ပုဂိ္ၢဳလ္ေရးျပႆနာမ်ားကို ေျဖရွင္းသည့္ ဖုန္းေရႊေဆးၿမီးတိုမ်ား

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
August 8, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ဓာတ္ႀကီးငါးပါးက “ခ်ီ” စြမ္းအင္ဟာတစ္ခုနဲ႔တစ္ခု ဘယ္လိုဆက္စပ္သက္ေရာက္တယ္ဆိုတာကို ျပဆိုတယ္။ တစ္ခုနဲ႔တစ္ခု အားျဖည့္ႏိုင္တယ္၊ ဖ်က္ဆီးႏိုင္တယ္။ ဒီဓာတ္ႀကီးငါးပါးကို သဘာ၀မွာ ေတြ႔ရတတ္တဲ့ အရာေတြနဲ႔ နာမည္ေပးထားတယ္။

          သစ္သားဓာတ္၊ မီးဓာတ္၊ ေျမႀကီးဓာတ္၊ သတၱဳဓာတ္နဲ႔ေရဓာတ္တို႔ပါပဲ။

          သစ္သားဓာတ္ – အေပၚေထာင္၊ လွဳပ္ရွားတက္ႂကြ၊ ေမွ်ာ္လင့္ခ်က္သစ္မ်ား၊ အၾကည့္၊ ေႏြဦးေပါက္ရာသီနံနက္၏ ခံစားမႈမ်ိဳး၊ အေရွ႕အရပ္က တက္ေနကို ကိုယ္စားျပဳ။

          မီးဓာတ္  – အျပင္ထြက္။ ခံစားမႈေဖာ္ၫႊန္း။  အေရာင္အေသြးစံု။ ေႏြရာသီ၏ ပူျပင္းေသာေန႔လည္ခင္းႏွင့္အတူ။   ေတာင္ဘက္က ေန႔လည္ခင္းေန။

          ေျမႀကီးဓာတ္ – ေအာက္ကိုစိုက္က်။ တည္ၿငိမ္ေသာစြမ္းအင္။ အေနာက္ေတာင္က်ေန။ ေႏြရာသီေန႔လည္ပိုင္းအကုန္။

          သတၱဳဓာတ္   – အတြင္းသို႔၀င္။ အေနာက္ဘက္အရပ္က ေဆာင္ဦးေပါက္္က်ေနကို ၾကည့္ေနရသလို

          ေရဓာတ္  – စီးဆင္းမႈ။ ေပ်ာ့ေျပာင္းညင္သာစီးေမ်ာ။ ေဆာင္းရာသီ အလည္ညသန္းေခါင္။ ေျမာက္ဘက္မ်က္ႏွာျပဳ ျပႆနာရွိရင္ အေျဖရွိတာပဲ။ ဖုန္းေရႊနည္းအခ်ိဳ႕နဲ႔ ေျဖရွင္းၾကည့္ရေအာင္။ ဖုန္းေရႊက ဂမီ္ၻရဓာတ္မ်ိဳးလိုေတာ့ ခ်က္ျခင္း အစြမ္းထက္ခ်င္မွထက္မယ္။ လူတစ္ေယာက္ကို ခ်မ္းသာေအာင္ လုပ္ေပးလို႔ေတာ့မရဘူး။ ကိုယ္သိပ္ခ်စ္ေနတဲ့ သူကိုလဲပိုင္ဆိုင္ခြင့္ရခ်င္မွ ရမယ္။ က်န္းမာေရးလဲ ေဆး၀ါးမသံုးပဲ ေဒါင္ေဒါင္ျမည္ေအာင္ ျဖစ္ခ်င္လို႔ မရႏိုင္ဘူး။ ဒါေပမယ့္ ေျပရာေျပေၾကာင္း သက္သာရာသက္သာေၾကာင္းေတာ့ ကုစြမ္းေပးႏိုင္တယ္။

          တစ္ခုမွတ္ထားဖို႔က ကိုယ္ကသူတစ္ပါးကို မေျပာင္းလဲႏိုင္ဘူး ဆိုတာပဲ။ ကိုယ့္ဖာသာကိုယ္ပဲ ေျပာင္းလဲႏိုင္တယ္ေလ။ ဒါေၾကာင့္ ဘယ္ျပႆနာမဆို သူတစ္ပါးကို အျပစ္တင္ေနတာထက္ အရင္ ကိုယ့္ဖာသာကိုယ္ တစ္ခုခုလုပ္ၾကည့္တာက ပိုေကာင္းမွာေပါ့။

