မှန်ကန်သည်ဟုအထင်မှားနေကြသည့်အိမ်ပြုပြင်ရေးကြိုတင်ကာကွယ်မှုအယူအဆများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
September 7, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

8

သင့်အိမ်ကို ပြန်ပြင်တော့မယ်လို့လည်းဆုံးဖြတ်ထားပြီ၊ မှန်မှန်ကန်ကန်နဲ့စနစ်တကျလည်း ပြုပြင်သွားမယ်လို့ဆုံးဖြတ်ထားပြီဆိုရင် အိမ်ပြုပြင်ရင်းနဲ့ကိုမှ မမျှော်လင့်ထားတဲ့အခက်အခဲမျိုးတွေရှိလာတတ်တဲ့အကြောင်းတစွန်းတစကြားဖူးကြမယ်ထင်ပါတယ်။ဒီလိုဖြစ်လေ့ဖြစ်ထရှိတဲ့အခက်အခဲတွေအားလုံးဘာတစ်ခုမှမှ သင့်မှာဖြစ်လာမှာမဟုတ်ဘူးလို့ သင်ထင်နေမယ်။ မှန်ကန်စနစ်ကျတဲ့ ကြို တင်ကာကွယ်နည်းတွေနဲ့သာစနစ်တကျလုပ်သွားမယ်ဆိုရင် ဒီလိုပြဿနာတွေဘာတစ်ခုမှ ကြုံရလိမ့် မှာမဟုတ်ဘူးလို့ သင်ထင်ထားတယ်ပေါ့။
တခါတရံမှာကိုယ်ကဒီတိုင်းမဖြစ်လိုလို့ အသေအချာရှောင်ပြီးလုပ်ခါမှ ရလဒ်ထွက်လာတဲ့အခါ ဒီလိုပုံစံအတိုင်းပဲပိုပြီးတော့တောင်တူသွားတတ်တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ အိမ်ပြုပြင်တဲ့အခါ ကိုယ် မလိုလားတဲ့ရလဒ်မျိုးတွေ၊ စိတ်ပျက်စရာကောင်းတဲ့ရလဒ်ဆိုးမျိုးတွေထွက်မလာအောင် ထိရောက်စွာရှောင်ရှားလုပ်ဆောင်ရမယ့် ၁၁ချက်ကိုဖော်ပြပေးသွားမှာဖြစ်ပြီးဒီအချက်တွေကိုသတိပြုဆင်ခြင်ပေးခြင်းဖြင့်ကိုယ်လိုချင်တဲ့ပုံစံအတိုင်း လုံးဝအတိအကျနီးပါးမှန်ကန်တဲ့ ရလဒ်ကောင်းထွက်လာစေမှာဖြစ်ပါတယ်။


၁။ ငွေကိုကိုင်ထားမယ်
ပထမတော့ ဒါကသိပ်မှန်တဲ့အစီအစဉ်လို့ ထင်နေပါလိမ့်မယ်။ ငွေကိုအပြီးသတ်ပေးချေလိုက်တာနဲ့ ကန်ထရိုက်တာကအလုပ်ကိုပြီးစီးတဲ့အထိလုပ်တော့မှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့သင်ကငွေကိုအပြီးမချေဘဲကိုင်ထားဦးမယ်၊ ဒါမှမဟုတ် ကိုယ့်လက်ထဲငွေကိုင်ထားတာမလို့ ကန်ထရိုက်တာကိုကိုယ့်စိတ်တိုင်းကျမဟုတ်မချင်းလုပ်ခိုင်းနိုင်ဦးမယ်လို့ထင်နေမယ်ဆိုရင်တော့ ဒီအတွေးတွေကသိပ်ကိုမှားပါတယ်။ ကန်ထရိုက်တာကအသုံးစရိတ်အားလုံးမှာတန်ဖိုးတွေထပ်တင်ထားလိုက်ပြီးပရောဂျက်ကိုအပြည့်အဝမလုပ်ဘဲလည်း ချန်ထားခဲ့လို့ ရပါတယ်။နောက်ဆုံးတစ်ခုခုထပ်ပြင်စရာလေးရှိလာစေဦးတော့ ကန်ထရိုက်တာနဲ့ ငြင်းရခုန်ရ၊ ပြောရဆိုရပြန်ပါပြီ။ ပြီးတော့ သင့်အနေနဲ့ ငွေကိုရာနှုန်းပိုတိုးယူပြီးကိုင်ထားမယ်ဆိုပြန်ရင်လည်းသူ့အတွက် အသုံးစရိတ်တွေမထေမိနိုင်တာကြောင့် လုပ်ရကိုင်ရကျပ်ပြီးပရောဂျက်အပြီးသတ်နိုင်ဖို့ရာအချိန်တွေ ပိုပြီးကြန့်ကြာသွားနိုင်ပါတယ်။
၂။ ပစ္စည်းတွေကိုကိုယ့်ဘာသာကိုယ်ပဲဝယ်မယ်
ဈေးအတန်ဆုံးနဲ့ရနိုင်အောင် ကိုယ်တိုင်ပဲပတ်ရှာပြီး ဝယ်မယ်ပေါ့။ မလုပ်ပါနဲ့။ သင့်ကန်ထရိုက်တာကကုန်ပစ္စည်းတွေကိုလျှော့ဈေးနဲ့ရနေနိုင်ပြီးဒီလျှော့ဈေးအပေါ်မှာမှ သင့်အတွက်လည်းအကျိုးအမြတ်ရှိစေဖို့ အဆင်ပြေဆုံးဖြစ်အောင် ညှိနှိုင်းစည်းရုံးတာအကောင်းဆုံးပါ။ ကိုယ်တိုင်သွားဝယ်တာက ကန်ထရိုက်တာနဲ့အတူသွားဝယ်တာမျိုးထက်ပိုပြီးကုန်ကျစရိတ်များနေတတ်ပါတယ်။ ဒါ့ပြင်မှာပြီးပစ္စည်းမရောက်လာတာမျိုးတွေ၊ ရောက်လာတော့လည်းလွဲနေတာမျိုးတွေရှိပြန်တဲ့အခါ ကန်ထရိုက်တာနဲ့လည်းအဆင်မပြေဖြစ်ရတတ်ပြီးအချိန်တွေထပ်ကြာသွားပြီးပရောဂျက်အပြီးသတ်ဖို့ နောက်ကျသွားရပြန်ကာအရှုပ်ထုပ်တွေတပုံတပင်ကြီးနဲ့ သံသရာထပ်လည်နေရဦးမှာဖြစ်ပါတယ်။


