စင်ပေါ်မှာအလှဆင်ထားရှိနိုင်မည့် နည်းလမ်းများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
September 2, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

၁။ စင်ပေါ်ကအနုပညာ
နေထိုင်တဲ့အိမ်လေးမှာပစ္စည်းတွေအများကြီးကိုဘယ်လိုလှပအောင် အစီအစဉ်တကျ နေရာချထားမလဲဆိုတာကလည်းအနုပညာတစ်ရပ်ပါပဲ။ လှပတဲ့ပစ္စည်းတွေချည်းစုပုံထားလိုက်ရုံနဲ့ နေရာကလှပသွားမှာမဟုတ်ပါဘူး။အထားအသိုမတတ်ရင်တော့ပစ္စည်းရဲ့အလှအပတန်ဖိုးပါပျက်စီးသွားပြီးမျက်စိရှုပ်ရုံဖြစ်သွားနိုင်စေတာကြောင့် ဘယ်လိုလှပအောင် အလှဆင်ထားရှိကြမလဲဆိုတဲ့အချက်ကအရေးပါလာခဲ့ပါပြီ။ ပစ္စည်းတွေကိုဖရိုဖရဲ ဖြစ်သလိုထားတာထက် စင်လေးတွေနဲ့ စနစ်တကျ ထားသင့်ပါတယ်။

စင်လေးတွေမှာပစ္စည်းလေးတွေ အလှထားတဲ့အခါ အခန်းလေးကကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှုရှိပြီး သက်သောင့်သက်သာဖြစ်စေတဲ့ ခံစားချက်မျိုးကိုရရှိနိုင်မှာဖြစ်ပါတယ်။စင်ပေါ်မှာထားရှိထားတဲ့ ပစ္စည်းလေးတွေကအခန်းရှင်ဖြစ်သူရဲ့စရိုက်သ ဘာဝကိုပါ ပြသနိုင်စေလောက်တဲ့အထိဆက်စပ်မှုရှိနေပြန်ပါတယ်။ စင်လေးတွေမှာကိုယ်နှစ်သက်တဲ့ ပစ္စည်းတွေကိုအနုပညာဆန်ဆန် ထူးခြားလှပစွာစီရီထားတာကို ကြည့်လိုက်တာနဲ့ ဒီအခန်းပိုင်ရှင်ရဲ့ အနုပညာအပေါ်ဘယ်လောက်ထိ ခံစားသက်ဝင်ထားသလဲဆိုလည်း သိရှိနိုင်ပါတယ်။ စင်ပေါ်မှာပစ္စည်းလေးတွေဒီတိုင်းခင်းလိုက်တာပဲဆိုပေမယ့်လည်း မြင်သူတိုင်းဆီကချီးမွမ်းခံရအောင် ထားတတ်သိုတတ်ဖို့ဆိုတာအင်မတန်မှအနုပညာဆန်နိုင်မှ ဖြစ်ပါတယ်။ ဒီကဏ္ဍမှာတော့ အဖုံးအကာမပါတဲ့ စင်တွေပေါ်မှာဘယ်လိုပြီးပြည့်စုံအောင်ဖန်တီးထားရှိကြမလဲဆိုတာကိုဖော်ပြသွားမှာဖြစ်ပါတယ်။


