စိမ်းစိုသော အိမ်နံရံ သို့မဟုတ် ခေါင်မိုးကိုဖန်တီးခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သံသာ မှ
October 1, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

3

စိမ်းလန်းစိုပြေတဲ့ နေအိမ်ဒီဇိုင်းတွေနဲ့ အလှမ်းဝေးနေသူတွေဟာ စိမ်းစိုတဲ့ အိမ်နံရံတွေ ခေါင်မိုးတွေကို အရင်ဆုံးပြေးမြင်တတ်ကြပါတယ်။ နေအိမ်တွင်းမှာ သဘာဝအလှအပကိုဖော်ကျူးဖို့ သစ်ပင်တွေက တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သလို၊ အကောင်းဆုံးရွေးချယ်မှုလည်း ဖြစ်ပြီးတော့ နေအိမ်တွင်းမှာ သူတို့အတွက် အထူးနေရာ တစ်ခုသီးသန့် ပေးအပ်ထားဖို့ လိုပါတယ်။ စိမ်းလန်းစိုပြေတဲ့ နေအိမ်ဒီဇိုင်းတွေနဲ့ ပတ်သက်လာရင် စိမ်းစိုတဲ့ အိမ်နံရံနဲ့ စိမ်းစိုတဲ့ အိမ်ခေါင်မိုးကို ဖန်တီးခြင်းက လတ်တလော ရေပန်းအစားဆုံး ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။ သစ်ပင်တွေနဲ့ အစိမ်းရောင်ပင်လယ်ပြင်ကြီးကို မြင်လိုက်ရရင် စိတ်ကို လန်းဆန်းတက်ကြွသွားစေမှာ အမှန်ပါပဲ။


(၁) အပြင်ပိုင်းဂေဟဗေဒစနစ်
အကြီးဆုံးကနေ အရင်စလိုက်ရအောင်။ ပျားပိတုန်းများ၊ အင်းဆက်များ နှင့် ငှက်များကို ဆွဲဆောင်နိုင်တဲ့ အပြင်ဘက် နံရံက အဆောက်အအုံဖောင်ဒေးရှင်းကြောင့် ဆုံးရှုံးလိုက်ရတဲ့ သစ်ပင်တွေနေရာမှာ အစားထိုးဖို့ အသေးစားဂေဟစနစ်တစ်ခု ဖန်တီးပေးနိုင်ပါတယ်။ ဂေဟဗေဒ စနစ်ထိခိုက် ပျက်စီးမှုကို လျှော့ချချင်တယ်ဆိုရင် အဆောက်အအုံသစ်မှာ ဒီလို ဒီဇိုင်း အသုံးပြုတာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် စိမ်းလန်းစိုပြေတဲ့ နံရံတစ်ခု ဖန်တီးတည်ဆောက်တယ်ဆိုတာ ရှိနေတဲ့နံရံကို အဆင့်မြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းပါ။ သစ်ပင်နံရံနဲ့ ပတ်သက်လို့ ကြံ့ခိုင်မှုက အငြင်းပွားစရာဖြစ်နေပေမယ့် ဖြစ်ချင်းဖြစ်ရင် သစ်ပင်နံရံရဲ့ အားနည်းချက်က ကမ္ဘာမြေပေါ်မှာ အနာဆာ မချန်ရစ်ခဲ့တာပဲ ဖြစ်မှာပါ။


(၂) ခေါင်မိုးပေါ်က သစ်တောလေး
ဆိုလာပြားတွေတပ်ရုံလောက်နဲ့ နေရောင်ခြည်လုံလောက်စွာ မရရှိပေမယ့် နေအိမ်ကို စိမ်းလန်းစိုပြေစေချင်တဲ့ အိမ်ပိုင်ရှင်တွေအတွက် အိမ်ခေါင်မိုးပေါ်က ဥယျာဉ်လေးက အသင့်တော်ဆုံးပါပဲ။ ခေါင်မိုးပေါ်က ဥယျာဉ်က ဂေဟစနစ်ကို ပြန်လည်ရှင်သန်စေခြင်း၊ သဘာဝအပူချိန်ကို ထိန်းညှိပေးခြင်းတို့လို အကျိုးကျေးဇူးပေါင်းးများစွာကို ရရှိစေပါတယ်။ အိမ်ခေါင်မိုးပေါ်မှာ ဥယျာဉ်လေးကို ဖန်တီးတဲ့အခါ မြေကြီးအလေးချိန်က အသင့်အတင့်ဖြစ်စေဖို့အတွက် အသေအချာ စဉ်းစားချိန်ဆပြီးမှလုပ်ရပေမယ့် လူရောစိတ်ပါ ပင်ပန်းရကျိုးနပ်စေမှာပါ။