၃။ အစကတည်းကပရောဂျက်တစ်ခုလုံးကိုမစီစဉ်ထားဘူး
မီးဖိုချောင်ထဲမှာသုံးမယ် ကြွေပြားတွေကိုခုချက်ချင်းတစ်ခါတည်းရွေးချယ်ဆုံးဖြတ်ထားစရာမလိုဘဲနောင်ခါကျမှ ကိုယ်ကြိုက်တာကိုလွတ်လွတ်လပ်လပ် ရွေးလိုက်တော့မယ်လို့ သင်တွေးထားပါလိမ့်မယ်။ နှစ်လလောက်ကြာပြီးတဲ့အခါသင့်ကန်ထရိုက်တာကအစကသဘောတူထားတဲ့အတိုင်းပဲလုပ်လိုက်ပြီးခါကျမှ သင့် စိတ်ကြိုက်ဖြစ်မနေတဲ့အခါသင့်အနေနဲ့လည်း ပြုပြင်ရင်းတန်းလန်းနဲ့မှ စိတ်ဖိစီးရပြီးမတတ်သာလို့ သင့်ရာကိုပဲမျက်စိစုံမှိတ်လို့အောင့်သက်သက်နဲ့ ရွေးချယ်လိုက်ရတာမျိုးတွေ ကြုံရနိုင်ပါတယ်။
၄။ အသုံးပြုမယ့်ပစ္စည်းအသေးစိတ်ကိုအစောကတည်းကကြိုမပြောထားဘူး
ပရောဂျက်တစ်ခုကိုအလျင်စလိုလုပ်ကြရတဲ့အခါ အစောကတည်းကအသေးစိတ်တွေ ကြိုပြောမထားမိလို့နောက်မှထပ်ပြောလည်းရပါတယ်လို့ သင်ထင်ကောင်းထင်နေပါလိမ့်မယ်။ တကယ်လို့ သင့်အနေနဲ့ အလောကြီးနေတာကြောင့် မီးဖိုစားပွဲတွေနဲ့ မီးလုံးအပြင်အဆင်တွေလောက်ကိုတော့ အချိန်ကုန်ခံပြောမနေတော့ဘူးလို့ ထင်ထားမယ်ဆိုရင် မှားပါတယ်။ ကိုယ်အသုံးပြုလိုတဲ့ပစ္စည်းအသေးစိတ်ကိုအချိန်ပိုပေး ပြီးတိတိကျကျ သေသေချာချာဖော်ပြပြောဆိုထားမယ်ဆိုရင် ကန်ထရိုက်တာအနေနဲ့ကလည်းသင်သုံးလိုတဲ့ ပစ္စည်းကဟိုဟာလိုလိုဒီဟာလိုလိုနဲ့ မရေမရာဖြစ်နေစရာမလိုတော့ဘဲလိုတဲ့ပစ္စည်းအမှန်ကိုအတပ်သိထားပြီးရနိုင်တဲ့ဆိုင်ကို တိုက်ရိုက်သွားဝယ်လိုက်ရုံပါပဲ။ အချိန်ပေးပြီးအသေးစိတ်ကြိုပြောထားလေ၊ မရေရာမသေချာတာတွေကြောင့် ကြန့်ကြာနေရချိန်ပိုနည်းသွားလေဖြစ်ပြီးကိုယ့်စိတ်ကြိုက်ပစ္စည်းမှန်လည်းအတိအကျရနိုင်မှာဖြစ်ပါတယ်။


၅။ ကန်ထရိုက်တာကိုပဲလိုက်ရွေးနေပြီးပရောဂျက်ကိုမတွေးထားဘူး

အစပိုင်းမှာလူတိုင်းကဘယ်ကန်ထရိုက်တာကဘာလိုလုပ်ပေးတယ်ဆိုတာကိုပဲအလေးထားပြီးလိုက်ရွေးနေတတ်ကြပါတယ်။ ငါ့အိမ်ကိုဘယ်ကန်ထရိုက်တာကများအကောင်းဆုံးလုပ်ပေးမှာလဲ၊ ဘယ် ကန်ထရိုက်တာကတော့ဖြင့် နာမည်ပိုကြီးလဲ၊ မီးဖိုချောင်အသစ်ပြန်ပြင်ချင်ပေမယ့် ဘယ်လိုပုံစံမျိုးပြင်မလဲသေချာမသိလို့ ဘယ်သူကများမီးဖိုချောင်တွေကိုအထူးတလှယ်ဝန်ဆောင်မှုပေးနေတာလဲဆိုပြီး ကန်ထရိုက် တာတွေကိုပဲအလေးထားပြီးလိုက်ရွေးနေတတ်ကြပါတယ်။ ဒါကမှားပါတယ်။ တကယ်တော့ သင်လိုချင်နေတဲ့ ပရောဂျက်ကဘာလဲဆိုတာသင့်အနေနဲ့ အတိအကျသိနားလည်ထားဖို့ကိုပဲအရင်ဦးဆုံးအာရုံစိုက်ထားသင့်ပါတယ်။ အစကနေအပြီးသတ်ချိန်ထိကိုယ်ရဲ့ပရောဂျက်အတွက် လိုချင်တာတွေကိုသိအောင်လုပ်ထားပြီးချရေးထားပါ။ ပြီးမှကိုယ်ရဲ့ပရောဂျက်ကိုနားအလည်ဆုံးဆိုတဲ့ကန်ထရိုက်တာကိုရှာယူရမှာ ဖြစ်ပါတယ်။ လုပ်ငန်းအပြိုင်ခေါ်တဲ့အခါကျရင်လည်းသင့်မှာလိုချင်နေတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီးရှိထားနှင့်ပြီမို့ ဒါတွေကိုအတတ်နိုင်ဆုံးလိုက်လုပ်ပေးနိုင်မယ့် ကန်ထရိုက်တာကိုပဲအလွယ်တကူချိတ်လိုက်ရုံပါပဲ။ 

