ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မှ
January 14, 2020 နေ့
Othersဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ကျွန်ုပ်တို့၏ ဆရာကြီး အဘမင်းသိင်္ခ သုဝဏ္ဏမြို့ တွင်နေထိုင်ခဲ့စဉ်က ပရိတ်သတ်တစ်ဦးသည် အလှမွေးငါးကန်လေးတစ်ကန် လာ၍ လှူဖူးလေ၏။ အဘသည် ထိုငါးကန်ကလေးကို ရှေ့မျက်နှာစာတစ်နေရာတွင် ဂရုစိုက်ထားရှိသည်ကို သတိပြုမိလေ၏။ ကျွန်ုပ်နောက်တစ်ချက်သတိထားမိသည်မှာ အဘသည် သူနေထိုင်သောအိမ်ကို တစ်မျိုးပြီးတစ်မျိုး မရိုးရလေအောင်ပြင်ဆင်မွမ်းမံတတ်ခြင်းပင် ဖြစ်လေတော့၏။
အမှန်စစ်စစ်အားဖြင့်အဘသည် ဘဝတါင် ခပ်ရိုးရိုးခပ်ကြမ်းကြမ်း နေထိုင်ဖြတ်သန်းလျက်ရှိသူဖြစ်၏။ သို့ရာတွင် အိမ်ကိုမူ တသသလုပ်တတ်ခြင်း၊ ငါးကန်ကလေးအပေါ် ဂရုစိုက်ရှိတတ်ခြင်း တို့မှာမူ ကျွနု်ပ်တို့အတွက် စဉ်းစားစရာဖြစ်နေတော့၏။
အဘသည် ၁၉၉၇ခုနှစ်တွင် မဟာဂန္ဓာရီ အဓိဌာန်သုံးနှစ်ခရီးကို ထွက်ခဲ့လေ၏။ ဒေးစွန်ပါတွင်စခန်းချသောအခါ အဘကိုယ်တိုင် အဆောင်အဦးကို ပုံစံထုတ်၍ ဆောက်စေလေ၏။ ထိုခြံဝန်းသို့ အဝင်အဝနားတွင်လည်း အလှရေကန်တစ်ကန်ကိုစီမံပြန်လေ၏။
ထို့နောက်အဘသည် မှော်ဘီသို့ အခြေချရန်ရောက်ရှိလာလေ၏။ ထိုခြံတွင်လည်း အဘသည်စိတ်တိုင်းကျအိမ်ပုံစံတစ်ဆောင်ကိုရေးဆွဲခဲ့ပြန်လေ၏။ အဘအပေါ် အလွန်အလေးအမြတ်ရှိသော အရုဏ်ဦး ဆောက်လုပ်ရေးက အဘစိတ်တိုင်းကျအိမ်ကို ဆောက်လုပ်ပေးခဲ့လေ၏။ ထိုအိမ်၏ရှေ့တွင်လည်း အတန်အသင့်ကြီးမားသော၊ ရေကူး၍ ပင်ရနိုင်သောရေကန် တစ်ကန်ကို အဘသည်စီမံပြန်လေ၏။ အဘသည်အသက်(၆၀) တန်းသို့ ရောက်ခါမှ ထိုရေကန်တွင် ရေကူးတတ်သွားလေ၏။ မြေလတ်ပိုင်း မိုးနည်းရေရှားဒေသမှ ကျွနု်ပ်သည်လည်း ထိုရေကန်ကြောင့်ပင် ရေကူးတတ်သွားသောကြောင့် ကျွန်ုပ်သည်လည်း ထိုရေကန်ကြောင့်ပင် ရေကူးတတ်သွားတာကြောင့် ကျွန်ုပ်သည် အဘ၏ ထိုအိမ်နှင့် ထိုရေကန်ကို ပို၍ အမှတ်ထင်ထင် ရှိရလေတော့၏။
အဘသည် မှော်ဘီခြံတွင် အဆောက်အဦး အသစ်များကိုတစ်လုံးပြီးတစ်လုံးဆောက်လေ၏။ ထိုသို့ ဆောက်တိုင်းလည်း ရေကန်တစ်ကန်သည် တွဲလျက်ပါပြီးသားဖြစ်နေလေတော့၏။ ကျွန်ုပ်တို့သည်ထိုအချက် ကို အဘသင်ပေးထားသော မဟာဘုတ်ပညာဖြင့် ချိန်ဆကြည့်ကြလေ၏။
အဘ၏ မဟာဘုတ်တွင် အိမ်ဟူသော တနင်္ဂနွေနံသည် သိုက်ဟူသောတည်တံ့ခိုင်မြဲစေသည့်၊ အခြေခိုင်မာစေသည့်နေရာဌာနတွင်ရှိလေ၏။ ဇေယျတိုင်အားဖြင့် ဆိုပါမှု `ဝရ´ ဟူသော မြင့်မြတ်ခန်းနားခြင်း ဟူသည့် နေရာတွင်ရှိလေ၏။ ထိုကောင်းကျိုးများကို အကြောင်းပြုလျက် အဘသည် အခြားသောအရာများထက် အိမ်ဟူသောတနင်္ဂနွေနံကို ဂရုတစိုက် ဆောက်လုပ်မွမ်းမံခြင်းဖြစ်မည်ဟု ယူဆနိုင်လေ၏။


