နံရံကိုပစ္စည်းထားဖို့နေရာအဖြစ်ပြောင်းလဲခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ အမရာ မှ
April 12, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

2

ပစ္စည်းထားသိုဖို့နေရာဆိုတာမရှိမဖြစ်လိုအပ်ပေမယ့် သေတ္တာတွေနဲ့စာအုပ်စင်တွေလိုကြမ်းပြင်ပေါ်မှာထားရတဲ့ ပစ္စည်းသိုလှောင်ပရိဘောဂတွေဟာနေရာယူတဲ့အပြင် ထင်သလောက်လည်းအကျိုးသက်ရောက်မှုမရှိပါဘူး။ဒါပေမဲ့ နံရံတွေကိုပါးနပ်မှုရှိရှိအသုံးချတတ်မယ်ဆိုရင်တော့ ပစ္စည်းထားဖို့နေရာလည်းရသလို ကြမ်းပြင်မှာလည်းပရိဘောဂပစ္စည်းတွေကနေရာယူသက်သာသွားပါလိမ့်မယ်။
၁။ကုတ်အင်္ကျီများအတွက်ဗီရို
အိမ်အဝင်လျှောက်လမ်းတစ်လျောက်မှာအလျားလိုက်နံရံကိုကပ်ပြီးထားရှိနိုင်မယ့် ကုတ်အကျီၤချိတ်ဖို့ ငုတ်တွေ ပါတဲ့စင်တစ်ခုက တစ်မိသားစုလုံးရဲ့ကုတ်အကျီၤတွေထားဖို့လုံလောက်တဲ့နေရာကိုပေးစွမ်းနိုင်ပါတယ်။ဦးထုပ်နဲ့အိတ်တွေပါ ထားနိုင်မယ့်စင်ကိုရွေးချယ်ပြီး အောက်ဘက်မှာအလျားရှည်ပြီးအနံတိုတဲ့ဖိနပ်စင်လေးထားပါ။တစ်သားတည်းဖြစ်သွားစေဖို့ အတွက် စင်တွေအားလုံးကိုနံရံနဲ့ဆေးရောင်တစ်ခုတည်းသုတ်လိုက်ပါ။


၂။မှန်တင်ခုံ
များပြားလှတဲ့လက်ဝတ်ရတနာပစ္စည်းတွေနဲ့မိတ်ကပ်ပစ္စည်းတွေကို နံရံပေါ်မှာလှပအောင် စိတ်ကြိုက်အပြင်အ ဆင်နဲ့ဖန်တီးထားရှိလို့ရပါတယ်။အောက်မှာချိတ်လေးတွေပါတဲ့တန်းတွေထားဖို့နေရာလုံလောက်တဲ့အပြင် အခန်းကိုကျယ် သွားသယောင်ခံစားရစေဖို့ စင်တွေကိုဦးခေါင်းအထက်အမြင့်နေရာမှာတပ်ဆင်ပါ။စိတ်ကြိုက်အပြင်အဆင်ဆိုတာအကုန် အကျများတယ်လို့ခံစားရစေနိုင်ပေမယ့် ကိုယ်အကြိုက်ဆုံးဒီဇိုင်းကိုဖန်တီးနိုင်မှာပါ။
၃။နံရံကပ်ဗီရို
မီးဖိုချောင်ထဲမှာပစ္စည်းတွေတင်ဖို့နံရံကပ်စင်တွေထားရှိခြင်းအားဖြင့် မီးဖိုချောင်ကိုကျယ်ဝန်းသယောင်ဖန်တီးနိုင် ပါတယ်။တစ်လက်မမှအလဟဿအဖြစ်မခံပါနဲ့။စင်တွေရဲ့အောက်မှာချိတ်တွေနဲ့တန်းတွေထားပါ။စင်တွေပေါ်မှာမီးဖိုချောင်သုံးအိုးခွက်ပန်းကန်တွေကိုစုပြုံထားဖို့မစဉ်းစားပါနဲ့။အဲဒီအစား ကော်ဖီခွက်တွေနဲ့ဝိုင်ခွက်တွေကို ပြောင်းပြန်ချိတ်ဆွဲ ထားပါ။လိုက်ဖက်တဲ့အလှတန်ဆာပစ္စည်းတွေကိုရှာဖွေပြီးအတူထားရှိပေးခြင်းအားဖြင့်မီးဖိုချောင်တစ်ခုလုံးကိုလှပနေစေမှာပါ။


