ဖုန်းရွှေအဘိဓာန်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
October 5, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

0

Quartz Crystal (ကွပ်ဇ်သလင်းကျောက်)
အနောက်တောင်ထောင့် အရပ်ဒေသအတွက် အားဖြည့်ရန် ရည်ရွယ်ချက်ဖြင့် ချစ်ခြင်းမေတ္တာ ကံကောင်းစေရန် ဆိုးသော အဆောင်ပစ္စည်းဖြစ်သည်။ သဘာဝတွင်းထွက် သလင်းကျောက်များသည် မြေကြီးဓာတ်အင်အား အပြင်းဆုံးပစ္စည်းဖြစ်ပြီး၊ အနောက်တောင်နှင့် အရှေ့မြောက်အရပ်တို့တွင် ထားရှိအပ်၏။ ၎င်းအရပ်ဒေသတို့မှာ လူငယ်မျိုးဆက်တို့ အထူးစိတ်အားထက်သန်ကြသော အရပ်များဖြစ်၏။ အနောက်တောင်က ချစ်ခြင်းမေတ္တာနှင့် လူမှုဘဝကို ကိုယ်စားပြုကာ၊ အရှေ့မြောက်က ပညာရေးကံကိုကောင်းစေ၏။


Quite Areas (တိတ်ဆိတ်သောနေရာများ)
အိမ်တစ်အိမ်တွင် အိပ်ခန်းသည်ငြိမ်ချမ်း တိတ်ဆိတ်နေရမည့် နေရာဌာနဖြစ်၏။ ယင်းချီဓာတ်က ယန်းချီဓာတ်ထက် ပိုမိုအားကောင်းရမည်။ မည်သို့ဆိုစေကာမှု၊ အိမ်တစ်အိမ်လုံးက အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေလျှင်ကား ကံကြမ္မာလည်း အိပ်နေမည်ဖြစ်၍ မကောင်းလှပါ။ ထိုအခါ ကံကောင်းမှုများလည်း ပုပ်သိုးထိုင်းမှိုင်းနေပါမည်။


Real Estate (အိမ်ခြံမြေလုပ်ငန်း)
စီးပွားရေးကို အထောက်အကူပြုသည်မှာ မြေကြီးဓာတ်ဖြစ်၏။ မည်သည့် စီးပွားရေးလုပ်ငန်းမဆို မြေကြီးဓာတ်ကို အားပေး၏။ အလုပ်များကိုလုပ်မှသာ စီးပွားတိုးတက်မည် ကံကောင်းစေသော သင်္ကေတများအနေနှင့် သလင်းကျောက်၊ စဉ်အိုးကြီး၊ မြေအိုးကြီး၊ တန်ဆာဆင် ကျောက်မျက်ရတနာများကို သုံးရမည်။ ၎င်းတို့ကို မြေကြီးဓာတ် ကိုယ်စားပြုနေရာများဖြစ်ကြသော အနောက်တောင်အရပ်(သို့) အနောက်မြောက် အရပ်များတွင် ထားရှိပါက ပိုမိုအစွမ်းထက်မြက်မည်။
Rectangular shape (ထောင့်မှန်စတုဂံပုံသဏ္ဍာန်များ)
ပို၍မင်္ဂလာရှိသော ပစ္စည်းများ သစ်သားထည်ပစ္စည်းများ ဖြစ်၏။ သစ်သားထည်ပစ္စည်းများဖြစ်၏။ သစ်သားဓာတ်၏ အနှစ်သာရများ ကြီးထွားစည်ပင်မှုကို ကိုယ်စားပြု၏။ အထူးသဖြင့် သစ်သားဖြင့် ပြုလုပ်ထားသော ထောင့်မှန်စတုဂံ ပစ္စည်းများသည် ကြီးထွားဖွံ့ ဖြိုးမှုကို ပိုမိုဖြစ်ထွန်းစေ၏။
Red (အနီရောင်)
အနီရောင်သည် လူကြိုက်အများဆုံးနှင့် မင်္ဂလာအရှိဆုံး အရောင်ဖြစ်၏။ ယန်းဓာတ်၏ အရောင်ကလည်း အနီရောင်ပင်ဖြစ်၏။ ၎င်းသည်တြိရေခါ “လီ” ကို ကိုယ်စားပြုကာ၊ မီးဓာတ်၏ သင်္ကေတဖြစ်၏။ အထူးသဖြင့် “ယန်း”စွမ်းအား လျော့နည်းသော ဆောင်းရာသီတွင် အနီရောင်ကို ပိုသုံးရ၏။ မင်္ဂလာရှိသော ပျော်ရွှင်စရာ ကိစ္စရပ်အားလုံးတွင် အနီရောင်ကိုသုံးရ၏။ အိမ်ရှေ့ခန်းတွင် အနီရောင်များများ ပါသောပစ္စည်းများ၊ ရုပ်ပုံကားချပ်များကို ထားရမည်။ အနီရောင်ကို လိုတာထက်ပိုမသုံးရ။ လိုတာထက် ပိုသုံးလျှင်ကား ကြီးမားသောပြဿနာများ ကြုံတတ်၏။ မီးကိုချင့်ချိန်စွာ မသုံးတတ်လျှင် မီးလောင်ပြာကျတတ်သည့် သဘောဖြစ်၏။ မည်သို့ဆိုစေ အနီရောင်ကို ချင့်ချိန်တက်လျှင်ကား မိမိအတွက် အကျိုးကျေးဇူးရှိနိုင်၏။