ရေကန်ကိုစဉ်းစားကြည့်သော် ရေဟူးသောဗုဒ္ဓဟူးနံသည်အဘ၏ မဟာဘုတ်တွင် ရာဇာဟူသည့် အရှိန်အဇော်ကြီးမားခြင်းဟူသည့်နေရာတွင် ရှိနေလေ၏။ ဇေယျတိုင်အားဖြင့်ဆိုပါမှု – လာဘဟူသော လာဘ်လာဘရွှင်လန်းစေသည့်နေရာတွင် ရှိနေလေ၏။ အိမ်ရှေ့တွင်ရေရှိနေခြင်းအားဖြင့် အဘအတွက် လာဘ်ဝင်အောင် ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်စေလေတော့၏။ ဗေဒင်အရာတွင် တစ်ဖက်ကမ်းခတ်သွားခဲ့သည်ဟု ဆိုနိုင်ပါသောအဘသည် မြန်မာတို့အဖို့ ကလေးကစားစရာနယ်ဖြစ်နေသည့် မဟာဘုတ်တွက်ကိန်းလွယ်လွယ်လေးကို အသုံးချလျက် အခိုင်အမာတည်ဆောက်ပြသွားနိုင်သည်ဟုလည်း ဆိုနိုင်ပေတော့၏။
သို့ဖြစ်လျှင် စာရှုသူတို့အနေနှင့်လည်း မိမိတို့၏ ဘဝတွင် စည်းစိမ်ဥစ္စာ၊ ရာထူးဂုဏ်ရှိန်များ အခြေခိုင်မာတည်တံ့စေမည့်၊ ငွေကြေးလာဘ်လာဘကောင်းစွာ ပွင့်လန်းစေမည့်အကျိုးကိုရည်မျှော်လျက် မဟာဘုတ်ပညာဖြင့် မည်သို့စီရင်ပါအံ့နည်း။
သက္ကရာဇ်ကိုတည်၍ ၇ဖြင့်စားပါ။ ၁ကြွင်းလျှင် ၁ကြွင်းမဟာဘုတ်သမား၊ ၅ကြွင်းလျှင် ၅ကြွင်းမဟာဘုတ်သမားဟုခေါ်ပါသည်။ အဘမင်းသိင်္ခသည် ၆ကြွင်း မဟာဘုတ်သမားဖြစ်ပါသည်။ မိမိတို့၏ မဟာဘုတ်အကြွင်းအလိုက် အောက်ပါအတိုင်းသင့်လျော်သလို စီရင်နိုင်ကြပါစေကုန်သတည်း။

ဆရာႀကီးမင္းသိခၤသည္ အဘယ္ေၾကာင့္ အိမ္ကိုေကာင္းေကာင္းေဆာက္ၿပီး အိမ္ေရွ႕မွာ ေရကန္ထားေလ့ရွိသနည္း

          ကၽြႏ္ုပ္တို႔၏ ဆရာႀကီး အဘမင္းသိခၤ သု၀ဏၰၿမိဳ႕ တြင္ေနထိုင္ခဲ့စဥ္က ပရိတ္သတ္တစ္ဦးသည္ အလွေမြးငါးကန္ေလးတစ္ကန္ လာ၍ လွဴဖူးေလ၏။ အဘသည္ ထိုငါးကန္ကေလးကို ေရွ႕မ်က္ႏွာစာတစ္ေနရာတြင္ ဂရုစိုက္ထားရွိသည္ကို သတိျပဳမိေလ၏။ ကၽြန္ုပ္ေနာက္တစ္ခ်က္သတိထားမိသည္မွာ အဘသည္ သူေနထိုင္ေသာအိမ္ကို တစ္မ်ိဳးၿပီးတစ္မ်ိဳး မရုိးရေလေအာင္ျပင္ဆင္မြမ္းမံတတ္ျခင္းပင္ ျဖစ္ေလေတာ့၏။

