ခရစ်စမတ် သစ်ပင်ကိုမှန်ကန်စွာရွေးချယ်တတ်စေဖို့

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
December 23, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

0

ခရစ်ယာန်ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ အနောက်နိုင်ငံမှာဆိုရင်တော့ ခရစ်စမတ်သစ်ပင်ကိုအတုသုံးရလား။ အစစ်သုံးရမလားဆိုတာကို ဝေခွဲရတတ်ကြပါတယ်။ ခရစ်စမတ်အချိန်အခါမျိုးမှာတစ်ချို့တွေကတော့ အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်တုကိုသုံးနေပေမယ့်တချို့ကတော့ သစ်ပင်အစစ်ကိုပဲ ဝယ်ယူပြီး အလှဆင်ကြပါတယ်။ ဒီတော့ စာဖတ်သူတွေအနေနဲ့ သစ်ပင်အတုနဲ့ အစစ်ကြားထဲမှာဘယ်ဟာကိုသုံးမလဲလို့ ဆုံးဖြတ်ရခက်နေမယ်ဆိုရင် တစ်ခုချင်းစီရဲ့ အကောင်းအဆိုးကိုသေသေချာချာကြည့်စေချင်ပါတယ်။
ဒီဇင်ဘာလလို့ပြောလိုက်တာနဲ့ ခရစ်စမတ်ကို မြင်ယောင်ကြပါတယ်။ ခရစ်စမတ်အတွက်ကိုလည်း ကြိုတင်ရင်ခုန်ကြလိမ့်မယ်ဆိုတာကတော့ ပြောနေစရာတောင် မလိုတဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။
ဖန်တီးထားသောသစ်ပင်၏ ကောင်းကျိုးများမျိုးစုံအသုံးပြုနိုင်ခြင်း
အခုခေတ် စီးပွားရေးအခြေအနေကြောင့် လူတော်တော်များများက Holiday seasons မျိုးမှာ ပြုလုပ်တဲ့ ပွဲတော်တွေအတွက် ဈေးအနည်းငယ်သာပေးရပြီးအဆင်ပြေတဲ့ တစ်ခါသုံးထုတ်ကုန်တွေကိုအသုံးပြုချင်လာကြပါတယ်။ ဒါကြောင့် ဒီလိုမျိုးစရိတ်ချွေတာပြီးသုံးချင်ကြတဲ့ လူတွေအတွက်ဖန်တီးထားတဲ့ ခရစ်စမတ်သစ်ပင်တွေကပိုပြီးနှစ်သက်ဖွယ်ကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။


ပြုပြင်ရလွယ်ကူခြင်း-
စာဖတ်သူလိုအပ်တဲ့ အပြင်အဆင်နှင့် ဒီဇိုင်းအရဖန်တီးထားတဲ့ခရစ်စမတ်သစ်ပင်တွေကသင်အလိုရှိတဲ့ နေရာတိုင်းကိုအလွယ်တကူရွေ့ပြောင်းနိုင်ပါတယ်။
အဆင်သင့်ခြင်း-
ဖန်တီးထားသောသစ်ပင်ကိုသိုလှောင်ထားရတာကသစ်ပင်အစစ်ကိုစွန့်လွှတ်လိုက်ရခြင်းထက် ပိုလွယ်ကူပါတယ်။ သစ်ပင်ပုံစံတော်တော်များများကလည်းpreltပုံစံလာပြီးကျရောက်လာတော့မယ့်ခရစ်စမတ်အချိန်အတွက် ပိုပြီးတော့လည်းအဆင်သင့်ဖြစ်နေတတ်ပါတယ်။