Red Thread (အနီရောင်အပ်ချည်ကြိုး)
ယန်းစွမ်းအင်ကို ပိုမိုအစွမ်းထက်စေရန်၊ မင်္ဂလာရှိသော သင်္ကေတပစ္စည်းများကို အနီရောင်ကြိုးနှင့် ချည်ရ၏။ အနီရောင်ကြိုးနှင့် ချည်လျှင် ကံကောင်းမှုတွေ ပိုဆောင်ကျဉ်းပေးနိုင်၏။ “ယန်းစွမ်းအင်”ကို တိုးပွားစေရန် အနီရောင်ကြိုးဖြင့် ချည်နှောင်သုံးစွဲရ၏။ ဒင်္ဂါးပြားများကို အပေါက်ဖောက်ကာ အနီရောင်ကြိုးဖြင့် ချည်ရ၏။ ကံကောင်းစေသော ပစ္စည်းများတွင် အနီရောင်ကြိုးချည်လိုက်လျှင် စွမ်းပကားပိုတက်စေ၏။ ကျောက်တုံး (သို့) ခြေသုံးချောင်းဖားရုပ်တို့တွင် အနီရောင်ကြိုးချည်လိုက်ခြင်းအားဖြင့် ကံကြမ္မာ ပိုမိုထက်မြက်အားကောင်းလာစေမည်။


Refrigrators (ရေခဲသေတ္တာများ)
ရေခဲသေတ္တာကို မီးဖိုချောင်တွင်ထားလျှင် မည်သည့်အခါမှ၊ မီးဖိုဘေးမှာမထားပါနှင့်။ ရေဓာတ်နှင့် မီးဓာတ်မတည့်၍ ဖြစ်၏။ ရေခဲသေတ္တာ၊ ပန်ကန်ဆေးစက်၊ အဝတ်လျှော်စက် စသည်တို့သည် ရေဓာတ်ကို ကိုယ်စားပြု၏။ မီးဖိုက မီးဓာတ်ကို ကိုယ်စားပြု၏။ ၎င်းတို့ကို မျက်နှာချင်းဆိုင်လည်း မထားသင့်။ ထိုသို့ထားလျှင် ဖုန်းရွှေပျက်၏။
Rice Urn (ဆန်အိုး)
တရုတ်လူမျိုးများအဖို့ ဆန်အိုးသည် မိသားစု၏ ကံကြမ္မာအတက်အကျကို ၆ ဆိုသော သင်္ကေတပင်ဖြစ်၏။ ရိုးရာအစဉ်အလာကို ထိန်းသိမ်းသော တရုတ်လူမျိုး မိသားစုများက ဆန်အိုးကို သေသေချာချာ ဂရုစိုက်ကြ၏။ ဆန်သည်မိမိတို့၏ အသက်သခင်ဖြစ်၍ ရိုရိုသေသေထားရ၏။ ရှေးခေတ်ကဆိုလျှင် မိဘဘိုးဘွားများက ဆန်အိုးကို မိသားစုထဲမှသာ အကြီးဆုံးကိုအမွေပေးကြ၏။ မိသားစုမျိုးရိုးစဉ်ဆက် ထိုဆန်အိုးကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ကြရ၏။ ဆန်အိုးကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကောင်းစွာထိန်းသိမ်းခြင်းအားဖြင့် မိသားစုအစဉ်အဆက်စီးပွားဥစ္စာ၊ ဆန်ရေ စပါး တိုးတက်ပေါကြွယ်ခြင်းဖြစ်ကြ၏။ ဆန်အိုးကို “ဓနသိဒ္ခိအိုး” အနေနှင့် တန်ဖိုးထားကြ၏။ ဆန်အိုးကို လူမြင်ကွင်းတွင် မထားရ။ လူမမြင်မည့်နေရာတွင် ထားရ၏။ မိမိတို့စီးပွားဥစ္စာများကိုလူမြင်သူမြင်မခံပဲ လုံခြုံစိတ်ချစွာ ထားသည့်သဘောဖြစ်၏။ ဆန်အိုးအောက်ခြေတွင် ရွှေဒင်္ဂါးကိုအိပ်အနီဖြင့် ထည့်ပြီးထားရ၏။ တရုတ်နှစ်သစ်ကူး ကာလရောက်တိုင်း ဤရွှေဒင်္ဂါးကိုအသစ်လဲပေးရ၏။ ဤသို့ဖြင့် နှစ်စဉ်နှစ်တိုင်း စီးပွားတိုးမည်ဟု ယုံကြည်ကြ၏။ ဆန်အိုးကို အဖုံးအမြဲပိတ်ထားရမည်။ ဆန်အိုးကို အလွန်မာကျောခိုင်ခန့်သော စဉ်အိုးကြီးများကို သုံးရမည်။


