ဒီဇိုင်နာတွေကကြေးမုံမှန်ချပ်တွေကိုချစ်ရတဲ့ အကြောင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
January 7, 2020 နေ့
ဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ခုတလောအိမ်တွင်းပြင်ဆင်မွမ်းမံမှုဒီဇိုင်းတော်တော်များများမှာကြေးမုံမှန်ချပ်တွေအသုံးများလာတာသတိထားမိကြမှာပါ။ အရင်ကတော့ ပုံရိပ်ပြန်ထင်စေတဲ့ ကြေးမုံမှန်ချပ်တွေအတွက် သတ္ထုချပ်ပြားတွေကိုတောက်ပနေအောင် ပွတ်တိုက်ထားခဲ့ကြတာဖြစ်ပြီးသတ္ထုပြားတွေအလွယ်အသုံးမပြုနိုင်သူတွေမှာတော့ ရေအိုင်ရေခွက်တွေထဲကြည့်ပြီးကိုယ့်အသွင်ကိုပြန်မြင်အောင် လုပ်ခဲ့ကြရတာဖြစ်ပါတယ်။ မှန်ချပ်တွေနဲ့ ကြေးမုံပြင်တွေဖန်တီးလာနိုင်ခဲ့ပြီးရိုးရှင်းတဲ့ကြေးမုံအသုံးပြုမှုပုံစံကဒီဘက်ခေတ်ထဲမှာတော့ ကိုယ့်ကိုကိုယ် ပြန်မြင်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်လေးတင် မကတော့ပါဘူး။ အရာဝတ္ထုတွေကိုမြင်ကွင်းကနေလှည့်စားဖျောက်ပစ်လိုက်လို့ရတဲ့ အထိကြေးမုံအသုံးပြုမှုအဆင့်တွေတိုးတက်မြင့်မားလာခဲ့ပြီဖြစ်ပါတယ်။ နာမည်ကျော်စာရေးဆရာမ J K Rowling ရဲ့ Harry Potter ဇာတ်လမ်းတွေထဲကကိုယ်ပျောက်မှော်ဝတ်ရုံသိုင်းခြုံထားလိုက်သလိုမျိုးပဲပေါ့။ အတိအကျဆိုရရင် ၁၈၃၅ ခုနှစ်မှာငွေမင်ရောင်ပြဒါးသုတ်ကြေးမုံမှန်ချပ်ကိုဂျာမာန်ဓာတုဗေဒပညာရှင် ဂျပ်စတပ်ဗွန်လီဘစ်ကတီထွင်ပေးခဲ့တာဖြစ်ပြီးကုန်ကျစရိတ်သိပ်မများဘဲဒီဇိုင်ပညာရှင်တွေစိတ်ကြိုက် ခေတ်မီအိမ်တွင်းအိမ်ပြင် ဒီဇိုင်းတွေကိုအခန့်သားဖြစ်စေမယ့် ကြေးမုံမှန်ချပ်အသုံးပြုတာတွေတဖြည်းဖြည်းတွင်ကျယ်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီအတွက် ဒီဇိုင်းနာတွေကကြေးမုံမှန်ချပ်တွေကိုဘာကြောင့်များချစ်ရသလဲဆိုတဲ့ အကြောင်းလေးတွေကိုဒီကဏ္ဍလေးမှာဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ပျောက်ဝတ်ရုံ

မီးဖိုချောင် ဒီဇိုင်းပြင်ဆင်မှုတွေမှာနာမည်ကျော်တဲ့ ဒီဇိုင်နာLeeHardcastleကတော့ ကြီးမားတဲ့ ဧရာမကြေးမုံမှန်ချပ်တွေကို လျှောတံခါးအဖြစ်အသုံးပြုပြီးဆန်းသစ်တဲ့ လျှောတံခါးဒီဇိုင်းကိုအကြံပြုထားပါတယ်။ လျှောတံခါးချပ်ဆိုတာမျိုးကပွင့်ထားရင်သာမသိသာပေမယ့် ပိတ်ထားတဲ့အခါမျိုးမှာတော့ ခန်းလုံးပိတ်ပိတ်ပိန်းနေတဲ့ အသွင်နဲ့ မွမ်းကျပ်မှုကိုဖြစ်ပေါ်စေတာအမှန်ပါပဲ။ ဒီခံစားမှုမျိုးကိုမနှစ်သက်သည့်တိုင် အိမ်ခန်းကလည်းသိပ်အကျယ်ကြီးမဟုတ်တာကြောင့် လျှောတံခါးတပ်ဆင်မှအဆင်ပြေမယ့် အခြေအနေမျိုးအတွက် လျှောတံခါးနေရာမှာကြေးမုံမှန်ချပ်အကြီးနဲ့ ဖန်တီးလိုက်မယ်ဆိုရင်တော့ မှန်ရဲ့ပုံရိပ်ထင်ဟပ်မှုစွမ်းရည်နဲ့ အခန်းကိုနဂိုထက်ပိုမိုကျယ်သွားစေသယောင် ဖြစ်သွားစေမှာအသေအချာပါပဲ။  ဒီတော့ သင့်ရဲ့တံခါးပေါက်ကကိုယ်ပျောက်ဝတ်ရုံနဲ့ အုပ်ထားတဲ့ မှော်တံခါးချပ်ကြီးအလားပေါ်လိုက်ပျောက်လိုက်ဖြစ်နေမယ်လို့ Lee Hardcastle က ဆိုတာပါ။

အဆုံးအစမဲ့ မျက်နှာကျက်

ကြေးမုံမှန်ချပ်တွေကမြင်ကွင်းပုံရိပ်တွေကိုဖျောက်ပစ်နိုင်တဲ့အစွမ်းရှိတယ်ဆိုတာဒီနေရာမှာသင်ကွဲကွဲပြားပြားနားလည်သွားမှာပါ။ တန်ဖိုးကြီးတဲ့ သစ်သားကပ်မျက်နှာကြက်တွေအောက်မှာအခန်းကန့်ရတော့မယ့်အခါ လှပတဲ့ အမိုးမျက်နှာပြင်ကိုကန့်ထားတဲ့အခန်းနံရံကအုပ်သွားတာဖြစ်ပါတယ်။ အမိုးအောက်နေရာလွှတ်ပြီးအခန်းကန့်မယ်ဆိုပြန်ရင်လည်းအခန်းတစ်ဖက်နဲ့တစ်ဖက် မကန့်ထားတာနဲ့ဘာမှမခြားတော့အောင် လုံခြုံမှုမရှိတာ့မှာအသေအချာပါပဲ။ ဒီအခက်အခဲကိုကျေးမုံမှန်ချပ်ကကူညီဖြေရှင်းနိုင်ပါတယ်။ အခန်းကိုအပြည့်ကန့်လိုက်ပြီးမျက်နှာကျက်အောက် ကပ်လျက်နေရာဖြစ်ပြီးကန့်ထားတဲ့နေရာအထက်ပိုင်းခေါင်မိုးနားနေရာလေးလည်းဖြစ်တဲ့ အပေါ်ပိုင်းလေးကိုကွက်ပြီးကြေးမုံမှန်ချပ်ကြီးတွေကပ်ထားမယ်ဆိုရင် မျက်နှာကျက်အောက် အခန်းနံရံပိတ်နေတဲ့ မြင်ကွင်းကိုကြေးမုံကဖယ်ရှားပေးပြီးခန်းလုံးပြည့်မျက်နှာကျက်အတိုင်းမြင်မိစေအောင် အမြင်လှည့်ဖျားပေးမှာဖြစ်ပါတယ်။

