တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၁)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
July 21, 2020 နေ့
ဆောင်းပါးများဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

တိုက်ခန်းတွေမှာ ဖုန်းရွှေအသုံးချနိုင်ပါသလား။
ဖုန်းရွှေပညာရပ်ပေါ်ပေါက်လာစဉ်ကာလမှာ အဆောက်အအုံအများစုက တစ်ထပ်မျှသာရှိကြပြီး အခမ်းနားဆုံးအဆောက်အအုံတွေဆိုတာကမှ နှစ်ထပ်သာရှိခဲ့ကြပါတယ်။ ဒီတော့ ဒီနေ့ခေတ်အထပ်မြင့်တိုက်ခန်းတွေ၊ ကွန်ဒိုမီနီယံတွေ၊ မိုးမျှော်တိုက်တွေမှာရော ရှေးအဆက်ဆက်အသုံးပြုလာခဲ့ကြတဲ့ ဖုန်းရွှေကို ဘယ်လိုအသုံးပြုနိုင်မလဲ။ ဒီမေးခွန်းကိုဖြေဖို့ဆိုရင် ခေတ်မီနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဟောင်ကောင်ကိုတစ်ချက်ကြည့်လိုက်ပါ။ ဖုန်းရွှေပညာရှင်တွေ ပေါ်ပေါက်မှုများတဲ့ နေရာမှာ နာမည်ကျော်တဲ့ ဟောင်ကောင်မှာဆိုရင် အထပ်မြင့်အဆောက်အအုံတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဖုန်းရွှေပညာရပ်ကို အထပ်မြင့်အဆောက်အအုံတွေမှာလည်း အသုံးပြုနိုင်တယ်လို့ ဆိုနိုင်ပါတယ်။


ဖုန်းရွှေသဘောတရားတွေက နှစ်ပေါင်းထောင်နှင့်ချီသက်တမ်းရှိခဲ့ပြီဆိုပေမယ့် ဘယ်အဆောက်အအုံမျိုးမှာမဆို အသုံးချနိုင်ပါတယ်။ ကျေးလက်လယ်တောအိမ်လေးကစပြီး မြို့ကြီးပြကြီးက တိုက်ခန်းတွေမှာအထိ အသုံးပြုနိုင်ပါတယ်။
တိုက်ခန်းတွင် မကောင်းသည့်ချီဓာတ်ကိုဖယ်ရှားခြင်း
တိုက်ခန်းတွေမှာကောင်းတဲ့ ချီဓာတ်ကိုစီဆင်းစေဖို့ အလွယ်လေးပြုလုပ်နိုင်မယ်ဆိုရင် ဖုန်းရွှေပညာရှင်တွေကိုတောင် လိုအပ်နေပါဦးမလား။ ဖုန်းရွှေအခြေခံသင်တန်းကို ဆိုရင်တောင် ပြီးမြောက်ဖို့ လနဲ့ချီအချိန်ယူရမှာဖြစ်ပါတယ်။ ဒီတော့ ပိုင်ဆိုင်တဲ့ နေရာလေးမှာ မကောင်းတဲ့ ချီဓာတ်ရှိမနေစေရအောင်လုပ်ဆောင် တာကပိုပြီး လွယ်ကူစေပါတယ်။ နေထိုင်သူတွေအတွက် အခိုက်မရှိစေဖို့ ဘယ်လိုလုပ်မလဲဆိုတဲ့ အဓိက ကျတဲ့ အချက်တွေကို ရေးသားဖော်ပြသွားမှာဖြစ်ပါတယ်။


စတင်မည့်နေရာ- ဝရံတာ
မြေစိုက်အိမ်မျိုးမှာဆိုရင်တော့ ဖုန်းရွှေအားလုံးအတွက် စတင်ရမယ့်နေရာက ချီဓာတ်ဝင်လမ်းဖြစ်တဲ့ ပင်မတံခါးပေါက်ဖြစ်ပါတယ်။ တိုက်ခန်းမှာဆိုရင်တော့ ပင်မတံခါးကကော်ရစ်ဒါမျိုးနေရာမှာ ရှိနေနိုင်သလို မြေညီထပ်ဖြစ်ရင်တော့ အိမ်ပြင်ဘက်ကနေဝင်လာမယ့်နေရာမှာ ရှိနေနိုင်တာကြောင့် တသမတ်တည်းယူဆပြောဆိုဖို့မလွယ်ပါဘူး။ ဒီတော့ တိုက်ခန်းမှာဆိုရင် ချီဓာတ်ဝင်ရာလမ်းကို ဝရံတာနေရာမှာထားဖို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
ယေဘုယျအားဖြင့် ဝရံတာနေရာက နေရောင်ခြည်ဝင်ဖို့လိုအပ်ပြီး ပိတ်ကာနေတာမျိုးမဖြစ်ဖို့ လိုပါတယ်။ ဝရံတာပါတဲ့ အခန်းတွေမှာ ချီဓာတ်ကို တစုတစည်းတည်း ဝင်လာစေဖို့ ပိတ်ကာနေလို့မရဘဲ ကောင်းကောင်းဖွင့်ထားဖို့ လိုအပ်ပါတယ်။