ဖန်တီးထားသောသစ်ပင်၏ဆိုးကျိုးများ
PVC –
ဖန်တီးထားတဲ့သစ်ပင်တော်တော်များများကစာရေးသူတို့ထက်တောင် အသက်ရှည်တဲ့ ဆွေးမြေ့ပျက်စီးမသွားနိုင်တဲ့ ပလက်စတစ်ခုဖြစ်တဲ့ polyvinyl chloride (PVC) နှင့် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
Carbon Footprint –
ခန့်မှန်းခြေအားဖြင့် ဖန်တီးထားတဲ့သစ်ပင်တွေရဲ့ ၈၅ ရာခိုင်နှုန်းကတရုတ်ကထုတ်လုပ်တာဖြစ်ပြီးသူတို့ရဲ့ ကာဗွန်ဖုပရင့် (carbon footprint) ကို ဖြည့်စွက်ပြီးတင်သွင်းခဲ့တာပါ။
သင်းပျံ့သောရနံ့မရှိခြင်း-
ဖန်တီးထားတဲ့ ခရစ်စမတ်သစ်ပင်ရဲ့အကြီးမားဆုံးအပိုင်းကတော့ အနံ့မရှိတာဖြစ်ပါတယ်။
ကုန်ကျစရိတ် –
အရည်အသွေးကောင်းတဲ့ ဖန်တီးထားတဲ့ ထင်းရူးသစ်ပင်နဲ့ နာနတ်ပင်တို့ကတခါတရံမှာဒေါ်လာ ၁၈၀၀ လောက် ကုန်ကျနိုင်ပါတယ်။
ခရစ်စမတ်သစ်ပင်အစစ်၏ ကောင်းကျိုးများ
အတွေ့အကြုံ –
မြတ်နိုးရတဲ့ အားလပ်ရပ်ရိုးရာဓလေ့အဖြစ် လူတော်တော်များများကခရစ်စမတ်သစ်ပင်အစစ်ကိုလွမ်းဆွတ်မှုရှနေကြပြီးသစ်ပင်အစစ်တွေကိုရွေးချယ်ပြီးအလှဆင်တာကို မြင်ချင်ကြပါတယ်။ နောက်ပြီးအိမ်ထဲမှာရှိတဲ့ သစ်ပင်အစစ်ရဲ့အနံ့ကစိတ်သက်သောင့်သက်သာဖြစ်စေပါတယ်။
ကုန်ကျစရိတ် –
အနောက်နိုင်ငံတွေမှာဆိုရင် Douglas ထင်းရူးပင်ရဲ့ ကုန်ကျစရိတ်ကဘယ်နေရာမှာပဲဖြစ်ဖြစ် ၆၉ ဒေါ်လာကနေ ၉၉ ဒေါ်လာထိရှိတဲ့အတွက် အိမ်ရာဖွံ့ဖြိုးရေးစတိုးဆိုင်စာရေးဆီမှ ဒေါ်လာ ၂၀ လောက်သာပေးရတဲ့ ဈေးသက်သာတဲ့ သစ်ပင်တွေကို ဝယ်ယူကြပါတယ်။
သစ်ပင်ငှားရမ်းခြင်း –
အနောက်နိုင်ငံတွေမှာEvergrowနဲ့ Living Christmas တို့လိုခရစ်စမတ်သစ်ပင်ငှားရမ်းတဲ့ company တွေကအခုအခါမှာတော့ အိမ်ထဲမှာခရစ်စမတ်သစ်ပင်အစစ်ကိုထားရှိဖို့အတွက်ကိုပိုပြီးကောင်းမွန်တဲ့နည်းလမ်းတွေ ပေးနေတာ ဖြစ်ပါတယ်။ စာဖတ်သူက ဝယ်ယူလိုက်တာနဲ့ သူတို့ကအိမ်အရောက်ဝန်ဆောင်မှုပေးမှာဖြစ်ပြီးနောက်နှစ်ခရစ်စမတ်မတိုင်ခင်အထိဂရုတစိုက်နဲ့ ထုတ်ပိုးပေးထားတာဒါမှမဟုတ် သစ်ပင်ကိုမလိုတော့ရင်လည်း ဖြတ်တောက်ပစ်ဖို့အတွက်ပါ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။


ခရစ်စမတ်သစ်ပင်အစစ်၏ ဆိုးကျိုးများ –
အဆင်မပြေခြင်း –
သစ်ပင်အစစ်ကအားလုံးပြီးဆုံးသွားတဲ့အခါမှာတော့ အပင်ရဲ့ ဘေးပတ်ပတ်လည်မှာကြွေကျလာတဲ့အရွက်တွေအပြင် အပင်မှာအလှဆင်ထားတဲ့အရာတွေက ကြမ်းပြင်မှာကျနေတတ်ပါတယ်။ ဒါကြောင့် အားလပ်ရက်မှာ ပြုလုပ်ရမယ့် သင့်ရဲ့ အိမ်မှုကိစ္စထဲမှာဒါတွေကိုပါ ရှင်းဖို့ အချိန်ထပ်ထည့်ဖို့ လိုအပ်ပါတယ်။ ဆိုလိုချင်တာကတော့ အားလပ်ရက်မှာထိုသစ်ပင်ကြောင့် ပိုပြီးအလုပ်ရှုပ်စေတာ ဖြစ်ပါတယ်။
စွန့်ပစ်ခြင်း –
ရှုခင်းဒီဇိုင်နာ Matt Kilbur က ခရစ်စမတ်ပြီးတဲ့အခါမှာအမှိုက်သရိုက်ပစ်ဖို့အတွက် လမ်းမှာသစ်ပင်တွေကြည့်ပြီးစောင့်ခိုင်းနေရတာကသူ့ကိုအတော်စိတ်တိုစေပါတယ်လို့ ပြောပါတယ်။ သူကလူတိုင်းကို ပြည်တွင်းသစ်ပင်ကို ပြန်လည်အသုံးချဖို့ အစီအစဉ်နှင့် သစ်ပင်တွေ ဖယ်ရှားရှင်းလင်းဖို့ ကိုယ်ပိုင်အသိစိတ်ရှိကြဖို့ အားပေးတိုက်တွန်းခဲ့ပါတယ်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

နှစ်သစ်ကူးပါတီကို လှအောင် ဘယ်လိုပြင်ဆင်ကြမလဲ

နှစ်သစ်ကူးပါတီကို လှအောင် ဘယ်လိုပြင်ဆင်ကြမလဲ

စိတ်ကူးယဉ်ဆန်တဲ့အခန်းဖြစ်စေမယ့် အရောင်(၈)မျိုး

စိတ်ကူးယဉ်ဆန်တဲ့အခန်းဖြစ်စေမယ့် အရောင်(၈)မျိုး

ကမ္ဘာကျော် Disneyland မှလှပခမ်းနားရဲတိုက်ကြီးများ၏ မူလဖြစ်တည်ခဲ့ရာဂျာမနီရဲတိုက်ကြီး

ကမ္ဘာကျော် Disneyland မှလှပခမ်းနားရဲတိုက်ကြီးများ၏ မူလဖြစ်တည်ခဲ့ရာဂျာမနီရဲတိုက်ကြီး

ဆိုဖာကတ္တီပါက ဘယ်လိုအသုံးဝင်သလဲ

ဆိုဖာကတ္တီပါက ဘယ်လိုအသုံးဝင်သလဲ