          အမွန္စစ္စစ္အားျဖင့္အဘသည္ ဘ၀တါင္ ခပ္ရုိးရိုးခပ္ၾကမ္းၾကမ္း ေနထိုင္ျဖတ္သန္းလ်က္ရွိသူျဖစ္၏။ သို႔ရာတြင္ အိမ္ကိုမူ တသသလုပ္တတ္ျခင္း၊ ငါးကန္ကေလးအေပၚ ဂရုစိုက္ရွိတတ္ျခင္း တို႔မွာမူ ကၽြႏု္ပ္တို႔အတြက္ စဥ္းစားစရာျဖစ္ေနေတာ့၏။

          အဘသည္ ၁၉၉၇ခုႏွစ္တြင္ မဟာဂႏၶာရီ အဓိဌာန္သံုးႏွစ္ခရီးကို ထြက္ခဲ့ေလ၏။ ေဒးစြန္ပါတြင္စခန္းခ်ေသာအခါ အဘကိုယ္တိုင္ အေဆာင္အဦးကို ပံုစံထုတ္၍ ေဆာက္ေစေလ၏။ ထိုၿခံ၀န္းသို႔ အ၀င္အ၀နားတြင္လည္း အလွေရကန္တစ္ကန္ကိုစီမံျပန္ေလ၏။

          ထို႔ေနာက္အဘသည္ ေမွာ္ဘီသို႔ အေျခခ်ရန္ေရာက္ရွိလာေလ၏။ ထိုၿခံတြင္လည္း အဘသည္စိတ္တိုင္းက်အိမ္ပံုစံတစ္ေဆာင္ကိုေရးဆြဲခဲ့ျပန္ေလ၏။ အဘအေပၚ အလြန္အေလးအျမတ္ရွိေသာ အရုဏ္ဦး ေဆာက္လုပ္ေရးက အဘစိတ္တိုင္းက်အိမ္ကို ေဆာက္လုပ္ေပးခဲ့ေလ၏။ ထိုအိမ္၏ေရွ႕တြင္လည္း အတန္အသင့္ႀကီးမားေသာ၊ ေရကူး၍ ပင္ရႏိုင္ေသာေရကန္ တစ္ကန္ကို အဘသည္စီမံျပန္ေလ၏။ အဘသည္အသက္(၆၀) တန္းသို႔ ေရာက္ခါမွ ထိုေရကန္တြင္ ေရကူးတတ္သြားေလ၏။ ေျမလတ္ပိုင္း မိုးနည္းေရရွားေဒသမွ ကၽြနု္ပ္သည္လည္း ထိုေရကန္ေၾကာင့္ပင္ ေရကူးတတ္သြားေသာေၾကာင့္ ကၽြႏ္ုပ္သည္လည္း ထိုေရကန္ေၾကာင့္ပင္ ေရကူးတတ္သြားတာေၾကာင့္ ကၽြႏ္ုပ္သည္ အဘ၏ ထိုအိမ္ႏွင့္ ထိုေရကန္ကို ပို၍ အမွတ္ထင္ထင္ ရွိရေလေတာ့၏။

          အဘသည္ ေမွာ္ဘီၿခံတြင္ အေဆာက္အဦး အသစ္မ်ားကိုတစ္လံုးၿပီးတစ္လံုးေဆာက္ေလ၏။ ထိုသို႔ ေဆာက္တိုင္းလည္း ေရကန္တစ္ကန္သည္ တြဲလ်က္ပါၿပီးသားျဖစ္ေနေလေတာ့၏။ ကၽြႏ္ုပ္တို႔သည္ထိုအခ်က္ ကို အဘသင္ေပးထားေသာ မဟာဘုတ္ပညာျဖင့္ ခ်ိန္ဆၾကည့္ၾကေလ၏။

          အဘ၏ မဟာဘုတ္တြင္ အိမ္ဟူေသာ တနဂၤေႏြနံသည္ သိုက္ဟူေသာတည္တံ့ခိုင္ၿမဲေစသည့္၊ အေျခခိုင္မာေစသည့္ေနရာဌာနတြင္ရွိေလ၏။ ေဇယ်တိုင္အားျဖင့္ ဆိုပါမႈ `၀ရ´ ဟူေသာ ျမင့္ျမတ္ခန္းနားျခင္း ဟူသည့္ ေနရာတြင္ရွိေလ၏။ ထိုေကာင္းက်ိဳးမ်ားကို အေၾကာင္းျပဳလ်က္ အဘသည္ အျခားေသာအရာမ်ားထက္ အိမ္ဟူေသာတနဂၤေႏြနံကို ဂရုတစိုက္ ေဆာက္လုပ္မြမ္းမံျခင္းျဖစ္မည္ဟု ယူဆႏိုင္ေလ၏။