အခန်းနေရာလွတ်ချဲ့ခြင်း

ကျဉ်းမြောင်းတဲ့နေရာတွေကိုကြေးမုံမှန်ချပ်တွေကနဂိုရှိရင်းထက် ပိုပြီးကျယ်သယောင်ဖြစ်စေပါတယ်။ ကြေးမုံမှန်ချပ်တွေကအခန်းကျဉ်းတွေထဲအကောင်းဆုံးမြင်ကွင်းချဲ့လက်နက်ပဲဖြစ်တယ်လို့ အိမ်တွင်းအလှဆင်ဒီဇိုင်နာJado Décor က ဆိုထားပါတယ်။ ကျဉ်းမြောင်းတဲ့အိပ်ခန်းမှာနံရံကပ်အဝတ်ဗီရိုလည်းထားရဦးမယ်ဆိုရင်တော့ သေချာပေါက်လုံးဝအသက်ရှုကြပ်သွားစေမယ့်အပြင် မွမ်းကြပ်မှုကြောင့် သင့်ရဲ့ အိပ်စက်အနားယူမှုကိုပါ ကောင်းကောင်းကြီးဒုက္ခပေးတော့မှာဖြစ်ပါတယ်။ ဒီအခြေအနေကိုကျော်လွှားဖို့ နံရံကပ်ဗီရိုပေါ်က တံခါးချပ်ဖုံးတွေကိုကြေးမုံမှန်ချပ်တွေနဲ့ အပြည့်တပ်ဆင်လိုက်တဲ့အခါ မှန်ချပ်ကြောင့် ဗီရိုကိုပုံရိပ်ပြန်ထင်စေပြီးအခန်းကိုနှစ်ဆပိုကျယ်သွားစေမှာဖြစ်ပါတယ်။

အရာဝတ္ထုတွေလေထဲမျောလွင့်စေ

ဒီဇိုင်နာတွေကကြေးမုံမှန်ချပ်တွေကိုချစ်ရတဲ့အကြောင်းထဲမှာဒီအချက်လေးကတကယ့်အချက်လို့ဆိုပါရစေ။ ကြေးမုံမှန်ချပ်တွေကအမြင်အာရုံကိုလည်းလှည့်စားတဲ့ ပဉ္စလက်အတတ်တွေနဲ့ ဝှက်ဖဲဖြစ်သလိုအခန်းထဲဒီဇိုင်းဆန်းသစ်တီထွင်မှုတွေရဲ့ ဝှက်ဖဲတစ်ချပ်လည်းဖြစ်ပါတယ်။ ရေချိုးခန်းထဲက ကြွေလက်ဆေးကန်အပါအဝင် သန့်စင်ခန်းသုံးပစ္စည်းတွေလေထဲမျောနေတဲ့ဟန် ပြင်ဆင်မှုရဲ့ တကယ့်ဝှက်ဖဲကကြေးမုံပြင်ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ပစ္စည်းတွေကလေထဲအကူမဲ့ မြောက်တက်နေတဲ့ဟန်ဖြစ်နေပြီးဒီလိုဖြစ်နေစေဖို့အတွက် ကြွေထည်လက်ဆေးပန်းကန်တွေ၊ အိမ်သာကြွေအိုးတွေရဲ့ အောက်ခြေနဲ့ ဖုံးအုပ်ထားတာဖြစ်ပါတယ်။ ကြည့်ရမြင်ရဆိုးတဲ့ ပိုက်လိုင်းတွေနဲ့ ထောင့်စွန်းထွက်နေရာတွေအားလုံးကိုကြေးမုံမှန်ချပ်တွေကလုံးဝမမြင်ရအောင် ဖယ်ရှားလိုက်ပြီးရေချိုးခန်းကိုခေတ်မီတဲ့ လေထဲမျောလွင့်ဒီဇိုင်းဖန်တီးပြခဲ့တာဖြစ်ပါတယ်။

သိုလှောင်ခန်းတွေကိုမြင်ကွင်းကဖျောက်လို့ အခန်းပိုချဲ့နိုင်

မီးဖိုခန်းနဲ့ ထမင်းစားခန်းသီးသန့်ထားတာမျိုးကနေရာပုပ်စေပါတယ်။ နှစ်မျိုးလုံးကိုတစ်တွဲတည်းထားတာတောင် ကျဉ်းနေသေးတယ်လို့ ခံစားနေရရင် မီးဖိုခန်းနဲ့ ထမင်းစားစားပွဲကြားကန့်ပြီးချထားတဲ့ မီးဖိုချောင်ကုန်သိုလှောင်ခန်းဗီရိုရှည်လေးရှေ့အောက်ဘက်မှာကြေးမုံမှန်ချပ်တွေတပ်ပြီးဗီရိုရဲ့ မူရင်းနေရာယူမှုကိုဖုံးကွယ်လိုက်တဲ့အခါ ထမင်းစားစားပွဲနေရာမှာအလိုအလျောက်နေရာပိုကျယ်သွားစေမယ့် အပြင်အဆင်မျိုးပဲဖြစ်တယ်လို့ ဗိသုကာပညာရှင် RudolfssonAlliker က ဆိုပါတယ်။

မြင်ကွင်းတွေပုံရိပ်ထင်ဟပ်စေမယ့်ဒီဇိုင်း

မီးဖိုချောင်တွေမှာပန်းကန်ဆေးကန်တွေနဲ့ မီးဖိုတင်စားပွဲရှည်တွေကိုအလင်းရောင်များများရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြတင်းပေါက်ရှိတဲ့ဘက်မှာပဲထားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီတခါမှာတော့ ကြေးမုံမှန်ချပ်တွေရဲ့ အားကိုးနဲ့ ပြတင်းပေါက်နဲ့ ဆန့်ကျင်ဘက် အိမ်ခန်းတွင်းနံရံဘက်မှာထားကြည့်ရအောင်။ ပန်းကန်ဆေးစင်ပါတဲ့ မီးဖိုစားပွဲရှည်ကအိမ်တွင်းဘက်နံရ့ဘက်မှာရှိနေပြီးနံရံပေါ်မှာတော့ မြင်ကွင်းထင်ဟပ်မယ့် ကြေးမုံမှန်ချပ်တွေကိုထားရှိလိုက်ပါ။ ဒီအခါမှာတော့ မီးဖိုချောင်ထဲချက်ရင်းပြုတ်ရင်း၊ ဆေးရင်းကြောရင်း၊ လုပ်ရင်းကိုင်ရင်းနောက်ဘက်မှာရှိနေမယ့် မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေဆီပြန်လည်လှည့်ကြည့်စရာမလိုတော့ဘဲကြေးမုံမှန်ချပ်တွေကနေတိုက်ရိုက်ကြည့်ပြီးစကားလက်ဆုံကျလို့ ရသွားပါပြီ။ လက်ဆေးကန်နားကြေးမုံချပ်ထားတာကညစ်ပတ်ပေရေလွယ်တယ်လို့ ဆိုသူတွေအတွက် ဒါမှားယွင်းတဲ့ယူဆချက်လို့ ဆိုပါရစေ။ ကြေးမုံမှန်ချပ်မတပ်ဘဲ ကြွေပြားတွေ၊ စတီးပြားတွေပဲတပ်ထားလည်းဒီနေရာကပေရေလွယ်တဲ့ နေရာပဲဖြစ်ပြီးအညစ်အကြေးကတော့ ခါတိုင်းလိုပဲဆက်ရှိနေဦးမှာပါ။ ကြေးမုံချပ်တွေကတော့ ချေးချွတ်ဆေးသုံးစရာတောင်မလိုပဲဆပ်ပြာရည်ကျဲကျဲလေးနဲ့ပဲအလွယ်တကူပွတ်တိုက်ပေးရုံနဲ့ သန့်စင်နိုင်စွမ်းရှိပြီးကြေးမုံရဲ့ အလင်းပြန်မှုကြောင့် ပိုပြီးသန့်ရှင်းနေတယ်လို့တောင် ထင်မြင်စေပါတယ်။

