ဖက်ရှင်ကျသည့် အဝတ်ဗီရိုခန်းဖန်တီးခြင်း အပိုင်း (၂)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
May 23, 2020 နေ့
Bed Room ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

၁။ ကတ္ထူပုံးထဲထည့်သိမ်းပါ။
အခန်းကျဉ်းလေးထဲမှာတန်ဘိုးကြီးဖိနပ်တွေကို ဘယ်လိုသိမ်းဆည်းထားကြမလဲ။ ပူအိုက်စွတ်စိုတဲ့ရာသီဥတုမျိုး မှာ ဖိနပ်တွေမပျက်စီးအောင် ဘယ်လိုသိမ်းဆည်းကြမလဲ။ စက္ကူလုံးတွေကို ဖိနပ်ထဲထည့်ပြီး ချိတ်ချောင်းလေး တွေပါ ထည့်ပေးထားတာက ဖိနပ်ပုံစံမပျက်ယွင်းစေပါဘူး။ သားရေဖိနပ်တွေကို ရေငွေ့စုပ်ယူနိုင်စွမ်းရှိတဲ့ ကတ္ထူပုံးနဲ့ထည့်သိမ်းပေးပါ။ ဖိနပ်တွေကို အထူးနှစ်သက်သူတွေအတွက်တော့ ဖိနပ်ဗီရိုစင်က အရေးပါပါတယ်။ ဗီရိုကြီးတွေကြားထဲမှာ စင်အကန့်တွေပါပြီး ဖိနပ်ဗီရိုမျိုးလေးဖန်တီးနိုင်ပါတယ်။ ဖိနပ်တွေကို ဖုန်အကာကွယ်ပေးတဲ့ အိတ်လေးတွေနဲ့ ထည့်သိမ်းရင် ပိုကောင်းပါတယ်။


၂။ တန်ဘိုးကြီးဖိနပ်များကို အကောင်းဆုံးထိမ်းသိမ်းနည်း
ပူအိုက်စွတ်စိုတဲ့ရာသီဥတုမျိုးမှာ တန်ဘိုးကြီးသားရေအသုံးအဆောင်ပစ္စည်းတွေမှာ မှိုပေါက်လွယ်တာက စိုးရိမ်စရာပါ။ ဖိနပ်မှာဆိုရင်လည်း ရေနဲ့ထိမိတာ၊ မိုးပေါက်လေးတွေနဲ့ထိမိတဲ့ အခါမျိုးမှာ ဒီပြသနာမျိုးရှိတတ်ပါတယ်။ အပြင်ကပြန်လာတဲ့အခါ ဒါမှမဟုတ် ဖိနပ်တွေစိုထိုင်းနေတဲ့အခါမျိုးမှာ အသေအချာသုတ်ပြီး တစ်ညတာလောက် လေသလပ်ခံထားပါ။ နောက်နေ့ကျရင် သားရည်ပေါ်လစ်ရှ်လေးနဲ့တိုက်ပြီး သိမ်းဆည်းထားပါ။


ဖိနပ်တွေကို စင်အပွင့်ပေါ်မှာ နဂိုပါလာပြီးသား ကတ္ထုပုံးငယ်လေးတွေထဲထည့်ပြီးတင်ကာ သိမ်းဆည်းထားလေ့ရှိပါတယ်။ ဖိနပ်တွေများလို့ ကတ္ထုပုံးတွေမဆံ့တော့ဘူးဆိုရင် ဖုန်အကာအကွယ်အိတ်လေး ထဲထည့်ပြီးတင်သိမ်းထားပါတယ်။ နဂိုပါတဲ့ကတ္ထုပုံးခွံတွေက တစ်ခုနဲ့တစ်ခု ပုံစံမတူလို့ စင်ပေါ်မှာထားရရုပ်စိုးတယ်ဆိုရင် ဆင်တူတဲ့ ဖိနပ်ကတ္ထူပုံးငယ်တွေသီးသန့်ရောင်းတာမျိုး ဝယ်သုံးလို့ရပါတယ်။ ဒါပေမယ့် ဖိနပ်တွေစီးမလို့ရှာရင်တော့ အချိန်မကြာအောင် အမှတ်အသားလုပ်ထားဖို့တော့ လိုပါလိမ့်မယ်။


၃။ ကြည့်ကောင်းပေမယ့် ဖိနပ်ပျက်စီးစေတတ်တာက
အရမ်းလှတဲ့ဖိနပ်တစ်ရံလောက်ကို ဗီရိုစားပွဲပေါ်မှာ အလှပြထားတာမျိုးက ကြည့်ရကောင်းပေမယ့် ဖိနပ်တွေပျက်စီးထိခိုက်နိုင်စေပါတယ်။ နေရောင်၊ မီးရောင်နဲ့ ထိတွေ့မှုကြောင့် မျက်နှာပြင်အသားအနားနဲ့ အရောင်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။


၄။ အဝတ်တွေဆံ့စေဖို့ ဗီရိုအကျယ်အဝန်းကို ချင့်ချိန်ပါ။
အဝတ်ဗီရိုခန်းထဲကို လှလှပပလေးဝင်သွားသလိုမျိုး ခံစားချင်တယ်ဆိုပေမယ့် သင့်အိပ်ခန်းထဲမှာ နေရာပေးပြီး ဖန်တီးတဲ့အခါမျိုးမှာအဝတ်တွေကို ထားသိုဖို့ နေရာလုံလောက်ဖို့လည်း အရေးကြီးပါတယ်။ ဗီရိုထဲကနေ အဝတ်တွေမဆံ့ဘဲ အံထွက်နေမယ်ဆိုရင် ဖရိုဖရဲနဲ့ အဝတ်ပုံကြီးကြောင့် အခန်းရဲ့ အလှကိုတောင်ပျက်စီးသွားစေနိုင်ပါတယ်။
ကုတ်အင်္ကျီ – သားရေကုတ်နဲ့ သိုးမွေးကုတ်တွေက စက္ကူစူတွေခံပြီး အံဆွဲမျက်နှာပြင်မှာ အလျားလိုက်ထားကာသိမ်းသင့်ပါတယ်။ ရှေးခေတ်က တန်ဘိုးကြီးအမွေအနှစ်အထည်တွေကို ပြတိုက်တွေမှာ သိမ်းတဲ့နည်းဖြစ်ပါတယ်။ သားရေဂျက်ကက်တွေနဲ့ ကုတ်တွေကို ချိတ်နဲ့အချိန်ကြာချိတ်ဆွဲထားရင် ပုခုံးနေရာတွေမှာ ပြန့်ကားလာတတ်ပြီး သိုးမွေးကုတ်တွေဆိုရင်လည်း အလေးချိန်ကြောင့် အောက်ကိုရှည်ထွက်လာတတ်ပါတယ်။ ဒါကြောင့် အဝတ်ဗီရိုခန်းတွေမှာ အံဆွဲစင်ငယ်ေတွေများနေတတ်တာဖြစ်ပါတယ်။ ချိတ်နဲ့ချိတ်တဲ့ နေရာတွေလည်း အများကြီးပါတတ်ပါတယ်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အချိန်တိုအတွင်း အိမ်ခန်းလေးသေသပ်လှပသွားစေမည့်နည်းလမ်းငါးသွယ် အပိုင်း(၂)

အချိန်တိုအတွင်း အိမ်ခန်းလေးသေသပ်လှပသွားစေမည့်နည်းလမ်းငါးသွယ် အပိုင်း(၂)