မဟာတံတိုင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သံသာ မှ
February 7, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ဒုတိယပိုင်း

အံ့အားသင့်ဖွယ်ခမ်းနားတဲ့မဟာတံတိုင်းကြီးကိုဉာဏ်ပညာ၊ ရည်မှန်းချက်၊ သွေး၊ ချွေး၊ မျက်ရည်တွေ နဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မိသားစုတွေ ကွဲကွာခဲ့ကြရပြီးအလုပ်သမားအများအပြားလည်းတံတိုင်းကြီးကိုတည်ဆောက်ရင်းသေဆုံးခဲ့ရပါတယ်။
• အလုပ်သမား: စစ်သည်တော်များ၊ အဓမ္မချောဆွဲစေခိုင်းခံရသည့်လယ်သမားများ၊ အကျဉ်းကျခံရသည့် အပြစ်သားများ
• ဆောက်လုပ်ရေးပစ္စည်း: ကျောက်တုံး၊ သဲ၊ မြေကြီးနှင့် အုတ်
• ပစ္စည်းသယ်ယူပို့ဆောင်မှု: လူချင်းလက်ကမ်းသယ်ဆောင်မှု၊ ကြိုး၊ လှည်း၊ ဆိတ်
ကြီးမားခမ်းနားမှုအပြင် ကာလရှည်ကြာခိုင်ခံ့မှုနဲ့ပါ နာမည်ကျော်ကြားတဲ့ မဟာတံတိုင်းကြီးကိုတည်ဆောက်ထားခဲ့ ဆောက်လုပ်ရေးပစ္စည်းတွေထဲမှာသာမန်အသုံးပြုနေကျ ကျောက်တုံးတွေ၊ သဲတွေ၊ မြေကြီးတွေနဲ့ အုတ်ချပ်တွေအပြင် ထူးခြားတာကအလွန်စေးကပ်တဲ့ ကောက်ညှင်းဆန်ကိုပါ ထည့်သွင်းသုံးစွဲခဲ့တာဖြစ်ပါတယ်။ အုတ်တစ်ချပ်နဲ့တစ်ချပ်ကိုထပ်တဲ့နေရာမှာဘိလပ်မြေလိုမျိုးဒီကောက်ညှင်းဆန်အနှစ်ကိုကပ်အားကောင်းတဲ့ကော်အဖြစ် ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ နှစ်ကာလများစွာတိုင်

ကြာရှည်ခိုင်ခံ့တည်မြဲနေဆဲဖြစ်တဲ့ မဟာတံတိုင်းကြီးရဲ့ လျှို့ဝှက်ချက်ကို ယနေ့ ခေတ်ပညာရှင်တွေကလေ့လာခဲ့ကြရာမှာတံတိုင်းကြီးဆောက်လုပ်တုန်းကသုံးစွဲထားခဲ့တဲ့ ကောက်ညှင်းဆန်မှာ ပါဝင်တဲ့ Amylopectinဓာတ်ကြောင့်တံတိုင်းကြီးကခိုင်ခံ့နေခဲ့တာလို့ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
မဟာတံတိုင်းကြီးကဘယ်လောက်မြင့်လဲ
မဟာတံတိုင်းကြီးရဲ့ပကတိအမြင့်ကိုတိုင်းတာမှုများအရ ၅မီတာကနေ ၈မီတာထိ (၁၆ပေကနေ ၂၆ပေထိ)မြင့်တယ်လို့ သိရပါတယ်။ လူတစ်ယောက်ရဲ့ ပျမ်းမျှအရပ်အမြင့်ထက် သုံးဆထက်မနည်းရှိစေဖို့ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ တံတိုင်းကြီးရဲ့ အချို့ နေရာတွေကတောင်ထိပ်ပိုင်းမှာရှိနေတဲ့အခါ ပိုပြီး မြင့်မားနေသယောင် မြင်တွေ့ရမှာဖြစ်ပါတယ်။
မဟာတံတိုင်းကြီး၏အသွင်သဏ္ဌာန်- တံတိုင်းနံရံများ၊မျှော်စင်များ၊ ခံတပ်များမဟာတံတိုင်းကြီးဆိုတာကနံရံတံတိုင်းတစ်ခုဆိုတာထက်ကိုပိုပါတယ်။ စစ်ရေးဗျူဟာအရကာကွယ်ရေးစနစ်တွေအတွက် ထောက်လှမ်းကြည့်ရှုရာမျှော်စင်ဆောင်တွေ၊ စစ်သည်ရဲမက်တွေ စောင့်ကြပ်ရာ၊ စစ်သည်ရေးရာနဲ့ထောက်ပို့စီမံရေးရာတွေ လုပ်ဆောင်ကြတဲ့ ခံတပ်တွေ၊ တစ်ဆောင်နဲ့ တစ်ဆောင် ဆက်သွယ်သတင်းပို့ဖို့ရာအတွက် မီးအချက်ပြမျှော်စင် စတာတွေနဲ့ စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။