ဆွဲဆောင်မှုပိုရှိပါတယ်

ကြေးမုံပြင်ကြီးကြီးတစ်ချပ်ရှေ့မှာပဲနောက်ထပ်အရွယ်မတူတဲ့ ကြေးမုံချပ်ထားရှိတာမျိုးကအသုံးဝင်လှတယ်ဆိုတာမျိုးတော့မဟုတ်ပေမယ့် အိမ်ကိုလာသမျှလူတိုင်းကိုဆွဲဆောင်ထားနိုင်မယ့် ဒီဇိုင်းအပြင်အဆင်မျိုးပဲဖြစ်ပါတယ်။ ဗိသုကာဆန်ဆန်ပြင်ဆင်မှုမျိုးဖြစ်စေပြီးအကြည့်အာရုံတွေတိုင်းကဒီမှန်ချပ်မှာပဲခဏခဏသက်ရောက်နေကြမှာဖြစ်ပါတယ်။ အိမ်ဝင်ဝလိုနေရာမျိုးမှာကြေးမုံတပ်နံရံရှေ့ နောက်ထပ်ကြေးမုံဝိုင်းပြားတစ်ချပ်ထောင်မတ်ထားရှိတဲ့ ပုံစံမျိုးကအိမ်ရဲ့ခမ်းနားမှုကိုတံခါးဝကနေဆီးကြိုပြသလိုက်တဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ မှန်ချပ်ဝိုင်းရဲ့ဘောင်ဝိုင်းကိုကြေးဝါရောင်ဆေးမှုတ်ပြီးနောက်ဘက်ကနေကြေးမုံနံရံရဲ့ ထောင့်နံရံကွက်တွေနဲ့ စားပွဲကိုတော့ တည်ငြိမ်ခမ်းနားမှုကိုလိုက်ဖက်တင့်တယ်စေမယ့် အနက်ရောင်ဆေးသုတ်ထားရမှာဖြစ်ပါတယ်။

ခေတ်ဟောင်းပြင်ဆင်မှုကိုခေတ်မီစေ

ကြေးမုံပြင်တွေကခေတ်ဟောင်းပြင်ဆင်မှုတွေကိုခေတ်မီတဲ့ဟန်ဖြစ်ပေါ်စေဖို့ အကောင်းဆုံးအဆင်တန်ဆာပစ္စည်းပဲဖြစ်ပါတယ်။ ကြီးမားကျယ်ဝန်းတဲ့ ခေတ်ဟောင်းလက်ရာအဆောက်အဦးကြီးတွေထဲမှာအခန်းတွေကမှောင်ရိပ်သန်းနေတတ်ပါတယ်။ အဆောက်အဦရဲ့ ရှေးမူလက်ရာတွေကိုဖြိုဖျက်ပြီးမှအလင်းဝင်အောင်ဖန်တီးရမယ့်အခြေအနေမျိုးမှာကြေးမုံချပ်ကြီးတွေကကယ်တင်ရှင်တွေဖြစ်လာခဲ့ပါပြီ။ အနည်းအကျဉ်းသာဝင်ရောက်လာတဲ့ အလင်းလေးတွေကိုကြေးမုံချပ်တွေနဲ့ အလင်းပြန်စေပြီးခေတ်မီတဲ့ အဆောက်အဦးတွေအတိုင်းအလင်းတွေများများရအောင် ဖန်တီးနိုင်ပါတယ်။ ခေတ်မီတဲ့ ခေတ်ဟောင်းအဆောက်အဦးမှာကြေးမုံမှန်ချပ်တွေမှန်မှန်တပ်ဆင်နိုင်ဖို့လည်းလိုပါတယ်။ ရှေးမူလက်ရာတွေကိုဖုံးကွယ်မသွားစေဘဲမှန်ချပ်ကြီးတွေကိုနေရာမှန်တပ်ဆင်နိုင်ဖို့ ဆိုတာနည်းမသိရင်တော့ အတော်လေးဦးနှောက်စားရမယ့်အရေးပါ။ ဒီတော့ သိပ်အာရုံမခံစားရေအောင် ဒီနေရာမှာအကြံကောင်းလေးပေးလိုက်ပါမယ်။ မီးလင်းဖိုရဲ့ဘေးတစ်ဖက်တစ်ချက် နံရံလွတ်ကြီးကတကယ်တော့ အရှင်းဆုံးထားလိုက်ရင် အကောင်းဆုံးဖြစ်ပြီးအဲ့ဒီနံရံလွတ်ပေါ်မှာမျက်နှာကြက်ကနေကြမ်းပြင်ထိကြီးမားတဲ့ မှန်ချပ်ကြီးတွေတပ်ဆင်ထားလိုက်ရင် အားလုံးအဆင်ပြေသွားပြီပဲဖြစ်ပါတယ်။ မှန်ချပ်အောက်ခြေရှေ့မှာခပ်ရှင်းရှင်းကြီးမထားချင်ဘူးဆိုရင်တော့ ဆင်တူပန်းအိုးခပ်ကြီးကြီးနှစ်လုံးကိုထားပေးလိုက်ရုံပါပဲ။ အိမ်တွင်းမြေစိုက်ပန်းပင်နှစ်ပင်ကိုလည်းအလားတူထားရှိနိုင်ပါတယ်။

ခမ်းနားကြွယ်ဝမှုကိုထင်ဟပ်ခြင်း

ကြေးမုံမှန်ချပ်တွေကခေတ်မီအောင်လုပ်လို့ရသလိုခမ်းနားကြွယ်ဝမှုကိုလည်းထင်ဟပ်လစ်ဟပေးတဲ့အရာတွေလည်းဖြစ်ပါတယ်။  ကြေးမုံမှန်ချပ်တွေကပြဒါးသုတ်ငွေမင်ရောင်ဒီဇိုင်းကနည်းနည်းရိုးလွန်းတယ်လို့ ဆိုသူတွေအတွက် တဖိတ်ဖိတ်လင်းလက်တောက်ပပြီးအိမ်ခမ်းတွင်းကအခြားတန်ဖိုးကြီးပရိဘောဂတွေရဲ့ အရှိန်အဝါကိုပိုမိုတောက်ပဝံ့ကြွားနိုင်စေမယ့် ရွှေအိုရောင်ပြဒါးသုတ်ကြေးမုံချပ်တွေလည်းဒီဘက်ခေတ်မှာ့ရရှိနိုင်ပါပြီ။ သာမာန်ထက်ထူးခြားပြီးဂုဏ်ရှိန်ဝင့်စေတဲ့ ကြေးမုံတွေဖြစ်တာမို့ သာမာန်ငွေမင်ရောင် ပြဒါးသုတ်ကြေးမုံတွေထက် ဈေးတော့ပိုပေးရမှာဖြစ်ပါတယ်။ ရွှေအိုရောင်အပြင်၊ မီးခိုးရောင်၊ ကြေးဝါရောင် ၊ အနက်ရောင်တွေနဲ့ ရှေးခေတ်သုံးမှုန်ပြပြဒီဇိုင်းကြေးမုံတွေလည်းဒီဘက်ခေတ်ထဲမှာရွေးချယ်စရာတွေအများကြီးရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