Rivers (မြစ်များ)
အိမ်မှနေ၍ ကြည့်လိုက်လျှင် ဖြည်းညှင်းစွာ စီးဆင်းနေသောမြစ်ရေကို မြင်ရခြင်းသည် အလွန်အမင်္ဂလာရှိ၏။ မြစ်များကကွေ့ဝိုက်ပြီ၊ ဖြည်းညှင်းစွာ စီးဆင်းနေခြင်းသည်ကောင်းသော“ချီ” ဓာတ်ကိုဖြစ်စေ၏။ အထူးသဖြင့် မြစ်ရေက ကြည်လင်သန့်ရှင်းနေလျှင် ပိုကောင်း၏။ မြစ်ရေက ပုပ်ဟောင်းညစ်နွမ်းနေပါက ဖုန်းရွှေမကောင်း။ မြစ်ရေ စီဆင်းမှုလားရာကိုလည်းကြည့်ရသေး၏။
အကယ်၍ သင်၏တံခါးမကြီးမှ မြောက်ဖက်၊ တောင်ဖက်၊ အရှေ့ဖက် သို့မဟုတ် အနောက်ဖက်ကို ကြည့်လိုက်လျှင် မြစ်က လက်ဝဲမှလယျာ်သို့ စီးသင့်၏။ သို့မှသာ ဖုန်းရွှေကောင်း၏။
အကယ်၍သင်၏တံခါးမမှကြည့်၍ အရှေ့တောင်၊ အနောက်တောင်၊ အရှေ့မြောက်သို့မဟုတ် အနောက်မြောက်တွင် မြစ်က လယျာ်မှ လက်ဝဲသို့ စီးသင့်၏။ သို့မှသာဖုန်းရွှေကောင်း၏။
Roads (လမ်းများ)
ဝိုင်းပတ်လာသော လမ်းများသည် လားရာအရပ်ဒေသနှင့် အနိမ့်အမြင့်ပေါ်မူတည်ပြီး ဖုန်းရွှေအဆိုးအကောင်းများ ရှိတတ်သည်။ အိမ်ကို တိုက်ရိုက်ဦးတည်လာသော လမ်းများက ဖုန်းရွှေမကောင်း။ ၎င်းကိုကာကွယ်၍ မှန်တပ်ပြီး ကာရမည်။ သို့မဟုတ် ခြံစည်းရိုးအကာအရံများလုပ်၍ ကာရံမည်။ လမ်းဆုံလမ်းခွနေရာများတွင် နေထိုင်သူများအတွက်ကား ယေဘူယျအားဖြင့် မကောင်းဟုသာဆိုရမည်။
Rock (ကျောက်တုံး)
ရေချိုးခန်းတွင် ကျောက်တုံးသို့ ကျောက်ခဲအကြီးစားများ ထားတာကမကောင်း။ အိမ်၏မြောက်ဖက်ခြမ်းတွင် အိမ်သာရှိပါက ကျောက်တုံးကြီးတစ်ခုကို ကြိုးအနီချည်ပြီး အကာကွယ်လုပ်ထား၍ရ၏။ မြောက်ဖက်အရပ်တွင် အိမ်သာရှိခြင်းသည် အလုပ်ကို ထိခိုက် စေတတ်၏။ ပန်းခြံ၏ အရှေ့မြောက်နှင့် အနောက်တောင်တို့တွင် ကျောက်တုံးချထားခြင်းကား ကံကောင်းမှုကိုဖြစ်စေ၏။ ပန်းခြံထဲတွင် ကျောက်တုံးလေးများ ထားခြင်းသည် မြေကြီးဓာတ်ကို တိုးပွားစေ၏။ မိသားစုအချင်းချင်း မိတ်ဆွေသားချင်း အချင်းချင်း ဆက်ဆံရေး ပိုကောင်းစေ၏။
Romance (အချစ်)
အိပ်ခန်း(သို့) အိမ်၏ အနောက်တောင်ထောင့်တွင် ချစ်ရေးချစ်ရာကို တိုးတက်စေရန် လုပ်၍ရ၏။ အနောက်တောင် ထောင့်သည် မေတ္တာရေးရာနှင့် အိမ်ထောင်ရေး ကံကြမ္မာတို့ တည်ရှိရာနေရာဖြစ်၏။ ထိုနေရာတွင် မေတ္တာပူးပေါင်းမှု စသည်တို့နှင့် ပတ်သက်သော သင်္ကေတပစ္စည်းများကို ထားရှိရ၏။ ငန်းဖိုငန်းမ စုံတွဲရုပ်ထု၊ သလင်းကျောက် အစိုင်အခဲများ စသည်တို့ကို ဤရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင် အသုံးပြုနိုင်၏။


