အတွင်း အများအသုံးပြုနေသော နေရာများ (External & Internal quasi-public space)
ကိုယ်ပိုင်ဖြစ်သော်လည်း အများပိုင်ကဲ့သို့ ဖြစ်နေသောနေရာများ၊ တက္ကသိုလ် ပရိဝုဏ်၊ အားကစားကွင်း ၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ကုန်တိုက်ကြီး။ Privatized public space လို့လည်း ခေါ်ပါတယ်။

(၄)
“မြို့ပြဟင်းလင်း” ပြောပြော၊ မြို့ပြ ရင်ပြင်ဆိုဆို (Urban Space) အကြောင်း ဆက်ပြောကြရအောင် . . .။
ပြင်ပဟင်းလင်း (out-door space) ကို Positive နဲ့ Negative Spaceဆိုပြီး အဖိုအမ ခွဲလို့ရပြန်တယ်တဲ့။ အဖိုဟင်းလင်းကို တိုင်းထွာလို့ ရတယ်တဲ့။ တိကျပြတ်သားတဲ့နယ်နိမိတ် (define boundary) ရှိတယ်တဲ့။ ပိတ်နေတဲ့သဘော ဖြစ်နိုင်သလို၊ အဆက်အစပ်သဘော (enclosed) လည်း ဖြစ်နိုင်သတဲ့။ လွတ်လွတ်ပြောရရင် ရေဖြည့်ထားတာနဲ့တူတယ်တဲ့။ အမာ “hard” Urban Space လို့လည်း ပြောပါတယ်။ “အမဟင်းလင်း” ကတော့ ပုံသဏ္ဍာန် အတိအကျပြောဖို့ခက်ခဲပါသတဲ့ (shapeles) ၊ အပျော့(soft space) ပါ။ ဥယျာဉ်ပန်းခြံတွေရဲ့ဟင်းလင်းပြင်တွေပါ။
သည်တစ်ခုမှာတော့ အဖိုဟင်းလင်းပြင်ကို ဖန်တီးခြင်း (Creating Positive Space) တွေကို ဆက်ပြီးတင်ပြလိုက်ပါတယ်။ positive urban space မှာ အကြီးအသေး ပုံသဏ္ဍာန် (size & shape) အမျိုးမျိုးရှိသော်လည်း အခြေခံနှစ်မျိုးပဲ ခွဲခြားလို့ရပါတယ်။
လမ်းများနဲ့ ရင်ပြင်များ (Street & Square)ပါ။ Streets ဆိုတာ ခြုံငုံပြောတာပါ။ squares မှာလည်း plaza, circuse, pizza, place, court . . . စသဖြင့်။ လမ်းများဟာ လှုပ်လှုပ်ရှားရှား dynamic space ဖြစ်တယ်။ sense of movement ရှိတယ်လို့ ဆိုတယ်။ square ကတော့ ငြိမ်သက်ခြင်း stafic space ပါပဲ။
“လမ်းနဲ့ ရင်ပြင်”အတွဲကို ဖွဲ့စည်း စီမံတဲ့နေရာမှာ သမားရိုးကျနဲ့ သမားရိုးမဆန်ခြင်း (formal & informal) ဆိုပြီး “ကွန့်” ကြပါသေးတယ်။ formal space နည်းလမ်းတွေကတော့ စနစ်တကျ လေးထောင့်စပ်စပ်ဖွဲ့ စည်းထားပြီး အဆောက်အအုံများနဲ့ ကာရံထားတဲ့သဘောပါ။ ကြမ်းခင်းစီမံမှု (floor space) လုပ်ထားမယ်။ ပရိဘောဂ (street furniture) ပါမယ်။ informal space နည်းလမ်းမှာတော့ အချိုးမညီအကွက်ချ (asymmetric layout) ကို အခြေခံပါတယ်။ ပိုပြီးပျော့ပျောင်းတဲ့ relaxed chatracter ဖန်တီးပါတယ်။ ပြီးတော့. . . ဗိသုကာအာဝါသ ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးပေးတယ်။ (wide variety of surrounding architecture)
