မီးခံတံခါး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
February 11, 2020 နေ့
အိမ်တွင်း အလှဆင် နည်းလမ်းများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ကူးပြောင်းပြီးနောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ တိုက်ခန်းများ၊ ဟိုတယ်များ၊ ကွန်ဒိုများ၊ Shopping Centre များ၊ ဘဏ်များ၊ အလုပ်စက်ရုံများ၊ ခေတ်မီအရောင်ပြခန်းများ၊ ရုံးခန်းများ စသည်တို့ကို တည်ဆောက်ရာတွင် နိုင်ငံတကာအဆင့်မီ၍ ခေတ်မီဒီဇိုင်းများ လိုအပ်သကဲ့သို့ ၎င်းနေရာတွင် ရှိနေသော ပြည်သူတို့အတွက် ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးသည်လည်း အရေးပါသည်။ ၎င်းအန္တရာယ်များတွင် မီးဘေးအန္တရာယ်သည် အချိန်မရွေးဖြစ်နိုင်ပြီး အစိုးရိမ်ရဆုံးအန္တရာယ်တစ်ခုဖြစ်ပါသည်။


၎င်းမီးဘေးအန္တရာယ်ကို တားဆီးရန်းအတွက် ကာကွယ်မှုတစ်ခုဖြစ်စေသော မီးခံတံခါးများ တပ်ဆင်အသုံးပြုရန်လိုအပ်ကြောင်း သိရှိသင့်ပါသည်။ ထို့ကြောင့် မီးဘေးအန္တရာယ်ကို တားဆီးရာတွင် လိုအပ်သော မီးခံတံခါးနှင့် မိတ်ဆက်ပေးလိုပါသည်။ မီးခံတံခါးများတွင် သစ်သားဖြင့်ပြုလုပ်သော သစ်သားမီးခံတံခါး ( Timber Fire Door)၊ သံဖြင့်ပြုလုပ်သော သံမီးခံတံခါး (Metal Fire Door) ဟူ၍ နှစ်မျိုးရှိပါသည်။ ၎င်း တံခါးတို့သည်လည်း မီးလောင်သောအခါ ခံနိုင်ရည်ရှိမှု ၃၀ မိနစ် မှ ၄ နာရီအထိသာ ခံနိုင်ရည်ရှိပါသည်။ မီးခံတံခါးများကို အဆောက်အဦများ၏ Main Entrance တံခါးများ၊ Stair Case Door များ၊ Riser Door များ စသည်တို့တွင် အသုံးပြုရန်လိုအပ်ပြီး Main Entrance တံခါးများကို ၄၅ မိနစ်မှ ၁ နာရီခွဲအထိ ခံနိုင်ရည်ရှိရန်လည်းကောင်း၊ Stair Case တံခါးများ၊ Riser တံခါးနှင့် အခြား လိုအပ်သောနေရာများတွင် ၁ နာရီမှ ၄ နာရီအထိ ခံနိုင်ရည်ရှိစေရန် သင့်လျော်ပါသည်။


သစ်သားတံခါးများ၏ မီးလောင်ခံနိုင်ရည်မှာ ၃၀ မိနစ်မှ ၂ နာရီအထိရှိပြီး သံတံခါးများမှာ ၃၀ မနစ်မှ ၄ နာရီအထိ ခံနိုင်ရည်ရှိကြပါသည်။ သစ်သားတံခါးများ၏ အားသာချက်မှာ Surface Finishy များကို ကြိုက်နှစ်သက်ရာ (wood veneers, caminate, paint) စသည့် ပစ္စည်းများ အသုံးပြုရသဖြင့် Hotel Main Entrance Doors, လူနေအိမ် Main Door, Riser Door စသည့်နေရာများတွင် Safety နှင့် လှပမှုတွင် ပိုမို အသုံးပြုလာကြပါသည်။ သံတံခါးများတွင် Surface Finishing များကို Part တစ်မျိုးတည်းကိုသာ အသုံးပြုကြပြီး SStair Case, Riser Door, Lobby Door စသည်တို့တွင် အသုံးကြသည်။