ဖုန္းေရႊကေန လိုတာဘာရမလဲ

(၁) ကဲ ခင္ဗ်ားဘ၀ နိဂံုးေရာက္ေနၿပီလို႔ပဲ စဥ္းစားထားလိုက္။ ဒီရုပ္ကမၻာႀကီးကေန ခင္ဗ်ားေရြ႕ေျပာင္းသြားေတာ့မယ္။ ကိုယ့္ဖာသာကိုယ္ လဲ အစစအရာရာ ေက်နပ္မႈရွိတယ္ အရာရာလဲျပည့္စံုၿပီးၿပီ။ အဲ့ဒီအေျခအေနမ်ိဳးကို အာရံုျပဳၾကည့္လိုက္ပါ။

(၂) အခုအခ်ိန္နဲ႔ ေနာက္အခ်ိန္ၾကားမွာ ဘာလိုတယ္ဆိုတာ စဥ္းစားလိုက္။ ေသေသခ်ာခ်ာ က်ယ္က်ယ္ျပန္႔ျပန္႔ စိတ္ကူးၾကည့္။ လက္ေတြ႔ဘာအလိုအပ္ဆံုးလဲ ဆိုတာစဥ္းစား။ လိုတာရရင္ ဘယ္လို ေက်နပ္ အားရသြားမလဲဆိုတာ အာရံုျပဳၾကည့္။

(၃) စာရြက္လြတ္တစ္ခုယူၿပီး အစီအစဥ္ကိုေရးခ်။ ဘာေတြရရင္ေက်နပ္သလဲ။ ဘယ္လိုရာထူး၊ ေငြဘယ္ေလာက္မ်ားမ်ားရခ်င္သလဲ။ အစီအစဥ္စိတ္ကူးေတြ အေသးစိတ္ေရးခ်။

(၄) မိမိရဲ႕ စိတ္ကူးအိမ္မက္ေတြ အေကာင္အထည္ေပၚဖို႔ ဘာေျပာင္းလဲဖို႔လိုမလဲ။ ဖုန္းေရႊကို ဘယ္လိုအသံုးျပဳၿပီး ေျပာင္းမလဲ။ ဥပမာ- စိတ္ပိုလန္းခ်င္ရင္ အိမ္ရဲ႕အေနာက္ဘက္ျခမ္းကို ျပဳျပင္ေပး၊ ဒါမွမဟုတ္ ကုတင္ေျပာင္းအိပ္။ ေခါင္းကို အေနာက္အရပ္ ဦးတည္ ထားအိပ္ၾကည့္။

ေရႏွင့္ဆိုင္ေသာပစၥည္းမ်ား

(၁) ေရပန္း၊ ငါးကန္၊ ေရကန္

(၂) က်န္းမာေရးေကာင္္း အိမ္ကိုစြမ္းအင္ဓာတ္ပို၀င္

(၃) အိမ္(သို႔) အခန္းရဲ႕အေရွ႕ (သို႔) အေရွ႕ေတာင္မွာထား

          အိမ္ထဲမွာေရတံခြန္ေလးေတြ၊ ေရပန္းေလးေတြ၊ ငါးကန္ေလးေတြထား။ ဘာမွမရွိရင္ ခြက္တစ္ခြက္ထဲေရထည့္ ေန႔တိုင္းေရလဲေပး။ ေရကသန္႔ဖို႔၊ လတ္ဆတ္ဖို႔ေတာ့ အေရးအႀကီးဆံုးပဲ။ မၾကာခဏ ေရလဲေပးရတယ္။

ပင္လယ္ဆား

(၁) ဆားေခ်ာ(သို႔) ဆားၾကမ္း

(၂) တည္တံ့ခိုင္ၿမဲမႈကိုရေစ၊ ခ်ီဓာတ္ကိုသန္႔စင္ေစ။

(၃) အိမ္ထဲမွာ အေရွ႕ေျမာက္(သို႔) အေနာက္ေတာင္မွာထား သို႔မဟုတ္ ၾကမ္္းျပင္ကိုဆားရည္ဖ်န္း