၄။အလှတန်ဆာပစ္စည်းများကိုအသုံးပြုခြင်း
အနုသုခုမရသကိုပေးစွမ်းနိုင်ဖို့အထူးပြုလုပ်ထားတဲ့နံရံကပ်စင်ကိုရှာဖွေဝယ်ယူပါ။ဒီလိုစင်တွေမှာ ချိတ်စရာနေရာ တွေအများကြီးပါဝင်လေ့ရှိပါတယ်။ဒါပေမဲ့ လှပတဲ့နံရံကပ်စင်မှာအဝတ်တွေအများကြီးချိတ်ထားမယ်ဆိုရင် အမြင်တင့် တယ်မှာမဟုတ်တာကြောင့် တတ်နိုင်မယ်ဆိုရင် ဒီလိုအလှနံရံကပ်စင်ကိုသုံးခုလောက်အသုံးပြုပါ။ချိတ်အဟောင်းတွေ၊ လက်ကိုင်ဖုတွေနဲ့လည်းကိုယ့်စိတ်ကြိုက်နံရံကပ်စင်ပုံစံကိုဖန်တီးယူလို့ရပါတယ်။
၅။စာရွက်ထည့်သေတ္တာ
ပင်အပ်ထိုးဘုတ်တစ်ခုရှိမယ်ဆိုရင် စာရွက်တွေထည့်ဖို့သီးသန့်သေတ္တာတစ်ခုထားဖို့မလိုအပ်ပါဘူး။ပုံမှာပြထားတဲ့ ဘုတ်ပြားဆိုရင် ငွေလက်ခံဖြတ်ပိုင်းတွေ၊လိပ်စာကတ်တွေနဲ့မှတ်စုစာရွက်တွေထားဖို့လုံလောက်တဲ့အရွယ်အစားပါပဲ။ပိုကြီး တဲ့ဘုတ်ပြားကိုသုံးချင်တယ်ဆိုရင် နံရံအရောင်နဲ့တူတဲ့ဘုတ်ပြားကိုရွေးချယ်ပါ။ဒါမှမဟုတ်ရင်လည်းအဖြူရောင်ဘုတ်ပြားပေါ်မှာနံရံအရောင်ချည်ထည်စတစ်ခုကိုဖုံးအုပ်ထားပါ။
၆။အိုးခွက်တွေအတွက်စင်
မီးဖိုချောင်ထဲမှာတံခါးပိတ်ဗီရိုမရှိတဲ့အခါ ချိတ် သို့မဟုတ် တန်းတွေမှာချိတ်ဆွဲထားလို့ရပါတယ်။နံရံပေါ်မှာချိတ် ထားရုံတင်မကဘဲဦးခေါင်းအထက်အမြင့်မှာချိတ်တာက ခံ့ညားထည်ဝါမှုကိုပေးစွမ်းနိုင်ပါတယ်။ဒါပေမဲ့ ကိုယ့်မီးဖိုချောင်ကအရမ်းကျဉ်းနေတယ်ဆိုရင် ပြတင်းပေါက်ကိုခွပြီးတန်းတစ်ခုသို့မဟုတ် နှစ်ခုအထိထားလို့ရပါတယ်။အလင်းပိတ်သလိုဖြစ် သွားနိုင်ပေမယ့် အိုးတွေကစတီးနဲ့လုပ်ထားတာဖြစ်တဲ့အတွက် အခန်းထဲမှာ ပြင်ပကဝင်ရောက်လာတဲ့အလင်းကို အလင်း ပြန်ဟပ်ပေးနိုင်ပါတယ်။