မီးခံတံခါးများကို မည်သည့်နိုင်ငံတွင်မဆို သက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုခု၏ ထောက်ခံချက်ရရှိပြီးဖြစ်သော ကုမ္ပဏီများ၊ အဖွဲ့အစည်းများသာ ထုတ်လုပ်ရန်သင့်တော်ပြီး ၎င်းကုမ္ပဏီ အဖွဲ့အစည်းများသည်လည်း သတ်မှတ်ထားသင့်အဆင့်အတန်းနှင့်ကိုက်ညီသော တံခါးများထုတ်လုပ်နိုင်ကြောင်း အတွေ့အကြုံနှင့်တာဝန်ခံမှုလိုအပ်ပါသည်။ သတ်မှတ်မီးခံတံခါးတစ်ခုဖြစ်ရန်အတွက်
၁။ ကုန်ကြမ်းပစ္စည်း အသုံးပြုမှုမှန်ကန်ခြင်း
၂။ တံခါးတွင် အသုံးပြုမည့် (Ironmongeries) များ အဆင့်မီ မှန်ကန်ခြင်း
၃။ တပ်ဆင်ပုံမှန်ကန်ခြင်း စသည်တို့သည် များစွာအရေးပါပါသည်။
၁။ ကုန်ကြမ်းပစ္စည်းများ အသုံးပြုမှုမှန်ကန်ခြင်း
ကုန်ကြမ်းအသုံးပြုမှုမှန်ကုန်ခြင်းမှာ သက်ဆိုင်ရာ ကုမ္ပဏီ၏ တာဝန်ဖြစ်သည်။ မီးခံတံခါးထတ်လုပ်မည်ဆိုပါက လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ကြိုတင်စုဆောင်းပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စစ်ဆေးမှုကိ ခံယူပြီး အသိအမှတ် ပြုမှုလိုအပ်ပါသည်။
၂။ တံခါးတွင် အသုံးပြုမည့် (Ironmongeries) များ အဆင့်မီမှန်ကန်ခြင်း
ထိုပစ္စည်းများကို အသုံးပြုပြီးပါက လိုအပ်ချက်အတိုင်း ခေတ်မီ Testing Centre များ၏ တံခါးခံနိုင်ရည်မှုကို စစ်ဆေးခြင်း ခံယူရပါမည်။ ၎င်းစမ်းသပ်မှုအောင်မြင်မှ သာမီးခံတံခါးဖြစ်နိုင်ပါသည်။ တံခါးတွင်အသုံးပြုမည့် (Ironmongeries) များမှာလည်း ၎င်းတံခါး၏ မီးလောင်ခံနိုင်ရည်ရှိမှုအတိုင်း၊ ဥပမာ- 1 Hr. Fire Rated Door အသုံးပြုပါက (Ironmongeries) များသည်လည်း Fire Rated ၁ နာရီ ခံနိုင်ရည်ရှိရန်လိုအပ်ပါသည်။ မီးလောင်မှုဖြစ်ပွားပါက ၎င်းနေရာများမှ ပိုမိုအလွယ်တကူလောင်ကျွမ်းပြီး အန္တရာယ်ပေးနိုင်ပါသည်။ ထို့ကြောင့်မီးခံတံခါးရွေးချယ်ရာတွင် ထုတ်လုပ်သောကုမ္ပဏီကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။


၃။ တပ်ဆင်ပုံမှန်ကန်ခြင်း
တပ်ဆင်ရာတွင်လည်း Fire Rated Door များသည် Door Frame နှင့် Door အကြား Gap (Max 4mm) နှင့် Foor to Door ကြား Gap (Max 10mm) ထက်ကျော်လွန်၍ မရပါ။ ထိုထက် Gap ပိုကြီးပါက မီးလောင်မှုဖြစ်ပွားလျှင်၎င်း Gap များမှ မီးခိုများဝင်ရောက်ပြီး အဆောက်အဦးရှိနေသူများ၏ အသက်အန္တရာယ်ကို ထိခိုက်စေပါသည်။ မီးလောင်မှုဖြစ်ပွားလျှင် သေဆုံးမှုအများစုများ မီးလောင်ခံရခြင်းထက် မီးခိုးငွေ့ခံရခြင်းထက် မီးခိုးငွေ့မွန်းကြပ်ပြီး သေဆုံးမှုက ပိုမိုများပြားကြောင်း သတိပြုစေချင်ပါသည်။


