နှစ်သစ်ကူးပါတီကို လှအောင် ဘယ်လိုပြင်ဆင်ကြမလဲ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
December 30, 2019 နေ့
အိမ်တွင်း အလှဆင် နည်းလမ်းများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

နှစ်သစ်ကူးနေ့ဆိုတာက ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ့်မိသားစုတွေနဲ့ ကုန်ဆုံးသွားရမယ့်၊ အတူဖြတ်သန်းရမယ့်နေ့တစ်နေ့ပါ။ နှစ်တစ်နှစ်ကို အမှတ်တရ ရှိနေအောင် အတူတူ ဆင်နွှဲဖို့အတွက် တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ရုံးပိတ်ရက်တစ်ရက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့ခင်တဲ့သူတွေနဲ့အတူ ပျော်ရွှင်ရအောင် သင့်တင့်တဲ့ ပြင်ဆင်မှုလေးတွေနဲ့ ပွဲတော်တစ်ခုကို ဖန်တီးလိုက်ရအောင်။
ဘောလုံးကိရိယာတန်ဆာပလာများဖြင့် နှစ်သစ်ကူးနေ့ကို အလှဆင်ခြင်း
နှစ်သစ်ကူးနေ့ကို ကျင်းပဖို့အတွက် ဘောလုံးကို အသုံးပြုပေးတာက ခုနောက်ပိုင်း ပိုပြီး ကျော်ကြားလာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ နှစ်သစ်ကူးနေ့မှာ ဘောလုံးပွဲတွေ ကျင်းပဖို့ ရှိနေတယ်ဆိုရင် ဘောလုံးပွဲကို ထင်ဟပ်စေမယ့် ဘောလုံးနဲ့ ပတ်သတ်တဲ့ တန်ဆာပလာတွေနဲ့လည်း အလှဆင်ပေးနိုင်ပါတယ်။
နောက်တစ်ခုက အစိမ်းရောင်ရှိတဲ့ အခင်း သို့မဟုတ် ဘောလုံးကွင်းသုံး အစိမ်းရောင် ပစ္စည်း တို့ကို အသုံးပြုပြီး ပန်းကန်ပြား၊ ခွက်ယောက်၊ လက်သုတ်ပုဝါတို့နဲ့ တွဲပေးထားလိုက်ပါ။ အလယ်စင်တာအတွက် ဘောလုံးအသေးလေးတစ်လုံးကို အသုံးပြုပေးတာက ထူးခြားတဲ့ အလှဆင်ခြင်းမျိုးလေးပဲ ဖြစ်ပါတယ်။