          အိမ္ရဲ႕အေရွ႕ေျမာက္နဲ႔ အေနာက္ေတာင္ျခမ္းမွာ ဆားႏွစ္ဇြန္းဆီ ထည့္ထားတဲ့ ပန္းကန္ႏွစ္ခ်ပ္ထား။ တစ္ခါတစ္ရံအိပ္ယာ မ၀င္ခင္ ၾကမ္းျပင္မွာဆားအခ်ိဳ႕ ျဖန္းပက္။ ပန္းကန္ျပားထဲက ဆားကို ႏွစ္လတစ္ႀကိမ္လဲပါ။

အပင္မ်ား

(၁) အိမ္ထဲစိုက္တဲ့ အပင္မ်ိဳးစံု

(၂) ခ်ီဓာတ္ကို၀င္ေစ။ ေလထုညစ္ညမ္းမႈ၊ အသံညစ္ညမ္းမႈ ကာကြယ္

(၃) အပင္မ်ိဳးစံု စိုက္ပ်ိဳး

အပင္ဆိုတာ ရွင္သန္မႈျပယုဂ္ပဲ။ ဒါ့ေၾကာင့္ အိမ္ခန္းတိုင္းမွာ ရွင္သန္တဲ့ အပင္ရွိသင့္တယ္။ ၾကမ္းေပၚမွာ မထားပဲ အပင္ေတြကို  ခ်ိတ္ဆြဲထားလို႔လဲ ရတယ္။

ပန္းမ်ား

(၁) ပန္းအလွျပင္၊ ပန္းအိုးထိုး

(၂) ေနရာလပ္၏ ခံစားမႈကို ေျပာင္းရန္ကူညီ၊ သက္ရွိ ခ်ီဓာတ္ကို အားေပး

(၃) မိမိေနထိုင္ေသာေနရာမွာ  ပန္းအိုးထိုးပါ။

          ပန္းအိုးကို အလွထိုးကာ အမ်ိဳးစံုျပင္ဆင္ႏိုင္ပါတယ္။ ပန္းအိုးမွာ ေရေတာ့အၿမဲလဲေပးပါ။

နာရီမ်ား

(၁) ခ်ိန္သီးပါတဲ့ တိုင္ကပ္နာရီပိုေကာင္းပါတယ္။

(၂) ဟန္ခ်က္ညီမွ်တေသာ ဘ၀ကို ရေစတတ္

(၃) အိမ္ရဲ႕အေနာက္ဘက္ (သို႔) အေနာက္ေျမာက္မွာ ထားပါ။

ဓာတ္ငါးပါးထဲမွာ ပါတဲ့ သတၱဳဓာတ္ထဲမွာ နာရီက ယန္း စြမ္းအင္ဓာတ္အမ်ားဆံုးေပးႏိုင္ပါတယ္။

