ဂိုေထာင္မွန္ခ်ပ္တံခါးမ်ားႏွင့္ သံုးရာသီမွန္ခန္းေဆာင္သစ္

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
June 13, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

23

အေမရိကန္ျပည္ေထာင္စု၊ မီခ်ီဂန္ျပည္နယ္ကဆင္ေျခဖံုးၿမိဳ႕ေလးက ျမက္ခင္းျပင္က်ယ္နဲ႔ ေရကန္တို႔နဲ႔ထိစပ္ေနတဲ့ သံုးရာသီမွန္ခန္းေဆာင္ေလးျဖစ္ပါတယ္။ ဒီမွန္ခန္းေဆာင္ကက်ယ္ျပန္တဲ့ ဂိုေထာင္တံခါးပံုစံမွန္ခ်ပ္တံခါးႀကီးေတြနဲ႔ ျပဳလုပ္ထားၿပီးအနားက ျမက္ခင္းျပင္နဲ႔ ေရကန္တို႔ကိုတိုက္ ရိုက္သြားေရာက္ႏိုင္တဲ့ စတိုင္လ္က်တဲ့မွန္ခန္းေဆာင္ဒီဇိုင္းပံုစံျဖစ္ပါတယ္။

 


Sunroom at a Glance
ပိုင္ရွင္: ေရခ်ယ္ႏွင့္ ဘရိုင္ယန္ေ၀ါင္၊ ေခြးေလး

တည္ေနရာ: ေ၀ါတာဖို႔ဒ္၊ မီခ်ီဂန္ျပည္နယ္
အက်ယ္အ၀န္း: ၂၈၈ စတုရန္းေပ (၂၇စတုရန္းမီတာ)

ဆီယက္တယ္ၿမိဳ႕က တိုက္ခန္းက်ဥ္းေလးမွာေနထိုင္ခဲ့ၾကတဲ့ ေရခ်ယ္နဲ႔ ဘရိုင္ယန္ေ၀ါင္တို႔က မီခ်ီဂန္ျပည္နယ္ကဆင္ေျခဖံုးၿမိဳ႕ေလးကစတုရန္းေပ ၁၂၀၀ေလာက္ က်ယ္၀န္းတဲ့ အိမ္ႀကီးကိုေျပာင္းေရႊ႕ေနထိုင္ခဲ့ၾကၿပီးသူတို႔အတြက္ ေနာက္ထပ္ေနရာလြတ္မလိုေလာက္ေတာ့ေအာင္ က်ယ္၀န္းေနခဲ့ၿပီလို႔ ထင္မွတ္ခဲ့ၾကပါတယ္။

ဒါေပမဲ့ ဒီၿမိဳ႕ေလးမွာအေျခက်လာခဲ့ၿပီးတဲ့ေနာက္ ခင္မင္ရင္းႏွွီးတဲ့မိတ္ေဆြအေပါင္းအေဖာ္ေတြ လည္းပိုတိုးပြားလာခဲ့ၿပီးသူတို႔အိမ္ေလးမွာေပ်ာ္ပြဲရႊင္ပြဲေတြ၊ ပါတီပြဲေလးေတြလုပ္တိုင္းက်ပ္ညပ္လာတယ္လို႔ ခံစားရတဲ့အတြက္ ၿခံ၀င္းထဲမွာ လြတ္လြတ္လပ္လပ္နဲ႔ က်ယ္ျပန္႔တဲ့အေဆာင္သစ္ေလးတစ္ခုထပ္တိုးခ်ဲ႕ခဲ့ၾကတာျဖစ္ပါတယ္။ အိမ္ရဲ႕မ်က္ႏွာစာအသြင္ကိုေျပာင္းလဲမသြားေစဖို႔ အိမ္ေနာက္ဘက္ျခမ္းမွာပဲအေဆာင္သစ္ကိုထပ္တိုးခ်ဲ႕ဖို႔ ဆံုးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။

 