၂။ စာအုပ်တွေ၊ မဂ္ဂဇင်းတွေကိုပြသပါ
အွန်လိုင်းသုံးစရာမလိုဘဲစာဖတ်ရတာကို ကြိုက်နှစ်သက်သူဆိုရင် စင်ပေါ်မှာစာအုပ်တွေ၊ မဂ္ဂဇင်းတွေ ကိုထားလိုက်ပါ။ တွေ့ကရာစာအုပ်တိုင်းကိုတင်ထားတာမျိုးမဟုတ်ဘဲကိုယ်အနှစ်ခြိုက်ဆုံးစာအုပ်တွေကိုရွေးစီပြီးတင်လိုက်ပါ။ အခန်းနံရံကအရောင်နဲ့ လိုက်ဖက်ညီတဲ့ အရောင်တွေနဲ့စာအုပ်တွေဖြစ်မယ်ဆိုပိုအဆင်ပြေပါ တယ်။ ကိုယ်အနှစ်ခြိုက်ဆုံးစာအုပ်တွေကအရောင်အသွေးတွေမလိုက်ဘူးဆိုရင်လည်းလိုက်ဖက်မယ့်အရောင် နဲ့ စာအုပ်ဖုံးဖုံးပြီးတင်ထားနိုင်ပါတယ်။ ဒီဇိုင်းလေးလည်းလှချင်တယ်၊ နေရာလည်းမပုပ်ချင်ဘူးဆိုရင်တော့ စာအုပ်စင်မှာစာအုပ်တွေကြားမှာ ကြားခံဒေါက်လေးတွေဝယ်ပြီးစာအုပ်တွေကိုဒေါင်လိုက်ထောင်ထားလို့လည်းရပါတယ်။


၃။ အပင်စိမ်းလေးတွေ ထားရှိပါ
အပင်လေးတွေ၊ ပန်းပင်လေးတွေ အနည်းငယ်ပေါင်းထည့်ပြင်ဆင်ထားတဲ့အခန်းလေးကဘာနဲ့မှ မတူအောင် အသက်ဝင်လှပစေမှာဖြစ်ပါတယ်။ စင်ပေါ်ကနေရာလပ်တွေမှာစိမ်းစိုတဲ့အပင်အနည်းငယ် ထားရှိပေးရုံနဲ့ စင်ပေါ်မှာအစိမ်းရောင်ကထင်ရှားပေါ်လွင်နေမှာဖြစ်ပါတယ်။ အသွင်သဏ္ဍာန်ထူးခြားတဲ့ ရှားစောင်းပင်ငယ်လေးတွေကိုပန်းအိုးငယ်လေးတွေနဲ့ ထားရှိစိုက်ပျိုးပါ။ ပန်းအစစ်တွေနဲ့ ထိုးပြီးအလှဆင်ထားတဲ့ ပန်းအိုးလေးထားမယ်ဆိုရင်လည်းစင်လေးပေါ်မှာ ကြည့်ရလှပစေရုံသာမကအခန်းမှာပန်းရနံ့လေးတွေလည်းထုံသင်းနေစေမှာဖြစ်ပါတယ်။


၄။ ပန်းချီကားတွေ ဓာတ်ပုံမှန်ဘောင်လေးတွေ ထားရှိပါ
ပန်းချီကားတွေ၊ ဓာတ်ပုံမှန်ဘောင်တွေကိုအများစုကနံရံမှာ ကြိုးတွေ၊ ချိတ်တွေနဲ့ ချိတ်ဆွဲအလှဆင် လေ့ရှိကြပါတယ်။ ဒီလိုလုပ်နေကျပုံစံမျိုးထက်ပိုပြီးထူးခြားတဲ့အပြင်အဆင်မျိုးလေးနဲ့ထားချင်တယ်ဆိုရင်တော့ နံရံကပ်စင်လေးတွေပေါ်မှာစီပြီးထောင်ထားလို့လည်းရပါတယ်။ အနုပညာလက်ရာတွေ စုစည်းပြသထားတဲ့ စတိုင်လ်ကျကျလှပတဲ့ ကိုယ်ပိုင်အနုပညာပြခန်းလေးအဖြစ် ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။


