မိုးရာသီအတွင်း မီးဖိုချောင် ထိန်းသိမ်းနည်းများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
July 7, 2020 နေ့
Kitchenware ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

မိုးရာသီဟာ နှစ်တစ်နှစ်ရဲ့ သိပ်ကို လှပတဲ့ အချိန်တစ်ခုပါ။ မိုးစက်တွေ တဖွဲဖွဲကျနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစို သန့်ရှင်းလို့နေတဲ့ ရာသီပါ။ မိုးရာသီဟာ ပြတင်းပေါက်ဘေးမှာ ထိုင်၊ ကောင်းကင်ကို မော်ကြည့်ပြီး ကော်ဖီပူပူလေးသောက်နေရမယ့် အချိန်တစ်ခုပါ။
မိုးရာသီမှာ အနုသုခုမ များစွာလည်း ရှိပါသေးတယ်။ ဒါ့အပြင် မိုးရာသီ အိမ်တွင်းစိုထိုင်းမှုမြင့်တက်လာတာကလည်း အနုသုခုမ ခေါင်းစဉ်အောက်ကို ရောက်လာပါတယ်။ မိုးရာသီရောက်လာလို့ အပူချိန်ကျလာတာနဲ့အမျှ ပစ္စည်းတွေမှာ စိုထိုင်းမှုစတင်တော့တာပါပဲ။ စိုထိုင်းမှု အနည်းအများဟာ သင်တို့ရဲ့ အခန်းတွေနဲ့ ပရိဘောဂပစ္စည်းတွေအပေါ် များစွာသက်ရောက်မှုရှိပါတယ်။ ဒါပေမယ့် မီးဖိုချောင်ကတော့ မိုးကြောင့် စိုထိုင်းမှု ပိုများပါတယ်။
အခု မိုးတွင်းမှာ သင့်ရဲ့ မီးဖိုချောင်ကို ဘယ်လိုထိန်းသိမ်းသင့်သလဲဆိုတဲ့အချက်တွေကိ ပြောပြပေးသွားမှာပါ။

စိုထိုင်းမှုများပြားခြင်းဟာ ဝိုင်ယာကြိုးတွေပေါ်ပါ သက်ရောက်မှုရှိပါတယ်။ ဝိုင်ယာနဲ့ အသုံးပြုရတဲ့ အရာတွေမှာလည်း သင့်ကို အခက်အခဲတွေနဲ့ ကြုံတွေ့စေနိုင်ပါတယ်။ စိမ့်ဝင်မှုတွေပါ တွေ့ကြုံရနိုင်တာကြောင့် လုံခြုံမှုရှိစေဖို့ အရည်အသွေးမြင့်တဲ့ ဝိုင်ယာတွေ အသုံးပြုပေးပါ။


မီးဖိုချောင်ထဲမှာ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးပါ။ လေအဝင်အထွက်ရှိတာကြောင့် အစိုပြန်တာ ပျောက်သွားစေပါတယ်။ မီးဖိုချောင်ကို ခြောက်သွေ့အောင် ထားပါ။ မီးဖိုချောင်မှာရှိတဲ့ စားပွဲကို သန့်သန့်ရှင်းရှင်းထားပါ။ အစားအစာတွေကို သေချာဖုံးအုပ်ပါ။ လိုအပ်လျှင် မီးဖိုချောင်ပြတင်းပေါက်တွေကို ဖွင့်ရပါမယ်။


မိုးရာသီအတွင်း ပြန်လည်ပြုပြင်ဆောက်လုပ်ဖို့ မဆုံးဖြတ်မိပါစေနဲ့။ မီးဖိုချောင်စားပွဲကို နေ့တိုင်းသန့်ရှင်းဖို့ လိုသလို ကြမ်းပြင်ကိုလည်း ပိုးသတ်ဆေးနဲ့ နေ့တိုင်းသန့်ရှင်းပေးဖို့လိုပါတယ်။


မိုးရာသီအတွင်း စိုထိုင်းထိုင်းအနံ့အသက်ကလည်း တော်တော်လေး စိတ်တိုစရာကောင်းပါတယ်။ အဲ့အနံ့အသက်တွေ ကင်းဝေးသွားစေဖို့ မီးဖိုချောင် အံဆွဲ နဲ့ ဗီရိုတွေရဲ့ အောက်မှာ ရေချိုးခန်းသုံးဆား ကို ထားထားပေးနိုင်ပါတယ်။

Photo Credit – Internet


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