DIY ဘောလုံးအလှဆင်ဒီဇိုင်း
အညိုရောင် စာရွက်ထဲကနေမှ ဘောလုံးပုံစံ ညှပ်ထုတ်လိုက်ပြီး ကိုယ်တိုင် ဒီဇိုင်းလေးတစ်ခု ဖန်တီးလိုက်ပါ။ အဖြူရောင် မျဉ်းကြောင်းတွေ ဆွဲဖို့အတွက် အဖြူရောင်အရည်ထွက်တဲ့ ဘောပင်အမျိုးအစားမျိုးကို အသုံးပြုပေးပါ။ ချိတ်ဆွဲလို့ရအောင် ဘောလုံးတွေကို ကြိုးပေါ်မှာ တိပ် နဲ့ ကပ်ပေးပါ။ ဘောလုံးလေးတွေ ချိတ်ထားတဲ့ ကြိုးကို တံခါးဟိုဘက် သည်ဘက် ချိတ်ဆွဲထားနိုင်သလို သင်ကြိုက်နှစ်သက်တဲ့ နေရာတိုင်းမှာ အလှဆင်နိုင်ပါတယ်။
ဘောလုံးများဖြင့် အလှဆင်ထားသော နံပါတ်များ
ယခုလာမယ့်နှစ်တစ်နှစ်ကို ကိုယ်စားပြုထားတဲ့ နံပါတ်တွေကို ကို ပြုလုပ်ဖို့အတွက် ဘောလုံးလေးတွေကို အသုံးပြုပြီးလည်း အလှဆင်နိုင်ပါတယ်။ ဘောလုံးတွေကို ဟီလီယမ်ဓာတ်ငွေ့ကို ဖြည့်ပေးပြီး စိတ်ကြည်နူးစရာကောင်းအောင် ပျော်စရာကောင်းအောင် ကြည့်ရတာတမျိုးလေးဖြစ်အောင် main table ရဲ့ အလည်မှာ ချိတ်ဆွဲပြီး အလှဆင်ယင်နိုင်ပါတယ်။
ရှန်ပိန်ပူပေါင်းနံရံ
ရှန်ပိန်ရဲ့ ပလုံစီပူပေါင်းပုံစံမျိုး နံရံမှာ ပြုလုပ်နိုင်ဖို့အတွက် ရွှေရောင်ငွေရောင် ပူပေါင်းတွေကို အသုံးပြုပေးပါ။ အနက်စာရွက်စက္ကူမှ ရှန်ပိန်ပုလင်းပုံစံကို ညှပ်ထုတ်လိုက်ပါ။ ရှန်ပိန်ပုလင်းပုံစံညှပ်ထားတဲ့ စက္ကူစာရွက်ရဲ့ ထိပ်မှာ ရွှေရောင် ငွေရောင် ပူပေါင်းတွေ ကို နှစ်ဖက်တိပ်နဲ့ ကပ်ပေးပြီး ရှန်ပိန်ပုလင်းမှ ပလုံစီ ပူပေါင်းလေးတွေ ထွက်လာတဲ့ ပုံစံမျိုး အလှဆင်နိုင်ပါတယ်။


အနာဂါတ်ကို ကြိုတင်ခန့်မှန်းခြင်း
ဒီလို အိုင်ဒီယာမျိုးကို အလှဆင်ယင်ခြင်းတစ်ခုအနေနဲ့ guest book ကို အသုံးပြုပေးရုံနဲ့ ဖန်တီးနိုင်ပါတယ်။ notebook စာအုပ်နဲ့ ဘောလ်ပင်ကို စားပွဲပေါ်မှာ အတူထားပေးပြီး crystal balls လေးတွေနဲ့ အလှဆင်ထားလိုက်ပါ။ ရောက်ရှိလာတဲ့ ဧည့်သည်တွေကို နောင်လာမယ့် အနာဂါတ်ကာလကို ကြိုတင်ခန့်မှန်းပြီး စာအုပ်တစ်အုပ်ထဲမှာ မှတ်တမ်းတင်ထားနိုင်အောင် ပြုလုပ်ပေးပါ။
အိုရီဂါမီ ခေါက်ထားသော ကြယ်များဖြင့် အလှဆင်ခြင်း
မျက်နှာကြက်မှ ကြယ်များ မျောလွင့်နေသယောင် တွဲလောင်းချ အလှဆင်ထားခြင်း၊ နံရံအလှဆင်ခြင်းဖြင့် မိမိအခန်းကို ကမ္ဘာ့အပြင်ရောက်နေသယောင် ခံစားရသလိုမျိုး ဖန်တီးလို့ရပါတယ်။ အဲ့လိုပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ သင့်အခန်းကို ပိုပြီးထင်သာမြင်သာ ရှိသွားစေမယ့် အိုရီဂါမီကြယ်လေးတွေ ပြုလုပ်ဖို့ စက္ကူစာရွက်လေးတွေပဲ လိုအပ်ပါတယ်။
သင်ပုန်းဖြင့် အလှဆင်ခြင်း
နှစ်သစ်ကူးနေ့မှာ နောက်ထပ်ပျော်စရာကောင်းစေမယ့် အပြင်အဆင်တစ်ခုကတော့ သင်ပုန်းကို ပန်းကုံးလေးတွေနဲ့ အလှဆင်ထားခြင်းမျိုးဖြစ်ပါတယ်။ သင်ပုန်းမှာ စက္ကူစာရွက်အပိုင်းအစလေးတွေနဲ့ ‘love weight’ နဲ့ ‘save money’ တို့ကို စာလုံးလေးတွေကို နှစ်ဖက်တိပ်လေးနဲ့ ကပ်ထားပေးပြီး ရောက်ရှိလာတဲ့ ဧည့်သည်တွေကို ကိုယ်ကြိုက်တာရွေးချယ်စေပြီး အင်္ကျီႌမှာ ကပ်ဖို့ပြောပေးပါ။ ဧည့်သည်တွေ ရေးလို့ရအောင်လည်း သင်ပုန်းဘေးမှာ စာရွက်တချို့ကို ထားထားပေးပါ။