၅။ ထားရှိမယ့်ပစ္စည်းတွေရဲ့အမြင့်တွေကို စိတ်ဝင်စားဖွယ်ထားရှိပါ
စင်ပေါ်မှာထားတဲ့ ပစ္စည်းတွေကအရွယ်အစားပုံစံမျိုးစုံ၊ အမြင့်ပုံစံအစုံပါလာနိုင်ပါတယ်။ မြင့်မားရှည်လျားတဲ့ ပန်းချီဘောင်တွေ၊ ပန်းအိုးတွေကိုတစ်နေရာတည်းစုပုံထားရှိတာထက် အနိမ့်အမြင့်မညီတဲ့ ခပ် သေးသေး၊ တိုတိုပြတ်ပြတ် ပစ္စည်းငယ်လေးတွေနဲ့ ရောနှောပြီးထားရှိပါ။ စင်ပေါ်မှာစီရီထားတဲ့အခင်းအကျင်းက စိတ်ဝင်စားဖွယ်ကောင်းသွားပါလိမ့်မယ်။


၆။ အရောင်ပြေစေဖို့ ချိန်ညှိပါ
စင်ပေါ်မှာထားရှိတဲ့ ပစ္စည်းတွေတိုင်းကအရောင်အသွေးတွေအများကြီးနဲ့ တောက်ပလွန်းနေရင် မျက် စိနောက်စရာဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့စင်ပေါ်မှာအရောင်တွေများနေပြီဆိုရင် ပြန်ဖြေလျှော့ပေးသင့်ပါတယ်။ အရောင်ပြေအောင်လုပ်တဲ့အခါ အဖြူရောင်၊ အနက်ရောင်၊ အသားရောင်နဲ့ သတ္တုရောင်တွေကအကောင်းဆုံးပါပဲ။


၇။ အရွယ်အစားပေါင်းစုံရောနှောထားရှိပါ
စင်ပေါ်မှာပစ္စည်းတွေပြည့်ကျပ်လွန်းနေတဲ့ပုံမဖြစ်ရလေအောင် အရွယ်အစားအမျိုးစုံရှိတဲ့ ပစ္စည်းလေးတွေနဲ့ စင်ပေါ်မှာနေရာချောင်ချိစေအောင် ထားရှိပေးနိုင်ပါတယ်။ ပစ္စည်းတွေကိုအကြီးအသေးအစုံဖြစ်အောင် ထားရှိပေးတာကအမြင်မရိုးသွားစေဘဲသဟဇာတဖြစ်စေပါတယ်။ သေတ္တာပုံးငယ်လေးတွေ၊ ခြင်းတောင်းလေးတွေ၊ ပန်းကန်လုံးတွေ၊ ဓာတ်ပုံဘောင်တွေကလည်းစင်ပေါ်စင်အောက်နေရာလပ်တွေကို ဖြည့်စွက်နိုင်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။
၈။ စင်တွေကိုဆေးခြယ်ပါ
စင်တွေမှာအနက်ရောင်၊ အဖြူရောင်၊ သစ်သားရောင်ဆိုပြီးအရောင်အသွေးစုံလင်စွာရှိတာကြောင့် ပိုပြီးထင်ရှားနက်ရှိုင်းတဲ့အရောင်မျိုးကိုလက်တွန့်မနေဘဲအသုံးပြုကြည့်သင့်ပါတယ်။ ဆေးရောင်ခြယ်ထားတဲ့ စင်တွေကသင့်အခန်းကိုပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။ နံရံနဲ့ စင်ကိုဆေးတစ်ရောင်တည်းသုတ်ထားတာကလည်းစင်တွေကို မြင်ကွင်းကနေပျောက်အောင်ဖျောက်ထားလိုက်ပြီးစင်ပေါ်မှာထားရှိတဲ့ ပစ္စည်းတွေကိုပိုပြီးထင်ရှားပေါ်လွင်စေပါတယ်။


