ဖုန်းရွှေကောင်းအောင်လုပ်သော ပစ္စည်း(၁၀) မျိုး
တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
ဇန်နဝါရီ 28, 2019 နေ့
ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။
(၁) ရေနှင့်ပတ်သက်သောပစ္စည်းများ
ဘာတွေလဲ
ရေပန်း၊ ငါးကန် နှင့် အခြားရေနှင့်ပတ်သက်သည်များ
အကျိုးကျေးဇူး
ကျန်းမာရေးကောင်းစေသည်။ အိမ်တွင်းခုခံအားကောင်းမွန်စေသည်။
ဘယ်လိုသုံးမလဲ
အိမ်(သို့)အခန်း၏အရှေ့ အရပ်(သို့) အရှေ့တောင်အရပ်မှာထားပါ။
ဘယ်မှာဝယ်လို့ရ
ပန်းပင်ရောင်းသောဆိုင်၊ အလှအပ ပစ္စည်းရောင်းသောဆိုင်။
သင်သိပါသလား
လူတို့သည်ပင်လယ်ကမ်းခြေ၊ ရေပူစမ်း၊ စမ်းချောင်းများသို့ သွားကာ အပန်းဖြေကြ၏။ ဒဏ်ရာများ၊ ရောဂါများပျောက်အောင် ကုသကြသော အစဉ်အလာ ရှိ၏။ ဖုန်းရွှေပညာတွင်လည်း သန့်ရှင်း လတ်ဆက်သောရေတွင် ချီ ဓာတ်ရှိ၏။ ၎င်းသည် မိမိ ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်အပေါ်လှုပ်ခတ် သက်ရောက်မှုဖြစ်စေ၏။
(၂) ပင်လယ်ဆား
ဘာတွေလဲ
ပင်လယ်ဆားကြမ်း သို့မဟုတ် ဆားအနု
အကျိုးကျေးဇူး
တည်ငြိမ်မှုအားကောင်းစေမည်။ ချီ ဓာတ်ကိုသန့်စင်ပေး၏။
ဘယ်လိုသုံးမလဲ
အိမ်၏အရှေ့မြောက် (သို့) အနောက်တောင်တွင်ထားပါ။ သို့မဟုတ် ကြမ်းပြင်ပေါ်ဖြူးချပါ။
ဘယ်မှာဝယ်လို့ရ
ကျန်းမာရေးဆိုင်များ၊ စူပါမားကတ်များ
သင်သိပါသလား
လူသားနှင့် ဆား ဆက်စပ်မှုများစွာရှိ၏။ လူသားတို့သည် ပင်လယ် ကမ်းစပ်တွင် အခြေချနေထိုင်ကြ၏။ ကျွန်တော်တို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းအများစုတွင် အငန်အရသာရှိ၏။ ချက်ပေါ်ဆား အနည်းငယ်ပုံပါ။ သို့မဟုတ် ခါးလည်တွင် ဆားပွတ်ပါ။ သို့ဆိုလျှင် ပြင်ပအတိုက်အခိုက်ရန်များမှ လုံခြုံဘေးကင်းမည်။
(၃) အပင်များ
ဘာတွေလဲ
အိမ်ထဲစိုက်၍ရသောအပင်မျိုးစုံ
အကျိုးကျေးဇူး
အခန်းတွင်း သို့ ရှင်သန်နေသော ချီဓာတ်ကိုဝင်စေသည်။ အိမ်ထဲ ရှိလေထုညစ်ညမ်းမှု ၊ အသံညစ်ညမ်းမှုများကို လျော့နည်းစေသည်။
ဘယ်လို သုံးမလဲ
အိမ်ထဲတွင် အပင်မျိုးစုံအလှစိုက်ထားပါ။
ဘယ်မှာဝယ်လို့ရ
ပန်းခြံများ၊ အပင်အရောင်းဆိုင်။
သင်သိပါသလား
အခန်းထောင့်များတွင် အရွက်ချွန်ရှိသော အပင်များကိုစိုက်ပါ။ လှောင်ပိတ်ပုတ်သိုးနေသော ချီ များကို ပယ်ဖျက်စေမည်ဖြစ်၏။ ထောင့်စွန်းထွက်နေသော နေရာများတွင် ချုံပုတ်ကဲသို့ အပင်များစိုက်ကာ မြန်ဆန်စွာဝင်လာသော ချီများကို ငြိမ့်ညောင်းနှေးကွေးအောင်လုပ်ပါ။ ရေချိုးခန်းတွင် အပင်များနိုင်သမျှ များများစိုက်ပါ။ သစ်သားဓာတ် က ပိုလျှံနေသော ချီဓာတ်များကို နုတ်ယူရန်ဖြစ်၏။
(၄) ပန်းများ
ဘာတွေလဲ – ပန်းပင်စိုက်၊ ပန်းအိုးထိုး။