မျောလွင့်နေသော အာလီယမ် ဂြိုလ်သားလေးများ
အစိမ်းရောင်၊ အပြာရောင်၊ အဝါရောင် တို့လို ရောင်စုံစာရွက်တွေကနေမှ မတူညီတဲ့ အာလီယမ်ဂြိုလ်သား ပုံစံလေးတွေ ညှပ်ထုတ်လိုက်ပါ။ ရယ်စရာကောင်းတဲ့ မျက်နှာတွေ ရလာဖို့အတွက် မျက်လုံးတို့လိုနေရာတွေကို အနက်ရောင် မာကာပန် ကို အသုံးပြုပြီး ချယ်သပေးပါ။ နံရံ၊ ဘောလုံး၊ နဲ့ တခြားအရာတွေကနေ တွဲလောင်းကျ ချတ်ဆွဲဖို့အတွက် အရုပ်လေးတွေရဲ့ အပေါ်မှာ အပေါက်လေးဖောက်ပေးထားပါ။ အဲ့လိုဆိုရင် အာလီယမ် ဂြိုလ်သားလေးတွေဒီဇိုင်းရှိတဲ့ အလှဆင်နည်းနဲ့လည်း နှစ်သစ်ကူးမှာ အလှဆင်နိုင်ပါတယ်။

ရွှေရောင်နောက်ခံ Backdrop ဒီဇိုင်း
နှစ်သစ်ကူးနေ့မှာ ပိုပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေ ထွက်လာဖို့အတွက်ဆိုရင် အရောင်တောက်တောက်ပပရှိတဲ့ backdrop လို ပုံစံမျိုးကို အသုံးပြုဖို့ ကြိုးစားကြည့်သင့်ပါတယ်။ Backdrop မှာ ရွှေရောင်အမျှင်တွေချိတ်ပေးထားပြီး မျက်မှန်၊ နှစ်သစ်ကူးအမှတ်တရ ဦးထုတ် နဲ့ ပလက်စတစ်ရှန်ပိန် ပုလင်းလေးတွေကိုလည်း အမှတ်တရ ဓာတ်ပုံတွဲရိုက်ဖို့ ထားပေးသင့်ပါတယ်။
Disco မီးလုံးများ
သင့်ရဲ့ ပါတီကို disco မီးလုံးလေးတွေ အသုံးပြုပြီး အလှဆင်နိုင်ပါတယ်။ သင်က disco မီးလုံးတွေနဲ့ အလှမဆင်ချင်ဘူးဆိုရင်တော့ Styrofoam ဘောလုံးကို ဒန်စက္ကူကပ်ကာအသုံးပြုပြီး ကိုယ်တိုင်အလှဆင်ယင်နိုင်ပါတယ်။
နှစ်သစ်ကူး နံပါတ်များ
ခုလာမယ့် နှစ်ရဲ့ နံပါတ်တွေကို ပါတီမှာ တန်ဆာဆင်ဖို့ အသုံးပြုပေးပါ။ နံပါတ်တွေကို လင်းနေအောင်လုပ်ပေးထားပြီး အလှဆင်နိုင်ပါတယ်။ နံပါတ်တွေနဲ့ အလှဆင်တာကလည်း အမှတ်တရဖြစ်စေမယ့် ရွေးချယ်မှုတွေက တစ်ခုပဲဖြစ်ပါတယ်။