(၃)အစိမ်းရောင်ဂိုထောင်
ဂိုထောင်မှာ အစိမ်းရောင်နံရံကြီးကို ထပ်ပေါင်းထည့်တဲ့ စိတ်ကူးက သေတ္တာအကြီးကြီးတစ်လုံးကို လူမမြင်အောင် ဝှက်ထားလိုက်သလို ဒါမှမဟုတ် ဖျောက်ထားလိုက်သလိုပါပဲ။ သစ်ပင်ဂိုထောင်နံရံနဲ့ ဆိုရင် ဂိုထောင်က လူပုံအလယ်မှာ ကြွားဝါစရာ နေရာတစ်ခုဖြစ်လာမှာပါ။


(၄) အံ့ဖွယ်နံရံ
ဂိုထောင်တွေလိုပဲမျိုးပဲ နံရံတွေက အမြဲဆွဲဆောင်မှုရှိနေတာ မဟုတ်ပေမယ့် စိတ်ကူးကောင်းတဲ့ အခါမှာမျိုးမှာတော့ နံရံတွေက သက်ရှိ ပန်းပုရုပ်တွေ ဖြစ်လာတတ်ပါတယ်။ နံရံပေါ်က အစင်းကြား ပုံစံကွက်တွေပေါ်မှာ အမြင့်နဲ့ ဒေါင်လိုက် အလျားတွေကို အဓိက ညီညာအောင်ချိန်ဆပြီး မတူညီတဲ့ အပင်မျိုးစိတ်တွေကို စိုက်ပျိုးပါ။
(၅) ဧည့်ခန်းကို ပြန်လည်ဆန်းသစ်ခြင်း
အားလုံး တန်ဆာဆင်ထားတဲ့ကြားက တစ်ခါတစ်ရံမှာ နည်းနည်းလေး ထပ်ဖြည့်စွက်လိုက်တာနဲ့ အများကြီး တာစားသွားနိုင်ပါတယ်။ ခေါင်းအုံးပေါ်မှာ လိုက်ပြီး ခန်းဆီးတွေရဲ့ အဆင်နဲ့အရောင်ကို ပြောင်းလဲ ရွေးချယ်လိုက်ရုံနဲ့ ဒီဘိလိယက်ခုံနားနေခန်းထဲမှာ နံရံကနေ စားပွဲပေါ်အထိ စိမ်းလန်းစိုပြေမှုတွေ ရောက်ရှိလာနိုင်ပါတယ်။ နှစ်ခုစလုံးက ဂုဏ်ပကာသနတွေကို ဖော်ညွှန်းနေတဲ့ ကြားနေ အပြင်အဆင်တွေနဲ့ ယှဉ်ရင် ဆန့်ကျင်ဘက် အလှကို ဖော်ဆောင်ပေးနိုင်ပါတယ်။


(၆) အပေါ်ပိုင်းအစိမ်းရောင်
နေရောင်အနည်းငယ်ရရုံနဲ့ တွယ်တက်ပေါက်ရောက်တတ်တဲ့ နွယ်ပင်တွေဟာ သဘာဝတရားကြီးရဲ့ ကျူးကျော်သိမ်းပိုက်ခြင်း ခံလိုက်ရသလို ဧည့်ခန်းထဲမှာ ခံစားမိစေမှာဖြစ်ပါတယ်။ နံရံတစ်ခုလုံးကို နွယ်ပင်တွေတွယ်တက်ဖို့ မဖြစ်နိုင်ပေမယ့် လိုလည်းမလိုပါဘူး။ နံရံအပေါ်ပိုင်းက နွယ်ပင်တွေက နံရံထဲက လျှို့ဝှက်ဥယျာဉ်လေးတတစ်ခုလို ခန့်ညားထည်ဝါတဲ့ ခံစားချက်ကို ရရှိစေပါတယ်။ ဒါပေမယ့် နွယ်ပင်အတွက် အထောက်အပံ့ဖြစ်မယ့် စင်လေးကိုပါ လုပ်ပေးပါ။ တချို့နွယ်ပင်တွေက တွယ်တက်တဲ့အခါ နံရံကို ထိခိုက်ပျက်စီးစေပါတယ်။
(၇) စတိုင်လ်ကျကျ အလှဆင်ခြင်း
သစ်ပင်နံရံက အပင်တွေ အရမ်းသန်စွမ်းပြီး ကြပ်ညှပ်နေစရာလည်း မလိုပါဘူး။ နွယ်ပင်တွေက ခပ်ကျဲကျဲလေးမှ ကြည့်လို့ကောင်းတာပါ။ ဟုတ်ပါတယ်။ နွယ်ပင်တွေကို ဧည့်ခန်းနံရံမှာလည်း အသုံးပြုနိုင်ပါတယ်။