Rooftops (အိမ်ခေါင်မိုးများ)
အိမ်ခေါင်မိုးပေါ်တွင် ရေဓာတ်နှင့် ပတ်သက်သောပစ္စည်းများ မထားသင့်။ ခေါင်းမိုးတွင် ပန်းခြံတစ်ခုရှိပြီး၊ မြောက်ဖက်ခြမ်းတွင် ငါးကန်ထားပါက သိပ်မကြီးစေရန် သတိပြုရမည်။ အိမ်ခေါင်မိုးတွင် ရေကူးကန်မထားရ။ ခေါင်းမိုးကို အပြာရောင်မသုတ်ရ။ အပြာရောင်သည် ရေဓာတ်ဖြစ်ပြီး တောင်ကျရေစီဆင်းသည့် ပမာဖြစ်သဖြင့် ပျက်စီးခြင်းကိုရောက်စေ၏။
Rooms (အခန်းများ)
အိမ်တစ်အိမ်၏ အခန်းများသည် သူထောင့်နှင့်သူ ရှိကြသည်။ ဖခင်၏အိပ်ခန်းသည် အနောက်မြောက်၊ မိခင်၏အိပ်ခန်းသည်အနောက်တောင်၊ သားငယ်များကအရှေ့၊ သမီးငယ်များကအနောက်ဖက်ခြမ်းများ၍ နေရာယူသင့်၏။ ဤအရပ်က ယေဘူယျသဘောဖြစ်ကာ၊ အသေးစိတ်တွက်ချက်မှုများဖြင့် မိမိနှင့် ကံကောင်းသည့် အရပ်ဒေသကိုရွေးရ၏။

Round (အဝိုင်း)
အဝိုင်းသည် ရွှေဓာတ်ကိုကိုယ်စားပြုသော သတ္တုဓာတ်ဖြစ်၏။ ၎င်းတို့ကို အနောက်၊ အနောက်မြောက်နှင့် မြောက်အရပ်တို့တွင် ထားသင့်၏။ ၎င်းတို့ကိုအိမ်ထောင့်(သို့) ပန်းခြံတွင်ထားရ၏။

Zawgyi ျဖင့္ဖတ္ရန္

ဖုန္းေရႊအဘိဓာန္

Quartz Crystal (ကြပ္ဇ္သလင္းေက်ာက္)

          အေနာက္ေတာင္ေထာင့္ အရပ္ေဒသအတြက္ အားျဖည့္ရန္ ရည္ရြယ္ခ်က္ျဖင့္ ခ်စ္ျခင္းေမတၱာ ကံေကာင္းေစရန္ ဆိုးေသာ အေဆာင္ပစၥည္းျဖစ္သည္။ သဘာ၀တြင္းထြက္ သလင္းေက်ာက္မ်ားသည္ ေျမႀကီးဓာတ္အင္အား အျပင္းဆံုးပစၥည္းျဖစ္ၿပီး၊ အေနာက္ေတာင္ႏွင့္ အေရွ႕ေျမာက္အရပ္တို႔တြင္ ထားရွိအပ္၏။ ၄င္းအရပ္ေဒသတို႔မွာ လူငယ္မ်ိဳးဆက္တို႔ အထူးစိတ္အားထက္သန္ၾကေသာ အရပ္မ်ားျဖစ္၏။ အေနာက္ေတာင္က ခ်စ္ျခင္းေမတၱာႏွင့္ လူမႈဘ၀ကို ကိုယ္စားျပဳကာ၊ အေရွ႕ေျမာက္က ပညာေရးကံကိုေကာင္းေစ၏။