နောက်တစ်နည်းကတော့ ပိုစတာဘုတ်ထဲမှ ယခုရောက်ရှိလာမယ့်နှစ်တစ်နှစ်ကို ကိုယ်စားပြုထားတဲ့ နံပါတ်တွေကို ညှပ်ထုတ်လိုက်ပါ။ တစ်ရှုး၊ စက္ကူပန်းပွားနဲ့ ပန်းအတုတွေကို နံရံမှာ ချိတ်ဆွဲအလှဆင်ဖို့အတွက် အသုံးပြုပေးပါ။ ပါတီပွဲအလှဆင်ထားပြီး ကျန်ရှိနေတဲ့ အပိုင်းတွေကို ပိုပြီးပြည့်စုံစေဖို့အတွက် တစ်ရှုးနဲ့ ပန်းတွေကို အရောင်တွေနဲ့ ရွေးချယ်အသုံးပြုပေးပါ (သို့မဟုတ်) အပြင်အဆင်အားလုံးနဲ့ လိုက်ဖက်မှုရှိအောင် အဖြူ နဲ့ အနက်ကို အသုံးပြုပေးပါ။
နံပါတ်များကို တွဲလောင်းချ အလှဆင်ခြင်း
အလှဆင်မီးကြိုးလေးတွေနဲ့ ပြုလုပ်ထားတဲ့ နံပါတ်လေးတွေကို ရွေးချယ်ပြီး အသုံးပြုပေးလို့ ရသလို ကိုယ်ကိုယ်တိုင် ပြုလုပ်ပြီး နံရံမှာပဲ ဖြစ်ဖြစ် အခန်းထဲမှာပဲ ဖြစ်ဖြစ် အလှဆင်လို့ ရပါတယ်။ အရောင်တောက်တဲ့ စက္ကူစာရွက်ကနေမှ နံပါတ်တွေကို ညှပ်ထုတ်လိုက်ပြီး ကြိုးထည့်လို့ရအောင် အပေါက်လေးတွေ ဖောက်ပေးလိုက်ပါ။ အရောင်တောက်တဲ့စက္ကူကို အသုံးပြုပြီး 3D ပုံစံကြယ်ခေါက်ထားတာကို အခုနက ညှပ်ထုတ်ထားတဲ့နံပါတ်တွေမှာ အသုံးပြုပေးပါ။ ယခုဆိုရင် သင့်ရဲ့ နံပါတ်တွေကို မီးနဲ့အလှဆင်ထားတဲ့ အလှဆင်ပန်းကုံးလေးကို ချိတ်ဆွဲထားလို့ ရပါပြီ။
နံပါတ်တွေကို ဖြောက်ပြီး အလှဆင်ခြင်း
တခါတလေ နှစ်ကူးပါတီ မီးပျက်သွားရင်တောင် သင့်ရဲ့ ပါတီအပြင်အဆင်က မြင်နိုင်တာမျိုးတွေ ဖြစ်အောင်အလှဆင်လို့ ရပါတယ်။ သင့်ရဲ့ နှစ်သစ်ကူးရက်ကို ပိုပြီး လှပသွားအောင် ဘောလုံးတွေ၊ LED အလှဆင်ထားတဲ့ မီးပန်းကုံးတွေ၊ မြောင်းအလှဆင်ခြင်း၊ စားပွဲအလှဆင်ခြင်း နဲ့ ခွက်အလှဆင်ခြင်းတွေကို ဗီနိုင်းနံပါတ်စတစ်ကာတွေနဲ့ပဲ ဖြစ်ဖြစ် အမှောင်ထဲမှာ အရောင်တောက်သွားစေမယ့် အပြင်အဆင်တွေကို ထည့်ပြီး အသုံးပြုပေးပါ။ ယခု မီးတွေအားလုံးကို ပိတ်လိုက်ပါ၊ အရာအားလုံးအသက်ပြန်ဝင်လာပါလိမ့်မယ်။ အဲ့လိုလုပ်ပေး ခြင်းက အရမ်းကို ပျော်ရွှင်စရာ ကောင်းပါလိမ့်မယ်။
နာရီများနှင့် အလှဆင်ခြင်း
နာရီတွေဆိုတာက အချိန်ကိုတိုင်းတာတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်တဲ့အပြင် နှစ်ကူးပွဲတော်အတွက်အသုံးပြုမယ်ဆိုရင်လည်း ပြည့်စုံမှုရှိတဲ့ သင်္ကေတလေးတစ်ခုဖြစ်ပါတယ်။ နာရီတွေကို ပုံစံအမျိုးမျိုးနဲ့ အလှဆင်နိုင်ပါတယ်။ စားပွဲတင်အလှဆင်ယင်မှုတစ်ခုအနေနဲ့ အသုံးပြုနိုင်သလို အခန်းတွင်းလည်း အလှဆင်နိုင်ပါတယ်။


