ဖုန်းရွှေနှင့် မီးဆိုင်းအကြောင်း သိမှတ်သားဖွယ် (၈) ချက်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
July 28, 2020 နေ့
ဆောင်းပါးများဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

တရုတ်စားသောက်ဆိုင်တွေတိုင်းလိုလိုမှာ ဝင်သွားလိုက်တာနဲ့ လှပတဲ့ မီးဆိုင်းတွေချိတ်ဆွဲထားတာကို မြင်တွေ့ကြပါလိမ့်မည်။ စားသောက်ဆိုင်ရဲ့ အတွင်းပိုင်းအပြင်အဆင်မှာ မီးဆိုင်းတွေနဲ့ တခမ်းတနားတွေပြင်ဆင်ထားကြတာ ကုန်ကျမှုများမှာပါပဲလို့ ထင်မှတ်နိုင်ဖွယ်ရှိပေမယ့် မီးဆိုင်းတွေဆိုတာက စားသောက်ဆိုင်တွေနဲ့ အိမ်တွေမှာ ဘယ်လိုအရေးပါနေတာလဲဆိုတာ သိချင်ကြမယ် ထင်ပါတယ်။ မီးဆိုင်တွေက အံ့အားသင့်ဖွယ်ကောင်းတဲ့ ချီဓာတ်ကိုဖိတ်ခေါ်တာကြောင့် စားသောက်ဆိုင်မှာစားသုံးတဲ့ ဧည့်သည်တွေအတွက် ထူးခြားကောင်းမွန်တဲ့ ခံစားချက်ကို ဆောင်ကြဉ်ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဖုန်းရွှေနဲ့ မီးဆိုင်းတွေအကြောင်း သိမှတ်ဖွယ်အချက် (၈) ချက်ကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပြီး သင့် အိမ်မှာလည်း မီးဆိုင်းတွေကို ဘာကြောင့်ချိတ်ဆွဲထားသင့်တယ်ဆိုတာကိုပါ ဖော်ပြပေးသွားမှာပါ။

၁။ မီးဆိုင်တွေက ထမင်းမြိန်စေခြင်း
တရုတ်တွေ စားသောက်ဆိုင်မှာစားသောက်ကြတဲ့အခါ အုပ်စုတွေနဲ့ စားပွဲပတ်လည်ဝိုင်းဖွဲ့ပြီး စားသောက်ကြတာကို သတိပြုမိကြမှာပါ။ မီးဆိုင်တွေက စားသောက်ဆိုင်ကို ထူးခြားကောင်းမွန်တဲ့ ချီဓာတ်ကို ဆောင်ကြဉ်းပေးတဲ့အပြင် စားသုံးသူတွေနဲ့ ချီဓာတ်ပေါင်းစည်းမှုကိုလည်း လှုံ့ဆော်ပေးပါတယ်။ အခြားသူတွေနဲ့အတူ ဝိုင်းဖွဲ့စားသုံးခြင်း၊ ပျော်ရွှင်ကျေနပ်ခြင်းတို့က တရုတ်လူမှုအသိုင်းအဝိုင်းမှာ အတူတွဲရှိနေတာဖြစ်ပါတယ်။ မြေစွမ်းအင်နဲ့ အလင်းရောင်းရဲ့လှုံ့ဆောင်မှု (မီးနဲ့ အစားအစာတွေကိုလည်း ချက်ပြုတ်ကြပါတယ်) တို့က ထမင်းစားပွဲမှာ စားသုံးနေသူတိုင်းအတွက် ကောင်းကျိုးတွေတိုးပွားစေပြီး ပျော်ရွှင်မှုနဲ့အတူ ထမင်းမြိန်စေမှာဖြစ်ပါတယ်။


