ခေါင်မိုးထပ်က ဥယျာဉ်လေး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
October 26, 2020 နေ့
စွဲမက်ဖွယ် အိမ်ပုံစံလေးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။


သစ်ပင်စိုက်ခြင်းဟာ ကျွန်တော်တို့အတွက် စိတ်ချမ်းသာမှုတို့ကို ပေးစွမ်းတယ်ဆိုတာ သစ်ပင်စိုက်ဖူးသူတွေပဲ သိနားလည်ပါတယ်။ မနက်အိပ်ရာနိုးချိန်နဲ့ အလုပ်ကပြန်လာတဲ့အချိန် သစ်ပင်လေးတွေ စိမ်းစိုနေတာ မြင်လိုက်ရရင် အင်မတန်စိတ်ချမ်းသာရပါတယ်။ ဒီတခါမှာတော့ အိမ်ခေါင်မိုးထပ်လေးတွေမှာ စိမ်းစိုတဲ့ ဥယျာဉ်လေးတစ်ခုကို ဘယ်လိုဖန်တီးမလဲဆိုတာကို လေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်၊
ခေါင်မိုးထပ်မှာ စိမ်းလန်းတဲ့သစ်ပင်လေးတွေ စိုက်ပျိုးခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ကို လျှော့ချနိုင်ပြီး မိမိအိမ်နဲ့ ပတ်ဝန်းကျင်အတွက် လေသန့်စင်မှုကို ရရှိစေနိုင်ပါတယ်။ အသင့်အတင့် အမြင့်ရှိတဲ့့ အပင်လေးတွေကို စိုက်ခြင်းအားဖြင့် အရိပ်ရတဲ့အတွက် အပေါ်ဆုံးထပ်ကိုအပူချိန်မြင့်မားခြင်းမှ ကာကွယ်ပေးပါတယ်။

Photo – Pinterest


သစ်ပင်လေးတွေစိုက်တဲ့အခါမှာ မြေအိုးများ၊ ပလတ်စတစ်အိုးလေးများနဲ့ စိုက်ပျိုးနိုင်သလို နေရာအကျယ်အဝန်းပေါ်မူတည်ပြီး အုတ်ဘောက်ကွတ်ပြီးတော့လည်း စိုက်ပျိုးနိုင်ပါသေးတယ်။ ခေါင်မိုးထပ်ရဲ့ အနားသတ်ဘောင်တွေကလည်း ဘယ်လောက်အမြင့်ရှိသလဲဆိုတာကိုလည်း အနည်းငယ်သတိပြုသင့်ပါသေးတယ်။ တိုက်အမြင့်ပေါ်မူတည်ပြီး လေတိုက်နှုန်းကိုလည်း သတိပြုရပါအုံးမယ်နော်။
ခေါင်မိုးထပ်ဥယျာဉ်လေးမှာ သင်ကြိုက်နှစ်သက်တဲ့ ပန်းပင်၊ သီးပင်၊ စားပင်ကို စိုက်ပျိုးနိုင်ပါတယ်၊ လွယ်လွယ်ကူကူ စိုက်ပျိုးနိုင်တဲ့ ပန်းပင်လေးတွေကတော့ နှင်းဆီပင်၊ သစ်ခွပင်အမျိုးမျိုး၊ ပိန်းပန်းပင်အမျိုးမျိုး၊ သနပ်ခါးပင်၊ စံပယ်ပင်တို့ဖြစ်ကြပြီး တန်ဖိုးလည်း မကြီးလှပါဘူး။ သစ်ခွလို ရေလည်းကြိုက်၊ လေတိုက်တာလည်း ကြိုက်တဲ့ ပန်းပင်လေးတွေအတွက်ကတော့ ခေါင်မိုးထပ်ဥယျာဉ်လေးက အသင့်တော်ဆုံးပေါ့၊ နေပြင်းတာမကြိုက်တဲ့အတွက် အမိုးပါးလေးတော့ မိုးပေးထားရပါမယ်နော်။ တန်ဖိုးကြီးတဲ့ ပန်းတစ်မျိုးဖြစ်တဲ့ သဇင်ပန်းတိုင်တွေကို စိုက်ချင်တဲ့သူတွေအတွက်လည်း မြတ်မြတ်နိုးနိုးစိုက်ပျိုးနိုင်ပါတယ်။ အိမ်မှာပွင့်တဲ့ ပန်းပင်လေးတွေက ပန်းမှန်သမျှ ဘုရားပန်းပူဇော်တိုင်း အင်မတန်စိတ်ချမ်းသာရပါတယ်။ အားဆေးတွေမသုံးဘဲ ဆန်ဆေးရည်ကို သဘာဝအားဆေးအဖြစ်သုံးပေးတာဖြစ်ပြီး အပွင့်တွေလှိုင်လှိုင်ပွင့်တာကြောင့် အိမ်မှာ ဘုရားပန်းဝယ်စရာမလိုတော့ပါဘူး။