ထို့ကြောင့် ခေတ်မီကွန်ဒိုများ၊ ဟိုတယ်ခန်းများ၊ Shopping Centre များ၊ အလုပ်ရုံများ၊ စက်ရုံများ စသည့် ကိုယ်ပိုင်နေရာများနှင့် အများပြည်သူနှင့် ဆိုင်သောနေရာများအတွက် သက်ဆိုင်ရာအဖွဲ့အဖွဲ့အစည်းများ၏ သတ်မှတ်ချက်တိုင်း မီးခံတံခါးများကို တာဝန်ခံမှုရှိသည့် ကုမ္ပဏီများမှ တင်သွင်းသော Fire Rate Door (မီးခံတံခါး) များကို မရှိမဖြစ်တပ်ဆင်သင့်ပါသည်။


မီးတံခါးများ အသုံးပြုခြင်းဖြင့်
၁။ အခြားအဆောက်အဦတစ်ခုခုမှ မိမိအဆောက်အဦသို့ ကာကွယ်တားဆီးပေးခြင်း
၂။ အခြားအခန်းမှ မီးလောင်မှုဖြစ်ပွားပါက မိမိအခန်းသို့ အလွယ်တကူ မဝင်ရောက်ခြင်း
၃။ မီးလောင်မှုဖြစ်ပွားပါက Main Entrance Door မှ မီးလောင်ခံနိုင်မှုကို တားဆီးပေးထားသဖြင့် လိုအပ်သည့်အရေးကြီးသော ပစ္စည်းများသယ်ဆောင်၍ Exit Door မှ အလွယ်တကူထွက်ခွါနိုင်ခြင်း
၄။ အခန်းတစ်ခုမှ မီလောင်မှု ဖြစ်ပွားပါက အခြားအခန်းသို့ အလွယ်တကူမဝင်ရောူက်နိုင်သဖြင့် ဆုံးရှုံးမှုများစွာ လျော့နည်းခြင်းနှင့်
၅။ မီးဘေးအန္တရာယ်ကြောင့် ြ ဖစ်ပေါ်စေသော ပျက်စီးဆုံးရှုံးမှုလျှော့ကျစေခြင်း စသည့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည်ဖြစ်သောကြောင့် စာဖတ်ပရိတ်သတ်ကြီးအနေဖြင့် သတိပြုမိစေရန်တင်ဆက်ပေးလိုက်ပါသည်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ဆရာဇင်ယော်နီပြောပြတဲ့ “သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ”

ဆရာဇင်ယော်နီပြောပြတဲ့ “သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ”

အိမ်အတွင်းမှ လေများကို သန့်ရှင်းပေးနိုင်တဲ့ indoor Plant များ

အိမ်အတွင်းမှ လေများကို သန့်ရှင်းပေးနိုင်တဲ့ indoor Plant များ

မိုးတွင်း သစ်သားပရိဘောဂပစ္စည်း ထိန်းသိမ်းနည်းများ

မိုးတွင်း သစ်သားပရိဘောဂပစ္စည်း ထိန်းသိမ်းနည်းများ

ထူးခြားကောင်းမွန်တဲ့ အနက်ရောင်ကို အိမ်ထဲမှာ ဘယ်လိုချိန်ဆမလဲ

ထူးခြားကောင်းမွန်တဲ့ အနက်ရောင်ကို အိမ်ထဲမှာ ဘယ်လိုချိန်ဆမလဲ

မိုးရာသီ အိမ်တွင်းအိမ်ပြင် ထိန်းသိမ်းခြင်းအတွက် အချက်များ

မိုးရာသီ အိမ်တွင်းအိမ်ပြင် ထိန်းသိမ်းခြင်းအတွက် အချက်များ