မက်မွန်ရောင်အခန်းလေး ချစ်စဖွယ်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သံသာ မှ
October 8, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

6

စတိုင်လ်ဟောင်းတွေကနေ ဖောက်ထွက်ပြီး အသစ်အဆန်းလေးလည်းဖြစ်၊ ချစ်စဖွယ်အပြင်အဆင်လေးလည်း ဖြစ်စေဖို့ အခန်းအပြင်အဆင်တွေမှာ မြင်တွေ့ရခဲလှတဲ့၊ အရောင်အသစ်အဆန်းလေးဖြစ်တဲ့ မက်မွန်ရောင်လေးနဲ့ ပြင်ဆင်ကြည့်နိုင်ပါတယ်။ မက်မွန်ရောင်ဆိုတာ တကယ်တော့ ၁၉၈၀ ပြည့်နှစ်တွေမှာ အတော်လေး ခေတ်စားခဲ့တဲ့အရောင်ဖြစ်ပြီး ခုခေတ်မှာမှ တကျော့ပြန် ခေတ်စားလာခဲ့တာ ဖြစ်ပါတယ်။ မက်မွန်ရောင်လေးက အရောင်လေးလည်း ဆန်းသလို နူးညံ့နွေးထွေးတဲ့ အရောင်လေးလည်း ဖြစ်တာမို့ မက်မွန်ရောင် အပြင်အဆင်လေးတွေနဲ့ အထူးခြားဆုံး အိမ်ခန်းအလှဆင်ပုံလေးတွေကို ဒီကဏ္ဍလေးမှာ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။


မီးခိုးရောင်နှင့် မက်မွန်ရောင်
မီးခိုးရောင်နဲ့ မက်မွန်ရောင်ဆိုတာ တွဲဖက်ညီလှတဲ့ အရောင်တွေပါပဲ။ မီးခိုးရောင်က အိမ်တွင်းဒီဇိုင်းပြင်ဆင်မှုမှာ အရောင် အတော်များများနဲ့ လိုက်ဖက်တာမို့ အသုံးအများဆုံးအရောင်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် တခါတရံ မီးခိုရောင်နဲ့ အဖြူရောင်မှာ နွေးထွေးသက်ဝင်မှု လိုနေတာမျိုးလေး ရှိနေတတ်ပြန်ပါသေးတယ်။ ဒီအခါမျိုးမှာ မက်မွန်ရောင်လိုမျိုး နွေးထွေးစေတဲ့ အရောင်မျိုးကို သတိရလိုက်ပါ။ မီးခိုးဖျော့ရောင်လေးနဲ့ မက်မွန်ရောင်ကို တွဲပြီးသုံးပေးပါ။ အရောင်အသွေးလှပစေတဲ့အပြင် နွေးထွေးမှုရှိပြီး စိတ်ဝင်စားဖွယ် အရောင်တွဲစပ်မှုဆိုတာ ဘယ်သူမှ ငြင်းဆိုနိုင်မှာမဟုတ်ပါဘူး။


ဂျီသြမေတြီဒီဇိုင်းကွက်နှင့် မက်မွန်ရောင်
မက်မွန်ရောင်က ဂျီသြမေတြီဒီဇိုင်းကွက်တွေလိုမျိုး အတုံးအကွက်တွေနဲ့ အချွန်သဏ္ဍာန်တွေကြောင့် အမြင်ရိုင်းတာမျိုး မရှိအောင် ဖြေလျော့ပေးနိုင်စွမ်း ရှိပါတယ်။ ဒီဇိုင်းကွက်တွေကို ယဉ်ယဉ်လေးနဲ့ အမြင်ဆန်းစေတာပါ။ ပုံမှာပြထားတဲ့ ဧည့်ခန်းမှာဆိုရင် မက်မွန်ရောင်ကြောင့် နူးညံ့စွာအမြင်ထူးခြားနေတဲ့ ဂျီသြမေတြီဒီဇိုင်းကွက်တွေကို မြင်တွေ့ရမှာပါ။ ငွေမင်ရောင်အနည်းငယ်ပါတဲ့ မက်မွန်ရောင်နံရံကပ်စက္ကူက အမြင်ဆန်းသွားပြီး ကူရှင်ဆိုဖာနဲ့ ပန်းအိုးတွေက မက်မွန်ရောင်အပြင်အဆင်ကို ပိုကြွလာစေပါတယ်။