(၈) ပန်းအိုးစင်များ
နံရံကပ်ပန်းအိုးစင်လေးတွေကလည်း သစ်ပင်နံရံ အမျိုးအစားတွေထဲမှာ အကျုံးဝင်ပါတယ်။ ဒီလိုစင်နဲ့ စိုက်ပျိုးခြင်းကြောင့် အပင်မျိုးစိတ် အမျိုးမျိုးကို ဒီနေရာမှာ စမ်းသပ် စိုက်ပျိုးနိုင်ပြီး အိမ်ထဲမှာ မရှင်သန်နိုင်ရင် အိမ်အပြင်ဘက်မှာ ရွှေ့စိုက်နိုင်ပါတယ်။ ဆုံးဖြတ်ချက်တွေ မသေချာသေးလို့ ဒါမှမဟုတ် အပင်တွေကို ဂရုမစိုက်နိုင်လို့ ပန်းအိုးတွေကို အလွတ်ထားမယ်ဆိုရင်တောင် ဒီဇိုင်နာရဲ့ ဖန်တီးမှု လက်ရာတစ်ခုလို ဖြစ်နေပါတယ်။ မီးဖိုချောင်မှာ ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးဖို့ ဥယျာဉ်တစ်ခုအဖြစ်လည်း ပန်းအိုးစင်တွေကို အသုံးပြုလို့ရပါတယ်။
(၉) သဘာဝအနုပညာလက်ရာ
ဆန်ဖရန်ဆစ်ကိုအခြေစိုက် ဒီဇိုင်နာလင်ဒီဒွန်နဲလီက ည မီးအိမ်လေးတွေပေါ်မှာ အပင်တွေနဲ့ ပြည့်နေတဲ့ မှန်ဘောင်လေးနှစ်ခုကို ချိတ်ဆွဲပေးထားပါတယ်။ နံရံပေါ်မှာ တန်ဆာဆင်ဖို့ နေရာရှိပေမယ့် ဘယ်လို အနုပညာလက်ရာမျိုး ထားရမယ် ဆိုတာ တိတိကျကျ မသိဖြစ်နေရင် ဒါက အကောင်းဆုံး နည်းလမ်းပါပဲ။ အပင်တွေဆိုတာ သဘောတရား ကျယ်ပြန့်လွန်းလှတယ်လို့ သတ်မှတ်ခံထားရတဲ့ သဘာဝဖန်တီးမှု တစ်ခုပါ။
(၁၀) လျှောက်လမ်း
အစိမ်းရောင်နံရံဆိုတာ မှန်ပြတင်းပေါက်ကြီးတွေ၊ တံခါးတွေနဲ့ လသာပေါက်တို့ရဲ့ မျက်နှာချင်းဆိုင်နေရာတွေမှာထားဖို့ အသင့်တော်ဆုံးပါပဲ။ အစိမ်းရောင်နံရံက နေရောင်များများ ဝင်စေဖို့အတွက် အဓိကသော့ချက်တစ်ခုပါပဲ။