စတိုင်ကျကျဒီဇိုင်းဆန်းကြေးမုံ

ကြေးမုံချပ်တွကိုသာမာန်လေးထောင့်ပုံ။ အဝိုင်းပုံတွေထက် ပိုမိုဆန်းသစ်တဲ့ အနုပညာလက်ရာဖန်တီးပြီးအိမ်တွင်းဒီဇိုင်းပြင်မှုတွေမှာထည့်သုံးလာကြပါပြီ။ ရေချိုးခန်းထဲမှာပဲတမူထူးခြားစွာဖန်တီးတပ်ဆင်ထားတဲ့ ကြေးမုံဒီဇိုင်းလက်ရာဆန်းကိုပြင်သစ်က France Interior Design Studio က ပြသသွားခဲ့တာမှာကြေးမုံရဲ့ ရိုးရှင်းမှုကိုဆန်းသစ်တဲ့ အနုပညာလက်ရာအဖြစ် ပြသနိုင်ခဲ့တာလို့ ဒီဇိုင်နာတွေကမှတ်ချက်ကောင်းတွေပေးခဲ့ပါတယ်။

လှုပ်ရှားတက်ကြွမှုအတွက် အင်အားဖြစ်စေ

ဒီနေရာမှာကြေးမုံကအခန်းအကျယ်အဝန်း၊ အလင်းမှောင်စတဲ့ အခန်းအတွင်းဒီဇိုင်းလိုအပ်ချက်တစ်ခုနဲ့မျှသက်ဆိုင်မှုမရှိတဲ့ အခြေအနေပါ။ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်သူများအတွက် ကြေးမုံတွေကဘယ်လိုအထောက်အထားအကူဖြစ်စေပါလိမ့်ဆိုပြီးအတွေးဝင်ကောင်းဝင်နေပါလိမ့်မယ်။ အားကစားလေ့ကျင့်ခန်းတွေမှာကြေးမုံမှန်ချပ်ကြီးတွေအခန်းပြည့်တပ်ဆင်ထားခြင်းကကိုယ်လက်လှုပ်ရှားမှုပြုသူတွေမိမိရဲ့ ကြိုးစားလေ့ကျင့်ပုံကိုပြန်မြင်စေပြီးဖြစ်ပေါ်လာတဲ့ ကျေနပ်ပီတိစိတ်နဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုကိုပိုမိုတက်ကြွလာစေအောင် လှုံ့ဆော်ပေးထာပဲဖြစ်ပါတယ်။

လျှောက်လမ်းမှာကြေးမုံမှန်ချပ်တွေကိုမြင်သာအောင်ထားရှိပါ

ဆိုင်တစ်ဆိုင်၊ အခန်းတစ်ခန်းထဲဝင်လာတဲ့အခါ ကန့်လန့်ဖြတ်တပ်ဆင်ထားတဲ့ကြေးမုံချပ်ကိုကြည့်ရင်းဝင်လာတဲ့ ကိုယ့်ခြေလှမ်းတိုင်းကိုအမိအရကြည့်လိုက်ပါ။ လှပသိမ်မွေ့မှုကိုအလိုလိုဖြစ်ပေါ်ခံစားသွားစေရမယ့် အခန်းအလယ်ကကြေးမုံကအဝတ်အထည်ဆိုင်တွေရဲ့ လျှို့ဝှက်ချက်လည်းဖြစ်ပါတယ်။ ဝယ်သူတစ်ဦးအနေနဲ့ အထည်ဆိုင်ထဲဝင်လာတဲ့ မိမိပုံရိပ်ကိုဆိုင်အလယ်ကန့်လန့်တပ်ဆင်ထားတဲ့ ကြေးမုံချပ်ကြီးဆီကနေလုံးဝအကြည့်မလွှဲနိုင်ဖြစ်စေပြီးတစ်ထည်ပြီးတစ်ထည် စမ်းဝတ်ကြည့်ချင်သွားအောင် ဆွဲဆောင်ထားပါလိမ့်မယ်။ လူတွေရဲ့အလှအပမြတ်နိုးတတ်တဲ့ အတွင်းစိတ်ကိုကြေးမုံနဲ့ ဖမ်းစားထားလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။

ပန်းဥယာဉ်ထဲကကြေးမုံပြင်

ပန်းဥယျာဉ်ထဲျမှာဒီဇိုင်းဆင်ထားတဲ့ ကြေးမံချပ်တွေက လျှို့ဝှက်ကမ္ဘာတစ်ခုရဲ့ ပြတင်းပေါက်ငယ်လေးတွေနဲ့ ဆင်တူပါတယ်။ ပန်းဥယျာဉ်ရဲ့ သစ်ပင်ပန်းမန်တွေအကြားတပ်ဆင်ထားတဲ့ ကြေးမုံချပ်လေးတွေကမြေယာအပြင်အဆင်တွေနဲ့ အတူရောလိုကိုယ်ဖျောက်နေသလိုဖြစ်နေပြီးဥယျာဉ်ရဲ့အကျယ်အဝန်းအနားသတ်ကိုပိုမိုကျယ်သွားစေမယ့်အပြင် လျှို့ဝှက်နက်နဲပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့ မှော်ရုံတောထဲလည်ပတ်နေရသလိုခံစားသွားစေမှာပဲဖြစ်ပါတယ်။

ဒီဇိုင္နာေတြကေၾကးမံုမွန္ခ်ပ္ေတြကိုခ်စ္ရတဲ့ အေၾကာင္း

ခုတေလာအိမ္တြင္းျပင္ဆင္မြမ္းမံမႈဒီဇိုင္းေတာ္ေတာ္မ်ားမ်ားမွာေၾကးမံုမွန္ခ်ပ္ေတြ အသံုးမ်ားလာတာသတိထားမိၾကမွာပါ။ အရင္ကေတာ့ ပံုရိပ္ျပန္ထင္ေစတဲ့ ေၾကးမံုမွန္ခ်ပ္ေတြအတြက္ သတၳဳခ်ပ္ျပားေတြကိုေတာက္ပေနေအာင္ ပြတ္တိုက္ထားခဲ့ၾကတာျဖစ္ၿပီးသတၳဳျပားေတြ အလြယ္အသံုးမျပဳႏိုင္သူေတြမွာေတာ့ ေရအိုင္ေရခြက္ေတြထဲၾကည့္ၿပီးကိုယ့္အသြင္ကို ျပန္ျမင္ေအာင္ လုပ္ခဲ့ၾကရတာျဖစ္ပါတယ္။ မွန္ခ်ပ္ေတြနဲ႔ ေၾကးမံုျပင္ေတြ ဖန္တီးလာႏိုင္ခဲ့ၿပီးရိုးရွင္းတဲ့ေၾကးမံုအသံုးျပဳမႈပံုစံကဒီဘက္ေခတ္ထဲမွာေတာ့ ကိုယ့္ကိုကိုယ္ ျပန္ျမင္ရေအာင္ဆိုတဲ့ ရည္ရြယ္ခ်က္ေလးတင္ မကေတာ့ပါဘူး။ အရာ၀တၳဳေတြကို ျမင္ကြင္းကေနလွည့္စားေဖ်ာက္ပစ္လိုက္လို႔ရတဲ့ အထိေၾကးမံုအသံုးျပဳမႈအဆင့္ေတြ တိုးတက္ျမင့္မားလာခဲ့ၿပီ ျဖစ္ပါတယ္။ နာမည္ေက်ာ္စာေရးဆရာမ J K Rowling ရဲ႕ Harry Potter ဇာတ္လမ္းေတြထဲက ကိုယ္ေပ်ာက္ေမွာ္၀တ္ရံုသိုင္းျခံဳထားလိုက္သလိုမ်ိဳးပဲေပါ့။ အတိအက်ဆိုရရင္ ၁၈၃၅ ခုႏွစ္မွာေငြမင္ေရာင္ျပဒါးသုတ္ေၾကးမံုမွန္ခ်ပ္ကိုဂ်ာမာန္ဓာတုေဗဒပညာရွင္ ဂ်ပ္စတပ္ဗြန္လီဘစ္ကတီထြင္ေပးခဲ့တာျဖစ္ၿပီးကုန္က်စရိတ္သိပ္မမ်ားဘဲဒီဇိုင္ပညာရွင္ေတြစိတ္ႀကိဳက္ ေခတ္မီအိမ္တြင္းအိမ္ျပင္ ဒီဇိုင္းေတြကိုအခန္႔သားျဖစ္ေစမယ့္ ေၾကးမံုမွန္ခ်ပ္အသံုးျပဳတာေတြ တျဖည္းျဖည္းတြင္က်ယ္လာခဲ့တာပဲ ျဖစ္ပါတယ္။ ဒီအတြက္ ဒီဇိုင္းနာေတြကေၾကးမံုမွန္ခ်ပ္ေတြကိုဘာေၾကာင့္မ်ားခ်စ္ရသလဲဆိုတဲ့ အေၾကာင္းေလးေတြကုိဒီက႑ေလးမွာေဖာ္ျပေပးလိုက္ပါတယ္။