အကျိုးကျေးဇူး – ကွက်လပ်နေရာလွတ်ကိုဖြည့်ဆီးပေးကာ ရှင်သန်နေသော ချီဓာတ်ကို အိမ်ထဲသို့ ဆွဲဆောင်နိုင်သည်။
ဘယ်လိုသုံးမလဲ – အခန်းထဲတွင် လတ်ဆတ်သောပန်းများကို ထိုးပါ။ ရှင်သန်နေသော ချီ ဓာတ်ပို၍ တက်ကြွ စေနိုင်ပါသည်။
ဘယ်မှာဝယ်လို့ရ
ပန်းဆိုင်များ၊ ပန်းခြံများ၊ အလှပစ္စည်းဆိုင်များ
သင်သိပါသလား
ပန်းအိုးသည်နေရာလပ်ရှိ ချီဓာတ်ကိုပြောင်လဲစေနိုင်၏။ ပန်းအိုးကို အဝိုင်းအလုံးသုံးပါ။ သို့မှသာ သတ္တုချီဓာတ် ပိုမိုတိုးပွားစေမည်။ ရေ ချီဓာတ်အတွက် ဖန်အိုး၊ မြေကြီး ချီဓာတ်အတွက် သစ်သားအိုး၊ သုံးမြှောင့်အိုးက မီးချီဓာတ်တို့ကို အားပေးသည်။
(၅) တိုင်ကပ်နာရီ
ဘာတွေလဲ – သတ္တုပစ္စည်းအစိတ်အပိုင်းများများပါဝင်သော တိုင်ကပ်နာရီ
အကျိုးကျေးဇူး – ပိုမို ကောင်း သော၊ ပိုမိုကျန်းမာသော ဘဝကို ရစေရန်။
ဘယ်လိုသုံးမလဲ – အိမ်၏ အနောက်ခြမ်း (သို့) အနောက်မြောက်ခြမ်းတွင်ထားပါ။
ဘယ်မှာဝယ်လို့ရ – ရှေးဟောင်း ပစ္စည်းဆိုင် ၊ ရတနာဆိုင်
သင်သိပါသလား – ချိန်သီးပါသော နာရီသည် သင့်အိမ်ထဲတွင် အမြဲ လှုပ်ရှားနေမည်။ ထို့ကြောင့် ရှင်သန်ခြင်း နိမိတ်ကိုပြသည်။ အိမ်မှ မိသားစုများ ဟန်ချက်ညီရှိကာစည်းရုံးမှု ရှိကြမည်။ လူတိုင်းသည် နာရီစည်းချက်များဖြင့်ပြုလုပ်ထားကြသည်။ (ရင်ခုန်မှု၊ အသက်ရှုမှု) ထို့ကြောင့် ဘဝ၏ နာရီစည်းချက်ကျမှုကို ဖြည့်ဆီးမည့်တိုင်ကပ်နာရီကိုထားသင့်သည်။
(၆) ကျောက်မီးသွေးခဲ
ဘာတွေလဲ – ပန်းချီဆရာများခဲကြမ်းခြစ်သောကျောက်မီးသွေးခဲ။
အကျိုးကျေးဇူး – မီး ချီဓာတ်ကို အနောက် (သို့) အနောက်ခြမ်းတွင်ထားလျှင် ဟန်ချက်ညီသည်။
ဘယ်လိုသုံးမလဲ – ကျောက်မီးသွေးကို မြေအိုးနှင့်ထားပါ။ မီးချီဓာတ်နှင့် နီးသောနေရာတွင်ထားပါ။
သင်သိပါသလား – ၎င်းသည် ချီဓာတ်ကိုနှုတ်ယူတတ်ကာ လိုလျှင် ပြန်ထုတ်သုံး၍ရ၏။ အိမ်၏ တောင်ဘက်ခြမ်းတံခါးအနားတွင် ကျောက်မီးသွေးကိုထားလျှင် အကောင်းဆုံးဖြစ်၏။ ဤသို့ပြုလုပ်ခြင်းဖြင့် အိမ်သူ အိမ်သားခြင်းရန်ခိုက်ဖြစ်ပွား၊ အငြင်းအခုန်ဖြစ်မှုများကို လျော့ပါးစေ၏။
(၇) ဖယောင်းတိုင်များ
ဘာတွေလဲ – ဖယောင်းတိုင်များ
အကျိုးကျေးဇူး – ဒေါသကိုငြိမ်းစေ၊ စိတ်အေးချမ်းစေ။
ဘယ်လိုသုံးမလဲ – အိမ်၏တောင်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့မြောက်ဘက်တို့တွင်ထားပါ။
ဘယ်မှာဝယ်လို့ရ – ဆိုင်တိုင်းတွင်ဝယ်လို့ရ။
သင်သိပါသလား – ရှုပ်ထွေးနေသော ချီဓာတ်ကို တည်ငြိမ်စေသည်။ မြောက်ဘက်ကို မျက်နှာမှုထိုင်ကာ ဖယောင်းတိုင်တစ်တိုင်ထွန်းပါ။ မျက်လုံးနှင့် တပြေးတည်း ရှိနေပါစေ။ ဖယောင်းတိုင်မှ အရည်ဖြစ်ပုံ၊ အရည်မှ အငွေ့ဖြစ်ပုံ၊ အလင်းဓာတ်နှင့် အပူဓာတ်ဖြစ်ပုံများကို အာရုံပြုထားပါ။ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှုသွင်းရှုထုတ်လုပ်ပါ။ ထိုသို့ဖြင့် စိတ်တည်ငြိမ်မှုရကာ ကျန်းမာရေးပိုကောင်းမည်။