နာရီတွေကို စားပွဲလှဆင်ယင်ခြင်းအနေနဲ့ ပြုလုပ်ဖို့ နည်းလမ်းအများကြီးရှိပါတယ်။ ပထမတစ်ခုအနေနဲ့ အလယ်စင်တာတစ်ခုဖန်တီးဖို့အတွက် နာရီတွေအကုန်လုံးကို တစ်နေရာတည်း အတူတူထားပေးလိုက်တဲ့ နည်းဖြစ်ပါတယ်။ နာရီအားလုံးကို Alarm လုပ်ပေးထားလိုက်ပြီး ညလယ် ၁၂ မှာ မြည်လာစေဖို့အတွက် သေချာမှုရှိနေပါစေ။ နောက်ထပ် အကြံတစ်ခုတစ်ခုကတော့ နာရီတွေအားလုံးကို လှန်ထားလိုက်ပြီးတော့ ပေါ်မှာ ဖန်အကြည်တစ်ချပ်ကို တင်ထားပေးလိုက်ပါ။ ဖန်အကြည်မှဖြတ်ပြီး ရောက်ရှိနေတဲ့ အချိန်ကို မြင်နိုင်မှာပဲ ဖြစ်ပါတယ်။
DIY နာရီများဖြင့် နံရံအလှဆင်ခြင်း
နံရံပေါ်က စက္ကူစက်ပိုင်းပေါ်မှာ နံပါတ်စတစ်ကာတွေထပ်ထည့်ခြင်းအားဖြင့် ကိုယ်ပိုင်နံရံကပ်နာရီလေးကို ဖန်တီးလိုက်ပါ။ နာရီဒိုင်ခွက်ထဲက လက်တံတွေကို ကိုယ်စားပြုဖို့ အပြင်မှာ စတေကာနံပါတ်တွေကို အသုံးပြုပေးပါ။ အနက်ရောင်စက္ကူမှ နာရီလက်တံပြုလုပ်ဖို့ ညှပ်ထုတ်လိုက်ပြီး နံရံမှာ တပ်ဆင်လိုက်ပါ။ စက္ကူစာရွက်အပြင် ဘောလုံးတွေနဲ့လည်း အလှဆင်အသုံးပြုပေးနိုင်ပါတယ်။
DIY နာရီ၊ တန်ဆာပစ္စည်းတွေနဲ့ ပတ်သက်ပြီး နံရံနာရီလက်တံ အမျိုးအစားတွေကိုလည်း ရွေးချယ်ပြီး အသုံးပြုပေးနိုင်ပါတယ်။ အလင်းရောင်တောက်တောက်ပတဲ့ စက္ကူစာရွက်မှ မတ်ခွက်အရွယ်အစားရှိတဲ့ စက်ဝိုင်းပုံညှပ်ထုတ်လိုက်ပါ။ နံပါတ်တွေနဲ့ အချိန်တွေကို ပြသနိုင်ဖို့အတွက် နာရီလက်တံတွေကို တပ်ဆင်လိုက်ပါ။ အပေါက်သေးသေးလေးဖောက်လိုက်ပြီး ဟီလီယမ်ဘောလုံးတွေနဲ့ ချည်ထားတဲ့ဖဲကြိုးတွေကို အပေါက်မှာ ချည်လိုက်ပါ။ နံရံမှာ ဘောလုံးတွေ မျောလွင့်နေဖို့ လုပ်ပေးထားလိုက်ခြင်းက သင့်ခန်းထဲမှာ တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ နာရီအလှဆင်မှုကို ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။
မီရှုးမီးပန်းများ
