ဖက်ရှင်ကျသည့် အဝတ်ဗီရိုခန်းဖန်တီးခြင်း အပိုင်း (၁)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
May 19, 2020 နေ့
အိမ်တွင်း အလှဆင် နည်းလမ်းများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

တန်ဖိုးကြီးတဲ့ ဖက်ရှင်အဝတ်အထည်တွေနဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေကို နှစ်သက်မြတ်နိုးသူတွေအတွက် ဖက်ရှင်စတိုးဆိုင်ကြီးတွေလို စတိုင်လ်ကျတဲ့ ဖက်ရှင်အဝတ်ဗီရိုခန်းကြီးမျိုးလည်း လိုချင်တောင့်တမိကြမှာ အသေအချာပါပဲ။ အခန်းနေရာကျယ်ကျယ်ဝန်းဝန်းမရှိလို့ အဝတ်အထည်တွေနဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေကို နေရာကျကျ သိမ်းဆည်းထားရှိဖို့ ဗီရိုခန်းတွေကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးလို့ ညည်းတွားနေစရာမလိုတော့ပါဘူး။ အခုဖော်ပြသွားမယ့် အကြောင်းအရာက နေရာကျဉ်းပေမယ့် လှပသပ်ရပ်တဲ့ အဝတ်ဗီရိုခန်းမျိုး ဖန်တီးနိုင်စေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။


၁။ အလင်းရောင်ကို ထည့်သွင်းစဉ်းစားပါ။
အဝတ်အထည်တွေနဲ့ ဖက်ရှင်အသုံးအဆောင်တွေကိုထားဖို့ သီးသန့်နေရာပေးထားတာမျိုးမဟုတ်ဘဲ ကိုယ်နေတဲ့ အိပ်ခန်းမှာ အဝတ်ဗီရိုခန်းသဖွယ်ထည့်မယ်ဆိုရင် ပထမဆုံးစဉ်းစားရမှာက အလင်းရောင်ဝင်ရောက်မှုပဲဖြစ်ပါတယ်။ အကြိုက်ဆုံးနဲ့ တန်ဖိုးကြီးတဲ့ ဖက်ရှင် ပစ္စည်းမျိုးတွေကို ထားရ၊ ယူရလွယ်ကူစေဖို့ အရေးကြီးပေမယ့် ပြတင်းပေါက်ကို ဂရုစိုက်ပါ။ ပူပြင်းတဲ့ နေရောင်ခြည်ဝင်ရောက်တဲ့ နေရာမျိုးမှာ အဝတ်ဗီရိုခန်းကိုဖွဲ့မိတာမျိုးမပြုဖို့ အရေးကြီးပါတယ်။ နေရောင်ပြင်းပြင်းနဲ့ ထိတွေ့နေရတဲ့အခါမျိုးမှာ ပစ္စည်းတွေက အလျင်အမြန်ဟောင်းနွမ်းပျက်စီးသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ ဆင်မြန်းဝတ်ဆင်တဲ့အခါ အရောင်အသွေးလိုက်ဖက်မှုရှိ၊ မရှိဆိုတာနဲ့ မှန်ကန်တဲ့အရောင်အသွေးကို မြင်တွေ့စေနိုင်ဖို့ လုံလောက်တဲ့အလင်းဖန်တီးထည့်သွင်းမှုမျိုးတော့ လိုအပ်မှာဖြစ်ပါတယ်။