ကြေးနီရောင်နှင့် မက်မွန်ရောင်
ကြေးနီရောင်က လှပတာမို့ သတ္တုထည်သက်သက် အသုံးပြုတာထက် အတွင်းအလှဆင်တဲ့နေရာမှာ အသုံးပြုသင့်တဲ့ အရောင်ပဲ ဖြစ်ပါတယ်။ နွေးထွေးတောက်ပပြီး မက်မွန်ရောင်နဲ့ အရောင်အသွေး အလွန်နီးကပ်စွာ တူညီတာမို့ ကြေးနီရောင်နဲ့ မက်မွန်ရောင် ဆိုတာအလိုက်ဖက်ဆုံး တွဲဖက်တွေပဲဖြစ်ပါတယ်။ မက်မွန်ဖျော့ရောင် ထိုင်ခုံက ကြေးနီရောင် သတ္တုမီးဆိုင်းနဲ့ အရောင်ဟပ်သွားပြီး အခန်းထဲ နူးညံ့နွေးထွေးမှုကို ဖန်တီးပေးပါတယ်။


မှောင်ရိပ်သမ်းအခန်းနှင့် မက်မွန်ရောင်
မက်မွန်ရောင်က အနွေးဓာတ်ပေးသလို လင်းထင်းစေတာမို့ မှောင်ရိပ်သမ်းတဲ့ အခန်းတွေမှာ နံရံကို မက်မွန်ရောင် သုတ်ပေးခြင်းဖြင့် နံနက်ခင်း နေခြည်နုလေးကို မြင်တွေ့ရသလိုမျိုး ခံစားရစေမှာ အသေအချာပါပဲ။ မီးခိုးရောင်ဆေးသုတ်ထားတဲ့ သစ်သားအနုလက်ရာ ပစည်းမျိုးလေးပါ ပြင်ဆင်ထားရှိလိုက်မယ် ဆိုရင်တော့ သေသပ်လှပရုံမက ဆွဲဆောင်မှုရှိတဲ့ အပြင်အဆင်လေး ဖြစ်သွားမှာပါ။


အိပ်ခန်းထဲက အဖြူရောင်သုံးမလား၊ မက်မွန်ရောင်သုံးမလား
ကုတင်နောက်ဘက်နံရံမှာ အဖြူရောင်သုတ်ထားတယ်လို့ စိတ်ကူးနဲ့ မှန်းမြင်ကြည့်လိုက်ပါ။ ဖြူဖွေးသန့်ရှင်းပြီး သေသပ်လှပသွား မှာဖြစ်ပေမယ့် မက်မွန်ရောင်ဖျော့ဖျော့လေးက ပိုပြီးနူးညံ့နွေးထွေးတဲ့ အိပ်ခန်းလေးအဖြစ် အသက်ဝင်စေမှာပါ။ မက်မွန်ဖျော့ရောင်အိပ်ခန်း လေးထဲမှာ အနက်ရောင်မီးဆိုင်းတွေ၊ ကြေးမုံချပ်နဲ့ ကုတင်ခေါင်းရင်း အုံးတားအလှတွေလည်း ထင်ရှားသွားစေပါတယ်။


နံရံ၊ မျက်နှာကြက်နှင့် မက်မွန်ရောင်
အိပ်ခန်းနံရံတွေမှာချည်း မက်မွန်ရောင်သုတ်တာထက် ပိုပြီးခေတ်လည်းဆန်သလို နွေးထွေးတဲ့ အသိုက်အမြုံလေးအသွင် ရစေဖို့ကိုတော့ နံရံအထက်ပိုင်း ထက်ဝက်လောက်ကစပြီး မျက်နှာကြက်တစ်ပြင်လုံးကို မက်မွန်ရောင်သုတ်ပါ။ ကျန်ရှိတဲ့နံရံအောက်ခြေကိုတော့ အဖြူရောင် ဒါမှမဟုတ် မက်မွန်ဖျော့ရောင်လေးသုတ်ပေးပါ။ ပြီးရင် အဖြူနဲ့အမည်း ဂရပ်ဖစ်အကွက်ဒီဇိုင်းနဲ့ အထည်ဖျင်စကို နံရံမှာချိတ် ဆွဲပြီး ပေါင်းစပ်အလှဆင်လိုက်ပါ။ ပြီးရင်တော့ အခြားအသုံးအဆောင် ပစ္စည်းလေးတွေနည်းနည်း ထပ်ထည့်ပြီး ပြင်ဆင်လိုက်ရုံပါပဲ။


