ဖက်ရှင်ကျသည့် အဝတ်ဗီရိုခန်းဖန်တီးခြင်း အပိုင်း (၃)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
May 26, 2020 နေ့
ဆောင်းပါးများအိမ်တွင်း အလှဆင် နည်းလမ်းများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

၁။ သိမ်းဆည်းခန်းများများကိုရှာပါ။
ဗီရိုခန်းတွေမှာ တခါတည်းထည့်သွင်းပြင်ဆင်ပါရှိတဲ့ သိမ်းဆည်းခန်းတွေမှာ တန်ဘိုးကြီးအမှတ်တံဆိပ် အဝတ်အထည်တွေကို အပြားလိုက်ထည့်သိမ်းပါ။ လှေကားထစ်ပုံစံမျိုးမှာ သိမ်းဆည်းခန်းတွေလုပ်ထားတဲ့ ဗီရိုမျိုးက နေရာကျဉ်းလေးတွေထဲမှာ အလွယ်တကူအသုံးပြုလို့ရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။


၂။ အဝတ်ဗီရိုမရိုက်ခင်မှာ အထည်တွေရဲ့ အရွယ်အစားကို တိုင်းပါ။
အဝတ်အထည်တွေရဲ့ အတိုင်းအတာကို သိထားပြီးမှာ ဗီရိုစင်ကို ရိုက်တာက ဗီရိုစင်အတွက် နေရာအထားအသို ချင့်ချိန်နိုင်စေမှာ ဖြစ်ပါတယ်။ နေရာပိုထွက်လာစေပြီး အထည်အရှည်တွေနဲ့ ကုတ်တွေကို သီးခြားထားနိုင်မယ့် စင်တွေကို အံဝင်ဂွင်ကျဖြစ်အောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ကုတ်အင်္ကျီတွေ၊ ဘလောက်စ်အင်္ကျီတွေကို ချိတ်နဲ့ချိတ်ထားနိုင်ပေမယ့် တီရှပ်တွေကိုတော့ ချိတ်မှာမချိတ်သင့်ပါဘူး။ တီရှပ်တွေက ချိတ်နဲ့ချိတ်ရင် ကျယ်ထွက်လာတတ်လို့ပါ။ ဒီတော့ တီရှပ်တွေကို ခေါက်ပြီးထားတာ သို့မဟုတ် အပြန့်လိုက်ထားတာ ပိုကောင်းပါတယ်။ ပုံမှာဆိုရင် ပြတင်းပေါက်ဘေးပတ်ပတ်လည်မှာ စင်တွေထည့်ပေးထားပြီး အပြန့်လိုက်ခေါက်သိမ်းရမယ့် အထည်တွေအတွက် နေရာများများ ဖန်တီးပေးထားတယ်။

၃။ ဘောင်းဘီနဲ့ စက်တွေအတွက် စင်လည်းထားပါ။
တန်ဘိုးကြီးတဲ့ ဘောင်းဘီနဲ့ စကတ်တွေကို ချိတ်ထားသင့်ပါတယ်။ စကတ်ချိတ်တဲ့ ကလစ်ပါတဲ့ ချိတ်တွေနဲ့ ချိတ်ပြီး အောက်ဘက်တန်းတွေမှာ ချိတ်သင့်ပါတယ်။ အရမ်းနူးညံ့တဲ့ အထည်စတွေ ဒါမှမဟုတ် ချည်ထိုးကွက်တွေများတဲ့ အထည်တွေဆိုရင်တော့ အံဆွဲစင်မှာ စက္ကူခံပြီး အပြားလိုက်ထည့်သိမ်းတာ ပိုကောင်းပါတယ်။ တန်းမှာ ကလစ်ပါတဲ့ ချိတ်မျိုးနဲ့ ချိတ်သလို ရိုးရိုးချိတ်မှာပဲ အောက်ဘက်တန်းမှာ ခေါက်ချိတ်ပြီး ချိတ်ဆွဲထားလို့လည်း ရပါတယ်။