ဝရံတာက ချွန်းထက်နေတဲ့ မည်သည့်ထောင့်ချွန်နေရာမျိုး၊ မည်သည့်ထောင့်ချွန်လျှောက်လမ်းနေရာမျိုး၊ မည်သည့်ထောင့်ချွန်အရာပစ္စည်းမျိုးကိုမှ မျက်နှာမူနေလို့မရပါဘူး။ ဒီလိုအရာမျိုးတွေက သင့်တိုက်ခန်းအလွှာရဲ့ အပေါ်နဲ့ အောက်နေရာလွှဲပြီးတည်ရှိနေမယ်ဆိုတော့ စိုးရိမ်စရာမရှိပါဘူး။ အဓိကက ကိုယ့်အခန်းနဲ့ မျက်မှန်တန်းနေတဲ့ နေရာမျိုးမှာ ရှိမနေရင်ရပါပြီ။ ဝရံတာက တိုက်ခန်းရဲ့ ပင်မဝင်ထွက်ရာတံခါးပေါက်နဲ့ တိုက်ရိုက်မျက်နှာချင်းဆိုင်ရှိနေလို့မရပါဘူး။ မဟုတ်ရင်ချီဓာတ်က တိုက်ခန်းထဲကနေ ချက်ချင်းတိုးယိုပေါက်ထွက်သွားမှာဖြစ်ပါတယ်။ ဝရံတာနဲ့ပင်မတံခါးပေါက်က မျက်နှာချင်းဆိုင်အနေအထားရှိနေယ်ဆိုရင်တော့ ချီဓာတ်တိုက်ရိုက်ထွက်မသွားစေအောင် ဝရံတာနဲ့ ပင်မတံခါးပေါက်အကြားမှာ ခန်းဆီးလေးပဲဖြစ်ဖြစ်၊ အခန်းကန့်လေးထားတာပဲဖြစ်ဖြစ် ပြုလုပ်ပြီးကာကွယ်ထားနိုင်ပါတယ်။


မေတ္တာရေးနှင့် ကျန်းမာရေးအတွက် အိပ်ခန်း
တိုက်ခန်းမှာ နောက်ထပ်အရေးကြီးတဲ့ နေရာကတော့ အိပ်ခန်းပဲဖြစ်ပါတယ်။ ဒီနေရာကသင့်ရဲ့ ကျန်းမာရေးနဲ့ မေတ္တာရေးတို့အတွက် လွှမ်းမိုးချုပ်ကိုင်ထားတဲ့နေရာဖြစ်ပါတယ်။ ဖွဲ့စည်းပုံကောင်းတဲ့ အခါ အိပ်ခန်းအသုံးပြုသူမှာ မကြာခဏနာဖျားတာမျိုးမဖြစ်ဘဲ သင်နဲ့သင့်အိမ်ထောင်ဘက်မှာဖြစ်စေ၊ သင့်မိသားစုနဲ့ဖြစ်စေ၊ သင့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဖြစ်စေ ပိုပြီးသာယာကောင်းမွန်တဲ့ ချစ်ခင်ရင်းနှီးမှုကိုရစေမှဖြစ်ပါတယ်။ မကောင်းတဲ့ ချီဓာတ်သင့်နေမယ်ဆိုရင်တော့ နေထိုင်သူမှာမကြာခဏဆက်တိုက်ဆိုသလို ဖျားနာနေတတ်တာ၊ မကြာခဏခိုက်ရန်ဖြစ်ရတာ၊ သဘောထားကွဲလွဲမှုတွေဖြစ်ရတာတွေနဲ့ ကြုံတွေ့နေရမှာဖြစ်ပါတယ်။


အိပ်ခန်းရဲ့ အဓိကပင်မအရေးကြီးဆုံးအစိတ်အပိုင်းက အိပ်ရာကုတင်ပဲဖြစ်ပါတယ်။ အိပ်ခန်းမှာကုတင်ကို နေရာချတဲ့ အခါ အသေအချာပြုလုပ်ဖို့ အရေးကြီးတဲ့အချက်တွေကတော့-
၁။ ကုတင်ရဲ့ ခေါင်းရင်းအုံးထားနေရာက မာကြောတဲ့ နံရံကို မှီထားရပါမယ်။ အိပ်စက်တာက ငြိမ်သက်တဲ့ ရင်ဖြစ်တာကြောင့် ကုတင်က ချီဓာတ်တည်ငြိမ်တဲ့နေရာမှာဖြစ်သင့်ပါတယ်။ နံရံမှာမှီထားတဲ့အခါ ကုတင်ကိုအခြေခိုင်စေပြီး လှုပ်ရမ်းမှုသက်သာစေကာ အိပ်စက်ချိန် အနှောင့်အယှက်ဖြစ်တာမျိုးကို သက်သာစေပါတယ်။

Photo Credit – Internet


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ခေါင်မိုးထပ်က ဥယျာဉ်လေး

ခေါင်မိုးထပ်က ဥယျာဉ်လေး

အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း

အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း

အိမ်ပြောင်းတဲ့အခါ လွယ်ကူစေမယ့်အချက်များ

အိမ်ပြောင်းတဲ့အခါ လွယ်ကူစေမယ့်အချက်များ

စိတ်ချမ်းမြေ့ဖွယ် ဒေါင်လိုက်ပန်းဥယျာဉ်

စိတ်ချမ်းမြေ့ဖွယ် ဒေါင်လိုက်ပန်းဥယျာဉ်