၆။ ကန်ထရိုက်တာကို ဝက်ဘ်ဆိုက်ကနေပဲ စိတ်ချလက်ချရွေးလိုက်မယ်
ဘာပဲလိုလို ဝက်ဘ်ဆိုက်တွေကို အားကိုးနေမိရင်းကနေကန်ထရိုက်တာကိုလည်း ဝက်ဘ်ဆိုက်ကနေပဲယုံကြည်စိတ်ချစွာနဲ့ ရွေးလို့ရမယ်လို့ သင်ထင်နေပါတယ်။ ပြုပြင်တဲ့ပရောဂျက်မျိုးအတွက် ဝက်ဘ်ဆိုက်ကနေရွေးချယ်တဲ့အခါ မှားယွင်းသွားတာတွေလည်းတပုံတထောကြီးရှိပါတယ်။ ကန်ထရိုက်တာရွေးတာနဲ့ပတ်သက်ပြီးယခင်ကသူရဲ့လုပ်ဆောင်မှု ကောင်းခဲ့၊ မကောင်းခဲ့ဆိုတာကို ဝက်ဘ်ဆိုက်မှာ သုံးသပ်ထားတာတွေက တကယ်တမ်းတော့ အသုံးမတည့်လှပါဘူး။ ဝက်ဘ်ဆိုက်မှာ ကန်ထရိုက်တာကိုသုံးသပ်ထားတဲ့ Review တွေကကောင်းပဲနေနေ၊ ဆိုးပဲနေနေ၊ ဒါတွေကသင့်အိမ်ရဲ့ပရောဂျက်နဲ့ သက်ဆိုင်မှုမရှိဘူး။Reviewကောင်းကောင်းရထားပေမယ့်လည်းသင့်အိမ်မှာကျ အဆင်မပြေတာမျိုးလည်း ကြုံရနိုင်ပြီးReviewသိပ်မရထားတဲ့သူဆိုရင်တောင် သင့်အိမ်မှာကျ အဆင်ပြေနေတာမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။
၇။ နှစ်ဦးနှစ်ဖက် ကြိုတင်စာချုပ်ချုပ်ထားတာမျိုးမရှိဘူး
နှစ်ဦးနှစ်ဖက် ကြိုတင်စာချုပ်မချုပ်ထားဘဲလုပ်ငန်းလုပ်ဆောင်တဲ့အခါ အငြင်းပွားမှုဖြစ်လာရရင် နောက်ဆုံးကျ တရားရုံးမှာဦးတိုက်တွေ့ဆုံရတာမျိုးထိ ဖြစ်သွားတတ်ပါတယ်။ ပြီးရင်လည်းအချိန်တွေ၊ ငွေတွေပိုကုန်ရသလိုပိုပြီးငြင်းရခုန်ရ၊ စကားများရတာတွေလည်း ဖြစ်လာတတ်ပါတယ်။


၈။ သင့်ကန်ထရိုက်တာထက် သင်ကပဲပိုသိပိုတတ်နေတယ်လို့ထင်နေတယ်
သင့်ကိုယ်ပိုင်အိမ်မို့ ကန်ထရိုက်တာထက် သင့်အိမ်အကြောင်းကိုသင်ကပဲပိုသိ၊ ပိုနားလည်တယ်လို့ ထင်နေကောင်းထင်ပါလိမ့်မယ်။ဟုတ်ပါတယ်။အားလုံးပြီးစီးသွားရင်တော့ ဒါကသင့်အိမ်ပါပဲ။ ဒီလိုပဲတွေးထားတာအကောင်းဆုံးပါ။ ဘယ်လိုအတတ်ပညာရပ်မျိုးမှာမဆို ကျွမ်းကျင်နားလည်တတ်မြောက်ဖို့ အချိန်တွေအများကြီးပေးဆပ်ရပါတယ်။ ဆောက်လုပ်ရေးပိုင်းနယ်ပယ်မှာလည်း ကျွမ်းကျင်ဖို့ကအချိန်တွေအများကြီးပေးရပါတယ်။ ကန်ထရိုက်တာတွေဆိုတာကလည်းအများကြီးအလေ့အကျင့်ရှိပြီးသား၊ အတွေ့အကြုံရှိကြပြီးသားပါ။ တချို့တွေဆိုရင် အရင်ကပရောဂျက်အကြီးကြီးတွေမှာဆယ်စုနှစ်နဲ့ချီအောင်အတွေ့အကြုံရှိခဲ့ပြီးသားဗိသုကာပညာရှင်တွေ၊ ဆောက်လုပ်ရေးမန်နေဂျာတွေ၊ ပရိဘောဂလက်မှုပညာရှင်တွေ ဖြစ်ကြပါတယ်။ ဒီပုဂ္ဂိုလ်တွေ က သင့်အိမ်အကြောင်းကိုသင်သိနားလည်ထားတာထက် အများကြီးပိုလို့တောင် သိမြင်နားလည်တတ်ကြပါသေးတယ်။
၉။ ပြုပြင်နေရင်းဒီအိမ်ထဲမှာပဲဆက်နေမယ်
အပေါ်ယံသဘောအရတော့ သင့်အနေနဲ့ အပြင်မှာသီးသန့် ယာယီငှားရမ်းနေထိုင်ဖို့မလိုတော့တာကြောင့် ငွေကုန်သက်သာနိုင်ပါတယ်။ ဒါပေမယ့် ပြုပြင်နေချိန်တလျှောက်လုံးသင်ကသင့်အိမ်မှာပဲဆက်နေထိုင်နေတာကြောင့် တစ်နေ့တာအလုပ်ချိန်ပြီးဆုံးတိုင်းအိမ်မှာသင်နေရထိုင်ရအဆင်ပြေစေဖို့ရာအတွက် လုပ် ငန်းသုံးပစ္စည်းတွေကိုဒီအတိုင်းချန်ထားခဲ့လို့မရဘဲ ကန်ထရိုက်တာရဲ့ဝန်ထမ်းတွေက ပြန်ပြီးနေရာတကျ သိမ်းဆည်းပေးနေရပါလိမ့်မယ်။ ဒီတော့ ကန်ထရိုက်တာကသူ့အလုပ်သမားတွေအတွက် လုပ်ခလစာပိုပေးရဖွယ် ရှိနိုင်တာကြောင့် သင့်ကိုစရိတ်ပိုတောင်းလာပါလိမ့်မယ်။