၄။ တန်ဘိုးကြီး အဝတ်အထည်တွေ သိမ်းဆည်းနိုင်တဲ့ စင်္ကြ ံလမ်း
တချို့တိုက်ခန်းတွေက ပစ္စည်းတွေ သိမ်းထားနိုင်မယ့် အခန်းပိုမျိုးမပါတတ်ပါဘူး။ စတိုးဆိုင်က ဝယ်တဲ့ အဝတ်ဗီရိုတွေဆိုတာကလည်း အခန်းကျဉ်းလေးတွေမှာ အံမကိုက်လှတာကြောင့် အသုံးပြုရခက်ပါတယ်။ ဒါမျိုးဆိုရင် နေရာကိုတိုင်းပြီး ဗီရိုအသစ်ရိုက်ထည့်တာက ပိုပြီး အဆင်ပြေစေမှာပါ။ အိပ်ခန်းကလည်း ကျဉ်းတယ်၊ အခန်းပိုမျိုးလည်း မရှိဘူးဆိုရင် စင်္ကြ ံလမ်းတွေမှာ ဗီရိုရိုက်ပြီး အဝတ်ဗီရိုခန်း လုပ်လို့ရပါတယ်။ ကြမ်းခင်းကနေ မျက်နှာကြက်ထိ မြင့်မားတဲ့ ဗီရိုမျိုးရိုက်ထားပြီး ကိုယ့်ရဲ့အဝတ်အစား ပုံစံအမျိုးမျိုးအတွက် ချိတ်ဆွဲနိုင်မယ့်တန်းတွေ၊ အံဆွဲဗီရိုးခန်းတွေ၊ ဖိနပ်စင်တွေ၊ လက်ကိုင်အိတ်ထားမယ့်နေရာတွေ စသဖြင့် စိတ်ကြိုက် ထည့်သွင်းနိုင်ပါတယ်။ စားပွဲဗီရိုခံထားရလောက်တဲ့အထိ မကျယ်ဘူးဆိုရင်တောင် အဝတ်အစားဝတ်တဲ့အခါ အဆင်ပြေစေဖို့ ခွေးခြေထိုင်ခုံတစ်လုံးလည်း ထားရှိသင့်ပါတယ်။


၅။ နေရာကျဉ်းတွေမှာ ဖန်တီးမှုထည့်ပါ။
အခန်းကကျဉ်းနေတာကြောင့် သိမ်းဆည်းမယ့်နေရာ မရှိဘူးဆိုတာ မဟုတ်သေးပါဘူး။ အခန်းကျဉ်းပေမယ့် ဆန်းသစ်တဲ့ ဖန်တီးမှုထည့်ပြီး သိမ်းဆည်းနိုင်မယ့်နေရာကို လုပ်ယူလို့ ရပါတယ်။ လှေကားခွင် အောက်ခန်းလေးတွေကို၊ မျက်နှာကြက်နိမ့်တဲ့ ထပ်ခိုးလိုနေရာလေးတွေမှာ ဗီရိုအခန်းကျဉ်းလေးတွေ ဖန်တီးနိုင်ပါတယ်။ လက်ဝတ်ရတနာတွေနဲ့ အခြားအသေးအဖွဲ ဖက်ရှင်အဆင်တန်ဆာတွေအတွက် နံရံမှာ ခပ်ပါးပါးဗီရိုခန်းငယ်လေး ဖန်တီးလို့ရပါတယ်။ ဗီရိုတံခါးအတွင်းဘက်မျက်နှာပြင်မှာ ကြေးမုံမှန်ချပ်ကြီး တပ်ပေးထားလိုက်ရင် အဆင်တန်ဆာတွေ ထုတ်ဝတ်တဲ့အခါ တခါတည်းမှန်ကြည့်ရင်း လိုက်ဖက်မယ့်အပြင်အဆင်မျိုးကို ရွေးချယ်ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။ အပြင်မှာလည်း ရှုတ်ပွမနေတော့ဘဲသွားခါနီး လာခါနီးမှာ သေးသေးမွှားမွှားလေးတွေ ပျောက်လို့ လိုက်ရှာနေစရာ မလိုတော့ဘဲ ဒီဗီရိုတံခါးလေးလှပ်ကြည့်ရုံနဲ့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၁)

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၁)

သမိုင်းထဲက အတွင်းဝန်ရုံး

သမိုင်းထဲက အတွင်းဝန်ရုံး

ဒေါင်းနင်းလမ်းက နာမည်ကျော်အိမ်တစ်လုံး

ဒေါင်းနင်းလမ်းက နာမည်ကျော်အိမ်တစ်လုံး

ဆရာဇင်ယော်နီပြောပြတဲ့ “လာဘ်ပိတ်နိမိတ် ကြုံလာရင် လာဘ်ပွင့်အောင် ဘယ်လိုလုပ်ရမလဲ”

ဆရာဇင်ယော်နီပြောပြတဲ့ “လာဘ်ပိတ်နိမိတ် ကြုံလာရင် လာဘ်ပွင့်အောင် ဘယ်လိုလုပ်ရမလဲ”

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်