၂။ မီးဆိုင်းက ချီဓာတ်ကိုမြှင့်တင်ပေးခြင်း
မီးအလင်းရောင်ဆိုတာက ဖုန်းရွှေကို အသက်ဝင်နိုးကြားစေတဲ့ အရာထဲက တစ်ခုဖြစ်တယ်ဆိုတာ မေးခွန်ထုတ်နေစရာတောင်မလိုပါဘူး။ တစ်လက်လက်တောက်ပနေတဲ့ မီးဆိုင်းကနေ အရောင်ပြန်နေကြတဲ့ မီးအလင်းရောင်တွေက ဖုန်းရွှေကို နှစ်ဆ၊ သုံးဆ တိုးပွားကောင်းမွန်စေပါတယ်။ မီးဆိုင်က ဖုန်တုံးတွေကနေသက်တံ့တွေဖြာထွက်နေတာကလည်း ကောင်းမွန်တဲ့ ချီဓာတ်ကို အထူးတလည် ဆောင်ကြဉ်းပေးပါတယ်။ ခရစ္စတယ်တွေက မြေကြီးရဲ့ အသန့်စင်ဆုံးအမြင့်မားဆုံးစွမ်းအင်ပုံစံကို ကိုယ်စားပြုပြီး ပေါများကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုလည်းဖြစ်ပါတယ်။


၃။ မီးဆိုင်းများကကုစားပေးခြင်း
မီးဆိုင်းတွေက မြေစွမ်းအင်ဖြစ်တာကြောင့် မီးဖိုနဲ့ ဘေစင်လိုမျိုးဆန့်ကျင်ဘက်အရာတွေ မျက်နှာချင်းဆိုင်ရှိနေတဲ့ ဖုန်းရွှေအခက်အခဲဖြစ်စေတဲ့ အခြေအနေမျိုးမှာ အကောင်းဆုံးကုစားပေးနိုင်စွမ်းပါတယ်။ ဒီလိုအခြေအနေမှာ မီးနဲ့ရေးနဲ့ကြားက အခက်အခဲမျိုးတွေလိုမျိုး အမျိုးသားနဲ့ အမျိုးသမီး ကြားမှာလည်း အခက်အခဲဖြစ်လာပါတယ်။ မီးဆိုင်းနဲ့ မြေစွမ်းအင်က ကြားခံအဖြစ်ဆောင်ရွက်ပေးပြီး အတိုက်အခံစွမ်းအင်တွေကြားက အခင်းများမှုတွေကို ငြိမ်သက်စေပါတယ်။


၄။ မီးဆိုင်းများက ချီဓာတ်ကို ကမ်းလင့်ကြိုဆိုခြင်း
သင့်အိမ်ကို ချီဓာတ်ဆွဲဆောင်ပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ မီးဆိုင်းတစ်ခုတပ်ဆင် လိုက်တာပါပဲ။ ဝင်ပေါက် အိမ်ရှေ့တံခါးအနားမှာ မီးဆိုင်းကိုချိတ်ဆွဲထားမယ်ဆိုရင် လှပတဲ့ စွမ်းအင်တွေက လှပတဲ့ ချီဓာတ်ကိုဆွဲငင်ပြီး သင့်အိမ်ထဲဝင်ရောက်လာစေဖို့ ဆောင်ကြဉ်းပေးမှာဖြစ်ပါတယ်။


၅။ မီးဆိုင်းများ အိမ်ရှင်မကိုကူညီပေးခြင်း
အလင်းဆောင်တဲ့မြေဓာတ်ကို ကိုယ်စားပြုတဲ့ မီးဆိုင်းမျိုးလိုပဲ အမျိုးသမီးကလည်း မြေဓာတ်ကို ကိုယ်စားပြုတာကြောင့် မီးဆိုင်းတွေက အိမ်တစ်အိမ်မှာနေထိုင်တဲ့ အမျိုးသမီးကို ကံကောင်းမှုတွေ ဆောင်ကြဉ်းပေးပြီး အိမ်ထောင်ရေးဆက်ဆံမှုကိုလည်း အဆင်ပြေချောမွေ့စေဖို့ကူညီပေးပါတယ်။ တစ်အိမ်လုံးက မိသားစုအားလုံးရဲ့ချစ်ခြင်းကံတရားကိုလည်း ကောင်းမွန်စေပါတယ်။