၁၀။ သင့်အိမ်ပြင်တာကသင့်အိမ်နီးချင်းအိမ်ပြင်တာမျိုးအတူတူပဲလို့ထင်နေတယ်
အိမ်တိုင်းအိမ်တိုင်းကကွဲပြားခြားနားကြပါတယ်။ ဟုတ်ကဲ့ အိမ်တိုင်းပါပဲ။ အိမ်တစ်အိမ်ချင်းစီတိုင်းရဲ့ ပြုပြင်ရေးပရောဂျက်တစ်ခုစီတိုင်းကလည်းထူးခြားကွဲပြားကြပါတယ်။ ကန်ထရိုက်တာတစ်ဦးချင်းစီတိုင်းရဲ့ ပရောဂျက်အယူအဆကလည်းထူးခြားကွဲပြားနေတတ်ကြပါတယ်။ ဒီလိုဆိုတော့ ဟိုရှေ့အိမ်ကနဲ့ တစ်ထေရာတည်းတူတဲ့ ပရောဂျက်မျိုးလိုချင်ပါတယ်လို့ သင့်ကန်ထရိုက်တာကိုသွားပြောနေလို့လည်းအချိန်ကုန်သွားရုံပါပဲ။ သင့်အိမ်ကသူ့အိမ်နဲ့ လုံးဝတစ်ထပ်တည်း တူညီလာနိုင်မှာမဟုတ်ဘူး။
၁၁။ခွင့်ပြုချက်ရဖို့ မဖြစ်မနေကြိုးပမ်းစရာမလိုဘူး
ဟုတ်ကဲ့ ခွင့်ပြုချက်တွေရဖို့ကြိုးစားရတာကတကယ့်ကိုပင်ပန်းလှပါတယ်။ ခွင့်ပြုချက်တွေရဖို့ကိုငွေ ကုန်ကြေးကျလည်းများနိုင်ပြီးပရောဂျက်ကလည်းအချိန်ပိုကြာနိုင်ပါတယ်။ ဒါပေမယ့် ခွင့်ပြုချက်မရဘူးဆိုရင် တော့ တကယ့်အန္တရာယ်ဖြစ်သွားနိုင်ပါတယ်။ မြို့တော် သို့မဟုတ် မြို့နယ်အိမ်ရာဌာနကသတ်မှတ်ချက်၊ ခွင့်ပြု ချက်နဲ့ ကိုက်ညီမှုမရှိဘူးဆိုရင် အစားတောင်ပြန်မရဘဲအကုန်ပြန်ဖြို၊ ပြန်ဖြုတ်ဆိုပြီး ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင် အချိန်ကုန်၊ ငွေကုန်ခံပင်ပန်းထားသမျှတွေ အားလုံးသဲထဲရေသွန်ဖြစ်ကြရမှာပါ။ ဒါကြောင့် သက်ဆိုင်ရာကသတ်မှတ်ချက်အတိုင်းအချိန်ယူလုပ်ဆောင်ပြီးသတ်မှတ်ချက်တွေနဲ့ ကိုက်ညီကြောင်းခွင့်ပြုချက်ရဖို့ အတတ်နိုင်ဆုံးမဖြစ်မနေကြိုးပမ်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ သင့်အိမ်ကိုဈေးကွက်တင်တဲ့အခါကျရင်လည်းတကယ့်ကိုအံ့အားသင့်ဖွယ်ကောင်းလောက်အောင် ရောင်းမထွက်နိုင်တာကိုမလွဲမသွေကြုံတွေ့ ကြရမှာဖြစ်ပါတယ်။

Zawgyi ျဖင့္ဖတ္ရန္

မွန္ကန္သည္ဟုအထင္မွားေနၾကသည့္အိမ္ျပဳျပင္ေရးႀကဳိတင္ကာကြယ္မႈအယူအဆမ်ား

သင့္အိမ္ကို ျပန္ျပင္ေတာ့မယ္လို႔လည္းဆံုးျဖတ္ထားၿပီ၊ မွန္မွန္ကန္ကန္နဲ႔စနစ္တက်လည္း ျပဳျပင္သြားမယ္လို႔ဆံုးျဖတ္ထားၿပီဆိုရင္ အိမ္ျပဳျပင္ရင္းနဲ႔ကိုမွ မေမွ်ာ္လင့္ထားတဲ့အခက္အခဲမ်ဳိးေတြရွိလာတတ္တဲ့အေၾကာင္းတစြန္းတစၾကားဖူးၾကမယ္ထင္ပါတယ္။ဒီလိုျဖစ္ေလ့ျဖစ္ထရွိတဲ့အခက္အခဲေတြအားလံုးဘာတစ္ခုမွမွ သင့္မွာျဖစ္လာမွာမဟုတ္ဘူးလို႔ သင္ထင္ေနမယ္။ မွန္ကန္စနစ္က်တဲ့ ႀကိဳ တင္ကာကြယ္နည္းေတြနဲ႔သာစနစ္တက်လုပ္သြားမယ္ဆိုရင္ ဒီလိုျပႆနာေတြဘာတစ္ခုမွ ႀကံဳရလိမ့္ မွာမဟုတ္ဘူးလို႔ သင္ထင္ထားတယ္ေပါ့။