Zawgyi ျဖင့္ဖတ္ရန္

စိမ္းစိုေသာ အိမ္နံရံ သို႔မဟုတ္ ေခါင္မိုးကိုဖန္တီးျခင္း

စိမ္းလန္းစိုေျပတဲ့ ေနအိမ္ဒီဇိုင္းေတြနဲ႔ အလွမ္းေ၀းေနသူေတြဟာ စိမ္းစိုတဲ့ အိမ္နံရံေတြ ေခါင္မိုးေတြကို အရင္ဆံုးေျပးျမင္တတ္ၾကပါတယ္။  ေနအိမ္တြင္းမွာ သဘာ၀အလွအပကိုေဖာ္က်ဴးဖို႔ သစ္ပင္ေတြက တစ္ခုတည္းေသာ ေရြးခ်ယ္မႈျဖစ္သလို၊ အေကာင္းဆံုးေရြးခ်ယ္မႈလည္း ျဖစ္ၿပီးေတာ့ ေနအိမ္တြင္းမွာ သူတို႔အတြက္ အထူးေနရာ တစ္ခုသီးသန္႔ ေပးအပ္ထားဖို႔ လိုပါတယ္။  စိမ္းလန္းစိုေျပတဲ့ ေနအိမ္ဒီဇိုင္းေတြနဲ႔ ပတ္သက္လာရင္ စိမ္းစိုတဲ့ အိမ္နံရံနဲ႔ စိမ္းစိုတဲ့ အိမ္ေခါင္မိုးကို ဖန္တီးျခင္းက လတ္တေလာ ေရပန္းအစားဆံုး ဒီဇိုင္းေတြပဲ ျဖစ္ပါတယ္။  သစ္ပင္ေတြနဲ႔ အစိမ္းေရာင္ပင္လယ္ျပင္ႀကီးကို ျမင္လိုက္ရရင္ စိတ္ကို လန္းဆန္းတက္ႂကြသြားေစမွာ အမွန္ပါပဲ။

(၁) အျပင္ပိုင္းေဂဟေဗဒစနစ္

          အႀကီးဆံုးကေန အရင္စလိုက္ရေအာင္။  ပ်ားပိတုန္းမ်ား၊ အင္းဆက္မ်ား ႏွင့္ ငွက္မ်ားကို ဆြဲေဆာင္ႏိုင္တဲ့ အျပင္ဘက္ နံရံက အေဆာက္အအံုေဖာင္ေဒးရွင္းေၾကာင့္ ဆံုးရႈံးလိုက္ရတဲ့ သစ္ပင္ေတြေနရာမွာ အစားထိုးဖို႔ အေသးစားေဂဟစနစ္တစ္ခု ဖန္တီးေပးႏိုင္ပါတယ္။   ေဂဟေဗဒ စနစ္ထိခိုက္ ပ်က္စီးမႈကို ေလွွ်ာ့ခ်ခ်င္တယ္ဆိုရင္ အေဆာက္အအံုသစ္မွာ ဒီလို ဒီဇိုင္း အသံုးျပဳတာ အေကာင္းဆံုးပါပဲ။  ဒါေပမယ့္ စိမ္းလန္းစိုေျပတဲ့ နံရံတစ္ခု ဖန္တီးတည္ေဆာက္တယ္ဆိုတာ ရွိေနတဲ့နံရံကို အဆင့္ျမႇင့္တင္ဖို႔ အေကာင္းဆံုးနည္းလမ္းပါ။  သစ္ပင္နံရံနဲ႔ ပတ္သက္လို႔  ႀကံ႕ခိုင္မႈက အျငင္းပြားစရာျဖစ္ေနေပမယ့္ ျဖစ္ခ်င္းျဖစ္ရင္ သစ္ပင္နံရံရဲ႕ အားနည္းခ်က္က ကမၻာေျမေပၚမွာ အနာဆာ မခ်န္ရစ္ခဲ့တာပဲ ျဖစ္မွာပါ။

(၂) ေခါင္မိုးေပၚက သစ္ေတာေလး

          ဆိုလာျပားေတြတပ္ရံုေလာက္နဲ႕ ေနေရာင္ျခည္လံုေလာက္စြာ မရရွိေပမယ့္ ေနအိမ္ကို စိမ္းလန္းစိုေျပေစခ်င္တဲ့ အိမ္ပိုင္ရွင္ေတြအတြက္ အိမ္ေခါင္မိုးေပၚက ဥယ်ာဥ္ေလးက အသင့္ေတာ္ဆံုးပါပဲ။  ေခါင္မိုးေပၚက ဥယ်ာဥ္က ေဂဟစနစ္ကို ျပန္လည္ရွင္သန္ေစျခင္း၊ သဘာ၀အပူခ်ိန္ကို ထိန္းညႇိေပးျခင္းတို႔လို အက်ိဳးေက်းဇူးေပါင္းးမ်ားစြာကို ရရွိေစပါတယ္။  အိမ္ေခါင္မိုးေပၚမွာ ဥယ်ာဥ္ေလးကို ဖန္တီးတဲ့အခါ ေျမႀကီးအေလးခ်ိန္က အသင့္အတင့္ျဖစ္ေစဖို႔အတြက္ အေသအခ်ာ စဥ္းစားခ်ိန္ဆၿပီးမွလုပ္ရေပမယ့္ လူေရာစိတ္ပါ ပင္ပန္းရက်ိဳးနပ္ေစမွာပါ။