ကိုယ္ေပ်ာက္၀တ္ရံု

မီးဖိုိေခ်ာင္ ဒီဇိုင္းျပင္ဆင္မႈေတြမွာနာမည္ေက်ာ္တဲ့ ဒီဇိုင္နာLeeHardcastleကေတာ့ ႀကီးမားတဲ့ ဧရာမေၾကးမံုမွန္ခ်ပ္ေတြကိုေလွ်ာတံခါးအျဖစ္အသံုးျပဳၿပီးဆန္းသစ္တဲ့ ေလွ်ာတံခါးဒီဇိုင္းကိုအၾကံျပဳထားပါတယ္။ ေလွ်ာတံခါးခ်ပ္ဆိုတာမ်ိဳးကပြင့္ထားရင္သာမသိသာေပမယ့္ ပိတ္ထားတဲ့အခါမ်ိဳးမွာေတာ့ ခန္းလံုးပိတ္ပိတ္ပိန္းေနတဲ့ အသြင္နဲ႔ မြမ္းက်ပ္မႈကို ျဖစ္ေပၚေစတာအမွန္ပါပဲ။ ဒီခံစားမႈမ်ိဳးကို မႏွစ္သက္သည့္တိုင္ အိမ္ခန္းကလည္းသိပ္အက်ယ္ႀကီးမဟုတ္တာေၾကာင့္ ေလွ်ာတံခါးတပ္ဆင္မွ အဆင္ေျပမယ့္ အေျခအေနမ်ိဳးအတြက္ ေလွ်ာတံခါးေနရာမွာေၾကးမံုမွန္ခ်ပ္အႀကီးနဲ႔ ဖန္တီးလိုက္မယ္ဆိုရင္ေတာ့ မွန္ရဲ႕ပံုရိပ္ထင္ဟပ္မႈစြမ္းရည္နဲ႔ အခန္းကိုနဂိုထက္ပိုမိုက်ယ္သြားေစသေယာင္ ျဖစ္သြားေစမွာအေသအခ်ာပါပဲ။  ဒီေတာ့ သင့္ရဲ႕တံခါးေပါက္က ကိုယ္ေပ်ာက္၀တ္ရံုနဲ႔ အုပ္ထားတဲ့ ေမွာ္တံခါးခ်ပ္ႀကီးအလားေပၚလိုက္ေပ်ာက္လုိက္ျဖစ္ေနမယ္လို႔ Lee Hardcastle က ဆိုတာပါ။

အဆံုးအစမဲ့ မ်က္ႏွာက်က္

ေၾကးမံုမွန္ခ်ပ္ေတြက ျမင္ကြင္းပံုရိပ္ေတြကိုေဖ်ာက္ပစ္ႏိုင္တဲ့အစြမ္းရွိတယ္ဆိုတာဒီေနရာမွာသင္ကြဲကြဲျပားျပားနားလည္သြားမွာပါ။ တန္ဖိုးႀကီးတဲ့ သစ္သားကပ္မ်က္ႏွာၾကက္ေတြေအာက္မွာအခန္းကန္႔ရေတာ့မယ့္အခါ လွပတဲ့ အမိုးမ်က္ႏွာျပင္ကိုကန္႔ထားတဲ့အခန္းနံရံကအုပ္သြားတာျဖစ္ပါတယ္။ အမိုးေအာက္ေနရာလႊတ္ၿပီးအခန္းကန္႔မယ္ဆိုျပန္ရင္လည္းအခန္းတစ္ဖက္နဲ႔တစ္ဖက္ မကန္႔ထားတာနဲ႔ဘာမွမျခားေတာ့ေအာင္ လံုျခံဳမႈမရွိတာ့မွာအေသအခ်ာပါပဲ။ ဒီအခက္အခဲကိုေက်းမံုမွန္ခ်ပ္ကကူညီေျဖရွင္းႏိုင္ပါတယ္။ အခန္းကိုအျပည့္ကန္႔လိုက္ၿပီးမ်က္ႏွာက်က္ေအာက္ ကပ္လ်က္ေနရာျဖစ္ၿပီးကန္႔ထားတဲ့ေနရာအထက္ပုိင္းေခါင္မိုးနားေနရာေလးလည္းျဖစ္တဲ့ အေပၚပိုင္းေလးကိုကြက္ၿပီးေၾကးမံုမွန္ခ်ပ္ႀကီးေတြ ကပ္ထားမယ္ဆိုုရင္ မ်က္ႏွာက်က္ေအာက္ အခန္းနံရံပိတ္ေနတဲ့ ျမင္ကြင္းကိုေၾကးမံုကဖယ္ရွားေပးၿပီးခန္းလံုးျပည့္မ်က္ႏွာက်က္အတိုင္းျမင္မိေစေအာင္ အျမင္လွည့္ဖ်ားေပးမွာ ျဖစ္ပါတယ္။

အခန္းေနရာလြတ္ခ်ဲ႕ျခင္း

က်ဥ္းေျမာင္းတဲ့ေနရာေတြကိုေၾကးမံုမွန္ခ်ပ္ေတြကနဂိုရွိရင္းထက္ ပုိၿပီးက်ယ္သေယာင္ျဖစ္ေစပါတယ္။ ေၾကးမံုမွန္ခ်ပ္ေတြကအခန္းက်ဥ္းေတြထဲအေကာင္းဆံုး ျမင္ကြင္းခ်ဲ႕လက္နက္ပဲ ျဖစ္တယ္လို႔ အိမ္တြင္းအလွဆင္ဒီဇိုင္နာJado Décor က ဆိုထားပါတယ္။ က်ဥ္းေျမာင္းတဲ့အိပ္ခန္းမွာ နံရံကပ္အ၀တ္ဗီရိုလည္းထားရဦးမယ္ဆိုရင္ေတာ့ ေသခ်ာေပါက္လံုး၀အသက္ရႈၾကပ္သြားေစမယ့္အျပင္ မြမ္းၾကပ္မႈေၾကာင့္ သင့္ရဲ႕ အိပ္စက္အနားယူမႈကိုပါ ေကာင္းေကာင္းႀကီးဒုကၡေပးေတာ့မွာ ျဖစ္ပါတယ္။ ဒီအေျခအေနကိုေက်ာ္လႊားဖို႔ နံရံကပ္ဗီရိုေပၚကတံခါးခ်ပ္ဖံုးေတြကိုေၾကးမံုမွန္ခ်ပ္ေတြနဲ႔ အျပည့္တပ္ဆင္လိုက္တဲ့အခါ မွန္ခ်ပ္ေၾကာင့္ ဗီရိုကိုပံုရိပ္ျပန္ထင္ေစၿပီးအခန္းကို ႏွစ္ဆပိုက်ယ္သြားေစမွာ ျဖစ္ပါတယ္။