          တခါတရံမွာကိုယ္ကဒီတိုင္းမျဖစ္လိုလို႔ အေသအခ်ာေရွာင္ၿပီးလုပ္ခါမွ ရလဒ္ထြက္လာတဲ့အခါ ဒီလိုပံုစံအတိုင္းပဲပိုၿပီးေတာ့ေတာင္တူသြားတတ္တာမ်ဳိးေတြလည္း ႀကံဳရတတ္ပါတယ္။ အိမ္ျပဳျပင္တဲ့အခါ ကိုယ္ မလိုလားတဲ့ရလဒ္မ်ဳိးေတြ၊ စိတ္ပ်က္စရာေကာင္းတဲ့ရလဒ္ဆိုးမ်ဳိးေတြထြက္မလာေအာင္ ထိေရာက္စြာေရွာင္ရွားလုပ္ေဆာင္ရမယ့္ ၁၁ခ်က္ကိုေဖာ္ျပေပးသြားမွာျဖစ္ၿပီးဒီအခ်က္ေတြကိုသတိျပဳဆင္ျခင္ေပးျခင္းျဖင့္ကိုယ္လိုခ်င္တဲ့ပံုစံအတိုင္း လံုး၀အတိအက်နီးပါးမွန္ကန္တဲ့ ရလဒ္ေကာင္းထြက္လာေစမွာျဖစ္ပါတယ္။

၁။ ေငြကိုကိုင္ထားမယ္

          ပထမေတာ့ ဒါကသိပ္မွန္တဲ့အစီအစဥ္လို႔ ထင္ေနပါလိမ့္မယ္။ ေငြကိုအၿပီးသတ္ေပးေခ်လိုက္တာနဲ႔ ကန္ထရိုက္တာကအလုပ္ကိုၿပီးစီးတဲ့အထိလုပ္ေတာ့မွာမဟုတ္ဘူးဆိုတဲ့အေတြးနဲ႔သင္ကေငြကိုအၿပီးမေခ်ဘဲကိုင္ထားဦးမယ္၊ ဒါမွမဟုတ္ ကိုယ့္လက္ထဲေငြကိုင္ထားတာမလို႔ ကန္ထရိုက္တာကိုကိုယ့္စိတ္တိုင္းက်မဟုတ္မခ်င္းလုပ္ခိုင္းႏိုင္ဦးမယ္လို႔ထင္ေနမယ္ဆိုရင္ေတာ့ ဒီအေတြးေတြကသိပ္ကိုမွားပါတယ္။ ကန္ထရိုက္တာကအသံုးစရိတ္အားလံုးမွာတန္ဖိုးေတြထပ္တင္ထားလိုက္ၿပီးပေရာဂ်က္ကိုအျပည့္အ၀မလုပ္ဘဲလည္း ခ်န္ထားခဲ့လို႔ ရပါတယ္။ေနာက္ဆံုးတစ္ခုခုထပ္ျပင္စရာေလးရွိလာေစဦးေတာ့ ကန္ထရုိက္တာနဲ႔ ျငင္းရခုန္ရ၊ ေျပာရဆိုရျပန္ပါၿပီ။ ၿပီးေတာ့ သင့္အေနနဲ႔ ေငြကိုရာႏႈန္းပိုတိုးယူၿပီးကိုင္ထားမယ္ဆိုျပန္ရင္လည္းသူ႔အတြက္ အသံုးစရိတ္ေတြမေထမိႏိုင္တာေၾကာင့္ လုပ္ရကိုင္ရက်ပ္ၿပီးပေရာဂ်က္အၿပီးသတ္ႏိုင္ဖို႔ရာအခ်ိန္ေတြ ပိုၿပီးၾကန္႔ၾကာသြားႏိုင္ပါတယ္။

၂။ ပစၥည္းေတြကိုကိုယ့္ဘာသာကိုယ္ပဲ၀ယ္မယ္

          ေစ်းအတန္ဆံုးနဲ႔ရႏိုင္ေအာင္ ကိုယ္တိုင္ပဲပတ္ရွာၿပီး ၀ယ္မယ္ေပါ့။ မလုပ္ပါနဲ႔။ သင့္ကန္ထရိုက္တာကကုန္ပစၥည္းေတြကိုေလွ်ာ့ေစ်းနဲ႔ရေနႏိုင္ၿပီးဒီေလွ်ာ့ေစ်းအေပၚမွာမွ သင့္အတြက္လည္းအက်ဳိးအျမတ္ရွိေစဖို႔ အဆင္ေျပဆံုးျဖစ္ေအာင္ ညွိႏႈိင္းစည္းရံုးတာအေကာင္းဆံုးပါ။ ကိုယ္တိုင္သြား၀ယ္တာက ကန္ထရိုက္တာနဲ႔အတူသြား၀ယ္တာမ်ဳိးထက္ပိုၿပီးကုန္က်စရိတ္မ်ားေနတတ္ပါတယ္။ ဒါ့ျပင္မွာၿပီးပစၥည္းမေရာက္လာတာမ်ဳိးေတြ၊ ေရာက္လာေတာ့လည္းလြဲေနတာမ်ဳိးေတြရွိျပန္တဲ့အခါ ကန္ထရိုက္တာနဲ႔လည္းအဆင္မေျပျဖစ္ရတတ္ၿပီးအခ်ိန္ေတြထပ္ၾကာသြားၿပီးပေရာဂ်က္အၿပီးသတ္ဖို႔ ေနာက္က်သြားရျပန္ကာအရႈပ္ထုပ္ေတြတပံုတပင္ႀကီးနဲ႔ သံသရာထပ္လည္ေနရဦးမွာျဖစ္ပါတယ္။