မီးေသြးခဲ

(၁) ပန္းခ်ီဆရာေတြ သံုးတဲ့ မီးေသြးခဲ

(၂) အေနာက္နဲ႔ အေနာက္ေျမာက္က မီးဓာတ္ကို ဟန္ခ်က္ထိန္းေပးတယ္

(၃) မီးဓာတ္ရွိတဲ့ ေနရာမွာ မီးေသြးခဲကို ေျမအိုးထဲ ထည့္ထားပါ။

ဖေယာင္းတိုင္

(၁) ဖေယာင္းတိုင္

(၂) ခြန္အားတိုးေစ၊ စိတ္ဓာတ္တက္ႂကြေစ

(၃) အိမ္ရဲ႕ေတာင္၊ အေနာက္ေတာင္၊ အေရွ႕ေျမာက္မွာထား

မွန္မ်ား

(၁) မွန္ျပင္ညီခ်ပ္ (သို႔) မွန္ခံုးမ်ား

(၂) လႈပ္ရွားသက္၀င္မႈကို အားေပး

(၃) အခန္းရဲ႕ ေမွာင္တဲ့ေနရာ၊ က်ဥ္းတဲ့ေနရာမွာထား

ေလသာဆည္းလည္းမ်ား

(၁) သစ္သား(သို႔) သတၱဳဆည္းလည္းမ်ား

(၂) ခ်ီဓာတ္ကို ေနရာအႏွံ႔ပ်ံ႕ႏွံ႔ေစ

(၃) တံခါးမွာခ်ိတ္ဆြဲပါ။ တံခါးဖြင့္တိုင္း အသံျမည္ေနပါေစ။

သလင္းေက်ာက္မ်ား

(၁) ႀကိဳးခ်ည္ထားေသာ သလင္းေက်ာက္ ဆြဲႀကိဳးမ်ား

(၂) ယန္းဓာတ္ကိုအားေပး

(၃) ျပဴတင္းေပါက္မွာခ်ိတ္ဆြဲ။ ေနေရာင္ ေရာင္ျပန္ဟပ္ပါေစ

ေနရာရွင္းလင္းျခင္း

(၁) တရားထိုင္၊ ကမ္ၼဌာန္းထို္င္ျခင္း

(၂) မိမိ၏ ကိုယ္ပိ္ုင္ခ်ီဓာတ္ျဖင့္ စြမ္းအင္ရယူ

(၃) အခန္းထဲတြင္ တိတ္ဆိတ္စြာထိုင္ၿပီး သမာဓိ ယူေဆာင္ပါ။

          သင့္ရဲ႕စိတ္အင္အားနဲ႔ ခံစားမႈေတြက ခႏၶာကိုယ္ထဲက ထြက္ၿပီး အခန္းထဲက ခ်ီ စြမ္းအင္ႏွင့္ ေရာသြားမယ္။  သမာဓိ ယူေဆာင္ စိတ္ကို တည္ၿငိမ္ေစၿပီးရင္ အသက္ရွဴထုတ္လိုက္တိုင္း စိတ္ကူးအေတြးေတြကို အခန္းထဲကို ျမဴးေစလာတယ္လို႔ စိတ္ကူးပါ။