၉။ သင်နှစ်သက်မြတ်နိုးတဲ့ပစ္စည်းတွေကိုထားရှိပြသပါ
စင်ပေါ်မှာကိုယ်အနှစ်သက်ဆုံး၊ အမြတ်နိုးရဆုံးပစ္စည်းတွေကိုထားရှိပြသပါ။ သင့်အတွက်အရေးအ ကြီးဆုံးဆိုတဲ့ ဒီပစ္စည်းတွေထက် ပိုကောင်းတဲ့ပစ္စည်း လုံးဝမရှိနိုင်တော့ပါဘူး။ ခရီးသွားပြီးပြန်လာတဲ့အခါပါ လာတဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေကိုလည်းစင်ပေါ်မှာထားရှိပြသပါ။ အမှတ်တရတွေနဲ့ ထုံလွှမ်းနေတဲ့သင့်အိမ်ဂေဟာလေးဆီကဒီပစ္စည်းလေးတွေကကိုယ့်ရဲ့ဇာတ်ကြောင်းပုံပြင်အစုံအလင်ကို ပြန်ပြောပြနေသလိုပါပဲ။ ကိုယ့်အိမ်မှာစင်လေးတွေထားရှိတာကပစ္စည်းတွေကိုစနစ်တကျလှပစွာထားရှိနိုင်တဲ့အပြင် နေထိုင် ဖို့နေရာလည်း ပိုပြီးကျယ်ကျယ်ဝန်းဝန်း ရစေမှာဖြစ်ပါတယ်။

