တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၂)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
July 25, 2020 နေ့
ဆောင်းပါးများဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

အိပ်ခန်းရဲ့ အဓိကပင်မအရေးကြီးဆုံးအစိတ်အပိုင်းက အိပ်ရာကုတင်ပဲဖြစ်ပါတယ်။ အိပ်ခန်းမှာကုတင်ကို နေရာချတဲ့ အခါ အသေအချာပြုလုပ်ဖို့ အရေးကြီးတဲ့အချက်တွေကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။
၁။ ကုတင်အောက်ခြေက တံခါးပေါက်ကိုညွှန်းနေတဲ့ အနေအထားမျိုး မဖြစ်စေရပါဘူး။ ကုတင်ခြေဖျားက တံခါးပေါက်ဘက်ကို ခြေဆင်းလျက် အနေအထားနဲ့ ညွှန်နေမယ်ဆိုရင် ကုတင်မှာရှိနေတဲ့ ချီဓာတ်က အိပ်ခန်းထဲကို ငြိမ်းချမ်းသာယာစွာ ပျံ့နှံသွားမယ့်အစား တံခါးပေါက်ကနေ ချက်ချင်းထွက်သွားမှာဖြစ်ပါတယ်။ ဒီအနေအထားကြောင့် ကုတင်မှာရှိတဲ့ စွမ်းအင်တွေကိုလည်း မငြိမ်မသက်ဖြစ်စေပါတယ်။


၂။ အိပ်ရာ၊ ကုတင်ရဲ့အထက်မှာဘယ်အရာမျှ တန်းလန်းချိတ်ဆွဲထားတာ မျိုး မရှိသင့်ပါဘူး။ ကုတင်ရဲ့ အထက်မျက်နှာကြက်မှာ တုတ်တန်းတွေအပါအဝင်မည်သည့်အရာမျှ ရှိမနေသင့်ပါဘူး။ ဒါက ချီဓာတ်ကို ဖိနှိပ်ချေဖျက်လိုက်ပြီး ကောင်းမွန်တဲ့ စွမ်းအင်ကို ပပျောက်သွားစေနိုင်ပါတယ်။


၃။ အိပ်ခန်းကအလွန်အကျွံ ရှုပ်ပွမနေရပါဘူး။ ရှုပ်ပွနေတဲ့ အိပ်ခန်းမှာချီဓာတ် အခန်းထဲကောင်းမွန်စပြန့်နှံ့နိုင်မှာမဟုတ်ပါဘူး။

၄။မီးဆိုင်များက ချီဓာတ်ကိုကမ်းလင့်ကြိုဆိုခြင်း
သင့်အိမ်ကို ချီဓာတ်ဆွဲဆောင်ပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ မီးဆိုင်တစ်ခုတပ်ဆင် လိုက်တာပါပဲ။ ဝင်ပေါက် ဒါမှမဟုတ် အိမ်ရှေ့တံခါးအနားမှာ မီးဆိုင်းကို ချိတ်ဆွဲထားမယ်ဆိုရင် လှပတဲ့စွမ်းအင်တွေက လှပတဲ့ ချီဓာတ်ကိုဆွဲငင်ပြီး သင့်အိမ်ထဲဝင်ရောက်လာစေဖို့ ဆောင်ကြဉ်းပေးမှာဖြစ်ပါတယ်။

၅။ အိပ်ခန်းထဲမှာ ကြည့်မှန်ရှိရင် အိပ်ရာဘက်ကိုနေပြောက် အလင်းပြန်ဟပ်ပြီးထိုးနေတာမျိုး မရှိအောင် ဂရုစိုက်ကာနေရာချပေးပါ။ နေရောင်ခြည်ကလှုပ်ရှားတဲ့ ယန်စွမ်းအင်ဖြစ်ပြီး ကြည့်မှန်ကတဆင့် နေရောင်ကအိပ်ရာဘက်ထိုးနေမယ်ဆိုရင် အိပ်ရာက ယန်စွမ်းအင်ကိုစုပ်ယူလိုက်ပြီးရင် စွမ်းအင်နဲ့ ထိပ်တိုက်ဆန့်ကျင်မှုဖြစ်စေပါတယ်။


