ဖုန်းရွှေအဘိဓာန်
တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
October 12, 2019 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။
0
Sailing Ships (ရွက်သင်္ဘောများ)
ရွက်သင်္ဘောပုံစံပေါ်တွင် ရွှေဒင်္ဂါးအတုများထည့်ထားသော အဆောင်သည် အလွန်အစွမ်းထက်သော ဖုန်းရွှေအစီအရင်ဖြစ်သည်။ စီးပွားရေးတိုးတက်ပြီး ငွေကြေးကံကောင်းမည့် နိမိတ်ကိုဆောင်သည်။
Sculptures (ရုပ်တုများ)
ပန်းခြံ၏မြေကြီးထောင့်နေရာတွင် ရုပ်တုများထားခြင်းသည် ဖုန်းရွှေကောင်းကိုဖြစ်စေပြီး ကံကောင်းမှုကို ဆောင် ကြဉ်းပေးတတ်၏။ ရုပ်တုကို သစ်သား၊ ကျောက်၊ ကြွေတို့ဖြင့် ထုလုပ်ကာ အနောက်တောင်နှင့် အရှေ့မြောက်တို့တွင် ထားသင့်သည်။ သတ္တုရုပ်တုများကိုမှု အနောက်အရပ်နှင့် အနောက်မြောက်တို့တွင် ထားရသည်။ ရုပ်ထုတွင် အချွန်အတက်များ ထောင့်ချွန်းများမပါရန်ကား သတိပြုထုလုပ်ရမည်။
Seasons (ရာသီဥတုများ)
ရာသီဥတုတစ်ခုစီတွင် ၎င်းနှင့်ဆက်စပ်သောဓာတ်များ ရှိသည်။ ဆောင်းရာသီတွင် ရေဓာတ်၊ နွေဦးပေါက်ရာသီတွင် သစ်သား၊ နွေရာသီတွင် မီးဓာတ်၊ ဆောင်းဦးပေါက်သတ္တုဓာတ်တို့ ကြီးစိုးသည်။ ရာသီဥတုနှင့် တစ်ခုကြားတွင်မူ မြေကြီးဓာတ်စိုးမိုး၏။
Shade (အရိပ်)
နေရောင်ခြည်ကဲ့သို့ပင် အရိပ်သည်လည်း ယင်းနှင့်ယန်းဓာတ်ကို ဟန်ချက်ညီအောင်ပြုပေးသဖြင့် အရေးကြီးသည်။ ၎င်းသည် မည်သည့်ပတ်ဝန်းကျင်းတွင်မဆို လိုအပ်သည်။ မည်သို့ဆိုစေကာမှုနေရောင်ခြည်ရမည့်နေရာတွင် အရိပ်တွေ များများရှိနေပါက ယင်း စွမ်းအင် လိုတာထက်ပိုထွက်သဖြင့် မကောင်းပါ။
Shar Chi (ရှားချီ သို့မဟုတ် အပျက်ဓာတ်)
၎င်းသည် အဆိပ်မြှားမှထွက်လာသောမကောင်းသည့်ဓာတ်ဖြစ်ပြီး ယင်နှင့်ယန်း ဟန်ချက်မျှတမူကို ပျက်ယွင်းစေ၏။ ရှားချီ´ သည်ရှားချီ´ ခေါ် အပြုဓာတ်နှင့် ဆန်ကျင်ဖက်ဖြစ်၏။ ရှားချီ´ ကိုဖုန်းရွှေနည်းမျိုးစုံဖြင့် ချေဖျက်ရ၏။ Sharp Edges (ချွန်ထက်သောအစွန်းများ) ထောင့်များ (သို့မဟုတ်) အဆောက်အဦးများမှထိုးထွက်နေသော ချွန်ထက်သော အစွန်းများသည် ရှားချီ ခေါ် အပျက်ဓာတ်ကိုဖြစ်ထွန်းစေ၏။ အကယ်၍သင့်အိမ်ကို မျက်နှာချင်းဆိုင်အိမ်မှ ချွန်ထက်သောအစွန်းက ထိုးဝင်နေလျှင် ၎င်းကို မိမိအိမ်မှမမြင်ရအောင် ကာကွယ်ပိတ်ဆို့ထားရမည်။ အကောင်းဆုံးနည်းများယင်းပါ့ကွအင်း´ မှန်ချပ်ကိုတပ်ကာ တန်ပြန်ဓာတ်ဆင်ရမည်။
Sheng Chi (ရှင်းချီ(သို့မဟုတ်) အပြုဓာတ်)
၎င်းသည် နဂါး၏စကြဝဠာဓာတ်ဖြစ်ကာ စွမ်းအင်နှင့်ကြီးထွားမှုကိုဖြစ်စေ၏။ ရှင်းချီ´ ကို သင်ရအောင်ချုပြီးယူတတ်လျှင် သင့်အဖို့ ကျန်းမာရေးကောင်းကာ၊ ဥစ္စာဓနကြွယ်ဝချမ်းသာပြီး ငြိမ်းအေးချမ်းသာယာသော ဘဝကိုရလိမ့်မည်။
Silver (ငွေ) ခရမ်းရောင်နှင့်ပေါင်းစပ်လျှင် အလွန်မင်္ဂလာရှိသော အရောင်ဖြစ်သည်။ တရုတ် ဘာသာဖြင့်ငွေ´ ကို ငန်´ ဟုခေါ်၏။ခရမ်းရောင်´ကို ချီး´ ဟုခေါ်၏။ နှစ်ခုပေါင်းတော့ငန်းချီး´ ဖြစ်၏။ ငန်ချီး´ ၏ အဓိပ္ပါယ် ပိုက်ဆံဖြစ်သည်။ဖုန်းရွှေ´ ပညာအရ ငွေ´သည် သတ္တုဓာတ်ဖြစ်ကာ အနောက်အရပ်နှင့် အနောက်မြောက်အရပ်ကို ကြီးစိုး၏။
Sleeping Positions (အိပ်ရမည့်တည်နေရာ) ဖုန်းရွှေသံလိုက်အိမ်မြှောင်´အရ လူတစ်ဦးစီးတွင် ကွနံပတ်´ များရှိ၏။ ၎င်းသည် လူတစ်ဦးစီ၏ အကောင်းဆုံး အိပ်ရန်နေရာ လေးမျိုးနှင့် အဆိုးဆုံးအိပ်ရန်နေရာ လေးမျိုးကိုပြဆို၏။ မိမိ၏ အကောင်းဆုံးအရပ်မျက်နှာလေးမျိုးအနက် တစ်မျိုးမျိုးကို ရွေးချယ်ကာ ခေါင်းပြုအိပ်ရ၏။ Slopes (ဆင်ခြေလျောများ) ဆင်ခြေလျော၏ အောက်ခြေတွင် မနေအပ်။ ဆင်ခြေလျော၏ထိပ်ဆုံးတွင်လည်း မနေသင့်။ ဆင်ခြေလျော၏ အလည်တွင်သာနေရမည်။ ထိပ်ဆုံးတွင်နေလျှင် တတ်များရောထွေးမှုကိုခံရတတ်၊ ဓာတ်ရှုတ်တတ်၏။ ဆင်ခြေလျော၏ အောက်ဆုံးတွင်နေလျှင်ချီ´ ဓာတ်သော ကောင်းသောဓာတ် နစ်မြုပ် သွားတတ်၏။
Small Water (ရေပန်းငယ်များ)
သဘာဝအလျောက်စမ်းချောင်းလေးက မိမိ၏ အိမ်ပတ်ပတ်လည်တွင်စီးဆင်နေလျှင် အကောင်းဆုံးဖြစ်၏။ ထိုသို့မဟုတ်လျှင် မိမိဘာသာမိမိရေတံခွန်၊ ရေပန်းငယ်များပြုလုပ်ထားရ၏။ လူလုပ်မြောင်းကလေးများ၊ ကန်ငယ်လေးများသည် ဖုန်းရွှေကို ပိုကောင်းစေသည်။
