မြန်မာနိုင်ငံအတွင်းရှိအမြင်အာရုံချို့တဲ့လူနာများကိုလက်ရောက်ကူညီခြင်း – မျက်စိအတွင်းတိမ်အကြောင်းကျွန်ုပ်တို့ဘာတွေသိထားပြီလဲ-

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
April 25, 2020 နေ့
သတင်းနှင့် ပြပွဲများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

အာဆီယံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းစုဖြစ်သော SCG မှ ဧပြီလ ၂၄ ရက်နေ့ ၂၀၂၀ တွင်အလှုငွေကျပ် ၇၇,၄၂၀,၅၀၀၀၀ ခန့်ကို မြန်မာနိုင်ငံတစ် ဝှမ်းမျက်စိတိမ်စွဲဝေဒနာရှင်များနှင့် မျက်စိရောဂါခံစားနေရသူများကို ကုသစောင့် ရှောက်မှုပေးနေသော သီတဂူမျက်စိဆေးရုံတည်ထောင်သူ သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ ထံသို့ ပေးအပ်လှုဒါန်းခဲ့ပါသည်။ အဆိုပါလှုဒါန်းခြင်းအစီအစဉ်သည် SCG ၏ မျက်စိတိမ်စွဲခြင်းနှင့် မျက်လုံး ကျန်းမာရေးနှင့်ပက်သက်ပြီး သတင်းအချက်အလက်များနှင့် အကြံပြုချက်များ မျှဝေပေးသည့် လူထုအကျိုး ပြုအစီစဉ်တစ်ခုဖြစ်သော ‘Sharing A Brighter Vision’ “ကြည်လင်သောအမြင်အာရုံ မျှဝေခြင်း” အစီအစဉ်ကိုအခြေပြုပြီးမြန်မာအမျိုးသားဘောလုံးကစားသမားကိုအောင်သူနှင့်အတူ မျက်စိကျန်းမာရေးအတွက် အရေးကြီးမှုများကို မြန်မာနိုင်ငံတစ်ဝှမ်းမှပြည်သူများ ပိုမိုသိရှိနားလည်စေရန်နှင့် မျက်စိစောင့်ရှောက် ခြင်းလှုပ်ရှားမှုများအတွက် ပြည်သူများကိုလှူဒါန်းခြင်းများဖြင့် ဝိုင်းဝန်းကူညီရန် ဖိတ်ကြားခဲ့ခြင်းလည်းဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရမျက်စိဝေဒနာခံစားနေရသူပေါင်း ၁,၈၀၀,၀၀၀ ခန့်ရှိပြီး သုတေသနပြုချက်များအရ မျက်စိဝေဒနာရှင်တစ်ဦးချင်းအားဖြင့် အတွင်းတိမ်ရောဂါကုသရာတွင် ငွေကျပ် ၁,၀၀၀,၀၀ ကျပ်ခန့်အထိကုန်ကျနေကြောင်း သိရှိရပါသည်။ ငွေကြေးဆိုင်ရာနှင့် သတင်းအချက်ပိုင်းဆိုင်ရာ အစရှိသော အခက်အခဲများကြောင့် ကုသမှုကိုအချိန်မီပြုလုပ်နိုင်ခြင်းမရှိကြောင်းကိုလဲသိရသည်။ မျက်စိတိမ်စွဲခြင်းသည် မျက်စိမှန်ဘီလူးအပေါ်တွင် အလင်းကွယ်ခြင်း သို့မဟုတ် တိမ်ဖုံးခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ ဤသည်ကား လူတစ်ယောက်၏ အမြင်အာရုံကို ထိခိုက်ပျက်စီးစေနိုင်သည်။ မျက်စိတိမ်စွဲခြင်းသည် ဖြည်းညှင်းစွာ အစပြုဖွဲ့စည်းနိုင်ပြီး များသောအားဖြင့် အသက် ၅၅ နှစ်အထက်တွင် အတွင်းတိမ်ဝေဒနာရရှိနိုင် ပြီးငယ်ရွယ်သူများတွင်လဲဖြစ်ပေါ်နိုင်သည်။မျက်စိအတွင်းတိမ်ဖွဲ့စည်းခြင်းကို ကာကွယ်တားဆီးမည့် နည်းလမ်းမရှိသော်လည်း နေကာမျက်မှန်တပ်ဆင်ခြင်းနှင့် ဆေးလိပ်ဖြတ်ခြင်းတို့သည် ရောဂါဖြစ်ပွားခြင်း ဖွံ့ဖြိုးမှုနှေးကွေးစေနိုင်သည်။