(၃)အစိမ္းေရာင္ဂိုေထာင္

          ဂိုေထာင္မွာ အစိမ္းေရာင္နံရံႀကီးကို ထပ္ေပါင္းထည့္တဲ့ စိတ္ကူးက ေသတၱာအႀကီးႀကီးတစ္လံုးကို လူမျမင္ေအာင္ ၀ွက္ထားလိုက္သလို ဒါမွမဟုတ္ ေဖ်ာက္ထားလိုက္သလိုပါပဲ။ သစ္ပင္ဂိုေထာင္နံရံနဲ႔ ဆိုရင္ ဂိုေထာင္က လူပံုအလယ္မွာ ႂကြား၀ါစရာ ေနရာတစ္ခုျဖစ္လာမွာပါ။

(၄) အံ့ဖြယ္နံရံ

          ဂိုေထာင္ေတြလိုပဲမ်ိဳးပဲ နံရံေတြက အၿမဲဆြဲေဆာင္မႈရွိေနတာ မဟုတ္ေပမယ့္ စိတ္ကူးေကာင္းတဲ့ အခါမွာမ်ိဳးမွာေတာ့ နံရံေတြက သက္ရွိ ပန္းပုရုပ္ေတြ ျဖစ္လာတတ္ပါတယ္။  နံရံေပၚက အစင္းၾကား ပံုစံကြက္ေတြေပၚမွာ အျမင့္နဲ့ ေဒါင္လိုက္ အလ်ားေတြကို အဓိက ညီညာေအာင္ခ်ိန္ဆၿပီး မတူညီတဲ့ အပင္မ်ိဳးစိတ္ေတြကို စိုက္ပ်ိဳးပါ။

(၅) ဧည့္ခန္းကို ျပန္လည္ဆန္းသစ္ျခင္း

          အားလံုး တန္ဆာဆင္ထားတဲ့ၾကားက တစ္ခါတစ္ရံမွာ နညး္နည္းေလး ထပ္ျဖည့္စြက္လိုက္တာနဲ႔ အမ်ားႀကီး တာစားသြားႏိုင္ပါတယ္။ ေခါင္းအံုးေပၚမွာ လိုက္ၿပီး ခန္းဆီးေတြရဲ႕ အဆင္နဲ႔အေရာင္ကို ေျပာင္းလဲ ေရြးခ်ယ္လိုက္ရံုနဲ႔ ဒီဘိလိယက္ခံုနားေနခန္းထဲမွာ နံရံကေန စားပြဲေပၚအထိ စိမ္းလန္းစိုေျပမႈေတြ ေရာက္ရွိလာႏိုင္ပါတယ္။  ႏွစ္ခုစလံုးက ဂုဏ္ပကာသနေတြကို ေဖာ္ညႊန္းေနတဲ့ ၾကားေန အျပင္အဆင္ေတြနဲ႔ ယွဥ္ရင္ ဆန္႔က်င္ဘက္ အလွကို ေဖာ္ေဆာင္ေပးႏုိင္ပါတယ္။

(၆) အေပၚပိုင္းအစိမ္းေရာင္

          ေနေရာင္အနည္းငယ္ရရံုနဲ႔ တြယ္တက္ေပါက္ေရာက္တတ္တဲ့ ႏြယ္ပင္ေတြဟာ သဘာ၀တရားႀကီးရဲ႕ က်ဴးေက်ာ္သိမ္းပိုက္ျခင္း ခံလိုက္ရသလို ဧည့္ခန္းထဲမွာ ခံစားမိေစမွာျဖစ္ပါတယ္။  နံရံတစ္ခုလံုးကို ႏြယ္ပင္ေတြတြယ္တက္ဖို႔ မျဖစ္ႏိုင္ေပမယ့္ လိုလည္းမလိုပါဘူး။  နံရံအေပၚပိုင္းက ႏြယ္ပင္ေတြက နံရံထဲက လွိ်ဳ႕၀ွက္ဥယ်ာဥ္ေလးတတစ္ခုလို ခန္႔ညားထည္၀ါတဲ့ ခံစားခ်က္ကို ရရွိေစပါတယ္။  ဒါေပမယ့္ ႏြယ္ပင္အတြက္ အေထာက္အပံ့ျဖစ္မယ့္ စင္ေလးကိုပါ လုပ္ေပးပါ။ တခ်ိဳ႕ႏြယ္ပင္ေတြက တြယ္တက္တဲ့အခါ နံရံကို ထိခိုက္ပ်က္စီးေစပါတယ္။