Zawgyi ျဖင့္ဖတ္ရန္

စင္ေပၚမွာအလွဆင္ထားရွိႏိုင္မည့္ နည္းလမ္းမ်ား

၁။ စင္ေပၚကအႏုပညာ
ေနထိုင္တဲ့အိမ္ေလးမွာပစၥည္းေတြအမ်ားႀကီးကိုဘယ္လိုလွပေအာင္ အစီအစဥ္တက် ေနရာခ်ထားမလဲဆိုတာကလည္းအႏုပညာတစ္ရပ္ပါပဲ။ လွပတဲ့ပစၥည္းေတြခ်ည္းစုပံုထားလိုက္ရံုနဲ႔ ေနရာကလွပသြားမွာမဟုတ္ပါဘူး။အထားအသိုမတတ္ရင္ေတာ့ပစၥည္းရဲ႕အလွအပတန္ဖိုးပါပ်က္စီးသြားၿပီးမ်က္စိရႈပ္ရံုျဖစ္သြားႏိုင္ေစတာေၾကာင့္ ဘယ္လိုလွပေအာင္ အလွဆင္ထားရွိၾကမလဲဆိုတဲ့အခ်က္ကအေရးပါလာခဲ့ပါၿပီ။ ပစၥည္းေတြကိုဖရိုဖရဲ ျဖစ္သလိုထားတာထက္ စင္ေလးေတြနဲ႔ စနစ္တက် ထားသင့္ပါတယ္။ စင္ေလးေတြမွာပစၥည္းေလးေတြ အလွထားတဲ့အခါ အခန္းေလးကကိုယ္နဲ႔ရင္းႏွီးကၽြမ္း၀င္မႈရွိၿပီး သက္ေသာင့္သက္သာျဖစ္ေစတဲ့ ခံစားခ်က္မ်ဳိးကိုရရွိႏိုင္မွာျဖစ္ပါတယ္။စင္ေပၚမွာထားရွိထားတဲ့ ပစၥည္းေလးေတြကအခန္းရွင္ျဖစ္သူရဲ႕စရိုက္သ ဘာ၀ကိုပါ ျပသႏိုင္ေစေလာက္တဲ့အထိဆက္စပ္မႈရွိေနျပန္ပါတယ္။ စင္ေလးေတြမွာကိုယ္ႏွစ္သက္တဲ့ ပစၥည္းေတြကိုအႏုပညာဆန္ဆန္ ထူးျခားလွပစြာစီရီထားတာကို ၾကည့္လိုက္တာနဲ႔ ဒီအခန္းပိုင္ရွင္ရဲ႕ အႏုပညာအေပၚဘယ္ေလာက္ထိ ခံစားသက္၀င္ထားသလဲဆိုလည္း သိရွိႏိုင္ပါတယ္။ စင္ေပၚမွာပစၥည္းေလးေတြဒီတိုင္းခင္းလိုက္တာပဲဆိုေပမယ့္လည္း ျမင္သူတိုင္းဆီကခ်ီးမြမ္းခံရေအာင္ ထားတတ္သိုတတ္ဖို႔ဆိုတာအင္မတန္မွအႏုပညာဆန္ႏိုင္မွ ျဖစ္ပါတယ္။ ဒီက႑မွာေတာ့ အဖံုးအကာမပါတဲ့ စင္ေတြေပၚမွာဘယ္လိုၿပီးျပည့္စံုေအာင္ဖန္တီးထားရွိၾကမလဲဆိုတာကိုေဖာ္ျပသြားမွာျဖစ္ပါတယ္။
၂။ စာအုပ္ေတြ၊ မဂၢဇင္းေတြကိုျပသပါ
အြန္လိုင္းသံုးစရာမလိုဘဲစာဖတ္ရတာကို ႀကိဳက္ႏွစ္သက္သူဆိုရင္ စင္ေပၚမွာစာအုပ္ေတြ၊ မဂၢဇင္းေတြ ကိုထားလိုက္ပါ။ ေတြ႕ကရာစာအုပ္တိုင္းကိုတင္ထားတာမ်ဳိးမဟုတ္ဘဲကိုယ္အႏွစ္ၿခိဳက္ဆံုးစာအုပ္ေတြကိုေရြးစီၿပီးတင္လိုက္ပါ။ အခန္းနံရံကအေရာင္နဲ႔ လိုက္ဖက္ညီတဲ့ အေရာင္ေတြနဲ႔စာအုပ္ေတြျဖစ္မယ္ဆိုပိုအဆင္ေျပပါ တယ္။ ကိုယ္အႏွစ္ၿခိဳက္ဆံုးစာအုပ္ေတြကအေရာင္အေသြးေတြမလိုက္ဘူးဆိုရင္လည္းလိုက္ဖက္မယ့္အေရာင္ နဲ႔ စာအုပ္ဖံုးဖံုးၿပီးတင္ထားႏိုင္ပါတယ္။ ဒီဇိုင္းေလးလည္းလွခ်င္တယ္၊ ေနရာလည္းမပုပ္ခ်င္ဘူးဆိုရင္ေတာ့ စာအုပ္စင္မွာစာအုပ္ေတြၾကားမွာ ၾကားခံေဒါက္ေလးေတြ၀ယ္ၿပီးစာအုပ္ေတြကိုေဒါင္လိုက္ေထာင္ထားလို႔လည္းရပါတယ္။