Social Life (လူမှုဘဝ)
မိမိ၏ လူမှုဘဝပိုမိုတိုးတက်မြင့်မားစေရန် မိမိခြံဝင်းအတွင်း အနောက်တောင်ထောင့်တွင် တောက်ပသော မီးတိုင်တစ်ခုထွန်းညှိထားရမည်။ ၎င်းသည်မြေကြီး (အကြီး) ဓာတ်နေရာဖြစ်၍ စွမ်းအင်ကြီးမားစွာရှိသောနေရာဖြစ်၏။ ခြံနှင့်ဝင်းနှင့် မနေနိုင်ပဲ တိုက်ခန်းနှင့် နေသူဖြစ်ပါကလည်း မိမိတိုက်ခန်း၏ အနောက်တောင်ထောင့်နေရာတွင် မီးထွန်းပေးရမည်။ မီးလုံးတစ်လုံးထွန်းတာထက် နှစ်လုံးထွန်းတာက ပိုကောင်းသည် အနောက်တောင်ထောင့်၏ စိုးမိုးဂဏန်းက နှစ်ဖြစ်သောကြောင့်ဖြစ်၏။ အထူးသဖြင့် အနီရောင်မီးလုံးက ပိုအစွမ်းထက်၏။ အနီရောင်သည်ယန်းစွမ်းအင်´ ကိုပိုမို၍ အားပေး၏။ မီးတိုင်က မနိမ့်လွန်း၊ မမြင်လွန်းစေရ။ အနည်းဆုံးကြမ်းပြင်မှနေ၍ ငါးပေမြင့်ရမည်။ မျက်နှာကျက်ပေါ်မှထွန်းလျှင် ဓာတ်ကြိုးက အနည်းဆုံးငါးပေကျနေရမည်။ အိပ်ခန်းထဲတွင် မထွန်းရန်ကား သတိပြုပါ။
South(တောင်အရပ်)
ဖီးနစ်ခေါ် မသေငှက်´ ၏ နေရာ၊ နွေရာသီကိုယ်စားပြုအရပ်ဖြစ်၏။ တောင်အရပ်သည် ထင်ရှားကျော်ကြားမှုကို ကိုယ်စားပြု၏။ မိမိအိမ်၏ အိမ်ရှေ့သည် တောင်အရပ်ဖြစ်လျှင် ဖုန်းရွှေအလွန်ကောင်း၏။ အိမ်ထဲမှဧည့်ခန်း၏ တောင်ဖက်ခြမ်းတွင် မီးထိန်ထိန်ထွန်းပေးပါ။ ထိုထောင့်တွင် အနီရောင်ပစ္စည်းတစ်ခုခု ထားပေးခြင်းကပိုကောင်း၏။ Southeast (အရှေ့တောင်) ဝင်ငွေပိုကောင်းလိုလျှင် ဤထောင့်တွင် ပိုမိုအားကောင်းရန်ုလုပ်ပေးရမည်။ ဤထောင့်တွင် အပင်ထားပါ။ ရေတံခွန်ထားပါ။ ငါးကန်ထားပါ။ ၎င်းသည်ငွေကံကို ပိုကောင်းစေနိုင်သည်။ Southwest (အနောက်တောင်) ဤထောင့်သည်ယင်း´ ကြီးစိုးသောထောင့်ဖြစ်သဖြင့် ယင်း´ စွမ်းအင်ပိုမိုမြင့်မားအောင် လုပ်ပေးရ၏။ မိသားစုတွင်းမှ မိခင်ဓာတ်ကို ပို၍အားပေး၏။ အိမ်၏ ဤထောင့်နေရာတွင် မီးဖိုသို့မဟုတ် အိမ်သာမထားရ။ ဤ ထောင့်ကောင်းလျှင် ကောင်းသလိုကလေးများ၏ အိမ်ထောင်ရေးပါ ကောင်းတတ်၏။ Spring (နွေဦးပေါက်) ဤရာသီဥတုသည် သစ်သားဓာတ်၏ ရာသီဥတုဖြစ်ကာ၊ ဤရာသီတွင်စီးပွားရေးလုပ်ငန်းသစ် စတင်ပြုလုပ်သင့်သည်။ ထုတ်ကုန်ပစ္စည်းသစ်ကို ထုတ်လုပ်သင့်သည်။ Statues (ရုပ်ထုများ) ဖခင်၏ရုပ်ထုကို အိမ်၏ အနောက်မြောက်ဖက်တွင် ထားရမည်။ အခြားသောမိသားစုဝင်များ၏ ရုပ်ထုများကိုမှု ၎င်းတို့နှင့် သင့်လျော်သောနေရာများတွင် ထားနိုင်၏။ အထူးသဖြင့်ရုပ်ထုများကို အနောက်ဘက်(သို့) အရှေ့မြောက်ဘက်တွင်ထားခြင်းသည် အကောင်းဆုံးဖုန်းရွှေကိုဖြစ်စေ၏။ Steps(လှေကားထစ်များ) အိမ်အနောက်ဘက်လှေကားက အိမ်ရှေ့လှေကားထက်မြင့်ရမည်။ လက်ဝဲဖက်ခြမ်းလှေကားက လင်္ကျာဖက်ခြမ်းလှေကားထက် ပိုမြင့်မည်။ အကယ်၍ သင့်အိမ်သည် လမ်းထက်ပိုမြင့်သည့်နေရာတွင်ရှိနေပြီး၊ လမ်းပေါ်မှနေ၍ အိမ် သို့မဟုတ် လှေကားထစ်များဖြင့်တက်သွားလျှင် အလွန်မင်္ဂလာရှိလှသည်ဟုဖုန်းရွှေပညာကဆို၏ Streams (စမ်းချောင်းများ) ရေစီးနှေးသော သန့်စင်သည့်ရေစီးဆင်းသည့် စမ်းချောင်းသည် အကောင်းဆုံးဖုန်းရွှေကိုဖြစ်စေ၏။ ထိုသို့သောစမ်းချောင်းများ သင့်အိမ်ရှေ့တွင်ရှိလျှင်၊ အိမ်ရှေ့သို့ သွယ်တန်းယူပါ။ အိမ်ရှေ့တံခါးမကြီး၏ ရှေ့တွင်စမ်းချောင်းလေးစီးဆင်းနေခြင်းက မင်္ဂလာအရှိဆုံးအနေအထားဖြစ်၏။ Succulents (အရည်ရွှမ်းသောအသီးပင်များ) ခြံထဲတွင် အရည်ရွှမ်းသောအပင်များ ရှိခြင်းသည် အလွန်မင်္ဂလာရှိသဖြင့် ကောင်းစွာရေလောင်းကာရှင်သန်အောင် ပြုစုပျိုးထောင်ပါ။ ဆူးမရှိသော အရည်ရွမ်းသည့် ရှားစောင်းပင်သည် ကျောက်စိမ်းကို အစားထိုးနိုင်လောက်သည့်အကောင်းဆုံးအဆောင်ဖြစ်သည်။ Sun Trigrams (ဆွန်းတြိရေခါ) ယန်းမျဉ်းကြောင်းနှစ်ခုအပေါ်မှရှိကာ၊ အောက်မှ မျဉ်းပြတ် ယင်းမျဉ်းကြောင်းရှိသော တြိရေခါကိုဆွန်တြိရေခါ´ ဟုခေါ်၏။ ၎င်းကို ပါ့ကွအင်း´ ၏အရှေ့တောင်နေရာတွင် ထားရသည်။ ၎င်း၏ ကိုယ်စားပြုဓာတ်ကသစ်သားဓာတ်´ ဖြစ်ကာ၊ သမီးအကြီးဆုံး၏ ဓာတ်ဖြစ်၏။