(၇) စတိုင္လ္က်က် အလွဆင္ျခင္း

          သစ္ပင္နံရံက အပင္ေတြ အရမ္းသန္စြမ္းၿပီး ၾကပ္ညွပ္ေနစရာလည္း မလိုပါဘူး။  ႏြယ္ပင္ေတြက ခပ္က်ဲက်ဲေလးမွ ၾကည့္လို႔ေကာင္းတာပါ။ ဟုတ္ပါတယ္။ ႏြယ္ပင္ေတြကို ဧည့္ခန္းနံရံမွာလည္း အသံုးျပဳႏိုင္ပါတယ္။

(၈) ပန္းအိုးစင္မ်ား

          နံရံကပ္ပန္းအိုးစင္ေလးေတြကလည္း သစ္ပင္နံရံ အမ်ိဳးအစားေတြထဲမွာ အက်ံဳး၀င္ပါတယ္။  ဒီလိုစင္နဲ႔ စိုက္ပ်ိဳးျခင္းေၾကာင့္ အပင္မ်ိဳးစိတ္ အမ်ိဳးမ်ိဳးကို ဒီေနရာမွာ စမ္းသပ္ စိုက္ပ်ိဳးႏိုင္ၿပီး အိမ္ထဲမွာ မရွင္သန္ႏိုင္ရင္ အိမ္အျပင္ဘက္မွာ ေရႊ႕စိုက္ႏိုင္ပါတယ္။  ဆံုးျဖတ္ခ်က္ေတြ မေသခ်ာေသးလို႔ ဒါမွမဟုတ္ အပင္ေတြကို ဂရုမစိုက္ႏိုင္လို႔ ပန္းအိုးေတြကို အလြတ္ထားမယ္ဆိုရင္ေတာင္ ဒီဇိုင္နာရဲ႕ ဖန္တီးမႈ လက္ရာတစ္ခုလို ျဖစ္ေနပါတယ္။  မီးဖိုေခ်ာင္မွာ ေဆးဖက္၀င္အပင္ေတြ စိုက္ပ်ိဳးဖို႔ ဥယ်ာဥ္တစ္ခုအျဖစ္လည္း ပန္းအိုးစင္ေတြကို အသံုးျပဳလို႔ရပါတယ္။

(၉) သဘာ၀အႏုပညာလက္ရာ

          ဆန္ဖရန္ဆစ္ကိုအေျခစိုက္ ဒီဇိုင္နာလင္ဒီဒြန္နဲလီက ည မီးအိမ္ေလးေတြေပၚမွာ အပင္ေတြနဲ႔ ျပည့္ေနတဲ့ မွန္ေဘာင္ေလးႏွစ္ခုကို ခ်ိတ္ဆြဲေပးထားပါတယ္။  နံရံေပၚမွာ တန္ဆာဆင္ဖို႔ ေနရာရွိေပမယ့္ ဘယ္လို အႏုပညာလက္ရာမ်ိဳး ထားရမယ္ ဆိုတာ တိတိက်က် မသိျဖစ္ေနရင္ ဒါက အေကာင္းဆံုး နည္းလမ္းပါပဲ။  အပင္ေတြဆိုတာ သေဘာတရား က်ယ္ျပန္႔လြန္းလွတယ္လို႔ သတ္မွတ္ခံထားရတဲ့ သဘာ၀ဖန္တီးမႈ တစ္ခုပါ။

(၁၀) ေလွ်ာက္လမ္း

          အစိမ္းေရာင္နံရံဆိုတာ မွန္ျပတင္းေပါက္ႀကီးေတြ၊ တံခါးေတြနဲ႔ လသာေပါက္တို႔ရဲ႕ မ်က္ႏွာခ်င္းဆိုင္ေနရာေတြမွာထားဖို႔ အသင့္ေတာ္ဆံုးပါပဲ။  အစိမ္းေရာင္နံရံက ေနေရာင္မ်ားမ်ား ၀င္ေစဖို႔အတြက္ အဓိကေသာ့ခ်က္တစ္ခုပါပဲ။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်

မက်မွန်ရောင်အခန်းလေး ချစ်စဖွယ်

မက်မွန်ရောင်အခန်းလေး ချစ်စဖွယ်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်