ဘယ်လိုလူတွေက ခွဲစိတ်ကုသဖို့လိုမလဲ

မျက်စိအတွင်းတိမ်ရှိသူတိုင်းသည် မျက်စိအတွင်းတိမ်ခွဲစိတ် ကုသမှုမလိုအပ်ပဲ အစောပိုင်းအဆင့်များတွင် အဝေးမှုန်ခြင်းအစရှိသော အသေးစား အမြင်အာရုံထိခိုက်ခြင်းမျိုးသာ ဖြစ်ပေါ်နိုင်သည်။မျက်စိအတွင်းတိမ်ရှိသူတိုင်းသည် မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုမလိုအပ်ပဲ အစောပိုင်းအဆင့်များတွင်အဝေးမှုန်ခြင်း အစရှိသောအသေးစားအမြင်အာရုံထိခိုက်ခြင်းမျိုးသာ ဖြစ်ပေါ်နိုင်သည်။ မျက်စိဆရာဝန်မှရောဂါလက္ခဏာပေါ်မူတည်၍ မျက်မှန်တပ်ဆင်ခြင်းအစရှိသည်များကို လုပ်ဆောင်ပေးနိုင်သည်။မျက်စိအတွင်းတိမ်ရောဂါသည် ဖြည်းညှင်းစွာ အစပြုဖွဲ့စည်းနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှပိုမိုဆိုးရွားလာနိုင်ကာ အမြင်အာရုံကွယ်ခြင်းအထိဖြစ်နိုင်သည်။ လူတစ်ဦး၏ အမြင်အာရုံဆုံးရှုံးမှုသည်စာဖတ်ခြင်း သို့မဟုတ် မော်တော်ယဉ်မောင်းနှင်ခြင်းကဲ့သို့သော နေ့စဉ်လှုပ်ရှားမှုများနှင့်ထိခိုက်အနှောင့်အယှက် ဖြစ်သည့်အခါတွင် ခွဲစိတ်ကုသမှုကို လိုအပ်မည်ဖြစ်သည်။ မျက်စိအတွင်းတိမ်ဝေဒနာခံစားနေရသူများသည် နီးစပ်ရာမျက်စိဆရာဝန်နှင့်တိုင်ပင်ပြီး မည်သည့်အချိန်တွင်ခွဲစိတ်မှု လိုအပ်သည်ကိုစစ်ဆေးသိရှိနိုင်သည်။

၂၀၁၉ ခုနှစ်တွင် SCG သည် မျက်စိစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး အသိပညာများ ပိုမိုတိုးပွားလာရန် ရည်ရွယ်၍ မျက်စိကျန်းမာရေးလှုပ်ရှားမှုအစီအစဉ် တစ်ရပ်ကိုပြုလုပ်ခဲ့ပြီး စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး အသိပညာများ ပိုမိုတိုးပွားလာရန် ရည်ရွယ်လုပ်ဆောင် လျက်ရှိပါသည်။ SCG သည် (၂၀၁၉ခုနှစ် သြဂုတ်လမှ အောက်တိုဘာလအထိ) SCG ဘိလပ်မြေဝယ်ယူသူများကို အဆိုပါလှုပ်ရှားမှုအစီအစဉ်တွင် ပါဝင်နိုင်ရန်စတင်ခဲ့ပြီး အဆိုပါလှုပ်ရှားမှုစတင်စဉ်အတွင်း SCG၏ ထုတ်ကုန်များကို ဝယ်ယူသုံး စွဲသူများအနေဖြင့် အကောင်းမွန်ဆုံးနှင့် အရည်သွေးမြင့်မားတဲ့ SCG ဘိလပ်မြေတစ်အိတ် ဝယ်ယူတိုင်း SCGမှ ၂၀ ကျပ်တိတိကို အမြင်အာရုံချို့တဲ့သူများအား ကုသနိုင်ရန်အတွက် သီတဂူမျက်စိဆေးရုံသို့လှုဒါန်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏လူကြိုက်များဘောလုံးအားကစားသမားကိုအောင်သူအနေနှင့်လဲအဆိုပါလှုပ်ရှားမှုအစီအစဉ်ကို ပိုမိုသိရှိနိုင်စေရန် ထောက်ပံ့ကူညီအားပေးခဲ့ပါသည်။ ဤလှုပ်ရှားမှုအစီအစဉ်သည် အခြားနေရာဒေသများမှ မျက်စိဝေဒနာရှင်များကို ကုသခြင်းအပြင် မျက်လုံးကျန်းမာရေးနှင့် ပတ်သက်၍အချိန်မီ ကြိုတင်ကာကွယ်ရေးနှင့် စောင့်ရှောက်မှုပေးနိုင်ရန် ကူညီပေးနိုင် ဆောင်ရွက်မည်ဖြစ်သည်။ SCG သည် မြန်မာနိုင်ငံလူ့အသိုင်းအဝိုင်း၏ တာဝန်သိ အဖွဲ့အဝင်တစ်ဦးအဖြစ် SCG၏ ကတိကဝတ်လုပ်ဆောင်ချက်များ၏ တစိတ်တပိုင်းအဖြစ် ၂၀၁၅ ခုနှစ်မှ စတင်ကာ “ကြည်လင်သောအမြင်အာရုံမျှဝေခြင်း” ‘Sharing A Brighter Vision’ အမည်ဖြင့် လူထုအကျိုးပြု အစီအစဉ်တစ်ခုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် SCG သည် ပိုမိုကောင်းမွန်ပြီး ကျန်းမာသန်စွမ်းသော လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်ရန် ရေရှည်တည်တံ့သည့် လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြင့်လုပ်ဆောင်နေခြင်းသည်လည်း အပါအဝင်ဖြစ်သည်။ ၎င်းအစီအစဉ်သည် လူ့အဖွဲ့အစည်းနှင့် ဆက်ဆံရေးအား ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပိုမိုကောင်းမွန်ပြီး ကျန်းမာ သောဘဝနေထိုင်မှုကို တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ SCG ၏ ကတိဖြစ်သော ‘PASSION FOR BETTER ‘၏လက်အောင်တွင်ရှိသော ဤပဏာမခြေလှမ်းသည် မွန်ပြည်နယ်မှ ပြည်သူများအကျိုးရှိစေရန် အတွက် ၅ နှစ်တိုင်တိုင်စဉ်ဆက်မပြတ်လုပ်ဆောင်နေသော ထူးခြားသောလုပ်ဆောင်ချက်တစ်ခုပင်ဖြစ်ပါသည်။ ရန်ကုန်မျက်စိအထူးကုဆေးရုံသည် (အတွင်းတိမ်ကိုစုပ်ယူခြင်း နှင့် ultrasound အသုံးပြု၍ မျက်တွင်းတိမ်ကိုဖြိုခွဲခြင်း) စသည့်လက်ဖြင့် ခွဲစိတ်ခြင်းနှင့် စက်ဖြင့်ခွဲစိတ်ခြင်း စသည့်ခွဲစိတ်ခြင်းနည်းလမ်းနှစ်ခု ကိုကမ်းလှမ်းသည်။