၆။ အိပ်ခန်းထဲမှာ ရေနဲ့ဆိုင်တဲ့ အသုံးအဆောင်တွေ မထားရှိသင့်ပါဘူး။ သောက်ရေထည့်တဲ့ ရေကရား၊ ရေဖန်ခွက်ကလွဲရင် ငါးမွေးတဲ့ မှန်ငါးကန်၊ ရေတံခွန်စသဖြင့် ရေနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေ မထားရှိသင့်ပါဘူး။ ရေက ယန်စွမ်းအင်ကို အသက်သွင်းသူတွေဖြစ်ပါတယ်။ ရင်စွမ်းအင်နဲ့ပြည့်နှက်နေသင့်တဲ့ အိပ်ခန်းထဲမှာယန်စွမ်းအင်ကို နိုးကြားစေမယ်ဆိုရင် ဒီနှစ်ခုထိပ်တိုက် ဆန့်ကျင်မှုဖြစ်စေပြီး ကမောက်ကမဖြစ်စေနိုင်ပါတယ်။
စွမ်းအင်နှစ်ခုထိပ်တိုက် ဆန့်ကျင်တာ မတည်ငြိမ်မဖြစ်စေတာက အိပ်စက်မှုနဲ့ အချစ်ရေးမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ ချီဓာတ်ဖိနှိပ်ခံထားရပြီး ပြန်နှံ့စီးဆင်းဖို့ မစွမ်းသာတဲ့အခါ နေထိုင်သူအတွက် ချီဓာတ်ရဲ့ ကောင်းကျိုးတရားကို ခံစားနိုင်မှာမဟုတ်ပါဘူး။
အိပ်ယာရဲ့ ဒီဇိုင်းနဲ့ အရောင်က ဖုန်းရွှေမှာ ထူးခြားတဲ့ သတ်မှတ်ချက်မရှိတဲ့အတွက် သင်က ခရမ်းရောင်နှစ်ထပ်ကုတင်မျိုး ကြိုက်တတ်မယ်ဆိုရင်လည်း စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်ပါတယ်။

ကျန်းမာရေးအတွက် အရေးပါသည့် အခြားနေရာများ Free Space Intent
ကျန်းမာရေးအတွက် အဓိကပြောနေပြီဆိုမှတော့ ဖုန်းရွှေမှာအရေးပါတဲ့ မီးဖိုးခန်းအကြောင်းလည်း ဆိုရပါဦးမယ်။ အထပ်မြင့်တိုက်နဲ့ ယနေ့ခေတ် လူနေမှုပုံစံမှာက မီးဖိုခန်းကို အသုံးပြုမှုမရှိသလောက်နည်းပါးကြပြီး အပြင်ထွက်စားသောက်တာ အပြင်စာမှာယူစားသောက်တာတွေများကြပါတယ်။ မီးဖိုခန်းကို ပုံမှန်အသုံးပြုမယ်ဆိုရင်တော့ ဖုန်းရွှေသဘောတရားဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။ မီးဖိုခန်းမှာ ပုံမှန်ချက်ပြုတ်စားသောက်ကြတဲ့ မိသားစုမျိုးဆိုရင် မီးဖိုနေရာနဲ့ ပန်းကန်ဆေးဘေစင်တို့ကို ဘေးချင်းကပ်ယှဉ်ထားတာမျိုး မီးဖိုကို ပန်းကန်ဆေးဘေစင် သို့မဟုတ် တံခါးတို့နဲ့ မျက်နှာချင်းဆိုင်ထားတာမျိုးမပြုလုပ်သင့်ပါဘူး။ မီးဖိုကို နံရံဘက်မှာ ထားရမှာဖြစ်ပြီး မီးဖိုခန်းအလယ်ခုံမှာ မထားသင့်ပါဘူး။