ကလေးအိပ်ခန်းနှင့်မက်မွန်ရောင်
မက်မွန်ရောင်ပန်းပွင့် နံရံကပ်စက္ကူ အပြင်အဆင်လေးက ကလေးအိပ်ခန်းလေးကို ချစ်စဖွယ်ကောင်းသွားစေမယ့် အပြင်အဆင်လေးပါ။ ဆန့်ကျင်ဘက်အရောင်ကွဲဖြစ်တဲ့ အပြာဖျော့ရောင်လေးနဲ့ ပေါင်းစပ်ပြီး ကလေးအိပ်ခန်းလေးကို လန်းဆန်းသွားစေပါတယ်။ အရွယ်အစားခပ်ကြီးကြီး ပွင့်ချပ်ပုံတွေနဲ့ ပရိဘောဂက ဆန့်ကျင်ဘက် အရောင်ကွဲအပြာဖျော့ပေါင်းစပ်မှုက မျက်စိနောက်စရာမဖြစ်စေဘဲ လန်းဆန်းစေပါတယ်။
ချိုချဉ်ရောင်ပန်းဖျော့နှင့် မက်မွန်ရောင်
ချိုချဉ်ရောင်ပန်းဖျော့နဲ့ မက်မွန်ရောင်တို့က အရောင်အသွေးချင်း ဆင်ကြတာမို့ တွဲစပ်သုံးလို့ လှပါတယ်။ ပန်းဖျော့ရောင်ချည်း ပဲသုံးတာထက် မက်မွန်ရောင်နဲ့ အရောင်ထိန်းပေးရင် ကလေးကလား မဆန်စေတော့ပါဘူး။ ဒီနှစ်ရောင်အပြင် အဖြူရောင်နဲ့ ရွှေရောင် အသုံးအဆောင် ပစ္စည်းတွေထည့်သုံး ပြင်ဆင်လိုက်တဲ့အခါ အခန်းကို ပိုမိုခမ်းနားထည်ဝါတဲ့ အသွင်ကို ဖြစ်စေပါတယ်။

အစိမ်းဖျော့ရောင်နှင့်မက်မွန်ရောင်
မက်မွန်ရောင်အပြင်အဆင်မှာ အခြားလိုက်ဖက်တဲ့ အရောင်ကွဲလေးတွေလည်း ရှိပါသေးတယ်။ ပူဒီနာရွက်စိမ်းလိုမျိုး အစိမ်းဖျော့ ဒါမှမဟုတ် ဘဲဥခွံပေါ်က စိမ်းပြာဖျော့မျိုးနဲ့လည်း ပေါင်းထည့် ပြင်ဆင်နိုင်ပါတယ်။ နေရောင်ဖြာကျတဲ့ အခန်းမျိုးက ဆိုဖာခုံမှာ မက်မွန်ရောင်ဆိုဖာခင်းနဲ့ အစိမ်းဖျော့၊ စိမ်းပြာဖျော့ရောင် ဆိုဖာခင်းတွေကို စီရီထားလိုက်ပါ။ လှပပြီး အရောင်အသွေးစုံတဲ့ အနုပညာခင်း ကျင်းမှုသဖွယ် ဆွဲဆောင်မှုရှိနေမှာ အသေအချာပါပဲ။။
စစ်မှန်တဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် မက်မွန်ရောင်
အခန်းလေးကို အိပ်မက်ဆန်ဆန် ကြည်နူးဆွတ်ပျံ့ဖွယ်အခန်းလေးဖြစ်ဖို့ရာ မက်မွန်ရောင်လေးနဲ့ ဖန်တီးနိုင်ပါတယ်။ မက်မွန်ရောင်အခန်းထဲမှာ ခမ်းနားထည်ဝါပြီး ကြီးမားလေးလံတဲ့ ခန်းဆီးလိုက်ကာ ချိတ်ဆွဲထားမယ်၊ အနုလက်ရာမြောက်ထွင်းထုထားတဲ့ သစ်သားထိုင်ခုံလေးချထားပြီး ကြမ်းခင်းကလည်း ညှို့မှိုင်းစိုတောက်နေမယ်။ ဒါတွေအားလုံး ပေါင်းစပ်ခြုံငုံကြည့်လိုက်မယ် ဆိုရင် နူးညံ့သိမ်မွေ့မှုကို ခံစားရမယ့်အပြင် ခမ်းနားမှုတွေလွှမ်းထုံနေပြီး ကြွယ်ဝမှုတွေကို လှစ်ဟပြသနေမှာဖြစ်တာကြောင့် ပြီးပြည့်စုံလှတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် ရသအစစ်အမှန်ကို ဒီမက်မွန်ရောင်အခန်းလေးထဲ တစုတစည်းတည်း ဖြည့်ဆည်းပေးစွမ်းနေသလိုပါပဲ။