မင်မင်းဆက်ကာလ (၁၃၆၈ခုနှစ်- ၁၆၄၄ခုနှစ်)မှာတည်ဆောက်ရေးနည်းပညာတွေ ပိုမိုတိုးတက်အားကောင်းလာခဲ့ပြီးမဟာတံတိုင်းကြီးကိုပိုမိုခိုင်ခံ့စေဖို့နဲ့ ပိုမိုတင့်တယ်စေဖို့ရာအတွက် ပြန်လည်မွမ်းမံတည်ဆောက်မှုတွေလုပ်ခဲ့ပါတယ်။
မင်မင်းဆက် ပျက်သုဉ်းသွားခဲ့ချိန်ကစပြီးမဟာတံတိုင်းကြီးကိုစစ်ရေးစစ်ရာအတွက် ပြုပြင်မွမ်းမံတာမျိုးမရှိတော့ဘဲခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက်သာမွမ်းမံလာခဲ့ကြတာဖြစ်ပါတယ်။
မဟာတံတိုင်းကြီးကိုတရုတ်နိုင်ငံရဲ့အထင်ကရအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ရာအတွက် ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်မှုတွေကို ၁၉၅၇ခုနှစ်မှာပါတာ့လင်လမ်းပိုင်းကနေစတင်ပြီး ပြုလုပ်ခဲ့ကြပါတယ်။
ခရီးသွားဆွဲဆောင်မှုနေရာတစ်နေရာအဖြစ် အများပြည်သူလည်ပတ်ဖို့ စတင်ဖွင့်လှစ်ခဲ့ပြီးချိန်စလို့ နှစ်စဉ်နှစ်တိုင်း ပြည်တွင်းပြည်ပခရီးသွားလည်ပတ်သူတွေအမြောက်အမြားမဟာတံတိုင်းကြီးကိုလာရောက်လည်ပတ်နေကြတာဖြစ်ပါတယ်။ စာရင်းမှတ်တမ်းတွေအရမဟာတံတိုင်းကြီးမှာပါတာ့ လင်လမ်းပိုင်းကခရီးသွားလည်ပတ်မှုအများဆုံးလမ်းပိုင်းဖြစ်ပြီး ၂၀၀၁ခုနှစ်မှတ်တမ်းအရအဆိုပါနှစ် မှာခရီးသည် ၆၃၀၀၀၀၀၀ အလည်အပတ်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားလည်ပတ်မှု အမြင့်မားဆုံးကာလတွေမှာတော့ နေ့စဉ်အလည်အပတ်ရောက်ရှိလာတဲ့ ခရီးသွားဦးရေ ၇၀၀၀၀ခန့် ရှိတယ်လို့သိရပါတယ်။
၁၉၈၇ခုနှစ်၊ ဒီဇင်ဘာလမှာမဟာတံတိုင်းကြီးကိုယူနက်စကိုကကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာအဖြစ် မှတ်တမ်းရေးသွင်းခဲ့တာဖြစ်ပါတယ်။ တည်ဆောက်မှုကာလအရှည်ကြာဆုံးပရောဂျက်လည်းဖြစ်တဲ့အပြင် လူပေါင်းများစွာရဲ့ အသက်တွေ၊ သွေး၊ ချွေးနဲ့ မျက်ရည်တွေ အများကြီးပေးဆပ်ခဲ့ရတာကြောင့် သမိုင်းမှာလူသားတွေရဲ့ အကြီးကျယ်ဆုံးအောင်မြင်ပြီးမြောက်မှုဖြစ်ပြီးယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဆောက်အအုံအဖြစ်သာမက ကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါးမှာ တစ်ခုအပါအဝင်အဖြစ် မှတ်တမ်းတင်ခဲ့ကြပါတယ်။
သဘာဝဘေးဒဏ်တွေနဲ့ လူတွေရဲ့ အဆင်အခြင်မဲ့လုပ်ရပ်တွေကြောင့် မဟာတံတိုင်းကြီးရဲ့ ၂၀၀၀ကီလိုမီတာခန့် (မင်မင်းဆက်ကာလကတည်ဆောက်ခဲ့တဲ့ မဟာတံတိုင်းကြီးရဲ့ ၃၀ရာခိုင်နှုန်းကျော်ခန့်က ပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။

မဟာတံတိုင်းကြီးရဲ့ ၃၀ရာခိုင်နှုန်းကျော်ကပျက်စီးဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။
မဟာတံတိုင်းကြီးကတရုတ်နိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ အထင်ကရဗိသုကာလက်ရာလည်းဖြစ်ပါတယ်။ မဟာတံတိုင်းကြီးကတရုတ်နိုင်ငံရဲ့ယဉ်ကျေးမှု၊ အမျိုးသားရေးမာန်၊ ခမ်းနားတဲ့ပရောဂျက်တွေနဲ့ နှစ်ပေါင်းများစွာအရှည်တည်တံ့ခိုင်မြဲမှုဆိုတာတွေကို ပြသနေရုံသာမကတရုတ်နိုင်ငံရဲ့ လေးစားအံ့အားသင့်ဖွယ်ရာဗိသုကာပညာနဲ့ တီထွင်ဆန်းသစ်မှုတွေကိုပါ ယနေ့ချိန်ထိသက်သေထူပြသနေဆဲပင် ဖြစ်ပါတော့တယ်။



ဆက်စပ်ဆောင်းပါးများ

၂၀၂၁ မှာ စီးပွားကောင်းစေဖို့

၂၀၂၁ မှာ စီးပွားကောင်းစေဖို့

ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…

ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…

ဖြူစင်ခြင်းနှင့်အတူ နေထိုင်ခြင်း

ဖြူစင်ခြင်းနှင့်အတူ နေထိုင်ခြင်း