ေခါင္းေလာင္းမ်ား

(၁) လက္ကိုင္ေခါင္းေလာင္း

(၂) ခံစားမႈ အေတြးေတြကို ခ်ီဓာတ္နဲ႔အတူ အျပင္ထုတ္

(၃) ခႏၶာကိုယ္နားကပ္ၿပီး၊ ျပင္းျပင္းထန္ထန္ လႈပ္ခါရမ္းၿပီး ထိုးပါ။

Unicode ျဖင့္ဖတ္ရန္

ပုဂ္ဂိုလ်ရေးပြဿနာများကို ဖြေရှင်းသည့် ဖုန်းရွှေဆေးမြီးတိုများ

ဓာတ်ကြီးငါးပါးက “ချီ” စွမ်းအင်ဟာတစ်ခုနဲ့တစ်ခု ဘယ်လိုဆက်စပ်သက်ရောက်တယ်ဆိုတာကို ပြဆိုတယ်။ တစ်ခုနဲ့တစ်ခု အားဖြည့်နိုင်တယ်၊ ဖျက်ဆီးနိုင်တယ်။ ဒီဓာတ်ကြီးငါးပါးကို သဘာဝမှာ တွေ့ရတတ်တဲ့ အရာတွေနဲ့ နာမည်ပေးထားတယ်။
သစ်သားဓာတ်၊ မီးဓာတ်၊ မြေကြီးဓာတ်၊ သတ္တုဓာတ်နဲ့ရေဓာတ်တို့ပါပဲ။
သစ်သားဓာတ် – အပေါ်ထောင်၊ လှုပ်ရှားတက်ကြွ၊ မျှော်လင့်ချက်သစ်များ၊ အကြည့်၊ နွေဦးပေါက်ရာသီနံနက်၏ ခံစားမှုမျိုး၊ အရှေ့အရပ်က တက်နေကို ကိုယ်စားပြု။
မီးဓာတ် – အပြင်ထွက်။ ခံစားမှုဖော်ညွှန်း။ အရောင်အသွေးစုံ။ နွေရာသီ၏ ပူပြင်းသောနေ့လည်ခင်းနှင့်အတူ။ တောင်ဘက်က နေ့လည်ခင်းနေ။
မြေကြီးဓာတ် – အောက်ကိုစိုက်ကျ။ တည်ငြိမ်သောစွမ်းအင်။ အနောက်တောင်ကျနေ။ နွေရာသီနေ့လည်ပိုင်းအကုန်။
သတ္တုဓာတ် – အတွင်းသို့ဝင်။ အနောက်ဘက်အရပ်က ဆောင်ဦးပေါက်ကျနေကို ကြည့်နေရသလို
ရေဓာတ် – စီးဆင်းမှု။ ပျော့ပြောင်းညင်သာစီးမျော။ ဆောင်းရာသီ အလည်ညသန်းခေါင်။ မြောက်ဘက်မျက်နှာပြု ပြဿနာရှိရင် အဖြေရှိတာပဲ။ ဖုန်းရွှေနည်းအချို့နဲ့ ဖြေရှင်းကြည့်ရအောင်။ ဖုန်းရွှေက ဂမီ်္ဘရဓာတ်မျိုးလိုတော့ ချက်ခြင်း အစွမ်းထက်ချင်မှထက်မယ်။ လူတစ်ယောက်ကို ချမ်းသာအောင် လုပ်ပေးလို့တော့မရဘူး။ ကိုယ်သိပ်ချစ်နေတဲ့ သူကိုလဲပိုင်ဆိုင်ခွင့်ရချင်မှ ရမယ်။ ကျန်းမာရေးလဲ ဆေးဝါးမသုံးပဲ ဒေါင်ဒေါင်မြည်အောင် ဖြစ်ချင်လို့ မရနိုင်ဘူး။ ဒါပေမယ့် ပြေရာပြေကြောင်း သက်သာရာသက်သာကြောင်းတော့ ကုစွမ်းပေးနိုင်တယ်။
တစ်ခုမှတ်ထားဖို့က ကိုယ်ကသူတစ်ပါးကို မပြောင်းလဲနိုင်ဘူး ဆိုတာပဲ။ ကိုယ့်ဖာသာကိုယ်ပဲ ပြောင်းလဲနိုင်တယ်လေ။ ဒါကြောင့် ဘယ်ပြဿနာမဆို သူတစ်ပါးကို အပြစ်တင်နေတာထက် အရင် ကိုယ့်ဖာသာကိုယ် တစ်ခုခုလုပ်ကြည့်တာက ပိုကောင်းမှာပေါ့။