၇။သမားရိုးကျစင်များကိုစွန့်လွှတ်ခြင်း
ကုဗတုံးပုံစင်တွေကစာအုပ်တွေနဲ့ပစ္စည်းအတိုအစလေးတွေကိုအနုပညာလက်ရာဆန်တဲ့အပြင်အဆင်တစ်ခုအ ဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ကုဗတုံးပုံစင်လေးတွေကိုစုထားတာကအလှဆုံးဒီဇိုင်းပါ။အရောင်တူဒါမှမဟုတ် အရောင်မတူဒါမှမဟုတ် လိုက်ဖက်တဲ့အရောင်ရှိတဲ့ကုဗတုံးစင်တွေကိုရွေးချယ်အသုံးပြုပြီးသေသပ်လှပတဲ့ပုံသဏ္ဍာန်တစ်ခုကိုဖန် တီးခြင်းအားဖြင့် လှပမှုကိုပေးစွမ်းနိုင်ပါတယ်။


၈။လူသိအောင်ပြထားချင်တာတွေများနေလား
ပုံမှာပြထားသလိုနံရံတစ်ခုလုံးမှာစင်တွေအပြည့်ကပ်ပြီးစတိုင်လ်ကျတဲ့စားပွဲတစ်ခုနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် ရုံးခန်းအသုံးအဆောင်တွေကိုပြသထားနိုင်သလိုအိမ်တွင်းတန်ဆာဆင်ပစ္စည်းတွေကိုလည်းပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။
၉။နံရံပေါ်မှာသံရိုက်ရာရှိတာမကြိုက်ဘူးလား။
သံလိုက်တွေကနံရံတွေကိုမပျက်စီးစေဘဲလိုအပ်တဲ့စာရွက်တွေကိုနံရံမှာချိတ်ထားပေးနိုင်ပါတယ်။ပုံမှာဖော်ပြ ထားတဲ့အခန်းက သံလိုက်ဓာတ်ရှိတဲ့ပလာစတာနဲ့လုပ်ထားပါ။အလားတူအကျိုးသက်ရောက်မှုမျိုးကိုရရှိချင်တယ်ဆိုရင် သံလိုက်ဓာတ်ရှိတဲ့နံရံသုတ်ဆေးဒါမှမဟုတ် နံရံမှာကပ်ထားတဲ့သံလိုက်ဘုတ်ပြားကိုအသုံးပြုနိုင်ပါတယ်။

၁၀။ကုန်ကျစရိတ်ချွေတာခြင်း
၁၉၇၀ ပြည့်နှစ်နဲ့ ၁၉၈၀ ပြည့်နှစ်ဖက်ရှင်တွေကမော်ဒယ်လ်လျှောက်လမ်းမှာသာမကနေအိမ်တွင်မှာပါ ပြန်လည် ခေတ်စားလာပါပြီ။အဝတ်အစားနဲ့အပြင်အဆင်ကိုပဲအာရုံစိုက်နေတာရပ်ပြီးဖော့ပြားကြော်ငြာဘုတ်ကိုအသုံးပြုကြည့်ပါ။ ဖော့ပြားတွေကိုနံရံမှာတိပ်နဲ့ကပ်ပြီးကိုယ်ဖန်တီးချင်တဲ့ဒီဇိုင်းနဲ့လိုက်ဖက်တဲ့ဆေးရောင်သုတ်ပေးလိုက်ပါ။

Zawgyi ျဖင့္ဖတ္ရန္

နံရံကိုပစၥည္းထားဖို႔ေနရာအျဖစ္ေျပာင္းလဲျခင္း

ပစၥည္းထားသိုဖို႔ေနရာဆိုတာမရွိမျဖစ္လိုအပ္ေပမယ့္ ေသတၱာေတြနဲ႔စာအုပ္စင္ေတြလိုၾကမ္းျပင္ေပၚမွာထားရတဲ့ ပစၥည္းသိုေလွာင္ပရိေဘာဂေတြဟာေနရာယူတဲ့အျပင္ ထင္သေလာက္လည္းအက်ိဳးသက္ေရာက္မႈမရွိပါဘူး။ဒါေပမဲ့ နံရံေတြကိုပါးနပ္မႈရွိရွိအသံုးခ်တတ္မယ္ဆိုရင္ေတာ့ ပစၥည္းထားဖို႔ေနရာလည္းရသလို ၾကမ္းျပင္မွာလည္းပရိေဘာဂပစၥည္းေတြကေနရာယူသက္သာသြားပါလိမ့္မယ္။