Before- အိမ္ရဲ႕မူလေနာက္ဘက္ျခမ္းကဗီႏိုင္းခ်ပ္ေတြနဲ႔ ကာေပးထားၿပီး၊ ေဆာင္ျပင္ထုတ္ျပတင္းတစ္ ခု၊ တံခါးေပါက္တစ္ခုနဲ႔ မွန္ျပတင္းေပါက္ႏွစ္ခုတို႔ပါရွိတဲ့ ပံုစံျဖစ္ပါတယ္။

 

After- မွန္ခန္းေဆာင္သစ္ရဲ႕ အမိုးအေျခကိုပင္မအိမ္ႀကီးရဲ႕အမိုးအေျခနဲ႔ တစ္ေျပးတည္းတန္းေအာင္ျပဳလုပ္ေပးထားပါတယ္။အိမ္ေနာက္ဘက္ျခမ္းကမူလဗီႏိုင္းခ်ပ္ေတြကိုခြာယူၿပီးမွန္ခန္းေဆာင္သစ္ရဲ႕ အျပင္ဘက္မ်က္ႏွာစာေတြမွာ ျပန္ထည့္သံုးကာကာရံေပးထားပါတယ္။

အစပိုင္းမွာပိုင္ရွင္ေတြကေခါက္သိမ္းရတဲ့ ေခါက္မွန္တံခါးေတြကိုအသံုးျပဳခ်င္ခဲ့ေပမယ့္ ကုန္ က်စရိတ္ကို ၾကည့္ရေသးတာေၾကာင့္ ဂိုေထာင္တံခါးပုံစံမွန္ခ်ပ္တံခါးကိုပဲတပ္ဆင္ခဲ့ၾကပါတယ္။

မွန္ခန္းေဆာင္ရဲ႕အတြင္းပိုင္းအျပင္အဆင္မွာေတာ့ အပူခ်ိန္ အႏုတ္ ၄၀ဒီဂရီဖာရင္ဟိုက္ကေန ၁၄၀ဒီဂရီဖာရင္ဟိုက္ထိ ခံႏိုင္တဲ့ သစ္ထည္ပံုစံဗီႏိုင္းၾကမ္းခင္းကိုခင္းက်င္းထားပါတယ္။ ေႏြရာသီမွာပူျပင္းတဲ့ေနေရာင္က်ေရာက္မႈနဲ႔ ေဆာင္းရာသီရဲ႕ ေအးစက္တဲ့ရာသီဥတုဒဏ္ကိုခံရတဲ့ေနရာျဖစ္တာေၾကာင့္ ဒီအပူဒဏ္ခံၾကမ္းခင္းေတြကအသင့္ေလ်ာ္ဆံုးပါပဲ။

          မွန္ခန္းေဆာင္ရဲ႕အတြင္းဘက္နံရံနဲ႔ မ်က္ႏွာၾကက္ေတြကိုအျဖဴေရာင္သုတ္ထားၿပီးအေအးဆံုးလေတြမွာလူေတြအေအးဒဏ္ခံႏိုင္ေစဖို႔ gas heaterလည္းတပ္ဆင္ထားပါတယ္။ ေရကန္ ကေနျဖတ္လာတဲ့ ေလေျပေလညင္းကို ရွဴရႈိက္ရင္းအနားယူႏိုင္ေစဖို႔ ဆက္တီခံုေတြလည္းခ်ေပးထား ၿပီးေရကန္ထဲကေနေရကူးၿပီးျပန္လာတဲ့အခါ ခဏတျဖဳတ္ထိုင္နားလို႔ရေစဖို႔ ေရစိုမိုးစိုခံထိုင္ခံုေတြ လည္းခ်ထားေပးပါတယ္။

 