(ဂ)မှန်များ
ဘာတွေလဲ – မှန်အခုံး၊ မှန်အခွက်
အကျိုးကျေးဇူး – ပတ်ဝန်းကျင်ကို ပိုမိုမြန်ဆန်၊ ပိုမိုစိတ်လှုပ်ရှားစေမည်။ နေရာပိုကျယ်စေမည်။
ဘယ်လိုသုံးမလဲ – မှောင်မိုက်သော၊ ကျဉ်းမြောင်းသောအခန်းများတွင်ထားပါ။
ဘယ်မှာဝယ်လို့ရ – အိမ်သုံးပစ္စည်းဆိုင်တိုင်းတွင်ရ။
သင်သိပါသလား – မှန်အခုံးများသည် ချီစွမ်းအင်ကို ခွဲခြမ်းပစ်စေနိုင်၏။ အိမ်ရှေ့တံခါးနှင့် လှေကားတန်းနေပါက လှေကားတွင်တပ်ထားပါ။ သို့မဟုတ် ရှည်လျားသော စြင်္ကလမ်းအဆုံးတွင်ထားပါ။
(၉) လေသာဆည်းလည်းများ
ဘာတွေလဲ – သစ်သား (သို့) သတုလေသာဆည်းလည်း
အကျိုးကျေးဇူး – ချီ ကိုခွဲပစ်ကာပိုမိုသက်တောင့်သက်သာဖြစ်စေ၊ တည်ငြိမ်စေသည်။
ဘယ်လိုသုံးမလဲ – တံခါးဘေးတွင်တပ်ထားပါ။ တံခါးဖွင့်တိုင်း လေသာဆည်းလည်းသံကြားနေရပါစေ။
ဘယ်မှာဝယ်လို့ရမလဲ – ပန်းခြံဆိုင်များ၊ ကုန်တိုက်များ ။
သင်သိပါသလား – အသံမြည်ဖုန်းရွှေကောင်း၏။ တံခါးမဖွင့်လျှင်၊ လေမတိုက်လျှင်ဖုန်းရွှေကောင်းအောင် မိမိက လှုပ်ရမ်းပေးပါ။
(၁၀) ခေါင်းလောင်းများ
ဘာတွေလဲ – လက်ကိုင်ပါသော ခေါင်းလောင်း
အကျိုးကျေးဇူး – ခိုင်မာသန်စွမ်းသော ချီဓာတ်ဖြင့် ခံစားချက်များ၊ အတွေးများကို ထုတ်ပစ်။
ဘယ်လိုသုံးမလဲ – ခန္ဓာကိုယ်အနားကပ်ကာ ပြင်းပြင်းထန်ထန် ခေါင်းလောင်းထိုးပါ။
ဘယ်မှာဝယ်လို့ရ – ဘုရားကျောင်းများ၊ ဆိုင်များ။
သင်သိပါသလား – ပုတ်သိုးငြိမ်ဝပ်နေသော စွမ်းအင်ကိုလှုပ်ခါပစ်နိုင်၏။ အိမ်၏ထောင့်ချိုးများ၊ မှောင်နေသော အခန်းများတွင် ခေါင်းလောင်းလိုက်ထိုးပါ။ အသံလှုပ်ကာ စွမ်းအင်ကို ပြန်လည်လှုပ်ခါလာစေသည်။ ထိုနေရာသို့ လတ်ဆက်သော ချီ စွမ်းအင်များ ပြန်ဝင်လာမည်။
ဘာတွေလဲ
အကျိုးကျေးဇူး
ဘယ်လိုသုံးမလဲ
ဘယ်မှာဝယ်လို့ရ
သင်သိပါသလား
(၂) ပင်လယ်ဆား
ဘာတွေလဲ
အကျိုးကျေးဇူး
ဘယ်လိုသုံးမလဲ
ဘယ်မှာဝယ်လို့ရ
သင်သိပါသလား
(၃) အပင်များ
ဘာတွေလဲ
အကျိုးကျေးဇူး
ဘယ်လို သုံးမလဲ
ဘယ်မှာဝယ်လို့ရ
သင်သိပါသလား
(၄) ပန်းများ
ဘယ်မှာဝယ်လို့ရ
သင်သိပါသလား
(၅) တိုင်ကပ်နာရီ
(၆) ကျောက်မီးသွေးခဲ
(၇) ဖယောင်းတိုင်များ
(ဂ)မှန်များ
(၉) လေသာဆည်းလည်းများ
(၁၀) ခေါင်းလောင်းများ
ဆက်စပ်ဆောင်းပါးများ
၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
၂၀၂၁ မှာ စီးပွားကောင်းစေဖို့
၂၀၂၁ မှာ စီးပွားကောင်းစေဖို့
ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
ရှေ့မျက်နှာစာ ဂမ္ဘီရပဒေသာ
ရှေ့မျက်နှာစာ ဂမ္ဘီရပဒေသာ