၁။ကုတ္အက်ၤီမ်ားအတြက္ဗီရို

            အိမ္အ၀င္ေလွ်ာက္လမ္းတစ္ေလ်ာက္မွာအလ်ားလိုက္နံရံကိုကပ္ၿပီးထားရွိႏိုင္မယ့္ ကုတ္အက်ီၤခ်ိတ္ဖို႔ ငုတ္ေတြ ပါတဲ့စင္တစ္ခုက တစ္မိသားစုလံုးရဲ႕ကုတ္အက်ီၤေတြထားဖို႔လံုေလာက္တဲ့ေနရာကိုေပးစြမ္းႏိုင္ပါတယ္။ဦးထုပ္နဲ႔အိတ္ေတြပါ ထားႏိုင္မယ့္စင္ကိုေရြးခ်ယ္ၿပီး ေအာက္ဘက္မွာအလ်ားရွည္ၿပီးအနံတိုတဲ့ဖိနပ္စင္ေလးထားပါ။တစ္သားတည္းျဖစ္သြားေစဖို႔ အတြက္ စင္ေတြအားလံုးကိုနံရံနဲ႔ေဆးေရာင္တစ္ခုတည္းသုတ္လိုက္ပါ။

၂။မွန္တင္ခံု

            မ်ားျပားလွတဲ့လက္၀တ္ရတနာပစၥည္းေတြနဲ႔မိတ္ကပ္ပစၥည္းေတြကို နံရံေပၚမွာလွပေအာင္ စိတ္ႀကိဳက္အျပင္အ ဆင္နဲ႔ဖန္တီးထားရွိလို႔ရပါတယ္။ေအာက္မွာခ်ိတ္ေလးေတြပါတဲ့တန္းေတြထားဖို႔ေနရာလံုေလာက္တဲ့အျပင္ အခန္းကိုက်ယ္ သြားသေယာင္ခံစားရေစဖို႔ စင္ေတြကိုဦးေခါင္းအထက္အျမင့္ေနရာမွာတပ္ဆင္ပါ။စိတ္ႀကိဳက္အျပင္အဆင္ဆိုတာအကုန္ အက်မ်ားတယ္လို႔ခံစားရေစႏိုင္ေပမယ့္ ကိုယ္အႀကိဳက္ဆံုးဒီဇိုင္းကိုဖန္တီးႏိုင္မွာပါ။

၃။နံရံကပ္ဗီရို

            မီးဖိုေခ်ာင္ထဲမွာပစၥည္းေတြတင္ဖို႔နံရံကပ္စင္ေတြထားရွိျခင္းအားျဖင့္ မီးဖိုေခ်ာင္ကိုက်ယ္၀န္းသေယာင္ဖန္တီးႏိုင္ ပါတယ္။တစ္လက္မမွအလဟႆအျဖစ္မခံပါနဲ႔။စင္ေတြရဲ႕ေအာက္မွာခ်ိတ္ေတြနဲ႔တန္းေတြထားပါ။စင္ေတြေပၚမွာမီးဖိုေခ်ာင္သံုးအိုးခြက္ပန္းကန္ေတြကိုစုၿပံဳထားဖို႔မစဥ္းစားပါနဲ႔။အဲဒီအစား ေကာ္ဖီခြက္ေတြနဲ႔၀ိုင္ခြက္ေတြကို ေျပာင္းျပန္ခ်ိတ္ဆြဲ ထားပါ။လိုက္ဖက္တဲ့အလွတန္ဆာပစၥည္းေတြကိုရွာေဖြၿပီးအတူထားရွိေပးျခင္းအားျဖင့္မီးဖိုေခ်ာင္တစ္ခုလံုးကိုလွပေနေစမွာပါ။