ဖုန်းရွှေကနေ လိုတာဘာရမလဲ
(၁) ကဲ ခင်ဗျားဘ၀ နိဂုံးရောက်နေပြီလို့ပဲ စဉ်းစားထားလိုက်။ ဒီရုပ်ကမ္ဘာကြီးကနေ ခင်ဗျားရွေ့ပြောင်းသွားတော့မယ်။ ကိုယ့်ဖာသာကိုယ် လဲ အစစအရာရာ ကျေနပ်မှုရှိတယ် အရာရာလဲပြည့်စုံပြီးပြီ။ အဲ့ဒီအခြေအနေမျိုးကို အာရုံပြုကြည့်လိုက်ပါ။
(၂) အခုအချိန်နဲ့ နောက်အချိန်ကြားမှာ ဘာလိုတယ်ဆိုတာ စဉ်းစားလိုက်။ သေသေချာချာ ကျယ်ကျယ်ပြန့်ပြန့် စိတ်ကူးကြည့်။ လက်တွေ့ဘာအလိုအပ်ဆုံးလဲ ဆိုတာစဉ်းစား။ လိုတာရရင် ဘယ်လို ကျေနပ် အားရသွားမလဲဆိုတာ အာရုံပြုကြည့်။
(၃) စာရွက်လွတ်တစ်ခုယူပြီး အစီအစဉ်ကိုရေးချ။ ဘာတွေရရင်ကျေနပ်သလဲ။ ဘယ်လိုရာထူး၊ ငွေဘယ်လောက်များများရချင်သလဲ။ အစီအစဉ်စိတ်ကူးတွေ အသေးစိတ်ရေးချ။
(၄) မိမိရဲ့ စိတ်ကူးအိမ်မက်တွေ အကောင်အထည်ပေါ်ဖို့ ဘာပြောင်းလဲဖို့လိုမလဲ။ ဖုန်းရွှေကို ဘယ်လိုအသုံးပြုပြီး ပြောင်းမလဲ။ ဥပမာ- စိတ်ပိုလန်းချင်ရင် အိမ်ရဲ့အနောက်ဘက်ခြမ်းကို ပြုပြင်ပေး၊ ဒါမှမဟုတ် ကုတင်ပြောင်းအိပ်။ ခေါင်းကို အနောက်အရပ် ဦးတည် ထားအိပ်ကြည့်။
ရေနှင့်ဆိုင်သောပစ္စည်းများ
(၁) ရေပန်း၊ ငါးကန်၊ ရေကန်
(၂) ကျန်းမာရေးကောင်း အိမ်ကိုစွမ်းအင်ဓာတ်ပိုဝင်
(၃) အိမ်(သို့) အခန်းရဲ့အရှေ့ (သို့) အရှေ့တောင်မှာထား
အိမ်ထဲမှာရေတံခွန်လေးတွေ၊ ရေပန်းလေးတွေ၊ ငါးကန်လေးတွေထား။ ဘာမှမရှိရင် ခွက်တစ်ခွက်ထဲရေထည့် နေ့တိုင်းရေလဲပေး။ ရေကသန့်ဖို့၊ လတ်ဆတ်ဖို့တော့ အရေးအကြီးဆုံးပဲ။ မကြာခဏ ရေလဲပေးရတယ်။
ပင်လယ်ဆား
(၁) ဆားချော(သို့) ဆားကြမ်း
(၂) တည်တံ့ခိုင်မြဲမှုကိုရစေ၊ ချီဓာတ်ကိုသန့်စင်စေ။
(၃) အိမ်ထဲမှာ အရှေ့မြောက်(သို့) အနောက်တောင်မှာထား သို့မဟုတ် ကြမ်းပြင်ကိုဆားရည်ဖျန်း
အိမ်ရဲ့အရှေ့မြောက်နဲ့ အနောက်တောင်ခြမ်းမှာ ဆားနှစ်ဇွန်းဆီ ထည့်ထားတဲ့ ပန်းကန်နှစ်ချပ်ထား။ တစ်ခါတစ်ရံအိပ်ယာ မဝင်ခင် ကြမ်းပြင်မှာဆားအချို့ ဖြန်းပက်။ ပန်းကန်ပြားထဲက ဆားကို နှစ်လတစ်ကြိမ်လဲပါ။
အပင်များ
(၁) အိမ်ထဲစိုက်တဲ့ အပင်မျိုးစုံ
(၂) ချီဓာတ်ကိုဝင်စေ။ လေထုညစ်ညမ်းမှု၊ အသံညစ်ညမ်းမှု ကာကွယ်
(၃) အပင်မျိုးစုံ စိုက်ပျိုး
အပင်ဆိုတာ ရှင်သန်မှုပြယုဂ်ပဲ။ ဒါ့ကြောင့် အိမ်ခန်းတိုင်းမှာ ရှင်သန်တဲ့ အပင်ရှိသင့်တယ်။ ကြမ်းပေါ်မှာ မထားပဲ အပင်တွေကို ချိတ်ဆွဲထားလို့လဲ ရတယ်။
ပန်းများ
(၁) ပန်းအလှပြင်၊ ပန်းအိုးထိုး
(၂) နေရာလပ်၏ ခံစားမှုကို ပြောင်းရန်ကူညီ၊ သက်ရှိ ချီဓာတ်ကို အားပေး
(၃) မိမိနေထိုင်သောနေရာမှာ ပန်းအိုးထိုးပါ။
ပန်းအိုးကို အလှထိုးကာ အမျိုးစုံပြင်ဆင်နိုင်ပါတယ်။ ပန်းအိုးမှာ ရေတော့အမြဲလဲပေးပါ။