၃။ အပင္စိမ္းေလးေတြ ထားရွိပါ
အပင္ေလးေတြ၊ ပန္းပင္ေလးေတြ အနည္းငယ္ေပါင္းထည့္ျပင္ဆင္ထားတဲ့အခန္းေလးကဘာနဲ႔မွ မတူေအာင္ အသက္၀င္လွပေစမွာျဖစ္ပါတယ္။ စင္ေပၚကေနရာလပ္ေတြမွာစိမ္းစုိတဲ့အပင္အနည္းငယ္ ထားရွိေပးရံုနဲ႔ စင္ေပၚမွာအစိမ္းေရာင္ကထင္ရွားေပၚလြင္ေနမွာျဖစ္ပါတယ္။ အသြင္သ႑ာန္ထူးျခားတဲ့ ရွားေစာင္းပင္ငယ္ေလးေတြကိုပန္းအိုးငယ္ေလးေတြနဲ႔ ထားရွိစိုက္ပ်ဳိးပါ။ ပန္းအစစ္ေတြနဲ႔ ထိုးၿပီးအလွဆင္ထားတဲ့ ပန္းအိုးေလးထားမယ္ဆိုရင္လည္းစင္ေလးေပၚမွာ ၾကည့္ရလွပေစရံုသာမကအခန္းမွာပန္းရန႔ံေလးေတြလည္းထုံသင္းေနေစမွာျဖစ္ပါတယ္။
၄။ ပန္းခ်ီကားေတြ ဓာတ္ပံုမွန္ေဘာင္ေလးေတြ ထားရွိပါ
ပန္းခ်ီကားေတြ၊ ဓာတ္ပံုမွန္ေဘာင္ေတြကိုအမ်ားစုကနံရံမွာ ႀကိဳးေတြ၊ ခ်ိတ္ေတြနဲ႔ ခ်ိတ္ဆြဲအလွဆင္ ေလ့ရွိၾကပါတယ္။ ဒီလိုလုပ္ေနက်ပံုစံမ်ဳိးထက္ပိုၿပီးထူးျခားတဲ့အျပင္အဆင္မ်ဳိးေလးနဲ႔ထားခ်င္တယ္ဆိုရင္ေတာ့ နံရံကပ္စင္ေလးေတြေပၚမွာစီၿပီးေထာင္ထားလို႔လည္းရပါတယ္။ အႏုပညာလက္ရာေတြ စုစည္းျပသထားတဲ့ စတိုင္လ္က်က်လွပတဲ့ ကိုယ္ပိုင္အႏုပညာျပခန္းေလးအျဖစ္ ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။
၅။ ထားရွိမယ့္ပစၥည္းေတြရဲ႕အျမင့္ေတြကို စိတ္၀င္စားဖြယ္ထားရွိပါ
စင္ေပၚမွာထားတဲ့ ပစၥည္းေတြကအရြယ္အစားပံုစံမ်ဳိးစံု၊ အျမင့္ပံုစံအစံုပါလာႏိုင္ပါတယ္။ ျမင့္မားရွည္လ်ားတဲ့ ပန္းခ်ီေဘာင္ေတြ၊ ပန္းအိုးေတြကိုတစ္ေနရာတည္းစုပံုထားရွိတာထက္ အနိမ့္အျမင့္မညီတဲ့ ခပ္ ေသးေသး၊ တိုတိုျပတ္ျပတ္ ပစၥည္းငယ္ေလးေတြနဲ႔ ေရာေႏွာၿပီးထားရွိပါ။ စင္ေပၚမွာစီရီထားတဲ့အခင္းအက်င္းက စိတ္၀င္စားဖြယ္ေကာင္းသြားပါလိမ့္မယ္။
၆။ အေရာင္ေျပေစဖို႔ ခ်ိန္ညွိပါ
စင္ေပၚမွာထားရွိတဲ့ ပစၥည္းေတြတိုင္းကအေရာင္အေသြးေတြအမ်ားႀကီးနဲ႔ ေတာက္ပလြန္းေနရင္ မ်က္ စိေနာက္စရာျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕စင္ေပၚမွာအေရာင္ေတြမ်ားေနၿပီဆိုရင္ ျပန္ေျဖေလွ်ာ့ေပးသင့္ပါတယ္။ အေရာင္ေျပေအာင္လုပ္တဲ့အခါ အျဖဴေရာင္၊ အနက္ေရာင္၊ အသားေရာင္နဲ႔ သတၱဳေရာင္ေတြကအေကာင္းဆံုးပါပဲ။