Quite Areas (တိတ္ဆိတ္ေသာေနရာမ်ား)

          အိမ္တစ္အိမ္တြင္ အိပ္ခန္းသည္ၿငိမ္ခ်မ္း တိတ္ဆိတ္ေနရမည့္ ေနရာဌာနျဖစ္၏။ ယင္းခ်ီဓာတ္က ယန္းခ်ီဓာတ္ထက္ ပိုမိုအားေကာင္းရမည္။  မည္သို႔ဆိုေစကာမႈ၊ အိမ္တစ္အိမ္လံုးက အလြန္အမင္း တိတ္ဆိတ္ၿငိမ္သက္ေနလွ်င္ကား  ကံၾကမၼာလည္း အိပ္ေနမည္ျဖစ္၍ မေကာင္းလွပါ။ ထိုအခါ ကံေကာင္းမႈမ်ားလည္း ပုပ္သိုးထိုင္းမႈိင္းေနပါမည္။

Real Estate (အိမ္ၿခံေျမလုပ္ငန္း)

          စီးပြားေရးကို အေထာက္အကူျပဳသည္မွာ ေျမႀကီးဓာတ္ျဖစ္၏။ မည္သည့္ စီးပြားေရးလုပ္ငန္းမဆို ေျမႀကီးဓာတ္ကို အားေပး၏။ အလုပ္မ်ားကိုလုပ္မွသာ စီးပြားတိုးတက္မည္ ကံေကာင္းေစေသာ သေကၤတမ်ားအေနႏွင့္ သလင္းေက်ာက္၊ စဥ္အိုးႀကီး၊ ေျမအိုးႀကီး၊ တန္ဆာဆင္ ေက်ာက္မ်က္ရတနာမ်ားကို သံုးရမည္။ ၄င္းတို႔ကို ေျမႀကီးဓာတ္ ကိုယ္စားျပဳေနရာမ်ားျဖစ္ၾကေသာ အေနာက္ေတာင္အရပ္(သို႔) အေနာက္ေျမာက္ အရပ္မ်ားတြင္ ထားရွိပါက ပိုမိုအစြမ္းထက္ျမက္မည္။

Rectangular shape (ေထာင့္မွန္စတုဂံပံုသ႑ာန္မ်ား)

          ပို၍မဂၤလာရွိေသာ ပစၥည္းမ်ား သစ္သားထည္ပစၥည္းမ်ား ျဖစ္၏။ သစ္သားထည္ပစၥည္းမ်ားျဖစ္၏။ သစ္သားဓာတ္၏ အႏွစ္သာရမ်ား ႀကီးထြားစည္ပင္မႈကို ကိုယ္စားျပဳ၏။ အထူးသျဖင့္ သစ္သားျဖင့္ ျပဳလုပ္ထားေသာ ေထာင့္မွန္စတုဂံ ပစၥည္းမ်ားသည္ ႀကီးထြားဖြံ႔ ၿဖိဳးမႈကို ပိုမိုျဖစ္ထြန္းေစ၏။

Red (အနီေရာင္)

          အနီေရာင္သည္ လူႀကိဳက္အမ်ားဆံုးႏွင့္ မဂၤလာအရွိဆံုး အေရာင္ျဖစ္၏။ ယန္းဓာတ္၏ အေရာင္ကလည္း အနီေရာင္ပင္ျဖစ္၏။ ၄င္းသည္ႀတိေရခါ “လီ” ကို ကိုယ္စားျပဳကာ၊ မီးဓာတ္၏ သေကၤတျဖစ္၏။ အထူးသျဖင့္ “ယန္း”စြမ္းအား ေလ်ာ့နည္းေသာ ေဆာင္းရာသီတြင္ အနီေရာင္ကို ပိုသံုးရ၏။ မဂၤလာရွိေသာ ေပ်ာ္ရႊင္စရာ ကိစၥရပ္အားလံုးတြင္ အနီေရာင္ကိုသံုးရ၏။ အိမ္ေရွ႕ခန္းတြင္ အနီေရာင္မ်ားမ်ား ပါေသာပစၥည္းမ်ား၊ ရုပ္ပံုကားခ်ပ္မ်ားကို ထားရမည္။ အနီေရာင္ကို လိုတာထက္ပိုမသံုးရ။ လိုတာထက္ ပိုသံုးလွ်င္ကား ႀကီးမားေသာျပႆနာမ်ား ႀကံဳတတ္၏။ မီးကိုခ်င့္ခ်ိန္စြာ မသံုးတတ္လွ်င္ မီးေလာင္ျပာက်တတ္သည့္ သေဘာျဖစ္၏။ မည္သို႔ဆိုေစ အနီေရာင္ကို ခ်င့္ခ်ိန္တက္လွ်င္ကား မိမိအတြက္ အက်ိဳးေက်းဇူးရွိႏိုင္၏။