စားပင်တွေအနေနဲ့ စိုက်ပျိုးချင်တယ်ဆိုရင် နံနံပင်၊ ခရမ်းကျွတ်သီး၊ ငရုတ်သီး၊ ချဉ်ပေါင်ပင်၊ ဆလတ်ရွတ်၊ ကန်စွန်းရွက်၊ ပင်စိမ်း၊ ခရမ်းချဉ်သီးတို့ဖြစ်ကြပါတယ်။ မြေနေရာကျယ်ကျယ်မရှိပေမဲ့ ခေါင်မိုးမှာရှိတဲ့နေရာလေးမှာပဲ စိုက်ပျိုးပြီး လတ်လတ်ဆတ်ဆတ်စားသုံးနိုင်ခြင်းက ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်သလို organic အသီးရွက်တွေကို စျေးကြီးကြီး ပေးဝယ်စရာမလိုတော့ဘူးပေါ့။ ၀◌ါးပင်ငယ်လေးများနဲ့ တောင်ထန်းပင်လို အပင်လေးတွေကလည်း မျက်စေ့ပသာဒဖြစ်စေပါတယ်။

Photo – Pinterest

နေရာရှိနေသေးတယ်ဆိုရင် ထိုင်ခုံလေးတွေနဲ့အတူ စားပွဲလေးတစ်လုံးကိုပါ ထည့်သွင်းအလှဆင်လိုက်ပါ။ သင်အလုပ်အားတဲ့နေ့တွေရဲ့ နေခင်းမှာ စာဖတ်တာပဲဖြစ်ဖြစ် မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးစားသောက်ကြတာပဲဖြစ်ဖြစ် ဘ၀ရဲ့ သာယာတဲ့အချိန်တွေပို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ သစ်ပင်ပန်းပင်လေးတွေနဲ့အတူ မီးလုံးလေးတွေနဲ့လည်း အလှဆင်ထားကြည့်လိုက်ပါ။ အလုပ်အားတဲ့အချိန်တွေမှာပဲ ခေါင်မိုးထပ်ဥယျာဥ်လေးမှာ အချိန်ကုန်တတ်တာဖြစ်လို့ ညချမ်းအချိန်မှာ မီးအလှဆင်ထားခြင်းက သင့်စိတ်ကိုချမ်းမြေ့စေမှာပါ။ သဘာ၀တရားကိုအပြည့်အ၀ခံစားနိုင်ဖို့အတွက် စိမ်းစိုလှပတဲ့ပန်းဥယျာဥ◌်လေးတစ်ခုမှာ မြက်ခင်းတုကိုလည်း ထည့်သွင်းအလှဆင်သင့်ပါတယ်နော်။

ခေါင်မိုးထပ်မှာ သစ်ပင်တွေစိုက်တော့မယ်ဆိုရင် နေရောင်ခြည်ကောင်းကောင်းရတာဖြစ်ပေမယ့် မနက်ခင်းနေရောင်ခြည်ကြိုက်တဲ့အပင်လား၊ ညနေခင်းနေရောင်ခြည်ကြိုက်တဲ့အပင်လား ဆိုတာတော့ သေချာစီစစ်ဖို့လိုပါတယ်။ မနက်စောစောမှာ အပင်လေးတွေကို ရေလောင်းပေးရင်း သဘာဝလေကို ရှူရှိုက်တဲ့ပြီး သင့်ရဲ့ လှပတဲ့ နေ့ရက်တစ်ရက်ကို စတင်နိုင်ပါတယ်။
စိတ်အေးချမ်းသာခြင်းက သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ကိုပါ များစွာအထောက်အကူဖြစ်စေပါတယ်။ သင့်နေအိမ်ရဲ့ ခေါင်မိုးမှာ နေရာလွတ်ရှိတယ်ဆိုရင် ပန်းဥယျာဉ်လေးတစ်ခုကို မကြာမီဖန်တီးလိုက်တော့နော်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အချိန်တိုအတွင်း အိမ်ခန်းလေးသေသပ်လှပသွားစေမည့်နည်းလမ်းငါးသွယ် အပိုင်း(၁)

အချိန်တိုအတွင်း အိမ်ခန်းလေးသေသပ်လှပသွားစေမည့်နည်းလမ်းငါးသွယ် အပိုင်း(၁)

ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home

ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home