၂။ ပြသထားရှိခြင်း
တန်ဖိုးကြီးလက်ကိုင်အိတ်တွေကို ချိတ်ဆွဲထားမလား။ ညီညာပြန့်ပြူးတဲ့ ဗီရိုစင်မျက်နှာပြင်မှာ တင်ပြီးထားမလား။ ညီညာတဲ့ ဗီရိုမျက်နှာပြင်မှာတင်ထားတာက အိတ်တွေကို အပျက်အစီးသက်သာစေပါတယ်။ အိတ်တွေကို ပုံစံတကျဖြစ်နေစေဖို့ အိတ်ထဲမှာ ခြေမွထားတဲ့ စက္ကူတွေ အစာသွတ် ထည့်ပေးထားသင့်ပါတယ်။ ပုံစံကျရုံတင်ရပါပြီ။ အလွန်အကြူးဖောင်းကား တင်းနေအောင်ထည့်တာမျိုးတော့ မလုပ်သင့်ပါဘူး။
ထိန်းသိမ်းထားရှိတဲ့နေရာမှာ ဗီရိုမှန်ကန်ငယ်လေးတွေထဲမှာထားရှိတာက အိပ်ခန်းနံရံပေါ်ပြထားတဲ့ တန်ဘိုးကြီး စုစည်းပြသမှုမျိုးသဖွယ်ဖြစ်စေပါတယ်။ မီးခိုးဖျော့ရောင်ဗီရိုခန်းလေးတွေထဲမှာ အိတ်လေးတွေရဲ့အရောင်တောက်တောက်လေးတွေက နှစ်လိုဖွယ်ကောင်းလှပါတယ်။


၃။ အပွင့်လား၊ အပိတ်လား.
တန်ဘိုးကြီးလက်ကိုင်အိတ်တွေကို ဗီရိုထဲမှာထားသင့်ပါသလား။ တန်ဘိုးကြီးလက်ကိုင်အိတ်တွေကို ဝယ်ယူကတည်းက ဖုန်ကာပေးတဲ့ အဝတ်အိတ်ငယ်လေးတွေ တခါတည်းပါလာပြီးသားပါ။ လေအဝင်အထွက်ရှိတဲ့နေရာမျိုးမှာ လက်ကိုင်အိတ်တွေကို ဒီအိတ်လေးတွေထဲထည့်ပြီးထားသင့်ပါတယ်။ ကျွန်မရဲ့လက်ကိုင်အိတ်တွေကိုတော့ အပွင့်ဗီရိုစင်မှာထားလေ့ရှိပါတယ်။ အိတ်ကဗီရိုအံကွက်ထဲမှာ မဆံ့ဘူးဆိုရင် သတ္ထုအစိတ်အပိုင်းလေးတွေမပါတဲ့အခြမ်းကနေ အိတ်ကို လှဲထားလိုက်ပါ။ သတ္ထုအစိတ်အပိုင်းတွေပါတဲ့ ဘက်ကို အောက်ဘက်ထားပြီးလှဲထားမိရင် အိတ်ရဲ့သားရေပေါ်မှာ သတ္ထုအစိတ်အပိုင်းတွေရဲ့ အရောင်ထင်သွားတတ်လို့ပါ။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ဆရာဇင်ယော်နီပြောပြတဲ့ “သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ”

ဆရာဇင်ယော်နီပြောပြတဲ့ “သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ”

အိမ်အတွင်းမှ လေများကို သန့်ရှင်းပေးနိုင်တဲ့ indoor Plant များ

အိမ်အတွင်းမှ လေများကို သန့်ရှင်းပေးနိုင်တဲ့ indoor Plant များ

မိုးတွင်း သစ်သားပရိဘောဂပစ္စည်း ထိန်းသိမ်းနည်းများ

မိုးတွင်း သစ်သားပရိဘောဂပစ္စည်း ထိန်းသိမ်းနည်းများ

ထူးခြားကောင်းမွန်တဲ့ အနက်ရောင်ကို အိမ်ထဲမှာ ဘယ်လိုချိန်ဆမလဲ

ထူးခြားကောင်းမွန်တဲ့ အနက်ရောင်ကို အိမ်ထဲမှာ ဘယ်လိုချိန်ဆမလဲ

မိုးရာသီ အိမ်တွင်းအိမ်ပြင် ထိန်းသိမ်းခြင်းအတွက် အချက်များ

မိုးရာသီ အိမ်တွင်းအိမ်ပြင် ထိန်းသိမ်းခြင်းအတွက် အချက်များ