၄။အလွတန္ဆာပစၥည္းမ်ားကိုအသံုးျပဳျခင္း

            အႏုသုခုမရသကိုေပးစြမ္းႏိုင္ဖို႔အထူးျပဳလုပ္ထားတဲ့နံရံကပ္စင္ကိုရွာေဖြ၀ယ္ယူပါ။ဒီလိုစင္ေတြမွာ ခ်ိတ္စရာေနရာ ေတြအမ်ားႀကီးပါ၀င္ေလ့ရွိပါတယ္။ဒါေပမဲ့ လွပတဲ့နံရံကပ္စင္မွာအ၀တ္ေတြအမ်ားႀကီးခ်ိတ္ထားမယ္ဆိုရင္ အျမင္တင့္ တယ္မွာမဟုတ္တာေၾကာင့္ တတ္ႏိုင္မယ္ဆိုရင္ ဒီလိုအလွနံရံကပ္စင္ကိုသံုးခုေလာက္အသံုးျပဳပါ။ခ်ိတ္အေဟာင္းေတြ၊ လက္ကိုင္ဖုေတြနဲ႔လည္းကိုယ့္စိတ္ႀကိဳက္နံရံကပ္စင္ပံုစံကိုဖန္တီးယူလို႔ရပါတယ္။

၅။စာရြက္ထည့္ေသတၱာ

            ပင္အပ္ထိုးဘုတ္တစ္ခုရွိမယ္ဆိုရင္ စာရြက္ေတြထည့္ဖို႔သီးသန္႔ေသတၱာတစ္ခုထားဖို႔မလိုအပ္ပါဘူး။ပံုမွာျပထားတဲ့ ဘုတ္ျပားဆိုရင္ ေငြလက္ခံျဖတ္ပိုင္းေတြ၊လိပ္စာကတ္ေတြနဲ႔မွတ္စုစာရြက္ေတြထားဖို႔လံုေလာက္တဲ့အရြယ္အစားပါပဲ။ပိုႀကီး တဲ့ဘုတ္ျပားကိုသံုးခ်င္တယ္ဆိုရင္ နံရံအေရာင္နဲ႔တူတဲ့ဘုတ္ျပားကိုေရြးခ်ယ္ပါ။ဒါမွမဟုတ္ရင္လည္းအျဖဴေရာင္ဘုတ္ျပားေပၚမွာနံရံအေရာင္ခ်ည္ထည္စတစ္ခုကိုဖံုးအုပ္ထားပါ။

၆။အိုးခြက္ေတြအတြက္စင္

            မီးဖိုေခ်ာင္ထဲမွာတံခါးပိတ္ဗီရိုမရွိတဲ့အခါ ခ်ိတ္ သို႔မဟုတ္ တန္းေတြမွာခ်ိတ္ဆြဲထားလို႔ရပါတယ္။နံရံေပၚမွာခ်ိတ္ ထားရံုတင္မကဘဲဦးေခါင္းအထက္အျမင့္မွာခ်ိတ္တာက ခံ့ညားထည္၀ါမႈကိုေပးစြမ္းႏိုင္ပါတယ္။ဒါေပမဲ့ ကိုယ့္မီးဖိုေခ်ာင္ကအရမ္းက်ဥ္းေနတယ္ဆိုရင္ ျပတင္းေပါက္ကိုခြၿပီးတန္းတစ္ခုသို႔မဟုတ္ ႏွစ္ခုအထိထားလို႔ရပါတယ္။အလင္းပိတ္သလိုျဖစ္ သြားႏို္င္ေပမယ့္ အိုးေတြကစတီးနဲ႔လုပ္ထားတာျဖစ္တဲ့အတြက္ အခန္းထဲမွာ ျပင္ပက၀င္ေရာက္လာတဲ့အလင္းကို အလင္း ျပန္ဟပ္ေပးႏိုင္ပါတယ္။