၃။ အစကတည္းကပေရာဂ်က္တစ္ခုလံုးကိုမစီစဥ္ထားဘူး

          မီးဖိုေခ်ာင္ထဲမွာသံုးမယ္ ေၾကြျပားေတြကိုခုခ်က္ခ်င္းတစ္ခါတည္းေရြးခ်ယ္ဆံုးျဖတ္ထားစရာမလိုဘဲေနာင္ခါက်မွ ကိုယ္ႀကိဳက္တာကိုလြတ္လြတ္လပ္လပ္ ေရြးလိုက္ေတာ့မယ္လို႔ သင္ေတြးထားပါလိမ့္မယ္။ ႏွစ္လေလာက္ၾကာၿပီးတဲ့အခါသင့္ကန္ထရိုက္တာကအစကသေဘာတူထားတဲ့အတိုင္းပဲလုပ္လိုက္ၿပီးခါက်မွ သင့္ စိတ္ႀကိဳက္ျဖစ္မေနတဲ့အခါသင့္အေနနဲ႔လည္း ျပဳျပင္ရင္းတန္းလန္းနဲ႔မွ စိတ္ဖိစီးရၿပီးမတတ္သာလို႔ သင့္ရာကိုပဲမ်က္စိစံုမွိတ္လို႔ေအာင့္သက္သက္နဲ႔ ေရြးခ်ယ္လိုက္ရတာမ်ဳိးေတြ ႀကံဳရႏိုင္ပါတယ္။

၄။ အသံုးျပဳမယ့္ပစၥည္းအေသးစိတ္ကိုအေစာကတည္းကႀကိဳမေျပာထားဘူး

          ပေရာဂ်က္တစ္ခုကိုအလ်င္စလိုလုပ္ၾကရတဲ့အခါ အေစာကတည္းကအေသးစိတ္ေတြ ႀကိဳေျပာမထားမိလို႔ေနာက္မွထပ္ေျပာလည္းရပါတယ္လို႔ သင္ထင္ေကာင္းထင္ေနပါလိမ့္မယ္။ တကယ္လို႔ သင့္အေနနဲ႔ အေလာႀကီးေနတာေၾကာင့္ မီးဖိုစားပြဲေတြနဲ႔ မီးလံုးအျပင္အဆင္ေတြေလာက္ကိုေတာ့ အခ်ိန္ကုန္ခံေျပာမေနေတာ့ဘူးလို႔ ထင္ထားမယ္ဆိုရင္ မွားပါတယ္။ ကိုယ္အသံုးျပဳလိုတဲ့ပစၥည္းအေသးစိတ္ကိုအခ်ိန္ပိုေပး ၿပီးတိတိက်က် ေသေသခ်ာခ်ာေဖာ္ျပေျပာဆိုထားမယ္ဆိုရင္ ကန္ထရိုက္တာအေနနဲ႔ကလည္းသင္သံုးလိုတဲ့ ပစၥည္းကဟိုဟာလိုလိုဒီဟာလိုလိုနဲ႔ မေရမရာျဖစ္ေနစရာမလိုေတာ့ဘဲလိုတဲ့ပစၥည္းအမွန္ကိုအတပ္သိထားၿပီးရႏိုင္တဲ့ဆိုင္ကို တိုက္ရိုက္သြား၀ယ္လိုက္ရံုပါပဲ။ အခ်ိန္ေပးၿပီးအေသးစိတ္ႀကိဳေျပာထားေလ၊ မေရရာမေသခ်ာတာေတြေၾကာင့္ ၾကန္႔ၾကာေနရခ်ိန္ပိုနည္းသြားေလျဖစ္ၿပီးကိုယ့္စိတ္ႀကိဳက္ပစၥည္းမွန္လည္းအတိအက်ရႏိုင္မွာျဖစ္ပါတယ္။

၅။ ကန္ထရိုက္တာကိုပဲလိုက္ေရြးေနၿပီးပေရာဂ်က္ကိုမေတြးထားဘူး


အစပိုင္းမွာလူတိုင္းကဘယ္ကန္ထရိုက္တာကဘာလိုလုပ္ေပးတယ္ဆိုတာကိုပဲအေလးထားၿပီးလိုက္ေရြးေနတတ္ၾကပါတယ္။ ငါ့အိမ္ကိုဘယ္ကန္ထရိုက္တာကမ်ားအေကာင္းဆံုးလုပ္ေပးမွာလဲ၊ ဘယ္ ကန္ထရိုက္တာကေတာ့ျဖင့္ နာမည္ပိုႀကီးလဲ၊ မီးဖိုေခ်ာင္အသစ္ျပန္ျပင္ခ်င္ေပမယ့္ ဘယ္လိုပံုစံမ်ဳိးျပင္မလဲေသခ်ာမသိလို႔ ဘယ္သူကမ်ားမီးဖိုေခ်ာင္ေတြကိုအထူးတလွယ္၀န္ေဆာင္မႈေပးေနတာလဲဆိုၿပီး ကန္ထရိုက္ တာေတြကိုပဲအေလးထားၿပီးလိုက္ေရြးေနတတ္ၾကပါတယ္။ ဒါကမွားပါတယ္။ တကယ္ေတာ့ သင္လိုခ်င္ေနတဲ့ ပေရာဂ်က္ကဘာလဲဆိုတာသင့္အေနနဲ႔ အတိအက်သိနားလည္ထားဖို႔ကိုပဲအရင္ဦးဆံုးအာရံုစိုက္ထားသင့္ပါတယ္။ အစကေနအၿပီးသတ္ခ်ိန္ထိကိုယ္ရဲ႕ပေရာဂ်က္အတြက္ လိုခ်င္တာေတြကိုသိေအာင္လုပ္ထားၿပီးခ်ေရးထားပါ။ ၿပီးမွကိုယ္ရဲ႕ပေရာဂ်က္ကိုနားအလည္ဆံုးဆိုတဲ့ကန္ထရိုက္တာကိုရွာယူရမွာ ျဖစ္ပါတယ္။ လုပ္ငန္းအၿပိဳင္ေခၚတဲ့အခါက်ရင္လည္းသင့္မွာလိုခ်င္ေနတဲ့အခ်က္အလက္ေတြနဲ႔ပတ္သက္ၿပီးရွိထားႏွင့္ၿပီမို႔ ဒါေတြကိုအတတ္ႏိုင္ဆံုးလိုက္လုပ္ေပးႏိုင္မယ့္ ကန္ထရိုက္တာကိုပဲအလြယ္တကူခ်ိတ္လိုက္ရံုပါပဲ။