လမ်းများမှာ street cafes, street market . . .စသဖြင့်ကဖေးဆိုင်၊ ဈေးဆိုင်လေးတွေ လှလှပပပသာသာယာယာ ဖန်တီးပေးလို့ရပါတယ်။ ဆိုင်ကြီး ကနားကြီးတွေကို ထည်ထည်ဝါဝါ မသွားလိုသူတွေအတွက်ပါ။ ပေါ့ပေါ့ပါးပါး မြို့ထဲသွားရင်းလာရင်း လမ်းလျှောက်ရင် ဈေးဝယ်လို့ ရပါမယ်။ မုန့်လေး အဆာပြေစားလို့ရမယ်။ အပူလေး အအေးလေး သောက်လို့ရပါမယ်။ အချို့နေရာတွေမှာ ထီးလှလှလေးတွေ အုပ်မိုးလို့ပေါ့။ ( ယခု လမ်းဘေးဈေးသည် မိုးနေကျ ထီးမျိုးမဟုတ်ပါ။) အချို့နေရာမှာ ပန်းလေးတွေ ပွင့်၊ တချို့နေရာမှာ အပင်လေးတွေ စိမ်းမြ၊ တချို့နေရာမှာ ရောင်စုံလမ်းကလေးနဲ့၊ တချို့နေရာ ရုပ်တုလေးနဲ့၊ တချို့နေရာ ရေပန်းလေးနဲ့ သာသာယာယာ၊ လှလှပပ ဖန်တီးလို့ရပါတယ်။ ဥပမာ – အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြား (၄၆ နှင့် ၄၈ ကြား) ဆူးလေတစ်ဝိုက်၊ ပန်းဆိုးတန်းအောက်လမ်း တစ်ဝိုက်။
(၅)
ကျွန်တော့်ရဲ့စိတ်ကူးပါ။ အိပ်မက်ပါ။ ရန်ကုန်မြို့ဟောင်း down town (၆) မြို့နယ်ရဲ့Urban Space-Public Place တွေကို လက်ရှိ အနေအထားထက် အသုံးတည့်ဖို့၊ လှပဖို့ လိုအပ်မယ်ထင်ပါတယ်။ “အသစ်”တွေလည်း တည်ဆောက်တာ တည်ဆောက်ရမှာ ဖြစ်သလို ၊ မြို့ဟောင်းနေရာကိုလည်း ထိန်းသိမ်းရပါလိမ့်မယ်။ အဆင့်မြှင့်တင်ပေးသင့်တဲ့ နေရာမှာမြှင့်တင်ပေးရပါလိမ့်မယ်။
ရန်ကုန်မြို့နယ်ဟာ ကားတွေရပ်စရာ နေရာမရှိသလို၊ လူတွေ လမ်းသွားစရာ တူတူတန်တန် ပလက်ဖောင်း ရှားသွားပါပြီ။ ဘိုကေကို ပြောင်အောင်ဖြီးလိမ်းပြီး အကျီ ၤလက်ရှည်နဲ့ ဘောင်းဘီအရှည်နဲ့၊ ခါးပတ်နဲ့၊ ရှူးဖိနပ်နဲ့ စတိုင်ကျကျ လမ်းလျှောက်ဖို့ဆိုတာ ဆူးလေဘုရားလမ်းမှာ . . . ပန်းဆိုးတန်းလမ်းမှာ . . .မဖြစ်နိုင်တော့ပါဘူး။ မိုးရွာရင် အနော်ရထာလမ်းပေါ်မှာ “ ထီးကလေးနဲ့ မနီ” လမ်းလျှောက်လို့လုံး၀ အဆင်မပြေနိုင်ပါဘူး။
အားလုံးကို မဆိုလိုပါဘူး။ လမ်းတိုင်း၊ နေရာတိုင်းလည်း မဖြစ်နိုင်ပါဘူး။ လမ်းအချို့ နေရာတချို့မှာ . . .
ဟိုနိုင်ငံနဲ့ တူဖို့လည်း မလိုပါဘူး။
သည် နိုင်ငံနဲ့ဆင်ဖို့လည်း မလိုပါဘူး။
“ Street & Square ” ချောချောမွေ့မွေ့လေးဖြစ်ရင် . . . ကျွန်တော်တို့လည်း ခါးပတ်နဲ့ ဖိနပ်နဲ့ လမ်းလျှောက်လို့ အဆင်ပြေလာမှာပါ။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အခန္းတစ္ခန္းကို တစ္နာရီအတြင္းလန္းဆန္းသြားေအာင္ဘယ္လိုျပင္ဆင္မလဲ

အခန္းတစ္ခန္းကို တစ္နာရီအတြင္းလန္းဆန္းသြားေအာင္ဘယ္လိုျပင္ဆင္မလဲ

ထူးျခားဆန္းသစ္ေသာေရခ်ဳိးခန္းသံုးထုတ္ကုန္

ထူးျခားဆန္းသစ္ေသာေရခ်ဳိးခန္းသံုးထုတ္ကုန္

စာအုပ္မ်ားျဖင့္ ေနအိမ္ကိုစတိုင္လ္က်က်ျပဳျပင္မြမ္းမံျခင္း

စာအုပ္မ်ားျဖင့္ ေနအိမ္ကိုစတိုင္လ္က်က်ျပဳျပင္မြမ္းမံျခင္း

လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ

လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ

ပုဂိ္ၢဳလ္ေရးျပႆနာမ်ားကို ေျဖရွင္းသည့္ ဖုန္းေရႊေဆးၿမီးတိုမ်ား

ပုဂိ္ၢဳလ္ေရးျပႆနာမ်ားကို ေျဖရွင္းသည့္ ဖုန္းေရႊေဆးၿမီးတိုမ်ား