၆။ မီးဆိုင်းများက အိပ်ခန်း၏စွမ်းအင်များကို မြှင့်တင်ပေးခြင်း
သင့်အခန်းက မှောင်နေတယ်ဆိုရင် မီးဆိုင်းချိတ်ဆွဲခြင်းနဲ့ ချီစွမ်းအင်ကို အလွယ်တကူ ရရှိစေပါတယ်။ အိပ်ရာရဲ့အပေါ်ကနေ မီးဆိုင်တွေချိတ်ဆွဲတာကို သတိပြုပြီး ဒီနေရာမျိုးမှာ ချိတ်ဆွဲတာမျိုးကို အားမပေးချင်ပါဘူး။ မီးဆိုင်နေရာက အိမ်ရာအပေါ်နားရှိနေပြီး နေရာရွှေ့ရခက်နေတယ်ဆိုရင်တော့ ကုတင်အမိုးဆင်တာမျိုး အရွယ်အစားခပ်ငယ်ငယ် မီးဆိုင်ဆန်တဲ့ အလှမီးလုံးတွေသာ တပ်ဆင်ထားလိုက်ပါ။


၇။ မီးဆိုင်ကြီးကြီးအောက်က လမ်းလျှောက်ခြင်းကို ရှောင်ကြဉ်ပါ။
မီးဆိုင်တွေရဲ့ မြေစွမ်းအင်ဖိအားရှိတာကြောင့် လမ်းလျှောက်တဲ့နေရာမှာ မီးဆိုင်းတွေကို အရွယ်အစားကြီးမားတာတွေမရွေးတာ အကောင်းဆုံးပါပဲ။ လျှောက်လမ်းနေရာမျိုးမှာ မီးဆိုင်းထားချင်ပါတယ် ဆိုရင်တော့ အရွယ်အစားသေးတာမျိုးရွေးချယ်ပါ။

//
၈။ အရေးပါတဲ့ ထောင့်တွေမှာ မီးဆိုင်းနဲ့ အသက်သွင်းပါ
မီးဆိုင်တွေက အိမ်ရဲ့ဘယ်နေရာမှာမဆို အံ့အားသင့်လောက်အောင်တင့်တယ်နေပါတယ်။ အထူးသဖြင့် မီးဆိုင်တွေက ထောင့်နေရာတွေမှာ အကူအညီဖြစ်ပါတယ်။ အနောက်နဲ့ အနောက်မြောက်ထောင့် တွေမှာ မီးဆိုင်းတွေကိုတပ်ဆင်ထားပေးခြင်းဖြင့် မီးဆိုင်ရဲ့အလင်းရောင်နဲ့ မြေစွမ်းအင်ကြောင့် အိမ်မှာနေထိုင်တဲ့ အမျိုးသားနဲ့ ကလေးတွေအတွက် အကျိုးများစေပါတယ်။ အရှေ့မြောက်နဲ့ အနောက်တောင်ထောင့်တွေမှာ မီးဆိုင်တွေတပ်ဆင်မယ်ဆိုရင် မီးဆိုင်ရဲ့စွမ်းအင် မိသားစုပျော်ရွှင်စည်းလုံးမှုကို ကူညီ်ပေးပြီး တောင်မှာဆိုရင်တော့ မင်္ဂလာရှိစေပြီး အောင်မြင်မှုတွေနဲ့ တိုးပွားစေပါတယ်။

Photo Credit – Internet


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၂)

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၂)

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၁)

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၁)

သမိုင်းထဲက အတွင်းဝန်ရုံး

သမိုင်းထဲက အတွင်းဝန်ရုံး

ဒေါင်းနင်းလမ်းက နာမည်ကျော်အိမ်တစ်လုံး

ဒေါင်းနင်းလမ်းက နာမည်ကျော်အိမ်တစ်လုံး