နှစ်သစ်ကူးဆိုတာက တကယ်တော့ မီးရှုးမီးပန်းတွေ အလှဆင်ဖောက်တာတွေနဲ့ ပြည့်နေတဲ့ ရက်တစ်ရက်ပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်လုပ်ဖို့ဆိုရင်တော့ Shish Kabob အချောင်းတွေ၊ မီးခိုးရောင် ပန်းပွားလေးတွေ၊ ဆင်ကော် နဲ့ အရောင်တောက်ပစေနိုင်တဲ့ ပစ္စည်းမျိုးတွေ လိုပါတယ်။ Shish Kabob တုတ်ချောင်းကို သင်လိုချင်တဲ့ အရှည်အတိုကို ဖြတ်လိုက်ပါ။ ပန်းပွားတွေကို ဆင်ကော် ဖြန်းလိုက်ပြီး အရောင်တောက်စေတဲ့ ပစ္စည်းတွေ ကပ်လိုက်ပြီး အခြောက်ခံလိုက်ပါ။ သင့်ရဲ့ စားသောက်စားပွဲတွေနဲ့ အချိုစားပွဲ တို့မှာ မီးအလင်းရောင်တွေ ဖြာထွက်နေစေတဲ့ အသွင်မျိုးရအောင် လိုက်ကပ်ပြီး အသုံးပြုအလှဆင်နိုင်ပါတယ်။
အရိုးရှင်းဆုံးသော အလှဆင်ခြင်းများ
ပွဲလမ်းသဘင်ပုံစံမျိုးလို ရိုးရိုးရှင်းရှင်းအလှဆင်ထားတာမျိုးကိုလည်း လစ်လျူမရှုသင့်ပါဘူး။ ဧည့်ကြိုစားပွဲနဲ့ တခြား စားပွဲတွေတိုင်းမှာ လတ်လတ်ဆတ်ဆတ်ရှိတဲ့ ပန်းပွင့်၊ ပန်းစည်းတွေ ထားရှိပေးပါ။ ဧည့်သည်တွေ ကြိုက်နှစ်သက်လောက်တဲ့ အရသာရှိပုံပေါ်လွင်တဲ့ အစားအစာတွေကိုလည်း ထားရှိပေးပါ။ အဲ့လိုလုပ်ပေးထားတာက သင့်ရဲ့ နှစ်သစ်ကူးပွဲကို ပါတီအသွင်မျိုး ရရှိခံစားစေနိုင်တဲ့ အပြင်အဆင်ပဲ ဖြစ်ပါတယ်။
တကယ်တော့ နှစ်သစ်ကူးဆိုတာက သင့်ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ နေ့လေးတစ်နေ့ဖြစ်ပါတယ်။ သင့်ရဲ့ နှစ်သစ်ကူး ပိတ်ရက်ကို ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်သွားရအောင်ပဲ ဖြစ်ဖြစ် ရိုးရိုးလေးပဲ အမှတ်တရတွေကို သိမ်းထားနိုင်အောင်ပဲ ဖြစ်ဖြစ် ရယ်မောစရာတွေ အတိဖြစ်နေအောင် ပြုလုပ်လိုက်ပါ။



ဆက်စပ်ဆောင်းပါးများ

ဖြူစင်ခြင်းနှင့်အတူ နေထိုင်ခြင်း

ဖြူစင်ခြင်းနှင့်အတူ နေထိုင်ခြင်း

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

ဆရာဇင်ယော်နီပြောပြတဲ့ “သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ”

ဆရာဇင်ယော်နီပြောပြတဲ့ “သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ”