စိမ္းလန္းတဲ့အပင္ေလးေတြနဲ႔ အလွဆင္ၾကမယ္

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
July 3, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

16

၁။ အပင္စိမ္းစိမ္းေလးေတြထားဖို႔ စိတ္ကူးၾကည့္ပါ
စိမ္းစိုတဲ့အရြက္ဖားဖားအပင္ငယ္ေလးေတြကိုအိမ္ေလးမွာအလွဆင္တဲ့အခါ အိမ္ေလးကိုပိုၿပီးသက္ ၀င္လွပသြားေစပါတယ္။ အပင္ငယ္ေလးေတြရဲ႕ စိမ္းစိုလန္းဆန္းမႈေၾကာင့္အိမ္ခန္းမွာေနထို္င္သူေတြရဲ႕စိတ္ကိုလည္းၾကည္လင္လန္းဆန္းသြားေစပါတယ္။ အလွဆင္အပင္ငယ္ေလးေတြကေစ်းေပးရတယ္လို႔၊ ဂရုစိုက္ေနရၿပီးကယိကထမ်ားတယ္လို႔ထင္တယ္ဆိုရင္ေတာင္ ကိုယ့္အိမ္ေလးမွာစိုေျပစိမ္းလန္းသြားေစဖို႔ လုပ္ေဆာင္ႏိုင္တာေလးေတြလည္းရွိပါေသးတယ္။ အပင္တုေလးေတြ ဒါမွမဟုတ္ သစ္ကိုင္းေျခာက္မွာအရြက္တုေလးေတြကပ္တာမ်ဳိးေလးေတြ လည္း ျပဳလုပ္ႏိုင္ပါတယ္။ အပင္စစ္စစ္မဟုတ္ရင္ေတာင္မွ စိမ္းစိုလန္းဆန္းေစတဲ့ အပင္ေလးရဲ႕ အေငြ႕အသက္ေလးေတြကိုေတာ့ အစားထိုးဖန္တီးေပးႏိုင္မွာျဖစ္ပါတယ္။


၂။ အပင္တြန္းလွည္းေလးဖန္တီးမယ္
အပင္ေလးေတြနဲ႔အလွဆင္တာက အိမ္ေလးရဲ႕ပတ္၀န္းက်င္ကို ႏူးညံ့တဲ့အေငြ႕အသက္ေလးေတြ ထံုလႊမ္းေစသလိုလွပတဲ့အဆင္အျပင္ေလးနဲ႔ဆိုအိမ္ေလးကိုပိုၿပီးၾကည့္ေကာင္းသြားေစပါတယ္။ အိမ္ထဲမွာအပင္ေလးေတြကိုဘယ္လိုၾကည့္ေကာင္းေအာင္ထားမလဲဆိုတာစိတ္ကူးကြန္႔ႏိုင္ရင္ ကြန္႔ႏိုင္သလိုဖန္တီးလုပ္ယူလို႔ရပါတယ္။ စားေသာက္ဆိုင္ေတြမွာဟင္းပြဲေတြတင္ၿပီးတြန္းတဲ့ တြန္းလွည္းမ်ဳိးေလးနဲ႔ အပင္အိုးေလးေတြတင္ၿပီးအလွဆင္လို႔ရပါေသးတယ္။ ကိုယ့္အႀကိဳက္အပင္အိုးေလးေတြကိုလက္တြန္းလွည္းေလးေပၚတင္ ၿပီးစိုက္ပ်ဳိးအလွဆင္ထားတာကလိုအပ္တဲ့ေနရာကိုအခ်ိန္မေရြးအေရႊ႕အေျပာင္းလုပ္လို႔လည္းရတာေၾကာင့္ အရမ္းေကာင္းတဲ့စိတ္ကူးေလးျဖစ္ပါတယ္။ မနက္ေနထြက္ခ်ိန္ ေနေရာင္ေလးရတဲ့ေနရာကိုတြန္းလွည္းေလးနဲ႔ တြန္းေရႊ႕ထားၿပီးအရမ္းပူလာခ်ိန္မွာေတာ့ အခန္းထဲအလြယ္ေလး ျပန္ေရႊ႕ထားလိုက္လို႔လည္းရပါတယ္။ ဧည့္ ခန္းမွာပဲထားမလား၊ ထမင္းစားခန္းမွာပဲထားမလား၊ ကိုယ္စာဖတ္ေနတဲ့ေနရာနားေလးပဲထားမလားအလြယ္ ေလးေရႊ႕ေျပာင္းအလွဆင္လိုက္ရံုပဲဆိုေတာ့ အရမ္းကိုအဆင္ေျပသြားၿပီေပါ့။
၃။ အပူပိုင္းအပင္ေလးေတြထားမယ္
အိမ္မွာအပင္ေလးေတြစိုက္ထားခ်င္ေပမယ့္ အခ်ိန္မွန္ေရေလာင္းဂရုစို္က္ေပးဖို႔အခ်ိန္မရဘူးဆိုရင္ေတာ့ ရွားေစာင္းပင္ငယ္ေလးေတြလိုအပူပိုင္းအပင္ငယ္ေလးေတြ စိုက္ပ်ဳိးထားႏိုင္ပါတယ္။ စိုက္ပ်ဳိးတဲ့အခါ သာမန္ အပင္အိုးေလးေတြနဲ႔ စိုက္ပ်ဳိးေပးႏိုင္သလိုပိုၿပီးဆန္းသစ္တဲ့အျပင္ဆင္မ်ဳိးေလးျဖစ္ေစခ်င္တယ္ဆိုရင္ ဂုန္ေလွ်ာ္ အိတ္ငယ္ေလးေတြခ်ဳပ္ၿပီးအတြင္းကေနမွ ပန္းအိုးခံၿပီးအပင္ေလးေတြထည့္စိုက္ေပးလို႔လည္းရပါတယ္။ အပူပိုင္းေဒသကထန္းပင္ပုေလးေတြလည္းစိုက္ပ်ဳိးအလွဆင္ထားႏိုင္ပါတယ္။


၄။ အပင္တုေလးေတြသံုးၿပီးအလွဆင္မယ္
အပင္ေလးေတြစိုက္ပ်ဳိးလို႔အဆင္မေျပၾကတဲ့သူေတြအေနနဲ႔လည္းအပင္ရဲ႕အေငြ႕အသက္ေလးေတြကိုဖန္တီးလုပ္ယူလို႔ရပါေသးတယ္။ တခ်ဳိ႕ေတြကအပင္အစစ္နဲ႔ စိုက္ပ်ဳိးအလွဆင္လိုေပမယ့္ ၀ယ္ၿပီးအလွဆင္ တိုင္းလက္ဆိပ္မရွိတာ၊ အပင္နဲ႔အပ္စပ္မႈမရွိတာေၾကာင့္ ခဏေလးနဲ႔ အပင္ေတြေသေသသြားတတ္တဲ့သူေတြ လည္းရွိတတ္ပါတယ္။ အပင္ကိုမစိုက္ေတာ့ဘူးလို႔ ဆံုးျဖတ္ထားလိုက္ေပမယ့္ ကိုယ့္အိမ္ကိုေတာ့ အပင္ပံုစံေလးေတြနဲ႔ လွပေစခ်င္ေနတုန္းပဲဆိုရင္ေတာ့ အပင္အစစ္အတိုင္း ျပဳလုပ္ၿပီးေရာင္းခ်ေနတဲ့ အပင္တုေလးေတြလည္းေစ်းကြက္ထဲမွာရွိေနၾကပါၿပီ။ အပင္စစ္ေလးလိုမ်ဳိးအိုးေလးနဲ႔ က်က်နနထည့္ၿပီးအလွဆင္ေပးႏိုင္တဲ့အျပင္ အသံုးအေဆာင္ပစၥည္းေလးေတြ၊ ပန္းခ်ီကားခ်ပ္ေလးေတြ၊ ခန္းဆီးကန္႔လန္႔ကာမ်ဳိးေတြမွာလည္းအစိမ္းေရာင္ အပင္အခက္အလက္ေတြပံုႏွိပ္ထားတာမ်ဳိးေလးေတြလည္းအသံုးျပဳႏိုင္ပါတယ္။
၅။ ဖန္လံုအိမ္အေသးစားေလးဖန္တီးပါ
အိမ္ထဲကို၀င္လာတာနဲ႔ စိတ္၀င္စားစရာေကာင္းတဲ့ အပင္အျပင္အဆင္ေလးျဖစ္ေစဖို႔ ဖန္လံုအိမ္အေသးစားေလးဖန္တီးႏိုင္ပါတယ္။ ေၾကးနန္းေလးကြပ္ထားၿပီးအဖြင့္အပိတ္လုပ္လို႔ရတဲ့ ဖန္လံုအိမ္ငယ္ေလးထဲမွာရွားေစာင္းႏြယ္ပင္မ်ဳိးျဖစ္တဲ့ အရည္ရႊမ္းပင္ငယ္ေလးေတြကိုေၾကြအိုးငယ္ေလးေတြနဲ႔ ထည့္စိုက္ပါ။ ဖန္လံုအိမ္ထဲမွာအစိုဓာတ္ရွိေနေစဖို႔ ေရထည့္ထားတဲ့ ဖန္ပုလင္းေလးေတြလည္းေရာေႏွာထည့္ေပးထားပါ။


၆။ ပင္ရိုးတံေတြ၊ သစ္ရြက္ေတြနဲ႔ အလွဆင္မယ္
အပင္စိုက္ဖို႔ကိုလည္း ၀န္ေလးေနတယ္။ အပင္တုလည္းမသံုးခ်င္ဘူး။ အိမ္ေလးကိုလည္းစိမ္းစိမ္းစိုစိုေလးျဖစ္ခ်င္တယ္ဆိုရင္ေတာ့ ေနာက္ထပ္ေရြးခ်ယ္စရာတစ္ခုကရိုးတံေတာင့္ေတာင့္ အရြက္ဖားဖားအခက္ အလက္ေတြကိုဖန္ပန္းအိုးေလးထဲမွာေရထဲၿပီးအလွပန္းအိုးထိုးထားသလိုအရြက္ေတြထိုးၿပီးအလွဆင္လို႔ လည္းရပါတယ္။ ႏြမ္းစျပဳၿပီးဆိုတာနဲ႔ အသစ္လဲလွယ္ပစ္လိုက္လို႔ရတာေၾကာင့္ အၿမဲစိမ္းလန္းေနမယ့္ အလွထိုးအပင္ပန္းအိုးေလး ျဖစ္ေနမွာပါ။
၇။ အပင္ႏြယ္ေလးေတြ သံုးမယ္


ႀကိဳးေလးေတြ သြယ္တန္းခ်ထားသလို ႏြယ္ပင္တန္းလန္းေလးေတြနဲ႔ အလွဆင္တာကလည္းအိမ္ခန္းကိုပိုၿပီးဆြဲေဆာင္မႈရွိေစတဲ့ စိတ္ကူးဆန္းေလးပါပဲ။ ဧည့္ခန္းဆိုဖာေတြနဲ႔ ထမင္းစားခန္းေနရာၾကားအခန္းကန္႔ ထားသလိုအသံုးျပဳထားတဲ့ စင္တန္းေလးေတြေပၚမွာ ႏြယ္ပင္တန္းလန္းေလးေတြနဲ႔ အလွဆင္ထားႏိုင္သလို၊ ေရခ်ဳိးခန္းထဲကအခန္းကန္႔ေနရာေလးေတြမွာလည္းအလွဆင္ထားႏိုင္ပါတယ္။ အပင္ေလးေတြၾကာရွည္ခံဖို႔ ဆိုရင္ေတာ့ အေမွာင္ရိပ္က်ေနတဲ့ေနရာမ်ဳိးမဟုတ္ဘဲေနေရာင္ သို႔မဟုတ္ အလင္းေရာင္၀င္တဲ့ေနရာေလး ျဖစ္ဖို႔ေတာ့ လိုပါတယ္။
၈။ ႀကိဳးဆြဲပန္းအိုးေလးေတြ ခ်ိတ္မယ္
ကေလးငယ္ေတြရဲ႕ ပုခက္ေလးေတြေပၚမွာအရုပ္ေလးေတြ တန္းလန္းခ်ိတ္ထားသလို၊ ေလသာေဆာင္မွာခ်ိတ္ဆြဲထားေလ့ရွိတဲ့ ဆည္းလည္းေတြလိုမ်ဳိးအပင္အိုးေလးေတြကိုလည္း ႀကိဳးေလးေတြနဲ႔ ခ်ိတ္ဆြဲ ၿပီးအလွဆင္ထားလို႔ရပါတယ္။ အခန္းမွာအပင္ေလးေတြနဲ႔ အလွလည္းဆင္ခ်င္တယ္၊ အပင္အိုးေတြထားဖို႔ ေန ရာက်ယ္က်ယ္၀န္း၀န္းလည္း မရွိဘူးဆိုသူေတြအတြက္ ႀကိဳးဆြဲအပင္အိုးေလးေတြနဲ႔ စိုက္ပ်ဳိးတဲ့နည္းကအသင့္ ေလ်ာ္ဆံုးပါပဲ။ ထိခိုက္ကြဲေၾကလြယ္တဲ့ ေၾကြအိုးေတြ၊ ေျမထည္အိုးေတြေတာ့ အသံုးမျပဳသင့္ဘဲပလတ္စတစ္ ပန္းအိုးေလးေတြ၊ ပလတ္စတစ္ခြက္ေလးေတြ၊ အုန္းမုတ္ခြက္ေလးေတြ ေနာက္ဆံုးစြန္႔ပစ္ေရသန္႔ဘူးေဟာင္းကို ျဖတ္၊ ေဆးျခယ္အလွဆင္ၿပီးDIYအျဖစ္ ျပန္သံုးတာမ်ဳိးေတြ လုပ္လို႔ရပါတယ္။ ႀကိဳးနဲ႔အပင္အိုးကိုဆိုင္းခ်ိတ္ၿပီးခ်ိတ္ဆင္ထားမယ့္ေနရာမွာ အံ၀င္ဂြင္က်ျဖစ္ေအာင္ခ်ိန္ညွိထားၿပီးၿပီဆိုရင္ေတာ့ ကိုယ္ႏွစ္သက္တဲ့ အိမ္တြင္းစိုက္ အပင္ေလးေတြ ထည့္စိုက္ၿပီးေနရာတက်ခ်ိတ္ဆြဲထားလိုက္ရံုပါပဲ။


၉။ ဟင္းခတ္ပင္ဥယ်ာဥ္ေလးဖန္တီးပါ
မီးဖုိခန္းနဲ႔ ထမင္းစားခန္းမွာဟင္းခတ္အပင္ေလးေတြကိုပန္းအိုးေလးေတြနဲ႔ စိုက္ပ်ဳိးၿပီးဟင္းခတ္ပင္ ဥယ်ာဥ္ေလးအျဖစ္လည္းဖန္တီးထားရွိႏိုင္ပါတယ္။ မီးဖိုခန္းမွာလိုအပ္တဲ့ဟင္းခတ္အေမႊးအႀကိဳင္ေတြကိုလက္တကမ္းအလြယ္ဆြတ္ခူးအသံုးျပဳႏိုင္သလိုမီးဖိုခန္းေလးမွာအပင္ေလးေတြနဲ႔စိမ္းစိုလွပေနေစမွာျဖစ္ပါ တယ္။


၁၀။ နံရံကပ္ႏြယ္စင္ေလးထိုးၿပီးအပင္ေလးေတြ စိုက္ပါ
ႏြယ္တက္ပင္ေလးေတြ စိုက္ပ်ဳိးတဲ့အခါ အသံုးျပဳေလ့ရွိၾကတဲ့ ႏြယ္စင္ေလးေတြကိုအိမ္ခန္းတြင္းကနံရံလြတ္တစ္ခုမွာနံရံကပ္ႏြယ္စင္ေလးအျဖစ္အသံုးခ်ၿပီးအလွဆင္စိုက္ပ်ဳိးႏိုင္ပါေသးတယ္။ ရာဇမတ္ကြက္ပံုစံနံရံကပ္စင္ေလးမွာပန္းအိုးေလးေတြကိုတပ္ဆင္ၿပီးတြဲေလာင္းက်ႏြယ္ပင္ေလးေတြ၊ ဂမုန္းပင္ငယ္ေလးေတြ၊ ရွားေစာင္းပင္ငယ္ေလးေတြနဲ႔ အရြက္ဖားဖားအပင္ငယ္ေလးေတြကိုကိုယ့္စိတ္တိုင္းက် ေရြးခ်ယ္ၿပီးစိုက္ပ်ဳိးထားလိုက္ပါ။ အပင္စံုနဲ႔လွပေနတဲ့ နံရံကပ္ဥယ်ာဥ္ေလးအျဖစ္ အခန္းေလးထဲမွာစိမ္းစိုလွပေနမွာျဖစ္ပါတယ္။

Unicode ျဖင့္ဖတ္ရန္

စိမ်းလန်းတဲ့အပင်လေးတွေနဲ့ အလှဆင်ကြမယ်

၁။ အပင်စိမ်းစိမ်းလေးတွေထားဖို့ စိတ်ကူးကြည့်ပါ
စိမ်းစိုတဲ့အရွက်ဖားဖားအပင်ငယ်လေးတွေကိုအိမ်လေးမှာအလှဆင်တဲ့အခါ အိမ်လေးကိုပိုပြီးသက် ဝင်လှပသွားစေပါတယ်။ အပင်ငယ်လေးတွေရဲ့ စိမ်းစိုလန်းဆန်းမှုကြောင့်အိမ်ခန်းမှာနေထိုင်သူတွေရဲ့စိတ်ကိုလည်းကြည်လင်လန်းဆန်းသွားစေပါတယ်။ အလှဆင်အပင်ငယ်လေးတွေကဈေးပေးရတယ်လို့၊ ဂရုစိုက်နေရပြီးကယိကထများတယ်လို့ထင်တယ်ဆိုရင်တောင် ကိုယ့်အိမ်လေးမှာစိုပြေစိမ်းလန်းသွားစေဖို့ လုပ်ဆောင်နိုင်တာလေးတွေလည်းရှိပါသေးတယ်။ အပင်တုလေးတွေ ဒါမှမဟုတ် သစ်ကိုင်းခြောက်မှာအရွက်တုလေးတွေကပ်တာမျိုးလေးတွေ လည်း ပြုလုပ်နိုင်ပါတယ်။ အပင်စစ်စစ်မဟုတ်ရင်တောင်မှ စိမ်းစိုလန်းဆန်းစေတဲ့ အပင်လေးရဲ့ အငွေ့အသက်လေးတွေကိုတော့ အစားထိုးဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
၂။ အပင်တွန်းလှည်းလေးဖန်တီးမယ်
အပင်လေးတွေနဲ့အလှဆင်တာက အိမ်လေးရဲ့ပတ်ဝန်းကျင်ကို နူးညံ့တဲ့အငွေ့အသက်လေးတွေ ထုံလွှမ်းစေသလိုလှပတဲ့အဆင်အပြင်လေးနဲ့ဆိုအိမ်လေးကိုပိုပြီးကြည့်ကောင်းသွားစေပါတယ်။ အိမ်ထဲမှာအပင်လေးတွေကိုဘယ်လိုကြည့်ကောင်းအောင်ထားမလဲဆိုတာစိတ်ကူးကွန့်နိုင်ရင် ကွန့်နိုင်သလိုဖန်တီးလုပ်ယူလို့ရပါတယ်။ စားသောက်ဆိုင်တွေမှာဟင်းပွဲတွေတင်ပြီးတွန်းတဲ့ တွန်းလှည်းမျိုးလေးနဲ့ အပင်အိုးလေးတွေတင်ပြီးအလှဆင်လို့ရပါသေးတယ်။ ကိုယ့်အကြိုက်အပင်အိုးလေးတွေကိုလက်တွန်းလှည်းလေးပေါ်တင် ပြီးစိုက်ပျိုးအလှဆင်ထားတာကလိုအပ်တဲ့နေရာကိုအချိန်မရွေးအရွှေ့အပြောင်းလုပ်လို့လည်းရတာကြောင့် အရမ်းကောင်းတဲ့စိတ်ကူးလေးဖြစ်ပါတယ်။ မနက်နေထွက်ချိန် နေရောင်လေးရတဲ့နေရာကိုတွန်းလှည်းလေးနဲ့ တွန်းရွှေ့ထားပြီးအရမ်းပူလာချိန်မှာတော့ အခန်းထဲအလွယ်လေး ပြန်ရွှေ့ထားလိုက်လို့လည်းရပါတယ်။ ဧည့် ခန်းမှာပဲထားမလား၊ ထမင်းစားခန်းမှာပဲထားမလား၊ ကိုယ်စာဖတ်နေတဲ့နေရာနားလေးပဲထားမလားအလွယ် လေးရွှေ့ပြောင်းအလှဆင်လိုက်ရုံပဲဆိုတော့ အရမ်းကိုအဆင်ပြေသွားပြီပေါ့။
၃။ အပူပိုင်းအပင်လေးတွေထားမယ်
အိမ်မှာအပင်လေးတွေစိုက်ထားချင်ပေမယ့် အချိန်မှန်ရေလောင်းဂရုစိုက်ပေးဖို့အချိန်မရဘူးဆိုရင်တော့ ရှားစောင်းပင်ငယ်လေးတွေလိုအပူပိုင်းအပင်ငယ်လေးတွေ စိုက်ပျိုးထားနိုင်ပါတယ်။ စိုက်ပျိုးတဲ့အခါ သာမန် အပင်အိုးလေးတွေနဲ့ စိုက်ပျိုးပေးနိုင်သလိုပိုပြီးဆန်းသစ်တဲ့အပြင်ဆင်မျိုးလေးဖြစ်စေချင်တယ်ဆိုရင် ဂုန်လျှော် အိတ်ငယ်လေးတွေချုပ်ပြီးအတွင်းကနေမှ ပန်းအိုးခံပြီးအပင်လေးတွေထည့်စိုက်ပေးလို့လည်းရပါတယ်။ အပူပိုင်းဒေသကထန်းပင်ပုလေးတွေလည်းစိုက်ပျိုးအလှဆင်ထားနိုင်ပါတယ်။
၄။ အပင်တုလေးတွေသုံးပြီးအလှဆင်မယ်
အပင်လေးတွေစိုက်ပျိုးလို့အဆင်မပြေကြတဲ့သူတွေအနေနဲ့လည်းအပင်ရဲ့အငွေ့အသက်လေးတွေကိုဖန်တီးလုပ်ယူလို့ရပါသေးတယ်။ တချို့တွေကအပင်အစစ်နဲ့ စိုက်ပျိုးအလှဆင်လိုပေမယ့် ဝယ်ပြီးအလှဆင် တိုင်းလက်ဆိပ်မရှိတာ၊ အပင်နဲ့အပ်စပ်မှုမရှိတာကြောင့် ခဏလေးနဲ့ အပင်တွေသေသေသွားတတ်တဲ့သူတွေ လည်းရှိတတ်ပါတယ်။ အပင်ကိုမစိုက်တော့ဘူးလို့ ဆုံးဖြတ်ထားလိုက်ပေမယ့် ကိုယ့်အိမ်ကိုတော့ အပင်ပုံစံလေးတွေနဲ့ လှပစေချင်နေတုန်းပဲဆိုရင်တော့ အပင်အစစ်အတိုင်း ပြုလုပ်ပြီးရောင်းချနေတဲ့ အပင်တုလေးတွေလည်းဈေးကွက်ထဲမှာရှိနေကြပါပြီ။ အပင်စစ်လေးလိုမျိုးအိုးလေးနဲ့ ကျကျနနထည့်ပြီးအလှဆင်ပေးနိုင်တဲ့အပြင် အသုံးအဆောင်ပစ္စည်းလေးတွေ၊ ပန်းချီကားချပ်လေးတွေ၊ ခန်းဆီးကန့်လန့်ကာမျိုးတွေမှာလည်းအစိမ်းရောင် အပင်အခက်အလက်တွေပုံနှိပ်ထားတာမျိုးလေးတွေလည်းအသုံးပြုနိုင်ပါတယ်။
၅။ ဖန်လုံအိမ်အသေးစားလေးဖန်တီးပါ