အရာ၀တၳဳေတြ ေလထဲေမ်ာလြင့္ေစ

ဒီိဇိုင္နာေတြကေၾကးမံုမွန္ခ်ပ္ေတြကိုခ်စ္ရတဲ့အေၾကာင္းထဲမွာဒီအခ်က္ေလးကတကယ့္အခ်က္လို႔ဆိုပါရေစ။ ေၾကးမံုမွန္ခ်ပ္ေတြကအျမင္အာရံုကိုလည္းလွည့္စားတဲ့ ပဥၥလက္အတတ္ေတြနဲ႔ ၀ွက္ဖဲျဖစ္သလို အခန္းထဲဒီဇိုင္းဆန္းသစ္တီထြင္မႈေတြရဲ႕ ၀ွက္ဖဲတစ္ခ်ပ္လည္း ျဖစ္ပါတယ္။ ေရခ်ဳိးခန္းထဲက ေၾကြလက္ေဆးကန္အပါအ၀င္ သန္႔စင္ခန္းသံုးပစၥည္းေတြ ေလထဲေမ်ာေနတဲ့ဟန္ ျပင္ဆင္မႈရဲ႕ တကယ့္၀ွက္ဖဲက ေၾကးမံုျပင္ျဖစ္ပါတယ္။ ရုတ္တရက္ၾကည့္လိုက္ရင္ ပစၥည္းေတြကေလထဲအကူမဲ့ ေျမာက္တက္ေနတဲ့ဟန္ျဖစ္ေနၿပီးဒီလိုျဖစ္ေနေစဖို႔အတြက္ ေၾကြထည္လက္ေဆးပန္းကန္ေတြ၊ အိမ္သာေၾကြအိုးေတြရဲ႕ ေအာက္ေျခနဲ႔ ဖံုးအုပ္ထားတာျဖစ္ပါတယ္။ ၾကည့္ရျမင္ရဆိုးတဲ့ ပိုက္လိုင္းေတြနဲ႔ ေထာင့္စြန္းထြက္ေနရာေတြအားလံုးကိုေၾကးမံုမွန္ခ်ပ္ေတြက လံုး၀မျမင္ရေအာင္ ဖယ္ရွားလိုက္ၿပီးေရခ်ိဳးခန္းကိုေခတ္မီတဲ့ ေလထဲေမ်ာလြင့္ဒီဇိုင္းဖန္တီးျပခဲ့တာ ျဖစ္ပါတယ္။

သိုေလွာင္ခန္းေတြကုိ ျမင္ကြင္းကေဖ်ာက္လို႔ အခန္းပိုခ်ဲ႕ႏိုင္

မီးဖိုခန္းနဲ႔ ထမင္းစားခန္းသီးသန္႔ထားတာမ်ိဳးကေနရာပုပ္ေစပါတယ္။ ႏွစ္မ်ိဳးလံုးကိုတစ္တြဲတည္းထားတာေတာင္ က်ဥ္းေနေသးတယ္လို႔ ခံစားေနရရင္ မီးဖိုခန္းနဲ႔ ထမင္းစားစားပြဲၾကားကန္႔ၿပီးခ်ထားတဲ့ မီးဖိုေခ်ာင္ကုန္သိုေလွာင္ခန္းဗီရိုရွည္ေလးေရွ႔ေအာက္ဘက္မွာေၾကးမံုမွန္ခ်ပ္ေတြတပ္ၿပီးဗီရုိရဲ႕ မူရင္းေနရာယူမႈကိုဖံုးကြယ္လိုက္တဲ့အခါ ထမင္းစားစားပြဲေနရာမွာအလိုအေလ်ာက္ေနရာပုိက်ယ္သြားေစမယ့္ အျပင္အဆင္မ်ိဳးပဲ ျဖစ္တယ္လို႔ ဗိသုကာပညာရွင္ RudolfssonAlliker က ဆိုပါတယ္။

ျမင္ကြင္းေတြ ပံုရိပ္ထင္ဟပ္ေစမယ့္ဒီဇိုင္း

မီးဖိုေခ်ာင္ေတြမွာပန္းကန္ေဆးကန္ေတြနဲ႔ မီးဖိုတင္စားပြဲရွည္ေတြကိုအလင္းေရာင္မ်ားမ်ားရေစဖို႔ဆိုတဲ့ ရည္ရြယ္္ခ်က္နဲ႔ ျပတင္းေပါက္ရွိတဲ့ဘက္မွာပဲထားေလ့ရွိပါတယ္။ ဒါေပမယ့္ ဒီတခါမွာေတာ့ ေၾကးမံုမွန္ခ်ပ္ေတြရဲ႕ အားကိုးနဲ႔ ျပတင္းေပါက္နဲ႔ ဆန္႔က်င္ဘက္ အိမ္ခန္းတြင္းနံရံဘက္မွာထားၾကည့္ရေအာင္။ ပန္းကန္ေဆးစင္ပါတဲ့ မီးဖိုစားပြဲရွည္ကအိမ္တြင္းဘက္နံရ့ဘက္မွာရွိေနၿပီးနံရံေပၚမွာေတာ့ ျမင္ကြင္းထင္ဟပ္မယ့္ ေၾကးမံုမွန္ခ်ပ္ေတြကိုထားရွိလိုက္ပါ။ ဒီအခါမွာေတာ့ မီးဖိုေခ်ာင္ထဲခ်က္ရင္းျပဳတ္ရင္း၊ ေဆးရင္းေၾကာရင္း၊ လုပ္ရင္းကိုင္ရင္းေနာက္ဘက္မွာရွိေနမယ့္ မိသားစု၀င္ေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြဆီ ျပန္လည္လွည့္ၾကည့္စရာမလိုေတာ့ဘဲေၾကးမံုမွန္ခ်ပ္ေတြကေနတုိက္ရိုက္ၾကည့္ၿပီးစကားလက္ဆံုက်လို႔ ရသြားပါၿပီ။ လက္ေဆးကန္နားေၾကးမံုခ်ပ္ထားတာကညစ္ပတ္ေပေရလြယ္တယ္လို႔ ဆိုသူေတြအတြက္ ဒါမွားယြင္းတဲ့ယူဆခ်က္လို႔ ဆုိပါရေစ။ ေၾကးမံုမွန္ခ်ပ္မတပ္ဘဲေၾကြျပားေတြ၊ စတီးျပားေတြပဲတပ္ထားလည္းဒီေနရာကေပေရလြယ္တဲ့ ေနရာပဲ ျဖစ္ၿပီးအညစ္အေၾကးကေတာ့ ခါတိုင္းလိုပဲဆက္ရွိေနဦးမွာပါ။ ေၾကးမံုခ်ပ္ေတြကေတာ့ ေခ်းခၽြတ္ေဆးသံုးစရာေတာင္မလိုပဲဆပ္ျပာရည္က်ဲက်ဲေလးနဲ႔ပဲအလြယ္တကူပြတ္တိုက္ေပးရံုနဲ႔ သန္႔စင္ႏိုင္စြမး္ရွိၿပီးေၾကးမံုရဲ႕ အလင္းျပန္မႈေၾကာင့္ ပိုၿပီးသန္႔ရွင္းေနတယ္လို႔ေတာင္ ထင္ျမင္ေစပါတယ္။