၆။ ကန္ထရိုက္တာကို ၀က္ဘ္ဆိုက္ကေနပဲ စိတ္ခ်လက္ခ်ေရြးလိုက္မယ္

          ဘာပဲလိုလို ၀က္ဘ္ဆုိက္ေတြကို အားကိုးေနမိရင္းကေနကန္ထရိုက္တာကိုလည္း ၀က္ဘ္ဆိုက္ကေနပဲယံုၾကည္စိတ္ခ်စြာနဲ႔ ေရြးလို႔ရမယ္လို႔ သင္ထင္ေနပါတယ္။ ျပဳျပင္တဲ့ပေရာဂ်က္မ်ဳိးအတြက္ ၀က္ဘ္ဆိုက္ကေနေရြးခ်ယ္တဲ့အခါ မွားယြင္းသြားတာေတြလည္းတပံုတေထာႀကီးရွိပါတယ္။ ကန္ထရိုက္တာေရြးတာနဲ႔ပတ္သက္ၿပီးယခင္ကသူရဲ႕လုပ္ေဆာင္မႈ ေကာင္းခဲ့၊ မေကာင္းခဲ့ဆိုတာကို ၀က္ဘ္ဆိုက္မွာ သံုးသပ္ထားတာေတြက တကယ္တမ္းေတာ့ အသံုးမတည့္လွပါဘူး။ ၀က္ဘ္ဆိုက္မွာ ကန္ထရိုက္တာကိုသံုးသပ္ထားတဲ့ Review ေတြကေကာင္းပဲေနေန၊ ဆိုးပဲေနေန၊ ဒါေတြကသင့္အိမ္ရဲ႕ပေရာဂ်က္နဲ႔ သက္ဆိုင္မႈမရွိဘူး။Reviewေကာင္းေကာင္းရထားေပမယ့္လည္းသင့္အိမ္မွာက် အဆင္မေျပတာမ်ဳိးလည္း ႀကံဳရႏိုင္ၿပီးReviewသိပ္မရထားတဲ့သူဆိုရင္ေတာင္ သင့္အိမ္မွာက် အဆင္ေျပေနတာမ်ဳိးလည္း ႀကံဳေတြ႕ရႏိုင္ပါတယ္။

၇။ ႏွစ္ဦးႏွစ္ဖက္ ႀကိဳတင္စာခ်ဳပ္ခ်ဳပ္ထားတာမ်ဳိးမရွိဘူး

          ႏွစ္ဦးႏွစ္ဖက္ ႀကိဳတင္စာခ်ဳပ္မခ်ဳပ္ထားဘဲလုပ္ငန္းလုပ္ေဆာင္တဲ့အခါ အျငင္းပြားမႈျဖစ္လာရရင္ ေနာက္ဆံုးက် တရားရံုးမွာဦးတိုက္ေတြ႕ဆံုရတာမ်ဳိးထိ ျဖစ္သြားတတ္ပါတယ္။ ၿပီးရင္လည္းအခ်ိန္ေတြ၊ ေငြေတြပိုကုန္ရသလိုပိုၿပီးျငင္းရခုန္ရ၊ စကားမ်ားရတာေတြလည္း ျဖစ္လာတတ္ပါတယ္။

၈။ သင့္ကန္ထရိုက္တာထက္ သင္ကပဲပိုသိပိုတတ္ေနတယ္လို႔ထင္ေနတယ္

          သင့္ကိုယ္ပိုင္အိမ္မို႔ ကန္ထရိုက္တာထက္ သင့္အိမ္အေၾကာင္းကိုသင္ကပဲပိုသိ၊ ပိုနားလည္တယ္လို႔ ထင္ေနေကာင္းထင္ပါလိမ့္မယ္။ဟုတ္ပါတယ္။အားလံုးၿပီးစီးသြားရင္ေတာ့ ဒါကသင့္အိမ္ပါပဲ။ ဒီလိုပဲေတြးထားတာအေကာင္းဆံုးပါ။ ဘယ္လိုအတတ္ပညာရပ္မ်ဳိးမွာမဆို ကၽြမ္းက်င္နားလည္တတ္ေျမာက္ဖို႔ အခ်ိန္ေတြအမ်ားႀကီးေပးဆပ္ရပါတယ္။ ေဆာက္လုပ္ေရးပိုင္းနယ္ပယ္မွာလည္း ကၽြမ္းက်င္ဖို႔ကအခ်ိန္ေတြအမ်ားႀကီးေပးရပါတယ္။ ကန္ထရိုက္တာေတြဆိုတာကလည္းအမ်ားႀကီးအေလ့အက်င့္ရွိၿပီးသား၊ အေတြ႕အႀကံဳရွိၾကၿပီးသားပါ။ တခ်ဳိ႕ေတြဆိုရင္ အရင္ကပေရာဂ်က္အႀကီးႀကီးေတြမွာဆယ္စုႏွစ္နဲ႔ခ်ီေအာင္အေတြ႕အႀကံဳရွိခဲ့ၿပီးသားဗိသုကာပညာရွင္ေတြ၊ ေဆာက္လုပ္ေရးမန္ေနဂ်ာေတြ၊ ပရိေဘာဂလက္မႈပညာရွင္ေတြ ျဖစ္ၾကပါတယ္။ ဒီပုဂၢဳိလ္ေတြ က သင့္အိမ္အေၾကာင္းကိုသင္သိနားလည္ထားတာထက္ အမ်ားႀကီးပိုလို႔ေတာင္ သိျမင္နားလည္တတ္ၾကပါေသးတယ္။