အိမ်ထဲကိုဝင်လာတာနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အပင်အပြင်အဆင်လေးဖြစ်စေဖို့ ဖန်လုံအိမ်အသေးစားလေးဖန်တီးနိုင်ပါတယ်။ ကြေးနန်းလေးကွပ်ထားပြီးအဖွင့်အပိတ်လုပ်လို့ရတဲ့ ဖန်လုံအိမ်ငယ်လေးထဲမှာရှားစောင်းနွယ်ပင်မျိုးဖြစ်တဲ့ အရည်ရွှမ်းပင်ငယ်လေးတွေကိုကြွေအိုးငယ်လေးတွေနဲ့ ထည့်စိုက်ပါ။ ဖန်လုံအိမ်ထဲမှာအစိုဓာတ်ရှိနေစေဖို့ ရေထည့်ထားတဲ့ ဖန်ပုလင်းလေးတွေလည်းရောနှောထည့်ပေးထားပါ။
၆။ ပင်ရိုးတံတွေ၊ သစ်ရွက်တွေနဲ့ အလှဆင်မယ်
အပင်စိုက်ဖို့ကိုလည်း ဝန်လေးနေတယ်။ အပင်တုလည်းမသုံးချင်ဘူး။ အိမ်လေးကိုလည်းစိမ်းစိမ်းစိုစိုလေးဖြစ်ချင်တယ်ဆိုရင်တော့ နောက်ထပ်ရွေးချယ်စရာတစ်ခုကရိုးတံတောင့်တောင့် အရွက်ဖားဖားအခက် အလက်တွေကိုဖန်ပန်းအိုးလေးထဲမှာရေထဲပြီးအလှပန်းအိုးထိုးထားသလိုအရွက်တွေထိုးပြီးအလှဆင်လို့ လည်းရပါတယ်။ နွမ်းစပြုပြီးဆိုတာနဲ့ အသစ်လဲလှယ်ပစ်လိုက်လို့ရတာကြောင့် အမြဲစိမ်းလန်းနေမယ့် အလှထိုးအပင်ပန်းအိုးလေး ဖြစ်နေမှာပါ။
၇။ အပင်နွယ်လေးတွေ သုံးမယ်
ကြိုးလေးတွေ သွယ်တန်းချထားသလို နွယ်ပင်တန်းလန်းလေးတွေနဲ့ အလှဆင်တာကလည်းအိမ်ခန်းကိုပိုပြီးဆွဲဆောင်မှုရှိစေတဲ့ စိတ်ကူးဆန်းလေးပါပဲ။ ဧည့်ခန်းဆိုဖာတွေနဲ့ ထမင်းစားခန်းနေရာကြားအခန်းကန့် ထားသလိုအသုံးပြုထားတဲ့ စင်တန်းလေးတွေပေါ်မှာ နွယ်ပင်တန်းလန်းလေးတွေနဲ့ အလှဆင်ထားနိုင်သလို၊ ရေချိုးခန်းထဲကအခန်းကန့်နေရာလေးတွေမှာလည်းအလှဆင်ထားနိုင်ပါတယ်။ အပင်လေးတွေကြာရှည်ခံဖို့ ဆိုရင်တော့ အမှောင်ရိပ်ကျနေတဲ့နေရာမျိုးမဟုတ်ဘဲနေရောင် သို့မဟုတ် အလင်းရောင်ဝင်တဲ့နေရာလေး ဖြစ်ဖို့တော့ လိုပါတယ်။
၈။ ကြိုးဆွဲပန်းအိုးလေးတွေ ချိတ်မယ်
ကလေးငယ်တွေရဲ့ ပုခက်လေးတွေပေါ်မှာအရုပ်လေးတွေ တန်းလန်းချိတ်ထားသလို၊ လေသာဆောင်မှာချိတ်ဆွဲထားလေ့ရှိတဲ့ ဆည်းလည်းတွေလိုမျိုးအပင်အိုးလေးတွေကိုလည်း ကြိုးလေးတွေနဲ့ ချိတ်ဆွဲ ပြီးအလှဆင်ထားလို့ရပါတယ်။ အခန်းမှာအပင်လေးတွေနဲ့ အလှလည်းဆင်ချင်တယ်၊ အပင်အိုးတွေထားဖို့ နေ ရာကျယ်ကျယ်ဝန်းဝန်းလည်း မရှိဘူးဆိုသူတွေအတွက် ကြိုးဆွဲအပင်အိုးလေးတွေနဲ့ စိုက်ပျိုးတဲ့နည်းကအသင့် လျော်ဆုံးပါပဲ။ ထိခိုက်ကွဲကြေလွယ်တဲ့ ကြွေအိုးတွေ၊ မြေထည်အိုးတွေတော့ အသုံးမပြုသင့်ဘဲပလတ်စတစ် ပန်းအိုးလေးတွေ၊ ပလတ်စတစ်ခွက်လေးတွေ၊ အုန်းမုတ်ခွက်လေးတွေ နောက်ဆုံးစွန့်ပစ်ရေသန့်ဘူးဟောင်းကို ဖြတ်၊ ဆေးခြယ်အလှဆင်ပြီးDIYအဖြစ် ပြန်သုံးတာမျိုးတွေ လုပ်လို့ရပါတယ်။ ကြိုးနဲ့အပင်အိုးကိုဆိုင်းချိတ်ပြီးချိတ်ဆင်ထားမယ့်နေရာမှာ အံဝင်ဂွင်ကျဖြစ်အောင်ချိန်ညှိထားပြီးပြီဆိုရင်တော့ ကိုယ်နှစ်သက်တဲ့ အိမ်တွင်းစိုက် အပင်လေးတွေ ထည့်စိုက်ပြီးနေရာတကျချိတ်ဆွဲထားလိုက်ရုံပါပဲ။
၉။ ဟင်းခတ်ပင်ဥယျာဉ်လေးဖန်တီးပါ
မီးဖိုခန်းနဲ့ ထမင်းစားခန်းမှာဟင်းခတ်အပင်လေးတွေကိုပန်းအိုးလေးတွေနဲ့ စိုက်ပျိုးပြီးဟင်းခတ်ပင် ဥယျာဉ်လေးအဖြစ်လည်းဖန်တီးထားရှိနိုင်ပါတယ်။ မီးဖိုခန်းမှာလိုအပ်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေကိုလက်တကမ်းအလွယ်ဆွတ်ခူးအသုံးပြုနိုင်သလိုမီးဖိုခန်းလေးမှာအပင်လေးတွေနဲ့စိမ်းစိုလှပနေစေမှာဖြစ်ပါ တယ်။
၁၀။ နံရံကပ်နွယ်စင်လေးထိုးပြီးအပင်လေးတွေ စိုက်ပါ
နွယ်တက်ပင်လေးတွေ စိုက်ပျိုးတဲ့အခါ အသုံးပြုလေ့ရှိကြတဲ့ နွယ်စင်လေးတွေကိုအိမ်ခန်းတွင်းကနံရံလွတ်တစ်ခုမှာနံရံကပ်နွယ်စင်လေးအဖြစ်အသုံးချပြီးအလှဆင်စိုက်ပျိုးနိုင်ပါသေးတယ်။ ရာဇမတ်ကွက်ပုံစံနံရံကပ်စင်လေးမှာပန်းအိုးလေးတွေကိုတပ်ဆင်ပြီးတွဲလောင်းကျနွယ်ပင်လေးတွေ၊ ဂမုန်းပင်ငယ်လေးတွေ၊ ရှားစောင်းပင်ငယ်လေးတွေနဲ့ အရွက်ဖားဖားအပင်ငယ်လေးတွေကိုကိုယ့်စိတ်တိုင်းကျ ရွေးချယ်ပြီးစိုက်ပျိုးထားလိုက်ပါ။ အပင်စုံနဲ့လှပနေတဲ့ နံရံကပ်ဥယျာဉ်လေးအဖြစ် အခန်းလေးထဲမှာစိမ်းစိုလှပနေမှာဖြစ်ပါတယ်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်

မက်မွန်ရောင်အခန်းလေး ချစ်စဖွယ်

မက်မွန်ရောင်အခန်းလေး ချစ်စဖွယ်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်