          မွန္ခန္းေဆာင္ရဲ႕ ဂိုေထာင္တံခါးေတြကိုအိမ္ထဲကေနခလုတ္နဲ႔ ဖြင့္ႏိုင္ၿပီးအျပင္ထြက္ၿပီးေရကန္ထဲေလွစီးထြက္တဲ့အခါ ေလွေပၚကေနေတာင္ အေ၀းထိန္းခလုတ္နဲ႔ လွမ္းပိတ္ႏိုင္ၿပီးအိ္မ္ျပန္လာခ်ိန္က်ရင္ အေ၀းထိန္းခလုတ္သံုးၿပီး တံခါးေတြကို အေ၀းကေနလွမ္းဖြင့္ထားလို႔ရတာေၾကာင့္ အေတာ္ ေလးႏွစ္ၿခိဳက္မိပါတယ္လို႔ အိမ္ရွင္ျဖစ္သူဘရိုင္ယန္ကဆိုပါတယ္။

Unicode ျဖင့္ဖတ္ရန္

ဂိုထောင်မှန်ချပ်တံခါးများနှင့် သုံးရာသီမှန်ခန်းဆောင်သစ်

အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်ကဆင်ခြေဖုံးမြို့လေးက မြက်ခင်းပြင်ကျယ်နဲ့ ရေကန်တို့နဲ့ထိစပ်နေတဲ့ သုံးရာသီမှန်ခန်းဆောင်လေးဖြစ်ပါတယ်။ ဒီမှန်ခန်းဆောင်ကကျယ်ပြန်တဲ့ ဂိုထောင်တံခါးပုံစံမှန်ချပ်တံခါးကြီးတွေနဲ့ ပြုလုပ်ထားပြီးအနားက မြက်ခင်းပြင်နဲ့ ရေကန်တို့ကိုတိုက် ရိုက်သွားရောက်နိုင်တဲ့ စတိုင်လ်ကျတဲ့မှန်ခန်းဆောင်ဒီဇိုင်းပုံစံဖြစ်ပါတယ်။

Sunroom at a Glance
ပိုင်ရှင်: ရေချယ်နှင့် ဘရိုင်ယန်ဝေါင်၊ ခွေးလေး
တည်နေရာ: ဝေါတာဖို့ဒ်၊ မီချီဂန်ပြည်နယ်
အကျယ်အဝန်း: ၂၈၈ စတုရန်းပေ (၂၇စတုရန်းမီတာ)
ဆီယက်တယ်မြို့က တိုက်ခန်းကျဉ်းလေးမှာနေထိုင်ခဲ့ကြတဲ့ ရေချယ်နဲ့ ဘရိုင်ယန်ဝေါင်တို့က မီချီဂန်ပြည်နယ်ကဆင်ခြေဖုံးမြို့လေးကစတုရန်းပေ ၁၂၀၀လောက် ကျယ်ဝန်းတဲ့ အိမ်ကြီးကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးသူတို့အတွက် နောက်ထပ်နေရာလွတ်မလိုလောက်တော့အောင် ကျယ်ဝန်းနေခဲ့ပြီလို့ ထင်မှတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီမြို့လေးမှာအခြေကျလာခဲ့ပြီးတဲ့နောက် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေအပေါင်းအဖော်တွေ လည်းပိုတိုးပွားလာခဲ့ပြီးသူတို့အိမ်လေးမှာပျော်ပွဲရွှင်ပွဲတွေ၊ ပါတီပွဲလေးတွေလုပ်တိုင်းကျပ်ညပ်လာတယ်လို့ ခံစားရတဲ့အတွက် ခြံဝင်းထဲမှာ လွတ်လွတ်လပ်လပ်နဲ့ ကျယ်ပြန့်တဲ့အဆောင်သစ်လေးတစ်ခုထပ်တိုးချဲ့ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ရဲ့မျက်နှာစာအသွင်ကိုပြောင်းလဲမသွားစေဖို့ အိမ်နောက်ဘက်ခြမ်းမှာပဲအဆောင်သစ်ကိုထပ်တိုးချဲ့ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

Before- အိမ်ရဲ့မူလနောက်ဘက်ခြမ်းကဗီနိုင်းချပ်တွေနဲ့ ကာပေးထားပြီး၊ ဆောင်ပြင်ထုတ်ပြတင်းတစ် ခု၊ တံခါးပေါက်တစ်ခုနဲ့ မှန်ပြတင်းပေါက်နှစ်ခုတို့ပါရှိတဲ့ ပုံစံဖြစ်ပါတယ်။