၇။ အရြယ္အစားေပါင္းစံုေရာေႏွာထားရွိပါ
စင္ေပၚမွာပစၥည္းေတြျပည့္က်ပ္လြန္းေနတဲ့ပံုမျဖစ္ရေလေအာင္ အရြယ္အစားအမ်ဳိးစံုရွိတဲ့ ပစၥည္းေလးေတြနဲ႔ စင္ေပၚမွာေနရာေခ်ာင္ခ်ိေစေအာင္ ထားရွိေပးႏိုင္ပါတယ္။ ပစၥည္းေတြကိုအႀကီးအေသးအစံုျဖစ္ေအာင္ ထားရွိေပးတာကအျမင္မရိုးသြားေစဘဲသဟဇာတျဖစ္ေစပါတယ္။ ေသတၱာပံုးငယ္ေလးေတြ၊ ျခင္းေတာင္းေလးေတြ၊ ပန္းကန္လံုးေတြ၊ ဓာတ္ပံုေဘာင္ေတြကလည္းစင္ေပၚစင္ေအာက္ေနရာလပ္ေတြကို ျဖည့္စြက္ႏိုင္တဲ့ပစၥည္းေတြျဖစ္ပါတယ္။
၈။ စင္ေတြကိုေဆးျခယ္ပါ
စင္ေတြမွာအနက္ေရာင္၊ အျဖဴေရာင္၊ သစ္သားေရာင္ဆိုၿပီးအေရာင္အေသြးစံုလင္စြာရွိတာေၾကာင့္ ပိုၿပီးထင္ရွားနက္ရႈိင္းတဲ့အေရာင္မ်ဳိးကိုလက္တြန္႔မေနဘဲအသံုးျပဳၾကည့္သင့္ပါတယ္။ ေဆးေရာင္ျခယ္ထားတဲ့ စင္ေတြကသင့္အခန္းကိုပိုၿပီးဆြဲေဆာင္မႈရွိေစပါတယ္။ နံရံနဲ႔ စင္ကိုေဆးတစ္ေရာင္တည္းသုတ္ထားတာကလည္းစင္ေတြကို ျမင္ကြင္းကေနေပ်ာက္ေအာင္ေဖ်ာက္ထားလိုက္ၿပီးစင္ေပၚမွာထားရွိတဲ့ ပစၥည္းေတြကိုပိုၿပီးထင္ရွားေပၚလြင္ေစပါတယ္။
၉။ သင္ႏွစ္သက္ျမတ္ႏိုးတဲ့ပစၥည္းေတြကိုထားရွိျပသပါ
စင္ေပၚမွာကိုယ္အႏွစ္သက္ဆံုး၊ အျမတ္ႏိုးရဆံုးပစၥည္းေတြကိုထားရွိျပသပါ။ သင့္အတြက္အေရးအ ႀကီးဆံုးဆိုတဲ့ ဒီပစၥည္းေတြထက္ ပိုေကာင္းတဲ့ပစၥည္း လံုး၀မရွိႏိုင္ေတာ့ပါဘူး။ ခရီးသြားၿပီးျပန္လာတဲ့အခါပါ လာတဲ့ အမွတ္တရလက္ေဆာင္ပစၥည္းေတြကိုလည္းစင္ေပၚမွာထားရွိျပသပါ။ အမွတ္တရေတြနဲ႔ ထံုလႊမ္းေနတဲ့သင့္အိမ္ေဂဟာေလးဆီကဒီပစၥည္းေလးေတြကကိုယ့္ရဲ႕ဇာတ္ေၾကာင္းပံုျပင္အစံုအလင္ကို ျပန္ေျပာျပေနသလိုပါပဲ။ ကိုယ့္အိမ္မွာစင္ေလးေတြထားရွိတာကပစၥည္းေတြကိုစနစ္တက်လွပစြာထားရွိႏိုင္တဲ့အျပင္ ေနထိုင္ ဖို႔ေနရာလည္း ပိုၿပီးက်ယ္က်ယ္၀န္း၀န္း ရေစမွာျဖစ္ပါတယ္။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ထမင်းစားပွဲမှာဘယ်လိုထိုင်ခုံတွေထားမလဲ

ထမင်းစားပွဲမှာဘယ်လိုထိုင်ခုံတွေထားမလဲ

မှန်ကန်သည်ဟုအထင်မှားနေကြသည့်အိမ်ပြုပြင်ရေးကြိုတင်ကာကွယ်မှုအယူအဆများ

မှန်ကန်သည်ဟုအထင်မှားနေကြသည့်အိမ်ပြုပြင်ရေးကြိုတင်ကာကွယ်မှုအယူအဆများ