Sunlight (နေရောင်ခြည်)
နေရောင်ခြည်ကို အိမ်ထဲဝင်စေရမည်။ ၎င်းသည်ယန်းစွန်းအင်´ ဖြစ်၏။ ပြတင်းပေါက်များ၊ တံခါးများကို နေရောင်ခြည်ဝင်နိုင်သောနေရာတွင် ဖောက်ထားရမည်။ Swimming Pools (ရေကူးကန်များ) ရေကူးကန်တည်နေရာ အမှားခံ၍မရ။ မှားလျှင် ပြဿနာတက်တတ်၏။ ရေကူးကန်ကို အိမ်ရှေ့တံခါးမကြီး၏ (အိမ်ထဲမှနေ၍ အပြင်သို့ကြည့်လျှင်ရှိသော၀ လက်ဝဲဖက်ခြမ်းတွင် သာထားရမည်။ ထိုသို့မဟုတ်လျှင် အိမ်ထောင်ပြိုကွဲတတ်သည်။ ရေကူးကန်ကိုလေးထောင်စပ်စပ် သို့မဟုတ် စတုဂံပုံမထားရ။ ရေကူးကန်၏ထောင့်စွန်များက ကွေ့ဝိုက်နေရမည်။ ရေကူးကန်ကို အိမ်၏ အချိုးအစားထက်ပို၍မကြီးစေရ။ (ရေများလွန်းလျှင် ရေလွှမ်းမိုးတတ်၊ ရေနစ်တတ်သည်။) ရေသိပ်များခြင်းက အန္တရယ်ဖြစ်စေသည်။ ရေကန်ဘောင်အထိ ရေလျှံခြင်းသည် ကံဆိုးမှုကိုဖြစ်ထွန်းစေ၏။ ရေကန်မှ ရေလျှံခြင်းမဖြစ်စေရန်၊ မြောင်းငယ်လေးများသွယ်ပြီး အပြင်ထုတ်ပစ်ရမည်။ ထိုသို့ဖြစ်မှသာ သင့်အိမ်ကို ဦးတည်လာနေသောချီ´ ဓာတ်ကို ဟန်ချက်ညီညှိပေးနိုင်ပြီး မင်္ဂလာရှိသောနိမိတ်ကို ဆောင်ကျဉ်းပေးနိုင်မည်။
Symbols (သင်္ကေတများ)
ဖုန်းရွှေပညာတွင် ကွဲပြားခြင်းနားသော သင်္ကေတများစွာရှိ၏။ ကောင်းသောသင်္ကေတများကို နေရာမှန်အောင် ထားရှိတတ်ခြင်းအားဖြင့် ဖုန်းရွှေပိုကောင်းအောင်လုပ်ဆောင်ပေးနိုင်သည်။
Zawgyi ဖြင့်ဖတ်ရန်
ဖုန်းရွှေအဘိဓာန်
Seasons (ရာသီဥတုများ)
Shade (အရိပ်)
Silver (ငွေ)
Social Life (လူမှုဘ၀)
South(တောင်အရပ်)
Southeast (အရှေ့တောင်)
Spring (နွေဦးပေါက်)
Statues (ရုပ်ထုများ)
Steps(လှေကားထစ်များ)
Sunlight (နေရောင်ခြည်)
Symbols (သင်္ကေတများ)
Download eBook version as a FREE!
ဆက်စပ်ဆောင်းပါးများ
၂၀၂၀ ခုနှစ်အတွက် ရာသီခွင်အလိုက် ရုံးအသုံးအဆောင်ဖုန်းရွှေ
၂၀၂၀ ခုနှစ်အတွက် ရာသီခွင်အလိုက် ရုံးအသုံးအဆောင်ဖုန်းရွှေ
ရုံးခန်းဖုန်းရွှေ
ရုံးခန်းဖုန်းရွှေ
ဖုန်းရွှေအဘိဓာန်
ဖုန်းရွှေအဘိဓာန်