Zawgyi ျဖင့္ဖတ္ရန္

မက္မြန္ေရာင္အခန္းေလး ခ်စ္စဖြယ္

စတိုင္လ္ေဟာင္းေတြကေန ေဖာက္ထြက္ၿပီး အသစ္အဆန္းေလးလည္းျဖစ္၊ ခ်စ္စဖြယ္အျပင္အဆင္ေလးလည္း ျဖစ္ေစဖို႔ အခန္းအျပင္အဆင္ေတြမွာ ျမင္ေတြ႔ရခဲလွတဲ့၊ အေရာင္အသစ္အဆန္းေလးျဖစ္တဲ့ မက္မြန္ေရာင္ေလးနဲ႔ ျပင္ဆင္ၾကည့္ႏိုင္ပါတယ္။ မက္မြန္ေရာင္ဆိုတာ တကယ္ေတာ့ ၁၉၈၀ ျပည့္ႏွစ္ေတြမွာ အေတာ္ေလး ေခတ္စားခဲ့တဲ့အေရာင္ျဖစ္ၿပီး ခုေခတ္မွာမွ တေက်ာ့ျပန္ ေခတ္စားလာခဲ့တာ ျဖစ္ပါတယ္။ မက္မြန္ေရာင္ေလးက အေရာင္ေလးလည္း ဆန္းသလို ႏူးညံ့ေႏြးေထြးတဲ့ အေရာင္ေလးလည္း ျဖစ္တာမို႔ မက္မြန္ေရာင္ အျပင္အဆင္ေလးေတြနဲ့႔ အထူးျခားဆံုး အိမ္ခန္းအလွဆင္ပံုေလးေတြကို ဒီက႑ေလးမွာ ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။

မီးခိုးေရာင္ႏွင့္ မက္မြန္ေရာင္

          မီးခိုးေရာင္နဲ႔ မက္မြန္ေရာင္ဆိုတာ တြဲဖက္ညီလွတဲ့ အေရာင္ေတြပါပဲ။ မီးခိုးေရာင္က အိမ္တြင္းဒီဇိုင္းျပင္ဆင္မႈမွာ အေရာင္ အေတာ္မ်ားမ်ားနဲ႔ လိုက္ဖက္တာမို႔ အသံုးအမ်ားဆံုးအေရာင္ဆိုရင္လည္း မမွားပါဘူး။ ဒါေပမယ့္ တခါတရံ မီးခိုေရာင္နဲ႔ အျဖဴေရာင္မွာ ေႏြးေထြးသက္၀င္မႈ လိုေနတာမ်ဳိးေလး ရွိေနတတ္ျပန္ပါေသးတယ္။ ဒီအခါမ်ဳိးမွာ မက္မြန္ေရာင္လိုမ်ဳိး ေႏြးေထြးေစတဲ့ အေရာင္မ်ဳိးကို သတိရလိုက္ပါ။ မီးခုိးေဖ်ာ့ေရာင္ေလးနဲ႔ မက္မြန္ေရာင္ကို တြဲၿပီးသံုးေပးပါ။ အေရာင္အေသြးလွပေစတဲ့အျပင္ ေႏြးေထြးမႈရွိၿပီး စိတ္၀င္စားဖြယ္ အေရာင္တြဲစပ္မႈဆိုတာ ဘယ္သူမွ ျငင္းဆိုႏိုင္မွာမဟုတ္ပါဘူး။

ဂ်ီၾသေမႀတီဒီဇိုင္းကြက္ႏွင့္ မက္မြန္ေရာင္

          မက္မြန္ေရာင္က ဂ်ီၾသေမႀတီဒီဇိုင္းကြက္ေတြလိုမ်ဳိး အတံုးအကြက္ေတြနဲ႔ အခၽြန္သ႑ာန္ေတြေၾကာင့္ အျမင္ရိုင္းတာမ်ဳိး မရွိေအာင္ ေျဖေလ်ာ့ေပးႏိုင္စြမ္း ရွိပါတယ္။ ဒီဇိုင္းကြက္ေတြကို ယဥ္ယဥ္ေလးနဲ႔ အျမင္ဆန္းေစတာပါ။ ပံုမွာျပထားတဲ့ ဧည့္ခန္းမွာဆိုရင္ မက္မြန္ေရာင္ေၾကာင့္ ႏူးညံ႕စြာအျမင္ထူးျခားေနတဲ့ ဂ်ီၾသေမႀတီဒီဇိုင္းကြက္ေတြကို ျမင္ေတြ႔ရမွာပါ။ ေငြမင္ေရာင္အနည္းငယ္ပါတဲ့ မက္မြန္ေရာင္နံရံကပ္စကၠဴက အျမင္ဆန္းသြားၿပီး ကူရွင္ဆိုဖာနဲ႔ ပန္းအိုးေတြက မက္မြန္ေရာင္အျပင္အဆင္ကို ပိုႂကြလာေစပါတယ္။

ေၾကးနီေရာင္နွင့္ မက္မြန္ေရာင္

          ေၾကးနီေရာင္က လွပတာမို႔ သတၱဳထည္သက္သက္ အသံုးျပဳတာထက္ အတြင္းအလွဆင္တဲ့ေနရာမွာ အသံုးျပဳသင့္တဲ့ အေရာင္ပဲ ျဖစ္ပါတယ္။ ေႏြးေထြးေတာက္ပၿပီး မက္မြန္ေရာင္နဲ႔ အေရာင္အေသြး အလြန္နီးကပ္စြာ တူညီတာမို႔ ေၾကးနီေရာင္နဲ႕ မက္မြန္ေရာင္ ဆိုတာအလိုက္ဖက္ဆံုး တြဲဖက္ေတြပဲျဖစ္ပါတယ္။ မက္မြန္ေဖ်ာ့ေရာင္ ထိုင္ခံုက ေၾကးနီေရာင္ သတၱဳမီးဆိုင္းနဲ႔ အေရာင္ဟပ္သြားၿပီး အခန္းထဲ ႏူးညံ့ေႏြးေထြးမႈကို ဖန္တီးေပးပါတယ္။

ေမွာင္ရိပ္သမ္းအခန္းႏွင့္ မက္မြန္ေရာင္

          မက္မြန္ေရာင္က အေႏြးဓာတ္ေပးသလို လင္းထင္းေစတာမုိ႔ ေမွာင္ရိပ္သမ္းတဲ့ အခန္းေတြမွာ နံရံကို မက္မြန္ေရာင္ သုတ္ေပးျခင္းျဖင့္ နံနက္ခင္း ေနျခည္ႏုေလးကို ျမင္ေတြ႔ရသလိုမ်ဳိး ခံစားရေစမွာ အေသအခ်ာပါပဲ။ မီးခိုးေရာင္ေဆးသုတ္ထားတဲ့ သစ္သားအႏုလက္ရာ ပစည္းမ်ဳိးေလးပါ ျပင္ဆင္ထားရွိလိုက္မယ္ ဆိုရင္ေတာ့ ေသသပ္လွပရံုမက ဆြဲေဆာင္မႈရွိတဲ့ အျပင္အဆင္ေလး ျဖစ္သြားမွာပါ။