အကယ်၍ မျက်စိအတွင်းတိမ်လူနာများသည် အမြင့်ဆုံးရောဂါအဆင့်သို့ရောက်နေပါက YESH  သည် လက်ဖြင့်ခွဲစိတ်ကုသမှုကို လုပ်ဆောင်ပြီးလူနာသည် ရောဂါအစပျိုးအဆင့်တွင်သာ စက်ဖြင့် ဦးတည်သောခွဲစိတ်မှုကို ပြုလုပ်သည်။ 2017 ခုနှစ်တွင် YESH တွင် မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှု ခံယူသောလူနာပေါင်း ၁၂၀၀၀ ကျော်ရှိပြီး YESH၏ စက်ခွဲစိတ်မှုကိုအသက် ၄၀ ကျော်ကျော်သူများအတွက်လည်းပြုလုပ်သည်။ YESH တွင် ကုသသည့်မှုအများဆုံးမျက်စိရောဂါများမှာမျက်စိအတွင်းတိမ်၊ ရေတိမ်၊ မျက်ကြည်လွှာနှင့်သက်ဆိုင်သောရောဂါများ၊ မျက်စိဒဏ်ရာရရှိမှုများဖြစ်သည်။ လက်ရှိဆေးရုံတွင် ကုသမှုခံယူနေရသောလူနာ ၄၀၀ မှ ၆၀၀ အနက် ၅၀ ရာခိုင်နှုန်းသည် မျက်စိအတွင်းတိမ်ရောဂါခံစားနေကြရသည်။ ‘Bright Journey’ အစီအစဉ်အရ တရုတ်ဆေးအဖွဲ့သည် ၂၀၁၉ ခုနှစ်တွင်မြန်မာနိုင်ငံရန်ကုန်ရှိလူနာ ၂၀၀ အား အခမဲ့ မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုများ ပေးခဲ့သည်။  ယူနန်ပြည်သူ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသင်း၏ ဆေးဘက်ဆိုင်ရာအဖွဲ့များသည် ရန်ကုန်ရှိ သီတဂူ ရွှေပြည်ဟိန်းဆေးရုံတွင် မျက်စိခွဲစိတ်ကုသမှုကို သတ္တမအကြိမ်မြောက်ကျင်းပခဲ့သည်။ Visakha ဖောင်ဒေးရှင်း၊သီတဂူရွှေပြည်ဟိန်းဆေးရုံနှင့် တရုတ်ယူနန်ပြည်နယ်ဆေးအဖွဲ့များ ပူးပေါင်း၍ စီမံကိန်းသည် တစ်နိုင်ငံလုံးရှိ မျက်စိအတွင်းတိမ်လူနာ ၂၀၀ ကို ကုသရန်မျှော်လင့်ထားသည်။ ယူနန်ပြည်သူ့နိုင်ငံခြားရင်းနှီး ချစ်ကြည်ရေးအသင်း၏ ဆေးဘက်ဆိုင်ရာအဖွဲ့များ အပါအဝင် အပြည်ပြည်ဆိုင်ရာဖလှယ်ရေးနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ ကွန်ယက်အတွက်ယူနန်ချစ်ကြည်ရေး ဖောင်ဒေးရှင်း၊ ယူနန်ပြည်နယ်ကျန်းမာရေးနှင့် မိသားစုစီမံကိန်းကော်မရှင်နှင့် ယူနန်ပြည်နယ်၏ ဒုတိယပြည်သူ့ဆေးရုံ တို့ပါဝင်သည်။ မြန်မာနှင့်တရုတ်ဆေးအဖွဲ့များသည် မန္တလေးတိုင်းရှိလူနာ ၂၀၀အား အခမဲ့မျက်စိခွဲစိတ်ကုသမှုများပြုလုပ်ခဲ့သည်။အဆိုပါဆေးအဖွဲ့များ၏မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှု အစီအစဉ်သည် ငါးကြိမ်မြောက် အခမဲ့ မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုအစီအစဉ်အဖြစ် ပါဝင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယနေ့အထိမြန်မာလူနာ ၁၀၀၀ ခန့်သည် ဤအစီအစဉ်မှ အကျိုးကျေးဇူးများခံစားခဲ့ကြရသည်ဟု  All-China Federation of Returned Overseas Chinese မှ ဥကဌဖြစ်သူ Wan Lijun မှပြောကြားခဲ့သည်။ အစီအစဉ်အရ တရုတ်ကူမင်းမှ ဆေးဘက်ဆိုင်ရာအဖွဲ့သည် မန္တလေးရှိဇီဝိတဒါနသံဃဆေးရုံတွင် ဒေသခံဆေးဘက်ဆိုင်ရာ အဖွဲ့နှင့် ပူးပေါင်း၍ မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှု အခမဲ့ပြုလုပ်ပေးနေသည်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