၇။သမားရိုးက်စင္မ်ားကိုစြန္႔လႊတ္ျခင္း

          ကုဗတံုးပံုစင္ေတြကစာအုပ္ေတြနဲ႔ပစၥည္းအတိုအစေလးေတြကိုအႏုပညာလက္ရာဆန္တဲ့အျပင္အဆင္တစ္ခုအ ျဖစ္ေျပာင္းလဲေပးႏိုင္ပါတယ္။ကုဗတံုးပံုစင္ေလးေတြကိုစုထားတာကအလွဆံုးဒီဇိုင္းပါ။အေရာင္တူဒါမွမဟုတ္ အေရာင္မတူဒါမွမဟုတ္ လိုက္ဖက္တဲ့အေရာင္ရွိတဲ့ကုဗတံုးစင္ေတြကိုေရြးခ်ယ္အသံုးျပဳၿပီးေသသပ္လွပတဲ့ပံုသ႑ာန္တစ္ခုကိုဖန္ တီးျခင္းအားျဖင့္ လွပမႈကိုေပးစြမ္းႏိုင္ပါတယ္။

၈။လူသိေအာင္ျပထားခ်င္တာေတြမ်ားေနလား

            ပံုမွာျပထားသလိုနံရံတစ္ခုလံုးမွာစင္ေတြအျပည့္ကပ္ၿပီးစတိုင္လ္က်တဲ့စားပြဲတစ္ခုနဲ႔ေပါင္းစပ္လိုက္မယ္ဆိုရင္ ရံုးခန္းအသံုးအေဆာင္ေတြကိုျပသထားႏိုင္သလိုအိမ္တြင္းတန္ဆာဆင္ပစၥည္းေတြကိုလည္းပိုၿပီးဆြဲေဆာင္မႈရွိေစပါတယ္။

၉။နံရံေပၚမွာသံရိုက္ရာရွိတာမႀကိဳက္ဘူးလား။

            သံလိုက္ေတြကနံရံေတြကိုမပ်က္စီးေစဘဲလိုအပ္တဲ့စာရြက္ေတြကိုနံရံမွာခ်ိတ္ထားေပးႏိုင္ပါတယ္။ပံုမွာေဖာ္ျပ ထားတဲ့အခန္းက သံလိုက္ဓာတ္ရွိတဲ့ပလာစတာနဲ႔လုပ္ထားပါ။အလားတူအက်ိဳးသက္ေရာက္မႈမ်ိဳးကိုရရွိခ်င္တယ္ဆိုရင္ သံလိုက္ဓာတ္ရွိတဲ့နံရံသုတ္ေဆးဒါမွမဟုတ္ နံရံမွာကပ္ထားတဲ့သံလိုက္ဘုတ္ျပားကိုအသံုးျပဳႏိုင္ပါတယ္။

၁၀။ကုန္က်စရိတ္ေခၽြတာျခင္း

            ၁၉၇၀ ျပည့္ႏွစ္နဲ႔ ၁၉၈၀ ျပည့္ႏွစ္ဖက္ရွင္ေတြကေမာ္ဒယ္လ္ေလွ်ာက္လမ္းမွာသာမကေနအိမ္တြင္မွာပါ ျပန္လည္ ေခတ္စားလာပါၿပီ။အ၀တ္အစားနဲ႔အျပင္အဆင္ကိုပဲအာရံုစိုက္ေနတာရပ္ၿပီးေဖာ့ျပားေၾကာ္ျငာဘုတ္ကိုအသံုးျပဳၾကည့္ပါ။ ေဖာ့ျပားေတြကိုနံရံမွာတိပ္နဲ႔ကပ္ၿပီးကိုယ္ဖန္တီးခ်င္တဲ့ဒီဇိုင္းနဲ႔လိုက္ဖက္တဲ့ေဆးေရာင္သုတ္ေပးလိုက္ပါ။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း

အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း

Resort တစ်ခုအသွင်ခံစားရစေမည့် ဖန်တီးမှုများနှင့်အိမ်

Resort တစ်ခုအသွင်ခံစားရစေမည့် ဖန်တီးမှုများနှင့်အိမ်

သင့်ရုံးခန်းလေးအတွက် အပင်လေးများ

သင့်ရုံးခန်းလေးအတွက် အပင်လေးများ

ဖုန်းရွှေ နှင့် ညီသောအိမ်

ဖုန်းရွှေ နှင့် ညီသောအိမ်