After- မှန်ခန်းဆောင်သစ်ရဲ့ အမိုးအခြေကိုပင်မအိမ်ကြီးရဲ့အမိုးအခြေနဲ့ တစ်ပြေးတည်းတန်းအောင်ပြုလုပ်ပေးထားပါတယ်။အိမ်နောက်ဘက်ခြမ်းကမူလဗီနိုင်းချပ်တွေကိုခွာယူပြီးမှန်ခန်းဆောင်သစ်ရဲ့ အပြင်ဘက်မျက်နှာစာတွေမှာ ပြန်ထည့်သုံးကာကာရံပေးထားပါတယ်။
အစပိုင်းမှာပိုင်ရှင်တွေကခေါက်သိမ်းရတဲ့ ခေါက်မှန်တံခါးတွေကိုအသုံးပြုချင်ခဲ့ပေမယ့် ကုန် ကျစရိတ်ကို ကြည့်ရသေးတာကြောင့် ဂိုထောင်တံခါးပုံစံမှန်ချပ်တံခါးကိုပဲတပ်ဆင်ခဲ့ကြပါတယ်။

မှန်ခန်းဆောင်ရဲ့အတွင်းပိုင်းအပြင်အဆင်မှာတော့ အပူချိန် အနုတ် ၄၀ဒီဂရီဖာရင်ဟိုက်ကနေ ၁၄၀ဒီဂရီဖာရင်ဟိုက်ထိ ခံနိုင်တဲ့ သစ်ထည်ပုံစံဗီနိုင်းကြမ်းခင်းကိုခင်းကျင်းထားပါတယ်။ နွေရာသီမှာပူပြင်းတဲ့နေရောင်ကျရောက်မှုနဲ့ ဆောင်းရာသီရဲ့ အေးစက်တဲ့ရာသီဥတုဒဏ်ကိုခံရတဲ့နေရာဖြစ်တာကြောင့် ဒီအပူဒဏ်ခံကြမ်းခင်းတွေကအသင့်လျော်ဆုံးပါပဲ။

မှန်ခန်းဆောင်ရဲ့အတွင်းဘက်နံရံနဲ့ မျက်နှာကြက်တွေကိုအဖြူရောင်သုတ်ထားပြီးအအေးဆုံးလတွေမှာလူတွေအအေးဒဏ်ခံနိုင်စေဖို့ gas heaterလည်းတပ်ဆင်ထားပါတယ်။ ရေကန် ကနေဖြတ်လာတဲ့ လေပြေလေညင်းကို ရှူရှိုက်ရင်းအနားယူနိုင်စေဖို့ ဆက်တီခုံတွေလည်းချပေးထား ပြီးရေကန်ထဲကနေရေကူးပြီးပြန်လာတဲ့အခါ ခဏတဖြုတ်ထိုင်နားလို့ရစေဖို့ ရေစိုမိုးစိုခံထိုင်ခုံတွေ လည်းချထားပေးပါတယ်။ 






မှန်ခန်းဆောင်ရဲ့ ဂိုထောင်တံခါးတွေကိုအိမ်ထဲကနေခလုတ်နဲ့ ဖွင့်နိုင်ပြီးအပြင်ထွက်ပြီးရေကန်ထဲလှေစီးထွက်တဲ့အခါ လှေပေါ်ကနေတောင် အဝေးထိန်းခလုတ်နဲ့ လှမ်းပိတ်နိုင်ပြီးအိမ်ပြန်လာချိန်ကျရင် အဝေးထိန်းခလုတ်သုံးပြီး တံခါးတွေကို အဝေးကနေလှမ်းဖွင့်ထားလို့ရတာကြောင့် အတော် လေးနှစ်ခြိုက်မိပါတယ်လို့ အိမ်ရှင်ဖြစ်သူဘရိုင်ယန်ကဆိုပါတယ်။ 

Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်

မက်မွန်ရောင်အခန်းလေး ချစ်စဖွယ်

မက်မွန်ရောင်အခန်းလေး ချစ်စဖွယ်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်