          ေရကန္ကိုစဥ္းစားၾကည့္ေသာ္ ေရဟူးေသာဗုဒၶဟူးနံသည္အဘ၏ မဟာဘုတ္တြင္ ရာဇာဟူသည့္ အရွိန္အေဇာ္ႀကီးမားျခင္းဟူသည့္ေနရာတြင္ ရွိေနေလ၏။ ေဇယ်တိုင္အားျဖင့္ဆိုပါမႈ – လာဘဟူေသာ လာဘ္လာဘရႊင္လန္းေစသည့္ေနရာတြင္ ရွိေနေလ၏။ အိမ္ေရွ႕တြင္ေရရွိေနျခင္းအားျဖင့္ အဘအတြက္ လာဘ္၀င္ေအာင္ ဖိတ္ေခၚေနသကဲ့သို႔ ျဖစ္ေစေလေတာ့၏။ ေဗဒင္အရာတြင္ တစ္ဖက္ကမ္းခတ္သြားခဲ့သည္ဟု ဆိုႏိုင္ပါေသာအဘသည္ ျမန္မာတို႔အဖို႔ ကေလးကစားစရာနယ္ျဖစ္ေနသည့္ မဟာဘုတ္တြက္ကိန္းလြယ္လြယ္ေလးကို အသံုးခ်လ်က္ အခိုင္အမာတည္ေဆာက္ျပသြားႏိုင္သည္ဟုလည္း ဆိုႏိုင္ေပေတာ့၏။

          သို႔ျဖစ္လွ်င္ စာရႈသူတို႔အေနႏွင့္လည္း မိမိတို႔၏ ဘ၀တြင္ စည္းစိမ္ဥစၥာ၊ ရာထူးဂုဏ္ရွိန္မ်ား အေျခခိုင္မာတည္တံ့ေစမည့္၊ ေငြေၾကးလာဘ္လာဘေကာင္းစြာ ပြင့္လန္းေစမည့္အက်ိဳးကိုရည္ေမ်ွာ္လ်က္ မဟာဘုတ္ပညာျဖင့္ မည္သို႔စီရင္ပါအံ့နည္း။

          သကၠရာဇ္ကိုတည္၍ ၇ျဖင့္စားပါ။ ၁ၾကြင္းလွ်င္ ၁ၾကြင္းမဟာဘုတ္သမား၊ ၅ၾကြင္းလွ်င္ ၅ၾကြင္းမဟာဘုတ္သမားဟုေခၚပါသည္။ အဘမင္းသိခၤသည္ ၆ၾကြင္း မဟာဘုတ္သမားျဖစ္ပါသည္။ မိမိတို႔၏ မဟာဘုတ္အၾကြင္းအလိုက္ ေအာက္ပါအတိုင္းသင့္ေလ်ာ္သလို စီရင္ႏိုင္ၾကပါေစကုန္သတည္း။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ပန်းဥယျာဉ်ရဲ့အလှအတွက် ကျောက်တုံးလေးများ

ပန်းဥယျာဉ်ရဲ့အလှအတွက် ကျောက်တုံးလေးများ

SCG သည် ကိုအောင်သူနှင့်ပူးပေါင်း၍ သီတဂူမျက်စိဆေးရုံသို့ မျက်စိရောဂါများကုသခြင်းနှင့် စောင့်ရှောက်ခြင်းများပြုလုပ်နိုင်ရန်အတွက် အလှူငွေများလှူဒါန်းခြင်း

SCG သည် ကိုအောင်သူနှင့်ပူးပေါင်း၍ သီတဂူမျက်စိဆေးရုံသို့ မျက်စိရောဂါများကုသခြင်းနှင့် စောင့်ရှောက်ခြင်းများပြုလုပ်နိုင်ရန်အတွက် အလှူငွေများလှူဒါန်းခြင်း

နေရာကျဉ်းတွေမှာ ကုတင်နေရာချဖို့ နည်းလမ်းကောင်းများ

နေရာကျဉ်းတွေမှာ ကုတင်နေရာချဖို့ နည်းလမ်းကောင်းများ