ဆြဲေဆာင္မႈပိုရွိပါတယ္

ေၾကးမံုျပင္ႀကီးႀကီးတစ္ခ်ပ္ေရွ႕မွာပဲေနာက္ထပ္အရြယ္မတူတဲ့ ေၾကးမံုခ်ပ္ထားရွိတာမ်ိဳးက အသံုး၀င္လွတယ္ဆိုတာမ်ိဳးေတာ့မဟုတ္ေပမယ့္ အိမ္ကိုလာသမွ်လူတုိင္းကိုဆြဲေဆာင္ထားႏိုင္မယ့္ ဒီဇိုင္းအျပင္အဆင္မ်ိဳးပဲ ျဖစ္ပါတယ္။ ဗိသုကာဆန္ဆန္ျပင္ဆင္မႈမ်ိဳးျဖစ္ေစၿပီးအၾကည့္အာရံုေတြတိုင္းကဒီမွန္ခ်ပ္မွာပဲခဏခဏသက္ေရာက္ေနၾကမွာျဖစ္ပါတယ္။ အိမ္၀င္၀လိုေနရာမ်ိဳးမွာ ေၾကးမံုတပ္နံရံေရွ႕ ေနာက္ထပ္ေၾကးမံု၀ိုင္းျပားတစ္ခ်ပ္ေထာင္မတ္ထားရွိတဲ့ ပံုစံမ်ိဳးကအိမ္ရဲ႕ခမ္းနားမႈကို တံခါး၀ကေန ဆီးႀကိဳျပသလိုက္တဲ့ ပံုစံမ်ိဳးပဲျဖစ္ပါတယ္။ မွန္ခ်ပ္၀ိုင္းရဲ႕ေဘာင္၀ိုင္းကို ေၾကး၀ါေရာင္ေဆးမႈတ္ၿပီးေနာက္ဘက္ကေနေၾကးမံုနံရံရဲ႕ ေထာင့္နံရံကြက္ေတြနဲ႔ စားပြဲကိုေတာ့ တည္ၿငိမ္ခမ္းနားမႈကိုလိုက္ဖက္တင့္တယ္ေစမယ့္ အနက္ေရာင္ေဆးသုတ္ထားရမွာ ျဖစ္ပါတယ္။

ေခတ္ေဟာင္းျပင္ဆင္မႈကိုေခတ္မီေစ

ေၾကးမံုျပင္ေတြကေခတ္ေဟာင္းျပင္ဆင္မႈေတြကိုေခတ္မီတဲ့ဟန္ျဖစ္ေပၚေစဖို႔ အေကာင္းဆံုးအဆင္တန္ဆာပစၥည္းပဲ ျဖစ္ပါတယ္။ ႀကီးမားက်ယ္၀န္းတဲ့ ေခတ္ေဟာင္းလက္ရာအေဆာက္အဦးႀကီးေတြထဲမွာအခန္းေတြကေမွာင္ရိပ္သန္းေနတတ္ပါတယ္။ အေဆာက္အဦရဲ႕ ေရွးမူလက္ရာေတြကို ၿဖိဳဖ်က္ၿပီးမွ အလင္း၀င္ေအာင္ဖန္တီးရမယ့္အေျခအေနမ်ိဳးမွာေၾကးမံုခ်ပ္ႀကီးေတြကကယ္တင္ရွင္ေတြ ျဖစ္လာခဲ့ပါၿပီ။ အနည္းအက်ဥ္းသာ၀င္ေရာက္လာတဲ့ အလင္းေလးေတြကိုေၾကးမံုခ်ပ္ေတြနဲ႔ အလင္းျပန္ေစၿပီးေခတ္မီတဲ့ အေဆာက္အဦးေတြအတိုင္းအလင္းေတြမ်ားမ်ားရေအာင္ ဖန္တီးႏိုင္ပါတယ္။ ေခတ္မီတဲ့ ေခတ္ေဟာင္းအေဆာက္အဦးမွာေၾကးမံုမွန္ခ်ပ္ေတြ မွန္မွန္တပ္ဆင္ႏိုင္ဖို႔လည္းလိုပါတယ္။ ေရွးမူလက္ရာေတြကိုဖံုးကြယ္မသြားေစဘဲမွန္ခ်ပ္ႀကီးေတြကိုေနရာမွန္တပ္ဆင္ႏိုင္ဖို႔ ဆိုတာနည္းမသိရင္ေတာ့ အေတာ္ေလးဦးေႏွာက္စားရမယ့္အေရးပါ။ ဒီေတာ့ သိပ္အာရုံမခံစားရေေအာင္ ဒီေနရာမွာအၾကံေကာင္းေလးေပးလိုက္ပါမယ္။ မီးလင္းဖိုရဲ႕ေဘးတစ္ဖက္တစ္ခ်က္ နံရံလြတ္ႀကီးကတကယ္ေတာ့ အရွင္းဆံုးထားလိုက္ရင္ အေကာင္းဆံုးျဖစ္ၿပီးအဲ့ဒီနံရံလြတ္ေပၚမွာမ်က္ႏွာၾကက္ကေန ၾကမ္းျပင္ထိ ႀကီးမားတဲ့ မွန္ခ်ပ္ႀကီးေတြ တပ္ဆင္ထားလိုက္ရင္ အားလံုးအဆင္ေျပသြားၿပီပဲ ျဖစ္ပါတယ္။ မွန္ခ်ပ္ေအာက္ေျခေရွ႕မွာခပ္ရွင္းရွင္းႀကီးမထားခ်င္ဘူးဆိုရင္ေတာ့ ဆင္တူပန္းအိုးခပ္ႀကီးႀကီးႏွစ္လံုးကိုထားေပးလိုက္ရံုပါပဲ။ အိမ္တြင္းေျမစိုက္ပန္းပင္ႏွစ္ပင္ကိုလည္းအလားတူထားရွိႏိုင္ပါတယ္။

ခမ္းနားၾကြယ္၀မႈကို ထင္ဟပ္ျခင္း

ေၾကးမံုမွန္ခ်ပ္ေတြကေခတ္မီေအာင္လုပ္လို႔ရသလို ခမ္းနားၾကြယ္၀မႈကိုလည္း ထင္ဟပ္လစ္ဟေပးတဲ့အရာေတြလည္း ျဖစ္ပါတယ္။  ေၾကးမံုမွန္ခ်ပ္ေတြက ျပဒါးသုတ္ေငြမင္ေရာင္ဒီဇိုင္းကနည္းနည္းရိုးလြန္းတယ္လို႔ ဆုိသူေတြအတြက္ တဖိတ္ဖိတ္လင္းလက္ေတာက္ပၿပီးအိမ္ခမ္းတြင္းကအျခားတန္ဖိုးႀကီးပရိေဘာဂေတြရဲ႕ အရွိန္အ၀ါကို ပိုမိုေတာက္ပ၀ံ့ၾကြားႏိုင္ေစမယ့္ ေရႊအိုေရာင္ျပဒါးသုတ္ေၾကးမံုခ်ပ္ေတြလည္းဒီဘက္ေခတ္မွာ့ရရွိႏိုင္ပါၿပီ။ သာမာန္ထက္ထူးျခားၿပီး ဂုဏ္ရွိန္၀င့္ေစတဲ့ ေၾကးမံုေတြျဖစ္တာမို႔ သာမာန္ေငြမင္ေရာင္ ျပဒါးသုတ္ေၾကးမံုေတြထက္ ေစ်းေတာ့ပိုေပးရမွာျဖစ္ပါတယ္။ ေရႊအိုေရာင္အျပင္၊ မီးခိုးေရာင္၊ ေၾကး၀ါေရာင္ ၊ အနက္ေရာင္ေတြနဲ႔ ေရွးေခတ္သံုးမႈန္ျပျပဒီဇိုင္းေၾကးမံုေတြလည္းဒီဘက္ေခတ္ထဲမွာေရြးခ်ယ္စရာေတြ အမ်ားႀကီးရွိလာခဲ့ၿပီပဲ ျဖစ္ပါတယ္။