အိပ္ခန္းထဲက အျဖဴေရာင္သံုးမလား၊ မက္မြန္ေရာင္သံုးမလား

          ကုတင္ေနာက္ဘက္နံရံမွာ အျဖဴေရာင္သုတ္ထားတယ္လို႔ စိတ္ကူးနဲ႔ မွန္းျမင္ၾကည့္လိုက္ပါ။ ျဖဴေဖြးသန္႔ရွင္းၿပီး ေသသပ္လွပသြား မွာျဖစ္ေပမယ့္ မက္မြန္ေရာင္ေဖ်ာ့ေဖ်ာ့ေလးက ပိုၿပီးႏူးညံ့ေႏြးေထြးတဲ့ အိပ္ခန္းေလးအျဖစ္ အသက္၀င္ေစမွာပါ။ မက္မြန္ေဖ်ာ့ေရာင္အိပ္ခန္း ေလးထဲမွာ အနက္ေရာင္မီးဆိုင္းေတြ၊ ေၾကးမံုခ်ပ္နဲ႔ ကုတင္ေခါင္းရင္း အံုးတားအလွေတြလည္း ထင္ရွားသြားေစပါတယ္။

နံရံ၊ မ်က္ႏွာၾကက္ႏွင့္ မက္မြန္ေရာင္

          အိပ္ခန္းနံရံေတြမွာခ်ည္း မက္မြန္ေရာင္သုတ္တာထက္ ပိုၿပီးေခတ္လည္းဆန္သလို ေႏြးေထြးတဲ့ အသိုက္အၿမံဳေလးအသြင္ ရေစဖို႔ကိုေတာ့ နံရံအထက္ပိုင္း ထက္၀က္ေလာက္ကစၿပီး မ်က္ႏွာၾကက္တစ္ျပင္လံုးကို မက္မြန္ေရာင္သုတ္ပါ။ က်န္ရွိတဲ့နံရံေအာက္ေျခကိုေတာ့ အျဖဴေရာင္ ဒါမွမဟုတ္ မက္မြန္ေဖ်ာ့ေရာင္ေလးသုတ္ေပးပါ။ ၿပီးရင္ အျဖဴနဲ႔အမည္း ဂရပ္ဖစ္အကြက္ဒီဇိုင္းနဲ႔ အထည္ဖ်င္စကို နံရံမွာခ်ိတ္ ဆြဲၿပီး ေပါင္းစပ္အလွဆင္လိုက္ပါ။ ၿပီးရင္ေတာ့ အျခားအသံုးအေဆာင္ ပစၥည္းေလးေတြနည္းနည္း ထပ္ထည္႕ၿပီး ျပင္ဆင္လိုက္ရံုပါပဲ။

ကေလးအိပ္ခန္းႏွင့္မက္မြန္ေရာင္

          မက္မြန္ေရာင္ပန္းပြင့္ နံရံကပ္စကၠဴ အျပင္အဆင္ေလးက ကေလးအိပ္ခန္းေလးကို ခ်စ္စဖြယ္ေကာင္းသြားေစမယ့္ အျပင္အဆင္ေလးပါ။ ဆန္႔က်င္ဘက္အေရာင္ကြဲျဖစ္တဲ့ အျပာေဖ်ာ့ေရာင္ေလးနဲ႔ ေပါင္းစပ္ၿပီး ကေလးအိပ္ခန္းေလးကို လန္းဆန္းသြားေစပါတယ္။ အရြယ္အစားခပ္ႀကီးႀကီး ပြင့္ခ်ပ္ပံုေတြနဲ႔ ပရိေဘာဂက ဆန္႔က်င္ဘက္ အေရာင္ကြဲအျပာေဖ်ာ့ေပါင္းစပ္မႈက မ်က္စိေနာက္စရာမျဖစ္ေစဘဲ လန္းဆန္းေစပါတယ္။