Red Thread (အနီေရာင္အပ္ခ်ည္ႀကိဳး)

          ယန္းစြမ္းအင္ကို ပိုမိုအစြမ္းထက္ေစရန္၊ မဂၤလာရွိေသာ သေကၤတပစၥည္းမ်ားကို အနီေရာင္ႀကိဳးႏွင့္ ခ်ည္ရ၏။ အနီေရာင္ႀကိဳးႏွင့္ ခ်ည္လွ်င္ ကံေကာင္းမႈေတြ ပိုေဆာင္က်ဥ္းေပးႏိုင္၏။ “ယန္းစြမ္းအင္”ကို တိုးပြားေစရန္ အနီေရာင္ႀကိဳးျဖင့္ ခ်ည္ေႏွာင္သံုးစြဲရ၏။ ဒဂၤါးျပားမ်ားကို အေပါက္ေဖာက္ကာ အနီေရာင္ႀကိဳးျဖင့္ ခ်ည္ရ၏။ ကံေကာင္းေစေသာ ပစၥည္းမ်ားတြင္ အနီေရာင္ႀကိဳးခ်ည္လိုက္လွ်င္ စြမ္းပကားပိုတက္ေစ၏။ ေက်ာက္တံုး (သို႔) ေျခသံုးေခ်ာင္းဖားရုပ္တို႔တြင္ အနီေရာင္ႀကိဳးခ်ည္လိုက္ျခင္းအားျဖင့္ ကံၾကမၼာ ပိုမိုထက္ျမက္အားေကာင္းလာေစမည္။

Refrigrators (ေရခဲေသတၱာမ်ား)

          ေရခဲေသတၲာကို မီးဖိုေခ်ာင္တြင္ထားလွ်င္ မည္သည့္အခါမွ၊ မီးဖိုေဘးမွာမထားပါႏွင့္။ ေရဓာတ္ႏွင့္ မီးဓာတ္မတည့္၍ ျဖစ္၏။ ေရခဲေသတၱာ၊ ပန္ကန္ေဆးစက္၊ အ၀တ္ေလွ်ာ္စက္ စသည္တို႔သည္ ေရဓာတ္ကို ကုိယ္စားျပဳ၏။ မီးဖိုက မီးဓာတ္ကို ကိုယ္စားျပဳ၏။ ၄င္းတို႔ကို မ်က္ႏွာခ်င္းဆိုင္လည္း မထားသင့္။ ထိုသို႔ထားလွ်င္ ဖုန္းေရႊပ်က္၏။

Rice Urn (ဆန္အိုး)

          တရုတ္လူမ်ိဳးမ်ားအဖို႔ ဆန္အိုးသည္ မိသားစု၏ ကံၾကမၼာအတက္အက်ကို ၆ ဆိုေသာ သေကၤတပင္ျဖစ္၏။ ရိုးရာအစဥ္အလာကို ထိန္းသိမ္းေသာ တရုတ္လူမ်ိဳး မိသားစုမ်ားက ဆန္အိုးကို ေသေသခ်ာခ်ာ ဂရုစိုက္ၾက၏။ ဆန္သည္မိမိတို႔၏ အသက္သခင္ျဖစ္၍ ရုိရုိေသေသထားရ၏။ ေရွးေခတ္ကဆိုလွ်င္ မိဘဘိုးဘြားမ်ားက ဆန္အိုးကို မိသားစုထဲမွသာ အႀကီးဆံုးကိုအေမြေပးၾက၏။ မိသားစုမ်ိဳးရိုးစဥ္ဆက္ ထိုဆန္အိုးကို ဂရုတစိုက္ ထိန္းသိမ္းေစာင့္ေရွာက္ၾကရ၏။ ဆန္အိုးကို မ်ိဳးဆက္တစ္ဆက္ၿပီးတစ္ဆက္ ေကာင္းစြာထိန္းသိမ္းျခင္းအားျဖင့္ မိသားစုအစဥ္အဆက္စီးပြားဥစၥာ၊ ဆန္ေရ စပါး တိုးတက္ေပါႂကြယ္ျခင္းျဖစ္ၾက၏။ ဆန္အိုးကို “ဓနသိဒိ္ၡအိုး” အေနႏွင့္ တန္ဖိုးထားၾက၏။ ဆန္အိုးကို လူျမင္ကြင္းတြင္ မထားရ။ လူမျမင္မည့္ေနရာတြင္ ထားရ၏။ မိမိတို႔စီးပြားဥစၥာမ်ားကိုလူျမင္သူျမင္မခံပဲ လံုၿခံဳစိတ္ခ်စြာ ထားသည့္သေဘာျဖစ္၏။ ဆန္အိုးေအာက္ေျခတြင္ ေရႊဒဂၤါးကိုအိပ္အနီျဖင့္ ထည့္ၿပီးထားရ၏။ တရုတ္ႏွစ္သစ္ကူး ကာလေရာက္တိုင္း ဤေရႊဒဂၤါးကိုအသစ္လဲေပးရ၏။ ဤသို႔ျဖင့္ ႏွစ္စဥ္ႏွစ္တိုင္း စီးပြားတိုးမည္ဟု ယံုၾကည္ၾက၏။ ဆန္အိုးကို အဖံုးအၿမဲပိတ္ထားရမည္။ ဆန္အိုးကို အလြန္မာေက်ာခိုင္ခန္႔ေသာ စဥ္အိုးႀကီးမ်ားကို သံုးရမည္။