စတိုင္က်က်ဒီဇိုင္းဆန္းေၾကးမံု

ေၾကးမံုခ်ပ္တြကိုသာမာန္ေလးေထာင့္ပံု။ အ၀ိုင္းပံုေတြထက္ ပိုမိုဆန္းသစ္တဲ့ အႏုပညာလက္ရာဖန္တီးၿပီးအိမ္တြင္းဒီဇို္င္းျပင္မႈေတြမွာထည့္သံုးလာၾကပါၿပီ။ ေရခ်ိဳးခန္းထဲမွာပဲတမူထူးျခားစြာဖန္တီးတပ္ဆင္ထားတဲ့ ေၾကးမံုဒီဇိုင္းလက္ရာဆန္းကို ျပင္သစ္က France Interior Design Studio က ျပသသြားခဲ့တာမွာေၾကးမံုရဲ႕ ရိုးရွင္းမႈကိုဆန္းသစ္တဲ့ အႏုပညာလက္ရာအျဖစ္ ျပသႏိုင္ခဲ့တာလို႔ ဒီဇိုင္နာေတြကမွတ္ခ်က္ေကာင္းေတြ ေပးခဲ့ပါတယ္။

လႈပ္ရွားတက္ၾကြမႈအတြက္ အင္အားျဖစ္ေစ

ဒီေနရာမွာေၾကးမံုက အခန္းအက်ယ္အ၀န္း၊ အလင္းေမွာင္စတဲ့ အခန္းအတြင္းဒီဇိုင္းလုိအပ္ခ်က္တစ္ခုနဲ႔မွ် သက္ဆိုင္မႈမရွိတဲ့ အေျခအေနပါ။ ကိုယ္လက္လႈပ္ရွားအားကစားေလ့က်င့္သူမ်ားအတြက္ ေၾကးမံုေတြကဘယ္လိုအေထာက္အထားအကူျဖစ္ေစပါလိမ့္ဆိုၿပီး အေတြး၀င္ေကာင္း၀င္ေနပါလိမ့္မယ္။ အားကစားေလ့က်င့္ခန္းေတြမွာေၾကးမံုမွန္ခ်ပ္ႀကီးေတြ အခန္းျပည့္တပ္ဆင္ထားျခင္းကကိုယ္လက္လႈပ္ရွားမႈျပဳသူေတြ မိမိရဲ႕ ႀကိဳးစားေလ့က်င့္ပံုကို ျပန္ျမင္ေစၿပီး ျဖစ္ေပၚလာတဲ့ ေက်နပ္ပီတိစိတ္နဲ႔ ခႏၶာကိုယ္လႈပ္ရွားမႈကိုပိုမိုတက္ၾကြလာေစေအာင္ လႈံ႔ေဆာ္ေပးထာပဲ ျဖစ္ပါတယ္။

ေလွ်ာက္လမ္းမွာေၾကးမံုမွန္ခ်ပ္ေတြကိုျမင္သာေအာင္ထားရွိပါ

ဆိုင္တစ္ဆိုင္၊ အခန္းတစ္ခန္းထဲ၀င္လာတဲ့အခါ ကန္႔လန္႔ျဖတ္တပ္ဆင္ထားတဲ့ေၾကးမံုခ်ပ္ကိုၾကည့္ရင္း ၀င္လာတဲ့ ကိုယ့္ေျခလွမ္းတုိင္းကိုအမိအရၾကည့္လိုက္ပါ။ လွပသိမ္ေမြ႔မႈကုိအလိုလိုျဖစ္ေပၚခံစားသြားေစရမယ့္ အခန္းအလယ္ကေၾကးမံုက အ၀တ္အထည္ဆိုင္ေတြရဲ႕ လွ်ိဳ႕၀ွက္ခ်က္လည္းျဖစ္ပါတယ္။ ၀ယ္သူတစ္ဦးအေနနဲ႔ အထည္ဆိုင္ထဲ၀င္လာတဲ့ မိမိပံုရိပ္ကိုဆိုင္အလယ္ကန္႔လန္႔တပ္ဆင္ထားတဲ့ ေၾကးမံုခ်ပ္ႀကီးဆီကေန လံုး၀အၾကည့္မလႊဲႏိုင္ျဖစ္ေစၿပီးတစ္ထည္ၿပီးတစ္ထည္ စမ္း၀တ္ၾကည့္ခ်င္သြားေအာင္ ဆြဲေဆာင္ထားပါလိမ့္မယ္။ လူေတြရဲ႕အလွအပ ျမတ္ႏုိုးတတ္တဲ့ အတြင္းစိတ္ကိုေၾကးမံုနဲ႔ ဖမ္းစားထားလိုက္တဲ့ သေဘာပဲျဖစ္ပါတယ္။

ပန္းဥယာဥ္ထဲကေၾကးမံုျပင္

ပန္းဥယ်ာဥ္ထဲ်မွာဒီဇိုင္းဆင္ထားတဲ့ ေၾကးမံခ်ပ္ေတြက လွ်ိဳ႕၀ွက္ကမၻာတစ္ခုရဲ႕ ျပတင္းေပါက္ငယ္ေလးေတြနဲ႔ ဆင္တူပါတယ္။ ပန္းဥယ်ာဥ္ရဲ႕ သစ္ပင္ပန္းမန္ေတြအၾကားတပ္ဆင္ထားတဲ့ ေၾကးမံုခ်ပ္ေလးေတြကေျမယာအျပင္အဆင္ေတြနဲ႔ အတူေရာလိုကိုယ္ေဖ်ာက္ေနသလိုျဖစ္ေနၿပီး ဥယ်ာဥ္ရဲ႕အက်ယ္အ၀န္းအနားသတ္ကို ပုိမိုက်ယ္သြားေစမယ့္အျပင္ လွ်ိဳ႕၀ွက္နက္နဲၿပီး စိတ္၀င္စားဖြယ္ေကာင္းတဲ့ ေမွာ္ရံုေတာထဲလည္ပတ္ေနရသလိုခံစားသြားေစမွာပဲ ျဖစ္ပါတယ္။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

၂၀၂၀အတွက် တရုတ်နှစ်ကူးအပြင်အဆင်များ

၂၀၂၀အတွက် တရုတ်နှစ်ကူးအပြင်အဆင်များ

နေရာကျဉ်းတွေမှာ ကုတင်နေရာချဖို့ နည်းလမ်းကောင်းများ

နေရာကျဉ်းတွေမှာ ကုတင်နေရာချဖို့ နည်းလမ်းကောင်းများ

တရုတ်နိုင်ငံ မင်ခေတ် အသုံးအဆောင်များ

တရုတ်နိုင်ငံ မင်ခေတ် အသုံးအဆောင်များ

ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း

ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း