SCG မှ ၂၀၂၀ ခုနှစ် ပထမသုံးလပတ် Q1/2020 လုပ်ငန်းဆောင်ရွက်မှုရလဒ်များကိုကြေညာ COVID-19 ကာလအကျပ်အတည်းကို တိုက်ဖျက်ရေး၊ COVID-19မှတဆင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန်ကြိုးစားနေစဉ် လူ့အဖွဲ့အစည်း၊ လုပ်ဖော်ကိုင်ဖက်များ၊ ၀န်ထမ်းများအားလမ်းညွှန်မှုပြုနိုင်ရန်ပြန်လည်ထူထောင်ရေးမဟာဗျူဟာများကိုကြိုတင်ပြင်ဆင်ခြင်း

SCG မှ ၂၀၂၀ ခုနှစ် ပထမသုံးလပတ် Q1/2020 လုပ်ငန်းဆောင်ရွက်မှုရလဒ်များကိုကြေညာ COVID-19 ကာလအကျပ်အတည်းကို တိုက်ဖျက်ရေး၊ COVID-19မှတဆင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန်ကြိုးစားနေစဉ် လူ့အဖွဲ့အစည်း၊ လုပ်ဖော်ကိုင်ဖက်များ၊ ၀န်ထမ်းများအားလမ်းညွှန်မှုပြုနိုင်ရန်ပြန်လည်ထူထောင်ရေးမဟာဗျူဟာများကိုကြိုတင်ပြင်ဆင်ခြင်း

SCG သည် မြန်မာနိုင်ငံအတွင်းရှိ COVID-19 ကို တိုက်ဖျက်ရန် အရောင်းကိုယ်စားလှယ်များ၊ ဖြန့်ဖြူးရောင်းချသူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်

SCG သည် မြန်မာနိုင်ငံအတွင်းရှိ COVID-19 ကို တိုက်ဖျက်ရန် အရောင်းကိုယ်စားလှယ်များ၊ ဖြန့်ဖြူးရောင်းချသူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်

SCG Cement and Construction ကုမ္ပဏီသည် AMATA ၏ နိုင်ငံတကာ မဟာဗျူဟာ မိတ်အဖွဲ့အစည်း တစ်ခုအဖြစ် Yangon AMATA Smart and Eco-City (Smart City) စီမံကိန်းတွင် ပါဝင်ခြင်း

SCG Cement and Construction ကုမ္ပဏီသည် AMATA ၏ နိုင်ငံတကာ မဟာဗျူဟာ မိတ်အဖွဲ့အစည်း တစ်ခုအဖြစ် Yangon AMATA Smart and Eco-City (Smart City) စီမံကိန်းတွင် ပါဝင်ခြင်း