Rivers (ျမစ္မ်ား)

          အိမ္မွေန၍ ၾကည့္လိုက္လွ်င္ ျဖည္းညႇင္းစြာ စီးဆင္းေနေသာျမစ္ေရကို ျမင္ရျခင္းသည္ အလြန္အမဂၤလာရွိ၏။ ျမစ္မ်ားကေကြ႔၀ိုက္ၿပီ၊ ျဖည္းညႇင္းစြာ စီးဆင္းေနျခင္းသည္ေကာင္းေသာ“ခ်ီ” ဓာတ္ကိုျဖစ္ေစ၏။ အထူးသျဖင့္ ျမစ္ေရက ၾကည္လင္သန္႔ရွင္းေနလွ်င္ ပိုေကာင္း၏။ ျမစ္ေရက ပုပ္ေဟာင္းညစ္ႏြမ္းေနပါက ဖုန္းေရႊမေကာင္း။ ျမစ္ေရ စီဆင္းမႈလားရာကိုလည္းၾကည့္ရေသး၏။

          အကယ္၍ သင္၏တံခါးမႀကီးမွ ေျမာက္ဖက္၊ ေတာင္ဖက္၊ အေရွ႕ဖက္ သို႔မဟုတ္ အေနာက္ဖက္ကို ၾကည့္လိုက္လွ်င္ ျမစ္က လက္၀ဲမွလယ်ာ္သို႔ စီးသင့္၏။ သို႔မွသာ ဖုန္းေရႊေကာင္း၏။

          အကယ္၍သင္၏တံခါးမမွၾကည့္၍ အေရွ႕ေတာင္၊ အေနာက္ေတာင္၊ အေရွ႔ေျမာက္သို့မဟုတ္ အေနာက္ေျမာက္တြင္ ျမစ္က  လယ်ာ္မွ လက္၀ဲသို႔ စီးသင့္၏။ သို႔မွသာဖုန္းေရႊေကာင္း၏။

Roads (လမ္းမ်ား)

          ၀ိုင္းပတ္လာေသာ လမ္းမ်ားသည္ လားရာအရပ္ေဒသႏွင့္ အနိမ့္အျမင့္ေပၚမူတည္ၿပီး ဖုန္းေရႊအဆိုးအေကာင္းမ်ား ရွိတတ္သည္။ အိမ္ကို တိုက္ရုိက္ဦးတည္လာေသာ လမ္းမ်ားက ဖုန္းေရႊမေကာင္း။ ၄င္းကိုကာကြယ္၍ မွန္တပ္ၿပီး ကာရမည္။ သို႔မဟုတ္ ၿခံစည္းရိုးအကာအရံမ်ားလုပ္၍ ကာရံမည္။ လမ္းဆံုလမ္းခြေနရာမ်ားတြင္ ေနထိုင္သူမ်ားအတြက္ကား ေယဘူယ်အားျဖင့္ မေကာင္းဟုသာဆိုရမည္။

Rock (ေက်ာက္တံုး)