ခ်ဳိခ်ဥ္ေရာင္ပန္းေဖ်ာ့ႏွင့္ မက္မြန္ေရာင္

          ခ်ဳိခ်ဥ္ေရာင္ပန္းေဖ်ာ့နဲ႔ မက္မြန္ေရာင္တို႔က အေရာင္အေသြးခ်င္း ဆင္ၾကတာမို႔ တြဲစပ္သံုးလို႔ လွပါတယ္။ ပန္းေဖ်ာ့ေရာင္ခ်ည္း ပဲသံုးတာထက္ မက္မြန္ေရာင္နဲ႔ အေရာင္ထိန္းေပးရင္ ကေလးကလား မဆန္ေစေတာ့ပါဘူး။ ဒီႏွစ္ေရာင္အျပင္ အျဖဴေရာင္နဲ႔ ေရႊေရာင္ အသံုးအေဆာင္ ပစၥည္းေတြထည့္သံုး ျပင္ဆင္လိုက္တဲ့အခါ အခန္းကို ပိုမိုခမ္းနားထည္၀ါတဲ့ အသြင္ကို ျဖစ္ေစပါတယ္။

အစိမ္းေဖ်ာ့ေရာင္ႏွင့္မက္မြန္ေရာင္

          မက္မြန္ေရာင္အျပင္အဆင္မွာ အျခားလိုက္ဖက္တဲ့ အေရာင္ကြဲေလးေတြလည္း ရွိပါေသးတယ္။ ပူဒီနာရြက္စိိမ္းလိုမ်ဳိး အစိမ္းေဖ်ာ့ ဒါမွမဟုတ္ ဘဲဥခြံေပၚက စိမ္းျပာေဖ်ာ့မ်ဳိးနဲ႔လည္း ေပါင္းထည့္ ျပင္ဆင္ႏိုင္ပါတယ္။ ေနေရာင္ျဖာက်တဲ့ အခန္းမ်ဳိးက ဆိုဖာခံုမွာ မက္မြန္ေရာင္ဆိုဖာခင္းနဲ႔ အစိမ္းေဖ်ာ့၊ စိမ္းျပာေဖ်ာ့ေရာင္ ဆိုဖာခင္းေတြကို စီရီထားလိုက္ပါ။ လွပၿပီး အေရာင္အေသြးစံုတဲ့ အႏုပညာခင္း က်င္းမႈသဖြယ္ ဆြဲေဆာင္မႈရွိေနမွာ အေသအခ်ာပါပဲ။။

စစ္မွန္တဲ့ ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္ မက္မြန္ေရာင္

          အခန္းေလးကို အိပ္မက္ဆန္ဆန္ ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္အခန္းေလးျဖစ္ဖို႔ရာ မက္မြန္ေရာင္ေလးနဲ႔ ဖန္တီးႏိုင္ပါတယ္။ မက္မြန္ေရာင္အခန္းထဲမွာ ခမ္းနားထည္၀ါၿပီး ႀကီးမားေလးလံတဲ့ ခန္းဆီးလိုက္ကာ ခ်ိတ္ဆြဲထားမယ္၊ အႏုလက္ရာေျမာက္ထြင္းထုထားတဲ့ သစ္သားထိုင္ခံုေလးခ်ထားၿပီး ၾကမ္းခင္းကလည္း ညွိဳ႕မႈိင္းစိုေတာက္ေနမယ္။ ဒါေတြအားလံုး ေပါင္းစပ္ၿခံဳငံုၾကည့္လိုက္မယ္ ဆိုရင္ ႏူးညံ့သိမ္ေမြ႕မႈကို ခံစားရမယ့္အျပင္ ခမ္းနားမႈေတြလႊမ္းထံုေနၿပီး ႂကြယ္၀မႈေတြကို လွစ္ဟျပသေနမွာျဖစ္တာေၾကာင့္ ၿပီးျပည့္စံုလွတဲ့ ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္ ရသအစစ္အမွန္ကို ဒီမက္မြန္ေရာင္အခန္းေလးထဲ တစုတစည္းတည္း ျဖည့္ဆည္းေပးစြမ္းေနသလိုပါပဲ။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်