၉။ ျပဳျပင္ေနရင္းဒီအိမ္ထဲမွာပဲဆက္ေနမယ္

          အေပၚယံသေဘာအရေတာ့ သင့္အေနနဲ႔ အျပင္မွာသီးသန္႔ ယာယီငွားရမ္းေနထိုင္ဖို႔မလိုေတာ့တာေၾကာင့္ ေငြကုန္သက္သာႏိုင္ပါတယ္။ ဒါေပမယ့္ ျပဳျပင္ေနခ်ိန္တေလွ်ာက္လံုးသင္ကသင့္အိမ္မွာပဲဆက္ေနထိုင္ေနတာေၾကာင့္ တစ္ေန႔တာအလုပ္ခ်ိန္ၿပီးဆံုးတိုင္းအိမ္မွာသင္ေနရထိုင္ရအဆင္ေျပေစဖို႔ရာအတြက္ လုပ္ ငန္းသံုးပစၥည္းေတြကိုဒီအတိုင္းခ်န္ထားခဲ့လို႔မရဘဲ ကန္ထရိုက္တာရဲ႕၀န္ထမ္းေတြက ျပန္ၿပီးေနရာတက် သိမ္းဆည္းေပးေနရပါလိမ့္မယ္။ ဒီေတာ့ ကန္ထရိုက္တာကသူ႔အလုပ္သမားေတြအတြက္ လုပ္ခလစာပိုေပးရဖြယ္ ရွိႏိုင္တာေၾကာင့္ သင့္ကိုစရိတ္ပိုေတာင္းလာပါလိမ့္မယ္။

၁၀။ သင့္အိမ္ျပင္တာကသင့္အိမ္နီးခ်င္းအိမ္ျပင္တာမ်ဳိးအတူတူပဲလို႔ထင္ေနတယ္

          အိမ္တိုင္းအိမ္တိုင္းကကြဲျပားျခားနားၾကပါတယ္။ ဟုတ္ကဲ့ အိမ္တိုင္းပါပဲ။ အိမ္တစ္အိမ္ခ်င္းစီတိုင္းရဲ႕ ျပဳျပင္ေရးပေရာဂ်က္တစ္ခုစီတိုင္းကလည္းထူးျခားကြဲျပားၾကပါတယ္။ ကန္ထရိုက္တာတစ္ဦးခ်င္းစီတိုင္းရဲ႕ ပေရာဂ်က္အယူအဆကလည္းထူးျခားကြဲျပားေနတတ္ၾကပါတယ္။ ဒီလိုဆိုေတာ့ ဟိုေရွ႕အိမ္ကနဲ႔ တစ္ေထရာတည္းတူတဲ့ ပေရာဂ်က္မ်ဳိးလိုခ်င္ပါတယ္လို႔ သင့္ကန္ထရိုက္တာကိုသြားေျပာေနလို႔လည္းအခ်ိန္ကုန္သြားရံုပါပဲ။ သင့္အိမ္ကသူ႔အိမ္နဲ႔ လံုး၀တစ္ထပ္တည္း တူညီလာႏိုင္မွာမဟုတ္ဘူး။

၁၁။ခြင့္ျပဳခ်က္ရဖို႔ မျဖစ္မေနႀကိဳးပမ္းစရာမလိုဘူး

          ဟုတ္ကဲ့ ခြင့္ျပဳခ်က္ေတြရဖို႔ႀကိဳးစားရတာကတကယ့္ကိုပင္ပန္းလွပါတယ္။ ခြင့္ျပဳခ်က္ေတြရဖို႔ကိုေငြ ကုန္ေၾကးက်လည္းမ်ားႏိုင္ၿပီးပေရာဂ်က္ကလည္းအခ်ိန္ပိုၾကာႏိုင္ပါတယ္။ ဒါေပမယ့္ ခြင့္ျပဳခ်က္မရဘူးဆိုရင္ ေတာ့ တကယ့္အႏၱရာယ္ျဖစ္သြားႏိုင္ပါတယ္။ ၿမိဳ႕ေတာ္ သို႔မဟုတ္ ၿမိဳ႕နယ္အိမ္ရာဌာနကသတ္မွတ္ခ်က္၊ ခြင့္ျပဳ ခ်က္နဲ႔ ကိုက္ညီမႈမရွိဘူးဆိ္ုရင္ အစားေတာင္ျပန္မရဘဲအကုန္ျပန္ၿဖိဳ၊ ျပန္ျဖဳတ္ဆိုၿပီး ျဖစ္သြားႏိုင္ပါတယ္။ ဒါဆိုရင္ အခ်ိန္ကုန္၊ ေငြကုန္ခံပင္ပန္းထားသမွ်ေတြ အားလံုးသဲထဲေရသြန္ျဖစ္ၾကရမွာပါ။ ဒါေၾကာင့္ သက္ဆိုင္ရာကသတ္မွတ္ခ်က္အတိုင္းအခ်ိန္ယူလုပ္ေဆာင္ၿပီးသတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီေၾကာင္းခြင့္ျပဳခ်က္ရဖို႔ အတတ္ႏိုင္ဆံုးမျဖစ္မေနႀကိဳးပမ္းလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ သင့္အိမ္ကိုေစ်းကြက္တင္တဲ့အခါက်ရင္လည္းတကယ့္ကိုအံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ေရာင္းမထြက္ႏိုင္တာကိုမလြဲမေသြႀကံဳေတြ႕ ၾကရမွာျဖစ္ပါတယ္။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ပရိဘောဂများအထားအသိုမှန်ကန်စေဖို့

ပရိဘောဂများအထားအသိုမှန်ကန်စေဖို့

ပိုပြီးကျယ်ဝန်းတဲ့ ခြံဝန်းလေးဖြစ်ဖို့ လှည့်ကွက်လေးများ

ပိုပြီးကျယ်ဝန်းတဲ့ ခြံဝန်းလေးဖြစ်ဖို့ လှည့်ကွက်လေးများ

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး နိုင်ငံတော်အတွက် ဦးစားပေး

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး နိုင်ငံတော်အတွက် ဦးစားပေး

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်