          ေရခ်ိဳးခန္းတြင္ ေက်ာက္တံုးသို႔ ေက်ာက္ခဲအႀကီးစားမ်ား ထားတာကမေကာင္း။ အိမ္၏ေျမာက္ဖက္ျခမ္းတြင္ အိမ္သာရွိပါက ေက်ာက္တံုးႀကီးတစ္ခုကို ႀကိဳးအနီခ်ည္ၿပီး အကာကြယ္လုပ္ထား၍ရ၏။ ေျမာက္ဖက္အရပ္တြင္ အိမ္သာရွိျခင္းသည္ အလုပ္ကို ထိခိုက္ ေစတတ္၏။ ပန္းၿခံ၏ အေရွ႕ေျမာက္ႏွင့္ အေနာက္ေတာင္တို႔တြင္ ေက်ာက္တံုးခ်ထားျခင္းကား ကံေကာင္းမႈကိုျဖစ္ေစ၏။ ပန္းၿခံထဲတြင္ ေက်ာက္တံုးေလးမ်ား ထားျခင္းသည္ ေျမႀကီးဓာတ္ကို တိုးပြားေစ၏။ မိသားစုအခ်င္းခ်င္း မိတ္ေဆြသားခ်င္း အခ်င္းခ်င္း ဆက္ဆံေရး ပိုေကာင္းေစ၏။

Romance (အခ်စ္)

အိပ္ခန္း(သို႔) အိမ္၏ အေနာက္ေတာင္ေထာင့္တြင္ ခ်စ္ေရးခ်စ္ရာကို တိုးတက္ေစရန္ လုပ္၍ရ၏။ အေနာက္ေတာင္ ေထာင့္သည္ ေမတၲာေရးရာႏွင့္ အိမ္ေထာင္ေရး ကံၾကမၼာတို႔ တည္ရွိရာေနရာျဖစ္၏။ ထိုေနရာတြင္ ေမတၲာပူးေပါင္းမႈ စသည္တို႔ႏွင့္ ပတ္သက္ေသာ သေကၤတပစၥည္းမ်ားကို ထားရွိရ၏။ ငန္းဖိုငန္းမ စံုတြဲရုပ္ထု၊ သလင္းေက်ာက္ အစိုင္အခဲမ်ား စသည္တို႔ကို ဤရည္ရြယ္ခ်က္မ်ား ေပါက္ေျမာက္ေအာင္ျမင္ အသံုးျပဳႏိုင္၏။

Rooftops (အိမ္ေခါင္မိုးမ်ား)

          အိမ္ေခါင္မိုးေပၚတြင္ ေရဓာတ္ႏွင့္ ပတ္သက္ေသာပစၥည္းမ်ား မထားသင့္။ ေခါင္းမိုးတြင္ ပန္းၿခံတစ္ခုရွိၿပီး၊ ေျမာက္ဖက္ျခမ္းတြင္ ငါးကန္ထားပါက သိပ္မႀကီးေစရန္ သတိျပဳရမည္။ အိမ္ေခါင္မိုးတြင္ ေရကူးကန္မထားရ။ ေခါင္းမိုးကို အျပာေရာင္မသုတ္ရ။ အျပာေရာင္သည္ ေရဓာတ္ျဖစ္ၿပီး ေတာင္က်ေရစီဆင္းသည့္ ပမာျဖစ္သျဖင့္ ပ်က္စီးျခင္းကိုေရာက္ေစ၏။

Rooms (အခန္းမ်ား)

          အိမ္တစ္အိမ္၏ အခန္းမ်ားသည္ သူေထာင့္ႏွင့္သူ ရွိၾကသည္။ ဖခင္၏အိပ္ခန္းသည္ အေနာက္ေျမာက္၊ မိခင္၏အိပ္ခန္းသည္အေနာက္ေတာင္၊ သားငယ္မ်ားကအေရွ႕၊ သမီးငယ္မ်ားကအေနာက္ဖက္ျခမ္းမ်ား၍ ေနရာယူသင့္၏။ ဤအရပ္က ေယဘူယ်သေဘာျဖစ္ကာ၊ အေသးစိတ္တြက္ခ်က္မႈမ်ားျဖင့္ မိမိႏွင့္ ကံေကာင္းသည့္ အရပ္ေဒသကိုေရြးရ၏။

Round (အ၀ိုုင္း)           အ၀ိုင္းသည္ ေရႊဓာတ္ကိုကိုုယ္စားျပဳေသာ သတၲဳဓာတ္ျဖစ္၏။ ၄င္းတို႔ကို အေနာက္၊ အေနာက္ေျမာက္ႏွင့္ ေျမာက္အရပ္တို႔တြင္ ထားသင့္၏။ ၄င္းတို႔ကိုအိမ္ေထာင့္(သို႔) ပန္းၿခံတြင္ထားရ၏။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်

မက်မွန်ရောင်အခန်းလေး ချစ်စဖွယ်

မက်မွန်ရောင်အခန်းလေး ချစ်စဖွယ်