နာရီများ
(၁) ချိန်သီးပါတဲ့ တိုင်ကပ်နာရီပိုကောင်းပါတယ်။
(၂) ဟန်ချက်ညီမျှတသော ဘဝကို ရစေတတ်
(၃) အိမ်ရဲ့အနောက်ဘက် (သို့) အနောက်မြောက်မှာ ထားပါ။
ဓာတ်ငါးပါးထဲမှာ ပါတဲ့ သတ္တုဓာတ်ထဲမှာ နာရီက ယန်း စွမ်းအင်ဓာတ်အများဆုံးပေးနိုင်ပါတယ်။
မီးသွေးခဲ
(၁) ပန်းချီဆရာတွေ သုံးတဲ့ မီးသွေးခဲ
(၂) အနောက်နဲ့ အနောက်မြောက်က မီးဓာတ်ကို ဟန်ချက်ထိန်းပေးတယ်
(၃) မီးဓာတ်ရှိတဲ့ နေရာမှာ မီးသွေးခဲကို မြေအိုးထဲ ထည့်ထားပါ။
ဖယောင်းတိုင်
(၁) ဖယောင်းတိုင်
(၂) ခွန်အားတိုးစေ၊ စိတ်ဓာတ်တက်ကြွစေ
(၃) အိမ်ရဲ့တောင်၊ အနောက်တောင်၊ အရှေ့မြောက်မှာထား
မှန်များ
(၁) မှန်ပြင်ညီချပ် (သို့) မှန်ခုံးများ
(၂) လှုပ်ရှားသက်ဝင်မှုကို အားပေး
(၃) အခန်းရဲ့ မှောင်တဲ့နေရာ၊ ကျဉ်းတဲ့နေရာမှာထား
လေသာဆည်းလည်းများ
(၁) သစ်သား(သို့) သတ္တုဆည်းလည်းများ
(၂) ချီဓာတ်ကို နေရာအနှံ့ပျံ့နှံ့စေ
(၃) တံခါးမှာချိတ်ဆွဲပါ။ တံခါးဖွင့်တိုင်း အသံမြည်နေပါစေ။
သလင်းကျောက်များ
(၁) ကြိုးချည်ထားသော သလင်းကျောက် ဆွဲကြိုးများ
(၂) ယန်းဓာတ်ကိုအားပေး
(၃) ပြူတင်းပေါက်မှာချိတ်ဆွဲ။ နေရောင် ရောင်ပြန်ဟပ်ပါစေ
နေရာရှင်းလင်းခြင်း
(၁) တရားထိုင်၊ ကမ်္မဌာန်းထိုင်ခြင်း
(၂) မိမိ၏ ကိုယ်ပိုင်ချီဓာတ်ဖြင့် စွမ်းအင်ရယူ
(၃) အခန်းထဲတွင် တိတ်ဆိတ်စွာထိုင်ပြီး သမာဓိ ယူဆောင်ပါ။
သင့်ရဲ့စိတ်အင်အားနဲ့ ခံစားမှုတွေက ခန္ဓာကိုယ်ထဲက ထွက်ပြီး အခန်းထဲက ချီ စွမ်းအင်နှင့် ရောသွားမယ်။ သမာဓိ ယူဆောင် စိတ်ကို တည်ငြိမ်စေပြီးရင် အသက်ရှူထုတ်လိုက်တိုင်း စိတ်ကူးအတွေးတွေကို အခန်းထဲကို မြူးစေလာတယ်လို့ စိတ်ကူးပါ။
ခေါင်းလောင်းများ
(၁) လက်ကိုင်ခေါင်းလောင်း
(၂) ခံစားမှု အတွေးတွေကို ချီဓာတ်နဲ့အတူ အပြင်ထုတ်
(၃) ခန္ဓာကိုယ်နားကပ်ပြီး၊ ပြင်းပြင်းထန်ထန် လှုပ်ခါရမ်းပြီး ထိုးပါ။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အခန္းတစ္ခန္းကို တစ္နာရီအတြင္းလန္းဆန္းသြားေအာင္ဘယ္လိုျပင္ဆင္မလဲ

အခန္းတစ္ခန္းကို တစ္နာရီအတြင္းလန္းဆန္းသြားေအာင္ဘယ္လိုျပင္ဆင္မလဲ

ထူးျခားဆန္းသစ္ေသာေရခ်ဳိးခန္းသံုးထုတ္ကုန္

ထူးျခားဆန္းသစ္ေသာေရခ်ဳိးခန္းသံုးထုတ္ကုန္

စာအုပ္မ်ားျဖင့္ ေနအိမ္ကိုစတိုင္လ္က်က်ျပဳျပင္မြမ္းမံျခင္း

စာအုပ္မ်ားျဖင့္ ေနအိမ္ကိုစတိုင္လ္က်က်ျပဳျပင္မြမ္းမံျခင္း

လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ

လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