မီးဖိုက မီးဓာတ်ဖြစ်ပြီး အခြေခိုင်ခံတည်ငြိမ်အောင် ထားသင့်တဲ့ အရာဖြစ်ပါတယ်။ ဒါမှသာချက်ပြုတ်တဲ့ အစားအစာတွေမှာ ကောင်းမွန်တဲ့ ချီဓာတ်ပါရှိနိုင်ပြီး မိသားစုကို ကျန်းမာစေမှာဖြစ်ပါတယ်။ အခြေခိုင်တည်ငြိမ်စေဖို့ရာအတွက် မီးဖိုနေရာက နံရံနားကပ်ထားရမှာဖြစ်ပြီး မီးဖိုခန်းအလယ် စားပွဲခုံမှာမရှိသင့်ပါဘူး။ အလယ်မှာရှိတဲ့အခါ အရပ်ရှစ်မျက်နှာကနေ ချီဓာတ်တိုက်ခိုက်မှုဖြစ်စေနိုင်ပြီး အလားတူပင် မီးဖိုကတံခါးပေါက်နဲ့ မျက်နှာချင်းဆိုင်မှာရှိနေတဲ့အခါ ချီဓာတ်က တွန်းဝင်ရောက်လာပြီး အခြေတည်တံ့မှုကို ပျက်ပြားစေမှာဖြစ်ပါတယ်။
မီးဓာတ်ဖြစ်တာကြောင့် ရေဓာတ်ဖြစ်တဲ့ ရေအသုံးပြုရတဲ့ပစ္စည်းတွေရဲ့ ဘေးဒါမှမဟုတ် မျက်နှာချင်းဆိုင်မှာ မီးဖိုကို မထားရှိသင့်ပါဘူး။ မီးဓာတ်နဲ့ ရေဓာတ်ကဆန့်ကျင်တိုက်ခိုက်မှုဖြစ်စေပါတယ်။ ဒါကြောင့် မီးဖိုကိုပန်းကန်ဆေးဘေစင်နဲ့ ဘေးကပ်လျက် သို့မဟုတ် မျက်နှာချင်းဆိုင်ပြီး မထားသင်ပါဘူး။


မီးဖိုက မတည်ငြိမ်တဲ့အခါ ဒါမှမဟုတ် ဓာတ်တစ်ခုနဲ့ တစ်ခုတိုက်ခိုက်ဆန့်ကျင်တဲ့ အခါ မိသားစုဝင်တွေမှာ ကျန်းမာရေးထိခိုက်စေတတ်ပါတယ်။ ဆန့်ကျင်တဲ့အခါ မိသားစုဝင်တွေမှာ ကျန်းမာရေးထိခိုက်စေပါတယ်။ ပညာရေး၊ အလုပ်အကိုင်အခြေအနေကောင်းမွန်ပါရဲ့လား။ အိမ်ကနေ ပုံမှန်အလုပ်လုပ်တတ်သူဆိုရင် ဒါမှမဟုတ် သင်ကပညာဆည်းပူးနေဆဲသူ ဆိုရင်၊ အိမ်မှာစာကျက်လေ့လာတဲ့ ကျောင်းနေအရွယ်သားသမီးတွေရှိနေတယ်ဆိုရင် အိမ်မှာစာကျက်လေ့လာတဲ့ ကျောင်းနေအရွယ် သားသမီးတွေရှိနေတယ်ဆိုရင် သင့်အလုပ်လုပ်ရာနေရာ၊ သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်သားသမီးတွေစာကျက်လေ့လာတဲ့နေရာကလည်း အရေးကြီးပါတယ်။ အလုပ်လုပ်သူပဲဖြစ်ဖြစ် ကျောင်းသူကျောင်းသားပဲဖြစ်ဖြစ်နံရံဘက်ကိုကျောခိုင်းထိုင်ပြီး လုပ်ကိုင်တာ၊ စာကျက်မှတ်လေ့လာတာတွေ ပြုလုပ်သင့်ပါတယ်။ တံခါးပေါက်ဘက်ကို မျက်နှာမှုထိုင်လျက်အနေအထားဆိုရင် ပိုပြီးကောာင်းပါတယ်။
တိုက်ခန်းတစ်ခန်းရဲ့ဖုန်းရွှေအတွက် ဝရံတာနဲ့ အိပ်ခန်းက အရေးကြီး ဆုံးနှစ်ချက်ဖြစ်ပြီး မီးဖိုခန်းနဲ့စာဖတ်ခန်းတို့အတွက် ကတော့ သင့်သဘော အရအသုံးပြုလို့ရပါတယ်။

Photo Credit – Internet


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…

ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…

ဖြူစင်ခြင်းနှင့်အတူ နေထိုင်ခြင်း

ဖြူစင်ခြင်းနှင့်အတူ နေထိုင်ခြင်း

ရှေ့မျက်နှာစာ ဂမ္ဘီရပဒေသာ

ရှေ့မျက်နှာစာ ဂမ္ဘီရပဒေသာ